MDY image✍️

Description
သတင်းမှန်များ ဖြန့်ဝေရာ.....✍️✍️✍️
https://www.facebook.com/profile.php?id=100092390323095&mibextid=ZbWKwL
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year, 2 months ago
နယ်မြေရှင်းလင်းခြင်း(သပိတ်ကျင်း)

နယ်မြေရှင်းလင်းခြင်း(သပိတ်ကျင်း)
ဒီဇင်ဘာ ၂၅ ရက်
သပိတ်ကျင်းမြို့နယ် မိုးမိတ်လမ်းဆုံ ဝန်းကျင်တစ်ဝိုက် နယ်မြေရှင်းလင်းစဉ် နေရာ ၃ နေရာမှ TNLA နှင့် အကြမ်းဖက်သူအင်အား ၇၅ ဦးခန့် က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

-Type-81 ၁ လက်
-ကျည် ၁၈ တောင့်
-ကျည်အိမ် ၁ ခု
-အာပီဂျီ ဒုံးသီး ၁ လုံး(ပို့ကျည်ပါ)
-လက်ပစ်ဗုံး ၂ လုံး သိမ်းဆည်းရမိခဲ့။
တိုက်ပွဲသတင်းစုံ

1 year, 2 months ago
**ဗဟန်းမြို့နယ်တွင် စတိုးဆိုင်ပိုင်ရှင်၏ ဆွဲကြိုးကို ဝင်ရောက်လုယက်ပြီး ဆိုင်ရှင်ကိုသတ်သွား**

ဗဟန်းမြို့နယ်တွင် စတိုးဆိုင်ပိုင်ရှင်၏ ဆွဲကြိုးကို ဝင်ရောက်လုယက်ပြီး ဆိုင်ရှင်ကိုသတ်သွား

ရန်ကုန်၊ ဒီဇင်ဘာ ၂၆
ဗဟန်းမြို့နယ်၊ ဆရာစံမြောက်အရှေ့ရပ်ကွက်၊ ဆရာစံလမ်း၊ အမှတ် ၁၄၀၊ မြေညီထပ်ရှိ AK Cosmetic ဆိုင်ကို ဒီဇင်ဘာလ၂၆ ရက် နံနက် ၈ ၃၀ နာရီအချိန်က ဝင်ရောက်လုယက်ပြီး ဆိုင်ရှင်ကို ဓါးဖြင့်ထိုးသတ်သွားကြောင်းသိရသည်။
ဆိုင်ရှင်ဖြစ်သူ ဒေါ်အေးအိခိုင်သည် ဆိုင်ဖွင့်နေစဉ် အမျိုးသားတစ်ဦးက ဒေါ်အေးအိခိုင် ဝတ်ဆင်ထားသော ရွှေဆွဲကြိုးကို ဝင်ရောက်လုယက်ခဲ့သည်။ ဆိုင်ရှင်ကပြန်လည်ခုခံသဖြင့် လုယက်သူက ဓါးဖြင့်ထိုးရာ ဆိုင်ရှင်ဒေါ်အေးအိခိုင်သည် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

https://t.me/MDYimage413

1 year, 2 months ago
Acc ထဲက Atomကိုင်ထားတဲ့

Acc ထဲက Atomကိုင်ထားတဲ့
အစ်ကိုအစ်မများခင်ဗျာ
Atom SMS နံပါတ်6666 ကို (SK39)ဟု
တစ်ရက် ၁၀ စောင်ပေးပို့ပေးကြပါအုန်း?

ဖောင်အမှတ် ၁၁၅ ကိုအားပေးကြပါအုန်း
Vote ပေးကြပါအုန်းအမျိုးတို့

အသေးစိတ်??????

https://www.facebook.com/share/p/5dbAEHQVCzEy82vG/

1 year, 2 months ago

လေးစားပါတယ်
-
ကိုယ်တွေဆိုရင် လေထီးခုန်ဖို့ နေနေသာသာ .. ဘုရားပွဲမှာ ရဟတ်စီးရင်တောင် ရှူရှူးတွေ ထွက်ကျတာ

-
https://www.tiktok.com/@ktmedia0/video/7450146116449979656?is_from_webapp=1&sender_device=pc&web_id=7402886078983980545

1 year, 2 months ago

နစက၏ ရွေးကောက်ပွဲအစီအစဉ်အပေါ် မြန်မာ့အိမ်နီးချင်းနိုင်ငံများက အကောင်းမြင်ဟု ထိုင်းနိုင်ငံပြော
၁၉ ဒီဇင်ဘာ ၂၀၂၄
▪️မြန်မာနစက နိုင်ငံခြားရေးဝန်ကြီးတင်ပြတဲ့ နစကရွေးကောက်ပွဲအစီအစဉ်အပေါ် ဆွေးနွေးပွဲတက် ရောက်လာတဲ့မြန်မာအိမ်နီးချင်းနိုင်ငံတွေက ခြုံငုံပြီး အကောင်းမြင်ကြတယ် လို ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရသူ နီကွန်ဒက်ချ် ဘာလန်ကူရာက ပြောတဲ့အကြောင်း ဘန်ကောက်ပိုစ် သတင်းမှာ ဖော်ပြထားပါတယ်။
▪️မြန်မာ့အိမ်နီးချင်းနိုင်ငံတွေက အကျပ်အတည်းနှင့်ပတ်သက်ပြီး အဖြေခပ်သွက်သွက်  လိုချင်ကြတယ်  လိုလည်း သူက ဖြည့်စွက်ပြောပါတယ်။
▪️“ မြန်မာနိုင်ငံခြားရေးဝန်ကြီးက ခြုံငုံမိတဲ့နိုင်ငံရေးဆွေးနွေးမှုအတွက် တံခါးဖွင့်ထားတယ်လို ပြောပါ တယ်” လိုလည်း သူကပြောပါတယ်။
▪️မြန်မာနစက နိုင်ငံခြားရေးဝန်ကြီးဟာ ထိုင်းနိုင်ငံဘန်ကောက်မြိုသိုရောက်ရှိနေပြီး မြန်မာနှင့် ယင်းရဲ့ အိမ်နီးချင်းနိုင်ငံများ အလွတ်သဘောဆွေးနွေးပွဲသို ဒီဇင်ဘာ ၁၉ရက်က တက်ရောက်နေတာဖြစ်ပါတယ်။
▪️အဲဒီဆွေးနွေးပွဲသို တရုတ်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်အပါအဝင် နိုင်ငံ(၅)နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဌာန  ဝန်ကြီးများနှင့်အဆင့်မြင့်အရာရှိကြီးများတက်ရောက်နေကြပါတယ်။
▪️မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက လာမယ့်နှစ်မှာကျင်းပမယ့် မြန်မာ့ရွေးကောက်ပွဲအစီ အစဉ်ကို အိမ်နီးချင်းနိုင်ငံတွေကို ချပြခဲ့ပါတယ်။ သူက နိုင်ငံခြားက ရွေးကောက်ပွဲစောင့်ကြည့်သူတွေကို ဖိတ်ခေါ် နိုင်ခြေရှိတာကိုလည်း ပြောပြခဲ့တယ်လို့ဆိုပါတယ်။

1 year, 2 months ago
MDY image✍️
1 year, 3 months ago
အသစ်ထွက်လာတဲ့ ပန်ဆယ်လို ဂိမ်းပါတဲ့ဗျာ... သူများဆီက ပိုက်ဆံတွေခိုးပြီး ကိုယ့်ဘဝချမ်းသာအောင် …

အသစ်ထွက်လာတဲ့ ပန်ဆယ်လို ဂိမ်းပါတဲ့ဗျာ... သူများဆီက ပိုက်ဆံတွေခိုးပြီး ကိုယ့်ဘဝချမ်းသာအောင် လုပ်ရတဲ့ဂိမ်းဆိုတော့ အပျံမဘဝအကြောင်းကို ပုံဖော်ပြီး ရေးဆွဲထားတဲ့ ဂိမ်းဆိုတာ သေချာသွားတာပေါ့.... ဂိမ်းကို အခုလိုမျိုး ဒဲ့ပြောပြီး ကြေညာလိုက်တော့ အပျံမတစ်ယောက် ဆဲဖို့ပါးစပ်ပြင်နေလောက်ပြီ... ဒီကောင်မက ဆဲတာနဲ့ ခိုးတာကလွဲရင် ကျန်တာဘာမှ မတတ်တဲ့ကောင်မလေ...??

1 year, 3 months ago
MDY image✍️
1 year, 3 months ago

လာပြန်ပြီ….
ပြောကြပြန်ပြီ….

"Norovirus" "နိုရိုဗိုင်းရပ်စ်"…တဲ့။

ကိုဗစ် မျိုးကွဲ ဆိုပဲ…..!!!
ပြင်းထန်တယ် ဆိုပဲ…….!!!
ကာကွယ်ဆေး မရှိသေးဘူး ဆိုပဲ…….!!!

ဘာ့ကြောင့်များ
လူတွေကို လှန့်ချင် ခြောက်ချင်နေကြတာပါလဲ….???

တကယ်တော့
"Norovirus" "နိုရိုဗိုင်းရပ်စ်" ဆိုတဲ့ နာမည် ကို
ခုမှ ကြားဖူးလို့သာ အဆန်းတကြယ် အလန့်တကြား ဖြစ်ကြတာ…
အထူးအဆန်း မဟုတ်ပါဘူး….

အန်ပြီး ဝမ်းသွားစေတဲ့ ပိုး တစ်မျိုးပါပဲ….
လွယ်လွယ်ပြောရရင် အထက်လန် အောက်လျှော ပေါ့…..
တခြား အထက်လန် အောက်လျှော ဖြစ်စေတဲ့ ပိုးတွေလိုပါပဲ…..

သည်ပိုး ဝင်သွားရင် ကူးစက်ခံရရင်
ခံစားရမယ့် လက္ခဏာတွေ က
ပျို့မယ်….
အန်မယ်…..
အော်ဂလီဆန်နေမယ်…..
အစာအိမ် ဝမ်းခေါင်းနေရာ က အောင့်မယ်…..
ဗိုက် ညှစ်ညှစ်ပြီး နာမယ်……
ဝမ်းပျော့မယ်….
ဝမ်းအရည်သွားမယ်…..
အဓိက က အဲ့ဒါတွေ ဖြစ်ပါတယ်…..

တခြား ဖြစ်တတ်တာတွေ က
ကိုယ်ပူမယ်…..
ခေါင်းအုံ ခေါင်းမူးမယ်…. (ကွမ်း ဆေးမူးသလို မူးနိုင်တယ်)
ငြီးစီစီ ဖြစ်မယ်….
ချွေးစေးပြန်မယ်….
နုန်းမယ်…..
ခြေထောက် ညောင်းညာ ကိုက်ခဲမယ်……

ဗိုင်းရပ်စ်ပိုးတွေ ထုံးစံအတိုင်း
ပျမ်းမျှ ၃ ရက် အများဆုံး ၅ ရက် ကြာရင်
ပြန်ကောင်းသွားမှာပါ…..

ဖြစ်တဲ့အချိန်တော့
ကိုယ်ပူကျဆေး သောက်တာမျိုး
အအန်ပျောက်ဆေး သောက်တာမျိုး
အစာအိမ်ဆေး သောက်တာမျိုး
ဓါတ်ဆားရည် သောက်တာမျိုး
ဆိုဒါမပါ အမြှုပ်မထတဲ့ အချိုရည် သောက်တာမျိုး ပဲ
လိုအပ်ပါတယ်…..

အစာအိမ်ရောင်တာ လည်း ဖြစ်စေတတ်ပါတယ်….
အစာအိမ် ရောင်သွားရင်တော့
အစာအိမ်ရောင်တာ အတွက် ကုသမှုခံယူဖို့လိုပါတယ်….

အပူ၊ အစပ်၊ အချဉ်၊ အမာ အစားအသောက်တွေ
ရှောင်ရပါမယ်…..

ဒါပါပဲ…..

ခုလို ဆောင်းအဝင် ကာလတွေမှာ အဖြစ်များတဲ့အတွက်
Winter Vomiting Bug, Winter Vomiting Disease လို့
ခေါ်ကြပါသေးတယ်….
အစာအိမ်ရောင်ပြီး နာတာ အောင့်တာ ဖြစ်တတ်တာကြောင့်
Stomach Flu လို့လည်း
ပြောကြပါတယ်…..

ဘာ ကာကွယ်ဆေးမှ မလိုပါဘူး….

ကူးစက်ပုံ ကူးစက်နည်း က
စားစရာ သောက်စရာတွေထဲ
အဲ့သည့် Norovirus နိုရိုဗိုင်းရပ်စ် ပါလာရင် ဖြစ်မှာမို့
စားတာ သောက်တာ သန့်သန့်ရှင်းရှင်း ဖြစ်ဖို့ သတိထားပြီး
လက် ကို မှန်မှန် အသေအချာ ဆေးပေးနေရုံ နဲ့ ကို
ကာကွယ်ပြီးသား ဖြစ်နေပါပြီ…….

ဟိုနိုင်ငံမှာ ဖြစ်နေပြီ…. သည်နေရာမှာ ဖြစ်နေပြီ နဲ့
စိုးရိမ်စရာလည်း မလိုပါဘူး….
လွန်ခဲ့တဲ့ တစ်လကျော် နှစ်လလောက်ကတည်း က
အဲ့လို လက္ခဏာတွေ ဖြစ်တဲ့
ကလေး လူကြီးတွေ အတော်များများ တွေ့နေခဲ့ပြီးသားပါ….
ပိုး ကို ဓါတ်ခွဲ စစ်ဆေးတာမျိုး မလုပ်ခဲ့ရလို့သာ
အတိအကျ မပြောနိုင်တာပါ….
၃ ရက်လောက်ဆို ကောင်းသွားကြတာပါပဲ….
အစာအိမ် ရောင်သွားရင်သာ
တစ်ပတ် ဆယ်ရက်လောက် ဆေးဆက်သောက်ရတာမျိုးပါ…..

ခုလည်း
မသိဘဲ ရမ်းပြီး မှန်းပြီး ကြောက်လန့် မနေကြဖို့ အတွက်သာ
ကြိုတင် ရှင်းပြထားတာပါ….

ခြောက်လိုက်ရမှ ကြောက်လိုက်ရမှ ဆိုတဲ့
ခြောက်ချင်တဲ့ သူတွေ နဲ့
ကြောက်ချင်တဲ့ သူတွေ အတွက်တော့
ခြောက်ကြ ကြောက်ကြဦးပေါ့…….။            ။

ဒေါက်တာ ခန့်ဝင်း

(Graphic credit: midwestexpressclinic.com)

1 year, 3 months ago
**အကြမ်းဖက်သမားများဆုတ်ခွာသည့်နောက်

**အကြမ်းဖက်သမားများဆုတ်ခွာသည့်နောက်
ထပ်ချပ်လိုက်ရှင်းနေ။

အလောင်းလက်နက်များသိမ်းဆည်းရမိထား။

(ပုံတွေရပါက တင်ပေးပါမယ်)**

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago