News Reporter

Description
သတင်းမှန်တွေ တင်ဆက်မယ်
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 11 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 3 months ago

11 months, 1 week ago
**၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် - …

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက် - ၁၅ ရက်အတွင်း ရန်သူထံမှ အကျိုးအမြတ် ရရှိမှုစာရင်း
♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️♦️

တိုင်းစစ်ဌာနချုပ်အလိုက် ဒီဇင်ဘာ ၁ ရက်နေ့မှ ၁၅ ရက်နေ့အတွင်း တိုက်ပွဲသတင်းများနဲ့ အကြမ်းဖက်သမားများသေဆုံး၊ အရှင်မိ၊ အလင်းဝင်နဲ့ သိမ်းဆည်းရမိလက်နက်၊ ခဲယမ်းများ၊ အခြားပစ္စည်းများ ဇယားပေါင်းချုပ်အား ဖော်ပြလိုက်ပါတယ်။
-
ဒီစာရင်းဇယားထဲမှ High Light ထုတ် ပြောရရင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေအတွင်းက တိုက်ပွဲဖြစ်စဉ်များပဲ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့ကစပြီး အကြမ်းဖက်သူပုန်များက ကချင်ပြည်နယ် ဗန်းမော်မြို့နယ်အတွင်း တပ်စခန်းများအား လာရောက်တိုက်ခိုက်ရာတွင် အကြမ်းဖက် KIA/PDF (သေဆုံးမှုအနေဖြင့် ၁၈၇ ဦး ဒဏ်ရာရ ၂၂၈ ဦး)မိုးမောက်မြို့နယ်တွင်း တိုက်ပွဲဖြစ်စဉ်များတွင် အကြမ်းဖက် KIA/PDF များ (သေဆုံးမှုအနေဖြင့် ၈ ဦး ဒဏ်ရာရ  ၂၄ ဦး)မံစီမြို့နယ်အတွင်း တပ်စခန်းများအားလာရောက်တိုက်ခိုက်စဉ် အကြမ်းဖက် KIA/PDF (သေဆုံး ၁ ဦး)၊ ဝိုင်းမော်မြို့နယ်အတွင်း တိုက်ပွဲဖြစ်စဉ်တွင်  အကြမ်းဖက် KIA/PDF (သေဆုံးမှုအနေဖြင့် ၅ ဦး၊ ဒဏ်ရာရ ၂ ဦး) အထိရှိခဲ့သည်။ ကချင်ပြည်နယ်တိုက်ပွဲများအတွင်း KIA/PDF များသေဆုံးမှု ၂၁၀ ဦးအထိရှိခဲ့၍ ဒဏ်ရာရ ၂၆၂ ဦးရှိခဲ့ကြောင်း တွေ့ရှိရပြီး ဗန်းမော်မြို့နယ်တွင် KIA/PDF အဖွဲ့မှ ခေါင်းဆောင်ပိုင်းများ အပါအဝင် အများအပြား သေဆုံး/ဒဏ်ရာရရှိခဲ့ကြောင်းတွေ့ရှိရပါသည်။
-
လက်ရှိအချိန်တွင် တပ်မတော်မှ ဗန်းမော်မြို့အား ဆက်လက်ထိန်းချုပ်ထားပြီး ဗန်းမော်မြို့နယ်အတွင်း ခိုအောင်းနေတဲ့ အကြမ်းဖက်သမားများကို လိုက်လံရှင်းလင်းလျက်ရှိပါသည်။
-
မှတ်ချက်။ မြေပြင်သိမ်းဆည်းရမိ အလောင်းလက်နက်၊ ဝေဟင်ကင်းထောက်မှု၊ ဖမ်းဆီးရမိအကြမ်းဖက်များ၏ ထွက်ဆိုချက်များနှင့် ကြားဖြတ်သတင်းများမှ အရေအတွက်များကိုသာဖော်ပြထားသဖြင့် မြေပြင်ထိခိုက် သေဆုံးသည့်အရေအတွက်မှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်။

တိုက်ပွဲသတင်းစုံ

11 months, 1 week ago
News Reporter
11 months, 1 week ago
News Reporter
1 year, 2 months ago

?? လက်ဘနွန်မှာပေါက်ကွဲခဲ့တဲ့ ဆက်သွယ်ရေးဝေါ်ကီတော်ကီ Icom စက်တွေဟာ သူတို့ကုမ္ပဏီက မထုတ်တာ ၁၀ နှစ်လောက်ရှိပြီလို့ ဂျပန်ကုမ္ပဏီ Icom ကပြောဆိုပါတယ်။

IC-V82 မော်ဒယ်ဆက်သွယ်ရေးစက်တွေကို ၂၀၀၄ ကနေ ၂၀၁၄ အောက်တိုဘာလအထိပဲ ထုတ်လုပ်ကာ အရှေ့အလယ်ပိုင်းကိုတင်ပို့ခဲ့ပေမဲ့ ၂၀၁၄ ကစပြီးမထုတ်တော့တာ ၁၀ နှစ်ရှိပြီလို့ ဆိုပါတယ်။

IC-V82 စက်တွေသာမက အပိုဘက်ထရီတွေကိုပါ မထုတ်တော့တာ ကြာပြီလို့ဆိုပါတယ်။

ပစ္စည်းအတုအစစ်ခွဲတဲ့ Hologram ရောင်ပြန်ဆီးတံဆိပ်ပြားမပါတဲ့အတွက် သူတို့ကုမ္ပဏီကထုတ်တာဟုတ်မဟုတ် ပြောလို့မရဘူးလို့ ဆိုပါတယ်။

Icom ရဲ့ဆက်သွယ်ရေးစက်တွေကို ဂျပန်နိုင်ငံ Wakayama ခရိုင်ရှိ Wakayama Icom Inc ကပဲထုတ်လုပ်ပြီး တင်းကြပ်တဲ့စည်းမျဉ်းစည်းကမ်းနဲ့ ထုတ်လုပ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီစက်ရုံတစ်ခုတည်းကပဲထုတ်ပြီး ပြည်ပမှာထုတ်ဖို့လိုင်စင်ပေးထားတာမျိုးမရှိဘူးလို့ ဆိုပါတယ်။

အခုလို ဆက်သွယ်ရေးစက်တွေပေါက်ကွဲမှုမှာ ထိုင်ဝမ်ရော၊ ဂျပန်ကပါ သူတို့ထုတ်တဲ့ပစ္စည်းမဟုတ်ကြောင်း ငြင်းဆိုကြပါတယ်။ တကယ်လည်း သူတို့နဲ့မဆိုင်ပဲ အစ္စရေးက ကြားတနေရာကနေ ဖောက်ခွဲရေးပစ္စည်းမြှုပ်သွားပုံ ရပါတယ်။

ပေဂျာတွေကိုဖောက်ခွဲဖို့ ၃ ဂရမ်ကနေ ၅ ဂရမ်ကြား ပေါက်ကွဲအားကောင်းတဲ့ စစ်သုံးယမ်းကို ပေဂျာတွေထဲထည့်မြှုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တကယ်တမ်းဒီလိုလုပ်ဖို့ဆိုတာက လအတော်ကြာကနေ ၂ နှစ်နီးပါးလောက်ကြိုတင်ပြင်ဆင်ရတာဖြစ်ပါတယ်။

ဟစ္စဘိုလာတွေပစ္စည်းမှာတဲ့ source နေရာကို သေသေချာချာသိအောင်လုပ်ရမယ်၊ အဲ့ဒီကနေပြီး ထုတ်လုပ်သူတွေနဲ့ သို့တည်းမဟုတ် ပစ္စည်းပို့ရာ logistics လမ်းကြောင်းမှာ လူရင်းအဖြစ်လူယုံသွင်းနိုင်အောင် relationship တစ်ခုတည်ဆောက်ယူရပါတယ်။

စက်ရုံမှာ ကိုယ်ထည့်ချင်တဲ့ယမ်းကိုမထည့်နိုင်ရင် ပစ္စည်းပို့ရာမှာ ကြားဖြတ်ပြီး အချိန်တိုအတွင်း အလုံးထောင်ချီအတွင်းမှာ ပိပိရိရိထည့်သွင်းနိုင်ဖို့ တကယ့်ကို အကွက်ကျကျစီမံရတာပါ။

ကျနော့်အမြင်ပြောရရင် ဟန်ဂေရီဟာ အခုနောက်ပိုင်းမှာ ဥရောပရဲ့တရုတ်ဖြစ်လာပြီး ပစ္စည်းအတော်များများ ဟန်ဂေရီကနေ မှာယူလို့ရပါတယ်။

ဟန်ဂေရီမှာ Kft ကုမ္ပဏီတွေပေါပြီး နေ့မြင်ညပျောက် အခုမှချက်ချင်းထထောင်တဲ့ Kft တွေအများကြီးပါ။ အလိမ်တွေလည်းပေါမှပေါပါ။

ဟစ္စဘိုလာရဲ့ ပစ္စည်းမှာသူ လူယုံကို နတ်ပြည်သေချာပို့ပြုစုပြီး အယုံသွင်းလုပ်လိုက်တာလည်း ဖြစ်နိုင်ပါတယ်။

