Delta News Agency

Description
Delta News Agency is the one of the handful of the local media outlets operating in Myanmar. Based in the Irrawaddy delta region , DNA aims to contribute socio-economic development of the region serving the information needs of the local public.
We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 10 months, 2 weeks ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 11 months, 1 week ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 9 months, 4 weeks ago

1 year, 8 months ago

ဧပြီ ၊ ၂၄

မန္တလေးတိုင်း၊ မတ္တရာမြို့မှာ စစ်ကောင်စီခန့် မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးတဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် သေနတ်နဲ့ပစ်ခတ်ခံရလို့ သေဆုံးသွားတယ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့ နီးစပ်သူ တဦးကပြောပါတယ်။

!! ဖြစ်စဉ်ကတော့ မှန်ပါတယ် ဒီကနေ့မနက် သေနတ်နဲ့ခုနှစ်ချက်ပစ်ခတ်ခံရလို့ စခ တဦးနေရာမှာတင်သေဆုံးသွားပါတယ်။ ထုတ်ပြန်တာကတော့ သက်ဆိုင်ရာအဖွဲ့ကလုပ်ပါလိမ့်မယ် !!လို့ သူကပြောပါတယ်။

ဒီကနေ့ မနက် ၈ နာရီကျော်လောက်မှာ မန္တလေး-မတ္တရာသွားကားလမ်းမပေါ်ရှိ မတ္တရာမြို့အဝင်က လက်ဖက်ရည်ဆိုင်တခုမှာ မြို့နယ်စစ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးသက်နိုင်စိုးဆိုသူ ပစ်ခတ်ခံရလိုသေဆုံးသွားတာပါ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တဦးကတော့ ဆိုင်ကယ်နဲ့ လာတဲ့အမျိုးသား နှစ်ဦးက လက်ဖက်ရည်ဆိုင်အတွင်းသေနတ်နဲ့ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

!!သေနတ်သံ လေးငါးခြောက်ချက် ဆက်တိုက်ကြားလိုက်တာပေါ့။ နောက်မှာ စစ်တပ်ကတဦးပစ်ခတ်ရတာလိုသိရတာ သိပ်မကြာဘူး အလောင်းကို အရပ်ဝတ်နဲ့ လူတွေလာသယ်သွားတယ်ပြောတယ်!! လို့ သူကပြောပါတယ်။

အဲဒီပစ်ခတ်မှုနဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းကလုပ်တယ်ဆိုတာ ထုတ်ပြန်ထားတာမျိုးမတွေ့ရသေးပေမယ့် စစ်အုပ်စုကို အားပေးရေးသားနေတဲ့ တယ်လီဂရန်ချန်နယ်တွေမှာ စစ်ကောင်စီရဲ့ ဗိုလ်မှူးတဦးပစ်ခတ်ခံရတာကို ရေးသားဖော်ပြနေတာတွေ့ရပါတယ်။

ဗိုလ်မှူး သက်နိုင်စိုး ဆိုသူက ကားအတွင်းမှာ သေနတ်တွေထည့်ပြီး သွားလာတက်ပေမယ့် လက်ဖက်ရည်ဆိုင်ဝင်ချိန်အလစ်အငိုက်ခံလိုက်ရတယ်လိုဆိုကြပါတယ်။

စစ်အုပ်စုဖက်ကလည်း ဗိုလ်မှူးပစ်ခတ်ခံရပြီးနောက် မတ္တရာမြို့အဝင်အထွက်ကို ပိတ်ဆို့ပြီး စစ်ဆေးမှုတွေ တင်းတင်းကျပ်ကျပ်ပြုလုပ်ခဲ့သလို မြို့အတွင်းမှာလည်း အရပ်ဝတ်တွေနဲ့ လှည့်လည်သွားလာတာတွေ လုပ်ခဲ့တယ်လို အထက်ပါဒေသခံ ဆိုပါတယ်။

မတ္တရာမြို့ပေါ် အခုလိုပဲ စစ်ကောင်စီရပ်ကွက်အုပ်ချူပ်ရေးမှူးတွေ လက်ဖက်ရည်ဆိုင်ထိုင်စဉ်မကြာခဏဆိုသလိုပစ်ခတ်ခံရမှုတွေဖြစ်နေတယ်လို့သူကပြောပါတယ်။

ဒါအပြင်မတ္တရာမြို့အနောက်ခြမ်းရှိကျေးရွာတွေကို စစ်ကားတွေနဲ့ လှည့်လည်သွားလာရင် းစစ်ကောင်စီကလက်နက်ကြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရမှုကြောင့် သေဆုံးသွားတဲ့ ဗိုလ်မှူးသက်နိုင်စိုး ဆိုသူမှာ မတ္တရာဇာတိဖြစ်ပြီး မြို့ကိုပြောင်းလာတာမကြာသေးဘူးလို့သိရပါတယ်။

We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 10 months, 2 weeks ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 11 months, 1 week ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 9 months, 4 weeks ago