ကဗျာပွင့်မျောရိပ်🍁🍂

Description
ကဗျာပန်းကို လောကအနှံ့ လန်းစေမည်
ကဗျာရနံ့ လောကအနှံ့ မွှေးပျံ့စေရမည်

ကဗျာမိတ်ဆွေ သင့်အတွက်
ကဗျာပွင့်မျောရိပ်က ကြိုဆိုနေမည်

🍁🍂🍁🍂🍁🍂
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

1 month, 1 week ago

မှန်ရှေ့မှာရပ်နေသူများ
မှန်ကြည့်တက်ဖို့လိုပါသလား

(လေးနက်စွာတွေးခေါ်‌ေစခြင်ပါသည်)

-သူရိယ

1 month, 1 week ago

တစ်ယောက်က မပြတ်နိုင်‌ေသးတော့
သိပ်နာကျင်‌နေရပီး
နောက်တစ်ယောက်ဆီက အသစ်ရနေပီ
သတင်းကြားတော့ ထပ်နာကျင်ရတာပေါ့

-သူရိယ

1 month, 1 week ago

နာရီပေါ်က စက္ကန့်တံလေး
တစ်ချက်ရွေ့တိုင်း မ ကို
တစ်ခါလွမ်းတယ်

နေမင်းကြီး ထွက်ပေါ် လာသည့်
အချိန်မှ စ၍ အမှောင်ထု ဖုံးအုပ်တယ့်
အချိန်ထိ မ ကို ကျွန်တော် ချစ်မယ်။

- ကိုငှက်

1 month, 2 weeks ago

ဆရာတက္ကသိုလ်ဘုန်းနိုင်ရဲ့ ဝတ္ထုကောင်းတစ်ပုဒ်

သူငယ်ချင်းလိုပဲဆက်၍ခေါ်မည်ခိုင်

1 month, 2 weeks ago

မမရေ နွေးထွေးမူမရှိတော့တဲ့
ရင်ခွင်ဟာ အရက်ကြမ်းတစ်ခွက်ကို
သောက်တုံးရသတဲ့

မူယစ်ဆေးဝါးဟာ လူကိုယ် စွဲလမ်းစေတာ
သိပ်မှန်တာပဲ မမ ရေ

မမ ကို များလွမ်းရင်လေ ‌ရေမရော တယ့်
အရက်တစ်ခွက်နဲ့ အသေ စော အောင် ကြံရဖန်ရ၊

မမ ကိုယ်စွဲလမ်းစိတ်နဲ့ အရက်ကို
အဖော်ပြုခဲ့တာ ခုများ ဆိုရင် လွမ်းရင်
အရက်လေးတစ်ခွက်သောက်ရမှ ကျေနပ်ရ

အရက်လေးများမူးရင်လေ ရူးရ မူးရ လွမ်းရ
ကိုယ့်ဒုက္ခကို ရှာနေမိတော့တာပဲ မမ ရေ။

- ကိုငှက်

1 month, 2 weeks ago

မြက်ရိုင်းက

မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး၊

နေနဲ့ လက

တစ်ယောက်ကိုတစ်ယောက်

မပိုင်ဆိုင်နိုင်ကြသလိုမျိုး

ရိုးသားစွာ… တို့

ဝေးလိုက်ကြပါစို့။

ချစ်သူကို မြတ်နိုးရုံနဲ့

အရာရာကို လက်ဖြန့်မိုး

စောင့်ရှောက်ချင်တဲ့ လူငယ်

ခု… ခြွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ်…။

တေလေဘဝရဲ့

ပထမဆုရ အမှားတွေကို

လွယ်အိတ်ညိုထဲထည့်ပြီး

မီးအိမ်လက်ဆွဲ

ရာဇဝင်ထဲမှာ ခရီးဆက်ရဦးမယ်။

#တာရာမင်းဝေ ''မီးတောက်ရစ်သမ်'' မှ

1 month, 3 weeks ago

အရာခပ်သိမ်းတို့ထက်
ကြီးကျယ်သောအရာ
နှစ်ခုရှိသည်

တစ်ခုက အချစ်
တစ်ခုက စစ်။

- တက္ကသိုလ်ဘုန်းနိုင်

1 month, 3 weeks ago

ဆရာအကြည်တော်ရဲ့
စကားကိုယူသုံးရမယ်ဆိုရင်
တစ်သက်မှာတစ်ခါသာရတဲ့
အခွင့်ရေးမျိုးနဲ့မမကိုချစ်တယ်

အကြိမ်ကြိမ်ချစ်ခဲ့ဘူးပါလျက်နဲ့
မှန်ကန်သောချစ်ခြင်းဟာ
မမ နဲ့မှမွေးဖွားလာသလို ကျွန်တော်ခံစားမိတယ် မမ

အဲ့သလိုခံစားမိတဲ့ကောင်က
မမ ကိုယ်ရူးရူးမူးမူးချစ်တယ်
ရူးရူးမူးမူးပဲ
ချစ်တယ် ...ချစ်တယ်

ချစ်ခြင်းတရားဟာ အတိုင်းတာမရှိဘူး မမ
လျော့နည်းသွားနိုင်သလို
တိုးပွားသွားနိုင်တယ်လေ

သို့သော်လည်း
ကျွန်တော် နှလုံးသားမှာ
အနုတ်မရှိသောချစ်ခြင်းတွေသာ
မွေးဖွားနေတယ် မမ

ဒီကဗျာ..ဒီစာ..ကို
ကျွန်တော်ရဲ့
အနှစ်သက်ဆုံး စကားစု နဲ့
အဆုံးသတ်ပါရစေ မမ

"ရူးလောက်အောင်ချစ်တယ်" မမ..

-ကိုငှက်

1 month, 3 weeks ago

မချစ်တဲ့သူကို နေ့စဉ်မျက်စိအောက်မှာ
မြင်နေရတာထက် ချစ်သောသူကို
ဘယ်လောက်အဝေးမှာရှိရှိ
အသဲနှလုံးမှာ ပိုင်ဆိုင်ထားနိုင်တဲ့ဘဝက
ပိုပျော်ဖို့ကောင်းပါတယ်။

-တက္ကသိုလ်ဘုန်းနိုင်

2 months ago

သေအောင်ကြိုးစားလည်း
သေသာသွားမယ်
မရတဲ့ အရာတွေရှိတယ်။

-တာရာမင်းဝေ

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago