52 News

Description
News Channel
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year ago
**Feb-14**

Feb-14

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် အသိပေးထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ်ဆောင်ခဲ့သည့်-
“Wai Mar Lwin” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ဧရာတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ်၊ အမှတ်(၁)ရပ်ကွက်နေ တိုးတိုးအေး၊ “Tint Naung Mg” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ အမှတ် (၄)ရပ်ကွက်နေ တင့်နောင်၊ “May Tha Zin Oo” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ အမှတ်(၉) ရပ်ကွက်နေ မေသဇင်တို့ ၃ ဦး
အား မွန်းလွဲ ၃ နာရီ ၁၀ မိနစ်တွင် ဘိုကလေးမြို့မရဲစခန်း၌ တရား ဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။

‎Truth waves

1 year ago
**Feb-14**

Feb-14

အောင်လံမြို့နှင့် သာယာဝတီခရိုင်တွင် လူငယ် ၃၀ ကျော်ကို စစ်မှုထမ်းခိုင်းရန် ဖမ်းဆီးနေကြောင်းနှင့်  ထွက်ပြေးသည့် လူငယ်များကို ရိုက်နှက်ညှဉ်းပန်းမှုရှိကြောင်း မဟုတ်မမှန်သတင်းများ ရေးသားဖြန့်ဝေလျက်ရှိ။

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ - ၁၄

1 year ago
52 News
1 year, 2 months ago
52 News
1 year, 2 months ago
52 News
1 year, 2 months ago
52 News
1 year, 2 months ago
NUG အကြမ်းဖက်အဖွဲ့ဆီက ငွေတိုက်စာချုပ်ဝယ်ထားတဲ့သူတွေက သတ်မှတ်ထားတဲ့နှစ်ပြည့်သွားပြီဖြစ်လို့ အမြတ်မပေးချင်နေပါ...အရင်းလေးတော့ ပြန်ပေးပါလို့ …

NUG အကြမ်းဖက်အဖွဲ့ဆီက ငွေတိုက်စာချုပ်ဝယ်ထားတဲ့သူတွေက သတ်မှတ်ထားတဲ့နှစ်ပြည့်သွားပြီဖြစ်လို့ အမြတ်မပေးချင်နေပါ...အရင်းလေးတော့ ပြန်ပေးပါလို့ တောင်းတာကို တပ်ဆီကို သတင်းပေးလိုက်ရမလားဆိုပြီး ခြိမ်းခြောက်ခံနေရတယ်ဆိုပဲ...သုံးလို့ဖြုန်းလို့ ကုန်သွားပြီဖြစ်လို့ ပြန်မပေးနိုင်တော့လို့ ဒီလိုမျိုး ခြိမ်းခြောက်နေတာဖြစ်ပါတယ်...ဒီပုံစံအတိုင်းဆိုရင် NUG ကို ငွေကြေးထောက်ပံ့နေတဲ့သူတွေလည်း သတိသာထားနေကြပေတော့...

1 year, 2 months ago
**Nov 29**

Nov 29

တောင်သာမြို့နယ်တွင် အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့က နေအိမ်မှဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

နာမူ (NP News) - နိုဝင်ဘာ ၂၉
https://npnewsmm.com/news/67497593b27f182a300bd5e3

1 year, 2 months ago

Nov 29

တိုက်ပွဲသတင်း(အမ်း)

နိုဝင်ဘာ ၂၈ ရက်

ရခိုင်ပြည်နယ် အမ်းမြို့ ဆလအခွဲ(၉၄၆)၊ ဂိတ် ၂ သို့ နေရာ ၂ နေရာမှ ရန်သူအင်အား ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့ရာ AA သောင်းကျန်းသူများ ဆုတ်ခွာထွက်ပြေးခဲ့။

-AA သကသ ၂ လောင်း
-လက်နက် ၂ လက် သိမ်းဆည်းရမိခဲ့။

တိုက်ပွဲသတင်းစုံ

1 year, 2 months ago
Is World War III COMING?

