ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 1 year, 9 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 2 years ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 2 years, 1 month ago
၁၃
-----
၁၃ရက်မှာမွေးတယ်
နာမည်က ၁ နဲ့ ၃
နိုင်ငံရေးလုပ်သက် ၁၃နှစ်ပြည့်ချိန်မှာ
ကျည်ဆန် ၁၃ချက်ကို ရင်ဘတ်နဲ့ခံသွားတယ်
ရေမကူးတတ်ဘူး
ဂေါက်မရိုက်တတ်ဘူး
ရည်းစားစကားလည်း မပြောတတ်ဘူး
သွေးတောင်းတဲ့အရာက
လွတ်လပ်ရေးနဲ့ နံပြားတစ်ချပ်ပဲ
ခင်ဗျား အဆဲမခံချင်ရင်
အဲ့ဒီလူရှေ့က
ဖောက်ပြန်ရေးကင်းတဲ့ မနက်စာစားပွဲခုံပေါ်
ကုမ္ပဏီရှယ်ယာလက်မှတ်တွေအစား
ပဲပြုတ်ပူပူလေးတစ်ခွက်သာ ချပေးလိုက်ကြ ။
ဆန်းကျော်စွာဝင်း
နွေရာသီတဖန်ပြန်ရောက်လာ၏။
ငါ့၏အလွမ်းသည်လည်းပိုဆွေးလာသည်။
-မေနွယ်
**ကိုယ့်အရပ် နဲ့
ကိုယ်ဇာတ်မှာတော့
မင်းလည်း ဆရာကြီး။
ငါလည်း ဆရာကြီး။
ငါ့အိမ်လာရင်
ငါ့စည်းကမ်းနဲ့နေနိုင်မှလာ။
မင်းအိမ်လာရင်လဲ
မင်းစည်းကမ်းနဲ့နေနိုင်မှလာမယ်။
တစ်ခုပဲ အပြောအဆိုလေး
တက်အောင်သင်။**
မှန်ရှေ့မှာရပ်နေသူများ
မှန်ကြည့်တက်ဖို့လိုပါသလား
(လေးနက်စွာတွေးခေါ်ေစခြင်ပါသည်)
-သူရိယ
တစ်ယောက်က မပြတ်နိုင်ေသးတော့
သိပ်နာကျင်နေရပီး
နောက်တစ်ယောက်ဆီက အသစ်ရနေပီ
သတင်းကြားတော့ ထပ်နာကျင်ရတာပေါ့
-သူရိယ
နာရီပေါ်က စက္ကန့်တံလေး
တစ်ချက်ရွေ့တိုင်း မ ကို
တစ်ခါလွမ်းတယ်
နေမင်းကြီး ထွက်ပေါ် လာသည့်
အချိန်မှ စ၍ အမှောင်ထု ဖုံးအုပ်တယ့်
အချိန်ထိ မ ကို ကျွန်တော် ချစ်မယ်။
- ကိုငှက်
ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုကောင်းတစ်ပုဒ်
သူငယ်ချင်းလိုပဲဆက်၍ခေါ်မည်ခိုင်
မမရေ နွေးထွေးမူမရှိတော့တဲ့
ရင်ခွင်ဟာ အရက်ကြမ်းတစ်ခွက်ကို
သောက်တုံးရသတဲ့
မူယစ်ဆေးဝါးဟာ လူကိုယ် စွဲလမ်းစေတာ
သိပ်မှန်တာပဲ မမ ရေ
မမ ကို များလွမ်းရင်လေ ရေမရော တယ့်
အရက်တစ်ခွက်နဲ့ အသေ စော အောင် ကြံရဖန်ရ၊
မမ ကိုယ်စွဲလမ်းစိတ်နဲ့ အရက်ကို
အဖော်ပြုခဲ့တာ ခုများ ဆိုရင် လွမ်းရင်
အရက်လေးတစ်ခွက်သောက်ရမှ ကျေနပ်ရ
အရက်လေးများမူးရင်လေ ရူးရ မူးရ လွမ်းရ
ကိုယ့်ဒုက္ခကို ရှာနေမိတော့တာပဲ မမ ရေ။
- ကိုငှက်
မြက်ရိုင်းက
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး၊
နေနဲ့ လက
တစ်ယောက်ကိုတစ်ယောက်
မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ… တို့
ဝေးလိုက်ကြပါစို့။
ချစ်သူကို မြတ်နိုးရုံနဲ့
အရာရာကို လက်ဖြန့်မိုး
စောင့်ရှောက်ချင်တဲ့ လူငယ်
ခု… ခြွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ်…။
တေလေဘဝရဲ့
ပထမဆုရ အမှားတွေကို
လွယ်အိတ်ညိုထဲထည့်ပြီး
မီးအိမ်လက်ဆွဲ
ရာဇဝင်ထဲမှာ ခရီးဆက်ရဦးမယ်။
#တာရာမင်းဝေ ''မီးတောက်ရစ်သမ်'' မှ
အရာခပ်သိမ်းတို့ထက်
ကြီးကျယ်သောအရာ
နှစ်ခုရှိသည်
တစ်ခုက အချစ်
တစ်ခုက စစ်။
- တက္ကသိုလ်ဘုန်းနိုင်
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 1 year, 9 months ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 2 years ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 2 years, 1 month ago