CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc👉 @khanthtookyaw2001
Last updated 3 Wochen, 6 Tage her
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 1 Monat, 1 Woche her
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006
Last updated 2 Monate her
ဝေးရလောက်တဲ့အထိ
ငါတို့ကြားက ပြဿနာက မကြီးခဲ့ဘူး
ဒါပေမယ့် ငါတို့လမ်းခွဲရတဲ့ အခြေအနေထိ
ရောက်သွားခဲ့တယ်။
ကံကခွဲရင် ဘာမဟုတ်တာလေးနဲ့လည်း
လွဲကြရတာပဲ ။
-ဘုန်းစစ်သွေး
ခေတ်ကိုက စေ၊က်ကျက်သရေတုန်းနေတော့ ဘ၀ကလည်း မသာအိမ်က ဖဲ၀ိုင်းလိုပဲ ။
နှစ်ချပ်နဲ့သေလို့ နောက်တစ်ချပ်ကောက်ဆွဲကာမှ ဘုရင်မပါ လာပူးနေရသလိုမျိုး တစ်ခါတစ်ခါ စေ၊က်ကျိုးနည်းဆန်းတယ် ။
-ရွက်လှေ
ငါမချစ်ရင်
နံရံကွယ်နေလည်း မြင်ချင်မြင်တယ်
မပြောလည်း ကြားတယ်
ကမ္ဘာလည်း ပုံမှန်လည်တယ်။
ငါချစ်ရင်
ငါ့ကိုကြည့်ကြည့်ပြီးပြောနေလည်း မကြားဘူး
ဓားနဲ့ပြေးဝင်လာလည်း မမြင်ဘူး ။
-စိုင်းဝင်းမြင့်
မင်း မာကျောထားတာတွေအားလုံးဟာ ကြောက်ရွံ့စိတ်တွေနဲ့ မင်း တည်ဆောက်ထားရတဲ့ အလွှာတွေပဲဆိုတာကိုလည်း မင်း သတိပြုမိလာဦးမယ်
မင်းခံစားချက်ကို အရှိအတိုင်းထုတ်မပြနိုင်လေ အထီးကျန်မှုဟာ
မင်းကိုယ်တိုင်ထက် ပိုကြီးမားလာလေပဲ
ဒဏ်ရာဟာ ပုံစံနှစ်မျိုးနဲ့ပဲ လာတယ် တိတ်ဆိတ်မှုရယ် နာကျင်အော်ဟစ်မှုရယ်။
- လတ်လွန်းဝေဦး
မာလာဆောင်အိမ်မက်/၁၀
ဒီနေ့ မင်းရပ်၀န်းမှာ တိမ်ကင်းစင်ရဲ့လား ဧလွန် မပြုံးပဲရယ်ပြတဲ့အခါ မခေါ်ပဲရောက်လာတဲ့အခါ စိတ်ရဲ့ပြတင်းပေါက်တွေထဲ လေညှင်းရယ်သံ ခပ်သဲ့သဲ့ငါကြားခဲ့ပါပြီ ။
စက္ကူကြယ်လေးတွေကို စက္ကူပန်းရုံထဲ၀ှက်ထားတယ် ဧ၀မသိလိုက်တဲ့ အာဒံရဲ့ပေးဆပ်ချင်းတွေဟာ နံရိုးတစ်ချောင်းထက်တော့ပိုခဲ့ပါတယ် ဧလွန်ရေ ။
အပိုင်သိမ်းထားမိတဲ့ မနက်ဖြန်တွေထဲ အပိုင်ရရှိမဲ့ ချစ်ခြင်းမေတ္တာတွေအတွက် အတ္တတွေ မြူတမှုန်မျှ မဖိတ်စင်လေအောင် ခုတ်ထွင်ရှင်းလင်းခဲ့ပါ့မယ် ။
ပြီးဆုံးကြောင်း စာတန်းထိုးတဲ့အခါ ဒီဇာတ်သိမ်းဟာ ပျော်ရွှင်စရာပဲ ဖြစ်ပါစေ ဧလွန်ရေ ။
အတိတ်တွေထဲက စိတ်တံခါးကိုသော့ခတ် မင်းရှိရာအရပ်ကို ခုတ်မောင်းလာခဲ့ပြီ ဘယ်ဘူတာမှာဆိုက်ဆိုက် မင်းကိုယ်ငွေ့နဲ့ မြို့လေးမှာပဲ သောင်တင်ပါရစေ ။
ပျော်ခဲ့ကျဖူးတယ် ရယ်ခဲ့ကျဖူးတယ် ငိုခဲ့ကျဖူးတယ် ကြေကွဲခဲ့ကျဖူးတယ် ဒီလောက်ဆို ကိုယ်တို့ဆုံးတွေ့ရတာ အဓိပ္ပာယ်ရှိပြီ မဟုတ်လား ။
ဧလွန်ရေ ညအသစ်တွေထဲ ကြယ်အသစ်တွေ ကောင်းကင်မှာ ချိတ်ဆွဲထားတယ် ဗီးနစ်ရဲ့ အ၀ါရောင် အပိုင်းစတွေကိုတော့ ကိုယ့်မျက်နှာကြပ်ပေါ် အပိုင်သိမ်းထားလိုက်တော့မယ် ။
မိုးဦးလေပြေ လွမ်းငွေ့သက်တော့ အချစ်ရင်ခွင်ကိုတရွာထင် တိမ်ခိုးတိမ်စိုင်တွေထဲ ပ်ို့သလိုက်တဲ့ ကိုယ့်ရဲ့ ချစ်ခြင်းမေတ္တာတွေ မင်းအိမ်အနီးနား ကွက်ကြားမိုးတွေ ရွာနေသေးလား ။
ဘယ်လမ်းကိုရွေးရွေး ဘယ်ကမ်းကိုပဲကပ်ကပ်
လှည့်လိုက်တဲ့ ခြေလှမ်းတွေ မင်းရှိရာ ဘုံကို ဦးတည်တယ် ။
လမ်းခွဲသူတွေနဲ့ လမ်းလွဲသူတွေ အဲ့သလို ကြေကွဲဖွယ်ရာ မြင်ကွင်းတွေထဲ မေတ္တာနဲ့ကမ်းတဲ့လက်ကို မပုပ်ချချင်နဲ့ ဧလွန်ရေ ။
စက္ကူပန်းရုံလေးထဲ လိပ်ပြာလေး အနား၀ဲတာဟာ လေရူးကျယ်စီပြီး ရနံ့သင်းနေလို့မှ မဟုတ်ပဲ တယုတယ နမ်းရှိုက်ဖို့လည်းဖြစ်နိုင်သလို စိတ်လိုလက်ရ ခိုနားချင်တာလည်း ဖြစ်နိုင်တာပဲ ။
အနွေးဓာတ်ခပ်မျှင်းမျှင်းနဲ့ အရှင်ဓာတ်ကို ဂဟေဆက်ထားရတယ် သေလွန်ပြီးသွားရင် ဖြစ်လေရာဘုံမှာပဲ မင်းအပါး ပန်းဆက်သမားအဖြစ် ပြန်၀င်စားချင်တယ် ။
ဧလွန်ရေ ဒီကမ္ဘာမှာ အရောင်စုံသက်တံ့တွေထက် ရောင်စုံလွတ်လပ်ရေးတွေဟာ မှိုထက်ပေါတယ် အချစ်ရေ လာရာလမ်းအတိုင်းသာ လှည့်ပြန်ရအောင် ။
-ရွက်လှေ
ပန်းတွေဝေတဲ့ ကာလပေါ့
မချစ်နိုင်တော့တဲ့လူတစ်ယောက်နဲ့ မချစ်ရဲတော့တဲ့လူတစ်ယောက်
သံသရာမှာ စိုက်စိုက်မြိုက်မြိုက်ကြီး
တွေ့ဆုံခဲ့ကြတယ်
ပန်းတွေဝေတဲ့ ကာလပေါ့
တစ်ယောက်နဲ့တစ်ယောက်
ဘဝနဲ့ရင်းပြီး ချစ်ခဲ့ကြတယ်
တစ်ယောက်နဲ့တစ်ယောက်
ဘဝနဲ့ရင်းပြီး လောင်းကြေးထပ်ခဲ့ကြတယ်
ပန်းတွေဝေတဲ့ ကာလပေါ့
စိမ်းသွားလိုက်တာများ
ဘယ်တုန်းကမှ မတွေ့ဆုံခဲ့ဖူးသလို
ဘယ်တုန်းကမှ မချစ်ခဲ့ဖူးသလို
ဘယ်တုန်းကမှ မပျော်ရွင်ခဲ့ဖူးသလို
ပန်းတွေဝေတဲ့ ကာလပေါ့
သံသရာတစ်ကွေ့မှာ
လူတစ်ယောက်ရဲ့တောင်ပန်းစကားကိုစောင့်နေပါတယ်
လူတစ်ယောက်ရဲ့နွေးထွေးမှုကို
စောင့်နေပါတယ်
လူတစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာကို
စောင့်နေပါတယ်
ပန်းတွေဝေတဲ့ ကာလပေါ့
သံသရာတစ်ခုမှာ ခရေပန်းလေးဖြစ်မယ်ဆို
ကိုယ့်ဒူးထောက် ကောက်ပြီးသိမ်းချင်ပါသေးတယ်
-မိုးဦး
လူတစ်ခြား အိမ်မက်တစ်ခြားညတွေမှာ
ပျော်စရာ ရယ်စရာတွေနဲ့ င်ိုစရာ ကြေကွဲစရာတွေ ။
အတွေးဆိုတာမျိုးက ကန့်သတ်ချက်ကို ကျော်လွန်သွားရင် စိတ်ရောကိုယ်ပါဖျားနာ ရတယ်အကို သိထားတဲ့ ပျော်စရာတွေရဲ့အခြားတစ်ဖက်မှာ ငိုစရာတွေနဲ့ ကျွန်မမှာ နေသားကျပေးနေရတယ် ။
အကိုရယ် သိပ့်ချစ်တယ်
ကမ္ဘာဦးအစကိုလည်း မမှီခဲ့ဘူး
အာဒံ ဧ၀နဲ့ ဧဒင်ဥယာဥ်ကြီးကိုလည်း မမှီခဲ့ဘူး
ကားမက်စ်ကိုလည်း မမှီခဲ့ဘူး
ဗုဒ္ဓကိုလည်း ကျွန်မမှာ မမှီခဲ့ဘူးအကို ။
ကျွန်မ တည်ရှိရာဘုံဟာ အကို့ရင်ခွင်ကျဥ်းကျဥ်းလေးထဲ ဒါမှမဟုတ် ခိုလုံချင်စရာ လက်ဖဝါးည်ိုလေးတွေပဲ ။
အလွမ်းတွေ မီးထတောက်တဲ့နေ့တွေဆို စိတ်က်ို ကဗျာတွေထဲ ထည့်မြုပ်ထားရတယ် အကိုပြောသမျှ အကို့အကြောင်းတွေ ကျွန်မသိသမျှ အကို့အကြောင်းတွေ ။
အကိုရယ် မိန်းမသားအချစ်မို့ စိမ်းမကားရက်ပါနဲ့ သိမ်းထားလို့မှ အနာတရမဖြစ်ရင် ကျွန်မချစ်ခြင်းတွေ အပြစ်ကင်းစင်ပါတယ် ။
ဒီရက်ထဲ စက္ကူကြယ်လေးတွေခေါက်ဖြစ်တယ်
တို့ကမ္ဘာမှာ ကြယ်တွေဟာ အရင်လောက် မစုံလင်ကျတော့ဘူး မဟုတ်လား ။
ဖြစ်နိုင်မယ်ဆို ကိုယ်ပိုင်ကမ္ဘာသေးသေးတစ်ခု
အပိုင်ရချင်တယ် တိမ်တွေ အဝါရောင်ကြယ်ပန်းတွေနဲ့ စက္ကူပန်းရုံလေးတွေ ။
စစ်တွေလည်း ပယ်ပါတယ် မေတ္တာတွေ ချိုပါ့မယ် အကို့ကိုတော့ ကျွန်မရဲ့ ရင်ခွင်ထဲ ဝှက်ထားမယ် ။
-နှင်းသရသွင်
မင်းမရှိရင် မဖြစ်ဘူးဆိုတဲ့အခြေအနေဟာ
ကမ္ဘာမှာ တကယ်မရှိဘူး။
မယုံရင် ဆက်ဆံရေးတစ်ခုကနေ
ဘယ်သူ့ကိုမှ ဘာမှမပြောဘဲ
မင်းတိတ်တိတ်လေး စွန့်ခွာသွားကြည့်လိုက်
မင်းထွက်သွားခါစမှာတော့
မင်းကိုသတိရတာတွေ ဘာတွေဖြစ်ကောင်းဖြစ်လိမ့်မယ်။
အချိန်ကာလတစ်ခုရောက်တဲ့အခါမှာတော့
အားလုံးက ပုံမှန်လိုပဲ။ မင်းမရှိလည်း သူတို့
အဆင်ပြေနေလိမ့်မယ်၊ ဒါမှမဟုတ်
မင်းနေရာမှာ အခြားတစ်ယောက်ရှိနေလိမ့်မယ်။
"မင်းမရှိလို့မဖြစ်ဘူး"ဆိုတာ
စကားလုံးသက်သက်ပဲ၊ တကယ်မရှိဘူး။
မင်းမရှိလည်း အရာရာဟာသူ့နည်းသူ့ဟန်နဲ့
ပုံမှန်လည်ပတ်နေမှာပဲ။
-အကြည်တော်
ကဗျာဆရာတမ်းချင်း
____
အချစ်တဲ့ လောင်လိုက်တဲ့အစွဲ
ရေပဲလှူလှူ ပန်းပဲဆက်ဆက် အခုဘ၀ရော နောင်ဘ၀မှာပါ အေးချမ်းဖို့ လမ်းစမမြင်ဘူး။
-ခွန်းသွေး
မျှော်ကာငေးလို့ တမ်းတလည်း ချစ်ခြင်းမေတ္တာဟာ ငါ့ဆီမရောက်တော့ဘူး
၁
ချစ်ခြင်းမေတ္တာနဲ့ပက်သက်ရင် ငါဟာရွေးချယ်စရာမကောင်းတဲ့လူပါ ပျော်ရာကိုရှာလည်း မျှော်စရာတွေတာပို တိုးလာတယ် ဝေဖို့ကြွေပေးရတဲ့ သစ်ရွက်ခြောက်ဘ၀ပါ ဘယ်သူနင်းနင်း ကြေမွလွယ်ပါတယ်။
၂
တွဲလက်တွေမြဲဖို့ ဘယ်ဘုရားက်ို ဦးခိုက်ရမလည်း ဗေဒင်ယတြာတွေ ငါ့အတွက်တော့ မစွမ်းနိုင်ဘူး နှစ်ယောက်အတူရှိနေရင်း တစ်ယောက်ကိုတစ်ယောက် ကျောပေးခဲ့ကျ ၀ှက်ထားတဲ့ ဖိနပ်လေးရဲ့ လှောင်ပြုံးတွေဟာ ငါ့အတွက်တော့ ရူးမိုက်စရာ။
၃
မဝေးရဲဘူးလို့ တိုးတိုးလေးပြောမယ် မင်းမရှိလည်း ဖြစ်တယ်လို့ အော်ဟစ်မယ်တစ်ယောက်တည်းရှိတဲ့ အခန်းတွေမှာ တစ်ယောက်ယောက်ကို လိုက်ရှာမိသလို ဒီလူ့မေတ္တာဟာ စိတ္တဇဆန်တယ်။
၄
မပွင့်ရဲဘူး မဝေခင် ကြွေကျမဲ့ဒဏ်ကို ကြောက်လှတယ် ပင်လယ်ကိုငေးတိုင်း အလွမ်းဟာ တောင်တန်းဒေသပေါ် ကျရောက်တယ် စိတ်နဲ့မှန်းရင်း စိတ်နဲ့ဖက်ထားတယ်။
၅
ရုပ်နဲ့နာမ်တည်မြဲဖို့ ကျင့်ကြံတဲ့တရားဓမ္မတိုင်း မင်းအမည်နာမ ကိုခပ်ဖွဖွရွတ်တယ် မေတ္တာသုတ်အစား မေတ္တာရှိကြောင်းဖွင့်ဟတယ် ဒီနေ့လည်း မင်းကို ခပ်စိတ်စိတ် သိပ်လွမ်းရပါတယ်။
-ရွက်လှေ
CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc👉 @khanthtookyaw2001
Last updated 3 Wochen, 6 Tage her
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 1 Monat, 1 Woche her
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006
Last updated 2 Monate her