Is World War III COMING?

ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ နျူကလီးယားတိုက်ခိုက်မှုဆိုင်ရာ စည်းမျဉ်းများကို ပြင်ဆင်မှုပြုလုပ်ပြီးနောက် ပထမဆုံးသော တိုက်ချင်းပစ်ဒုံးပျံတိုက်ခိုက်မှုကို မနေ့ညက ပြုလုပ်ခဲ့ပါတယ်။

Intermediate Range Ballistic Missile အဆင့်ရှိတဲ့ ဒုံးပျံနဲ့ ယူကရိန်းကိုတိုက်ခိုက်ခဲ့ပြီးတဲ့နောက်မှာ NATO အုပ်စုဝင် ဥရောပနိုင်ငံတွေအနေနဲ့ တတိယကမ္ဘာစစ်ကြီးကို ပိုမိုနီးကပ်လာပြီလို့စိုးရိမ်ပူပန်မှုတွေရှိလာပြီပဲဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အနေနဲ့ ယူကရိန်းစစ်တပ်ကို သူတို့ထောက်ပံ့ထားတဲ့ တာဝေးပစ်ဒုံးပျံတွေနဲ့ ရုရှားနယ်နမိတ်အတွင်းပိုင်းထဲကို ပစ်ခတ်ဖို့ သဘောတူပြီးနောက်ပိုင်း ရုရှားသမ္မတကလည်း အဲ့ဒီလို ပစ်မယ်ဆို နျူကလီးယားလက်နက်ကို သုံးသင့်သုံးရမယ်ဆိုပြီး စည်းမျဉ်းတွေ ပြင်ဆင်ရေးဆွဲခဲ့တာပါ။

ယူကရိန်းဘက်က ပထမဆုံး အသုံးပြုပြီးနောက်မှာတော့ ရုရှားဘက်ကလည်း နျူကလီးယားထိပ်ဖူးမပါဝင်တဲ့ IRBM ဒုံးပျံကို ပစ်ခတ်တုံ့ပြန်လိုက်ပြီဖြစ်ပါတယ်။ ဒါကြောင့် တတိိယကမ္ဘာစစ်ဖြစ်ဖို့ ခြေလှမ်းတစ်ခု တိုးလာတာပဲလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။

ဒီဖြစ်ရပ်ကြောင့်အမေရိကန် ဂရိ ပြင်သစ် စတဲ့ နိုင်ငံတွေဟာ ယူကရိန်းမှာ ရှိနေတဲ့ သူတို့ရဲ့ သံရုံးဝန်ထမ်းတွေကို ပြန်လည်ခေါ်ဆောင်မှုတွေပြုလုပ်နေသလို တခြား ဥရောပနိုင်ငံတွေကလည်း စစ်အတွက်
ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားပြီပဲဖြစ်ပါတယ်။

အထူးသဖြင့် ရုရှားနဲ့ နီးကပ်ပြီး ယူကရိန်းကို ထောက်ပံ့မှုတွေအများဆုံးလုပ်နေတဲ့ ဂျာမနီဟာ သူ့နိုင်ငံသားတွေကို တတိယကမ္ဘာစစ်အတွက် ပြင်ဆင်မှုတွေလုပ်ထားဖို့ ကြိုတင်အသိပေးထားပြီးပြီလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ဘော်လ်တစ်ဒေသနိုင်ငံတွေဖြစ်တဲ့ ဆွီဒင် ဖင်လန် နော်ဝေ တို့ဟာလည်း နိုင်ငံသားတွေကို တတိယကမ္ဘာစစ်အတွက် ပြင်ထားဖို့ ၊ အစာရေစာ ရိက္ခာနဲ့ လိုအပ်တာတွေ ပြင်ဆင်ထားဖို့အတွက် ကြိုတင် အကြောင်းကြားတာမျိုးတွေ ပြုလုပ်လျှက်ရှိပါတယ်။

Aung Shinn

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago