MDY image✍️

Description
သတင်းမှန်များ ဖြန့်ဝေရာ.....✍️✍️✍️
https://www.facebook.com/profile.php?id=100092390323095&mibextid=ZbWKwL
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 5 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 day, 3 hours ago

Last updated 1 month, 4 weeks ago

1 month, 3 weeks ago

" သက်ရှိစည်းရိုး "

ပထမပိုင်း

Full HD

1 month, 3 weeks ago

တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် သီတဂူနွေရာသီစံကျောင်း(ပြင်ဦးလွင်) ၊ သီတဂူစန္ဒြကန္တိကျောင်းဆောင်တော်နှင့် တစ်ပါးနေကျောင်းဆောင်တော်များ ကျောင်းလွှတ်ပူဇာမင်္ဂလာအခမ်းအနား တက်ရောက်သည်။(မတ်လ ၂၄)

1 month, 3 weeks ago
မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၌ တပေါင်းပွဲတော် အခမ်းအနားကျင်းပ

မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၌ တပေါင်းပွဲတော် အခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၄ မတ် - ၂၄

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၌ တပေါင်း ပွဲတော် အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဘုရားကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူ များနှင့် ဘုရားဖူးလာပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တပေါင်းပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘုရားကြီးရင်ပြင်ရှိ စတုဒိ သာမဏ္ဍပ်များတွင် ကျွေးမွေးဧည့်ခံနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး တပေါင်းပွဲလာ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ယင်းနောက် မဟာမုနိဘုရားကြီးရင်ပြင်တော် ထောင့်လေးထောင့်၌ ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။
24.Mar.2024;Sun

1 month, 4 weeks ago

တိုက်ပွဲသတင်းထုတ်ပြန်ချက်
မတ်လ ၁၆ ရက်၊ ၂၀၂၄ ခုနှစ်။
=======================
ကချင်ပြည်နယ်

ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ဆွမ်ပရာဘွမ်စခန်းသို့ နေရာ ၃ နေရာမှ KIA နှင့်အကြမ်းဖက်ပူးပေါင်းအင်အား ၁၅၀ ဦးခန့်က Drone ဖြင့် Drop bomb ချတိုက်ခိုက်ခဲ့သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

ကယားပြည်နယ်

ဖားဆောင်းမြို့နယ်မြေခံတပ်ရင်းများသို့ KNPP နှင့် အကြမ်းဖက်ပူးပေါင်းအင်အား (စိစစ်ဆဲ) အဖွဲ့က လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်း၊ Drop Bomb ချတိုက်ခိုက်ခြင်းများပြုလုပ်လာသဖြင့် မိမိဘက်မှ တုန့်ပြန်ပစ်ခတ်ခဲ့။

ရှမ်း(တောင်)

ဟိုပုံးမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် စငေါရွာ တောင်ဘက်သို့အရောက် နေရာ ၂ နေရာမှ KNDF/PNLO နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၁၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

RPG ၁ လက် သိမ်းဆည်းရမိ။

ရခိုင်ပြည်နယ်

ရသေ့တောင်မြို့နယ်မြေခံတပ်ရင်းသို့ AAသောင်းကျန်းသူအင်အား (စိစစ်ဆဲ) မှ Drop Bomb ချတိုက်ခိုက်ခဲ့သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့။

စစ်ကိုင်းတိုင်း

ပင်လည်ဘူးမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် PDF ၈၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့။

PDF ၂ လောင်း၊ အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၃ ခု၊ ကျည် ၄၁ တောင့် သိမ်းဆည်းရမိ။

ကနီမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် နေရာ ၂ နေရာမှ PDF ၃၀ ဦးခန့်ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ PDF အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့။

PDF ၁ လောင်း၊ လက်လုပ် ၄၀ မမ ၁ လက်၊ ၁၂ ဗို့ကျည် ၈ တောင့် သိမ်းဆည်းရမိခဲ့

#တိုက်ပွဲသတင်းစုံ

1 month, 4 weeks ago
1 month, 4 weeks ago

Procedures နှင့်အညီ

၁။ ရပ်ကွက်/ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတွေက
မိမိအုပ်ချုပ်တဲ့ ကျေးရွာအုပ်စု အတွင်းမှာနေထိုင်တဲ့
အသက်( ၁၈) နှစ်ကနေ အသက်( ၃၅) နှစ်အတွင်း အ
ကြုံးဝင်တဲ့ အမျိုးသားများရဲ့ အမည်စာရင်းကို ပြုစုပြီး
မြို့နယ်အဖွဲ့ကို ပေးပို့ရမယ်။
(အဲ့ဒါကို သတ်မှတ်ထားတဲ့ ပုံစံပါအချက်အလက်တွေကို
ဖြည့်စွက်ပြီးပို့ပေးရမှာ)

၂။ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေက ပေး
ပို့တဲ့ အမည်စာရင်းရရင် ၊မြို့နယ်အဖွဲ့က အဲ့ဒီ အမည်စာ
ရင်းပါသူအားလုံးကို တစ်ဦးချင်းအလိုက် " စစ်မှုထမ်း
ရန် အသက်အရွယ်ရောက်သူအဖြစ် မှတ်ပုံတင်စာရင်း "
ရေးသွင်းဘို့ သတ်မှတ်ထားတဲ့ ပုံစံနဲ့ အညီဆင့်ခေါ်ရမယ်။
( အဲ့ဒီလို ဆင့်ခေါ်လိုက်တဲ့အတွက် ဆင့်ခေါ်ခံရသူဟာ
ချက်ချင်း လက်ငင်းကြီး စစ်သင်တန်းတက်ပြီး စစ်မြေ
ပြင်ကို သွားရမှာ မဟုတ်သေးဘူး ၊ အခု ပြည်သူအများစု
ယူဆနေကြတာက ဆင့်ခေါ်စာရတာနဲ့ သင်တန်းတက်ပြီး
စစ်မြေပြင်ကို သွားခိုင်းမယ်လို့ ယူဆနေကြတယ်)

၃။ ဆင့်ခေါ်စာရသူဟာ ဆင့်ခေါ်စာရတာနဲ့ သက်ဆိုင်ရာ
မြို့နယ်အဖွဲ့ထံသတင်းပို့ရမယ်။မြို့နယ်အဖွဲ့က ဆင့်ခေါ်
ခံရသူကို ပုံစံ ( ၃) ( က) လို့ခေါ်တဲ့ " စစ်မှုထမ်းရန် အရွယ်
ရောက်သူအဖြစ် မှတ်ပုံတင်စာရင်း သွင်းမည့်သူက ရေး
သွင်းရန်ပုံစံ" မှာ ရေးဖြည့်ရမယ်။
(အဲ့ဒီလို ရေးဖြည့်ရတာကိုပဲ တစ်ခါထဲ စစ်မှုထမ်း အဖြစ်
သတ်မှတ်လိုက်ပြီလို့ ယူဆပြီး စိုးရိမ်ကြောက်လန့်နေကြ
တယ်။ )

အဲ့ဒီ ပုံစံမှာ အချက် ( ၂၅) ချက်ပါပြီး ၊ အချက်
နံပါတ် ၉ က ပြည်သူ့စစ်မှုထမ်းအဖြစ် ဦးစားပေး တာဝန်
ထမ်းဆောင်ရန် ဆန္ဒပြု/ မပြု ဆိုတာပါတယ်။ ဆန္ဒပြုရင် ပြုပါတယ် ၊ မပြုရင် မပြုပါဘူး လို့ရေးဖြည့်ပေါ့။
မပြုပါဘူးလို့ ရေးဖြည့်တာကို ပြုပါတယ် လို့ အတင်း
အားဓမ္မ ရေးခိုင်းခြင်းမရှိပါဘူး၊

၄။ အဲ့ဒီ ပုံစံ နံပါတ် ၁၆ မှာ " မိအိုဖအိုများကို ပြုစုစောင့်
ရှောက်နေသူများက ရေးသားရန် ဆိုတဲ့ အချက်ပါတယ်။
(အဖေအို ၊ အမေအို နှစ်ဦးကို စစ်မှုထမ်းဘို့ အသက်ပြည့်
နေသူ တစ်ဦးက လုပ်ကျွေးပြုစုနေသူတွေ ဖြည့်ရမှာ ။
မိအိုဖအိုရှိတာတော့ ဟုတ်တယ်။မိအိုဖအိုက ၂ ဦး အတူ
နေသားသမီက ၂ ဦး ၊ စုစုပေါင်း ၄ ဦးဖြစ်နေရင်လည်း
အကြုံးမဝင်ဘူး)

၅။ အဲ့ဒီ ပုံစံ အချက် ( ၁၈) မှာ ကျန်းမာရေးအခြေအနေ
ဆိုတာပါတယ်။ ကိုယ်လက်အင်္ဂါစုံ/ မစုံ၊ ကူးစက်ရောဂါ
ရှိ/ မရှိ၊ ဒါမှ မဟုတ် ဆိုင်ကယ်မှောက်လို့ နံရိုးကျိုးလို့
စတီးချောင်းထည့်ထားရတယ် ။ အူကျလို့ ခွဲထားရတယ်
ဆိုပြီး ဆေးမှတ်တမ်းနဲ့တင်ပြရမယ်။

ပြောချင်တာက
အဲ့ဒီ ပုံစံဖြည့်ပြီးတာနဲ့ ချက်ချင်းသင်တန်းတက်ပြီး စစ်
မြေပြင်သွားရမှာ မဟုတ်ပါဘူး ။

သက်ဆိုင်ရာမြို့နယ်က အဲ့ဒီပုံစံဖြည့်သူတွေရဲ့ အမည်စာ
ရင်းကို မှတ်ပုံတင်စာရင်းထဲမှာ ရေးသွင်းထားမှာပါ။

ဟုတ်ပြီ ။
ဒါဆိုရင် ကင်းလွတ်ခွင့်ရသူလည်း မဟုတ်၊ယာယီရွှေ့
ဆိုင်းခွင့်ရသူလည်း မဟုတ်ဘူး ဆိုရင် ချက်ချင်း သင်
တန်းတက်ပြီး စစ်မြေပြင် သွားရမှာလား ။ မသွားရသေး
ပါဘူး။

ဘာကြောင့်လဲ ဆိုတော့ -

နံပါတ် ( ၉) မှာ ဆန္ဒပြု / မပြု ဆိုတာပါတယ်လို့ ပြောခဲ့
ပြီးပြီး ။ အဲ့ဒီ နံပါတ် ၉ မှာ ကိုယ်ကဆန္ဒ မပြုဘူးလို့ ရေးထားပေမယ့်

တစ်ချို့ကြတော့ -
အခုငယ်တုန်း / လူပျိုလူလွတ်ဖြစ်တုန်း စစ်မှုထမ်းလိုက်မယ် ၊ အသက် ၃၀ ကျော်မှ ဇနီးသားသမီးရပြီးမှ
စစ်မှုမထမ်းချင်ဘူးဆိုတဲ့ သူတွေက စစ်မှုထမ်းပါမယ်
လို့ ဆန္ဒပြုကြမှာပဲလေ။

အဲ့ဒီ လို အတွေးနဲ့ ဆန္ဒပြုသူတွေများခဲ့ရင် ( သတ်မှတ်
အရေအတွက် ပြည့်ခဲ့ရင်)  ဆန္ဒမပြုသေးသူတွေကို ချက်ချင်းလက်ငင်းကြီး စစ်မှုထမ်းဘို့ သင်တန်းတက်
ခိုင်းမှာ မဟုတ်ပါဘူး။

မှတ်ပုံတင် စာရင်းမှာရေးသွင်းပြီး မှတ်ပုံတင် လက်မှတ်ပဲ
ထုတ်ပေးထားမှာပါ။

ဟုတ်ပြီ ။
ဒါဆိုရင် တစ်ချို့ ရပ်ကွက်တွေမှာ အုပ်ကြီးတွေက
ဆင့်ခေါ်စာနဲ့ ခေါ်နေတာ ။ မဲနှိုက်ခိုင်းနေတာ ဘာဖြစ်လို့
လဲ လို့ မေးချင်တယ် ဟုတ်လား?

အဲ့ဒီ အုပ်ကြီးတွေ ၊ အဲ့ဒီ အုပ်ကြီးတွေရဲ့ အထက်က
အဆင့်ဆင့်သော တာဝန်ရှိသူတွေဟာ ပြည်သူ့စစ်မှုထမ်းဥပဒေရဲ့ လုပ်ထုံးလုပ်နည်းတွေကို နားမလည်လို့ ၊

သဘောမပေါက်လို့ Procedures နဲ့ အညီ မလုပ်လို့ မလို
လားအပ်တဲ့ ပြဿနာတွေ ​ပေါ်ပေါက်လာရတာပါ။

အဲ့ဒီ ပေါ်ပေါက်လာတဲ့ ပြဿနာကို နင်းပြီး ပြည်ပမီဒီယာတွေက အဖျက်အမှောင့်တွေနဲ့ ပြည်သူတွေကို ခြောက်
လှန့်နေတာဖြစ်ပါကြောင်း။

ဒါကြောင့်

ဆင့်ခေါ်စာရတိုင်း ကြောက်လန့်ပြီး ပြည်ပထွက်ပြေး
တာ ၊ တိမ်းရှောင်တာတွေ မလုပ်ကြပါနဲ့လို့ မေတ္တာရပ်ခံပါရစေ ။

(ဆီမီးအိမ်)
16-3-2024

2 months ago
MDY image✍️
2 months ago
MDY image✍️
2 months ago
မဲနယ်တောင်ဒေသ၊ ပင်လျမ်ꩻကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြည်သူလူထုနေအိမ်များကို အကြမ်းဖက်အဖွဲ့များက မီးရှို့ဖျက်ဆီး

မဲနယ်တောင်ဒေသ၊ ပင်လျမ်ꩻကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပြည်သူလူထုနေအိမ်များကို အကြမ်းဖက်အဖွဲ့များက မီးရှို့ဖျက်ဆီး

ဟိုပုံး၊ မတ် ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွာအုပ်စု၊ ပင်လျမ်ꩻကျေးရွာကို မတ်လ(၁၀)ရက်နေ့ ညနေ (၄:၀၀)ခန့်အချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ပင်လျမ်ꩻကျေးရွာအတွင်း တပ်စွဲထားသည့် အကြမ်းဖက်အဖွဲ့များက မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုနည်းတူပဲ ဖေဖော်ဝါရီ (၂၈)ရက်နေ့တွင်လည်း ပင်လျမ်ꩻဘုန်းကြီးကျောင်းကို အကြမ်းဖက်အဖွဲ့က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများ၏ ဖော်ပြချက်အရ သိရသည်။
ခွန်အောင်နိုင် ဆိုသူက သူ၏ လူမှုကွန်ရက်စာမျက်နှာမှ "ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသ ပင်လျမ်းကျေးရွာ ၁၀.၃.၂၀၂၄ ရက်နေ့ မွန်းလွဲပိုင်း ၄နာရီဝန်းကျင်ခန့် ရွာလည်လမ်းအပေါ်ဘက်တကြော နေအိမ်များ အကုန်လုံးနီးပါး မီးလောင်တိုက်သွင်းခံလိုက်ရပြန်ပြီ။ နေအိမ်အလုံးရေ အတိကျမရသေးပါ" ဟု ရေးသားဖော်ပြထားသည်။
ဒေသခံသတင်းများတွင် မည်သည့် အကြမ်းဖက်အဖွဲ့က ဖျက်ဆီးသွားခဲ့သည်ကို ဖော်ပြထားခြင်း မရှိပေ။

#News

https://t.me/kyawswar49111

2 months, 1 week ago
MDY image✍️
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 5 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 day, 3 hours ago

Last updated 1 month, 4 weeks ago