ABC သတင်းဌာနရဲ့အဆိုအရ ဟန်ဂေရီကုမ္ပဏီ BAC Consulting Kft ဟာ ၂၀၂၂ မှစထောင်ပြီး ပွဲစားကုမ္ပဏီလို့ဆိုပါတယ်။

ကုမ္ပဏီပိုင်ရှင် ခပ်ချောချောအမျိုးသမီး ခရစ်စတီနာဘာဆိုနီက သူဘာမှမသိဘူးလို့ ဆိုလေရဲ့။

ဘယ်လိုပဲဖြစ်ဖြစ် အစ္စရေးဟာ ဘာပဲလုပ်လုပ် စိတ်ရှည်ရှည်နဲ့ အသေချာချာအကွက်ချပြီး မထင်မှတ်တဲ့ဘက်ကနေလုပ်တတ်တာကို အတုယူရမှာဖြစ်ပါတယ်။

"Let your plan be dark and impenetrable as night, and when you move, fall like a thunderbolt." လို့ ဆွမ်ဇုကပြောခဲ့တယ်မလား။

အသံမလုံတာ ခပ်ပေါ့ပေါ့တွေးတာ လုပ်ဆောင်ချက်ညံ့ဖျင်းတာတွေဟာ စစ်အတွင်းမှာ ပေးဆပ်ရမှု တန်ဖိုးကြီးတတ်ပါတယ်။

စစ်အတွင်းမှာ ငယ်ငယ်ကစစ်တိုက်တမ်းကစားသလို မင်းမညစ်နဲ့ကွလို့ အော်လို့မရပါ။ သူ့ထက်သာဖို့ သူ့ထက်လျင်ဖို့ အမြဲအားထုတ်နေဖို့ လိုပါတယ်။

Richard Myo Thant
19-September -2024
#RichardMyoThant

1 year, 2 months ago

???

မင်္ဂလာနံနက်ခင်းလေးပါခင်ဗျာ

သရဏဂုံတည်ဖို့နှိုးဆော်ပါတယ်
???

နမော တဿ ဘဂဝတော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ

နမော တဿ ဘဂဝတော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ

နမော တဿ ဘဂဝတော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ

ဗုဒ်ဓံ     သရဏံ    ဂစ်ဆာမိ
ဓမ်မံ     သရဏံ    ဂစ်ဆာမိ
သံဃံ   သရဏံ   ဂစ်ဆာမိ

ဒုတိယမ်ပိ   ဗုဒ်ဓံ   သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ   ဓမ်မံ   သရဏံ ဂစ်ဆာမိ
ဒုတိယမ်ပိ   သံဃံ သရဏံ ဂစ်ဆာမိ

တတိယမ်ပိ   ဗုဒ်ဓံ    သရဏံ  ဂစ်ဆာမိ
တတိယမ်ပိ   ဓမ်မံ    သရဏံ  ဂစ်ဆာမိ
တတိယမ်ပိ   သံဃံ  သရဏံ  ဂစ်ဆာမိ

မေတ္တာသုတ်လာ မေတ္တာပွားနည်း(၁၁)နည်း
---

၁။ လုံးစုံများစွာ၊ သတ္တဝါ၊
    ချမ်းသာကိုယ်စိတ်မြဲပါစေ။
    ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
    ငြိမ်းအေးကြပါစေ။

၂။ ကြောက်တတ် မကြောက်တတ်၊
    နှစ်ရပ်များစွာ၊ သတ္တဝါ၊
    ချမ်းသာကိုယ်စိတ်မြဲပါစေ။
    ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
    ငြိမ်းအေးကြပါစေ။

၃။ မြင်အပ် မမြင်အပ်၊
    နှစ်ရပ်များစွာ၊ သတ္တဝါ၊
    ချမ်းသာကိုယ်စိတ်မြဲပါစေ။
    ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
    ငြိမ်းအေးကြပါစေ။

၄။ ဝေးနေ နီးနေ၊
    နှစ်ထွေများစွာ၊ သတ္တဝါ၊
    ချမ်းသာ၊ ကိုယ်စိတ်မြဲပါစေ။
    ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
    ငြိမ်းအေးကြပါစေ။

၅။ ဘဝဇာတ်ဆုံး၊
    မဆုံးများစွာ၊ သတ္တဝါ၊
    ချမ်းသာကိုယ်စိတ်မြဲပါစေ။
    ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
    ငြိမ်းအေးကြပါစေ။

၆။ ရှည်  တို  အလတ်၊
    သုံးရပ်ခန္ဓာ၊ သတ္တဝါ၊
    ချမ်းသာကိုယ်စိတ်မြဲပါစေ။
    ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
    ငြိမ်းအေးကြပါစေ။

၇။ ကြီး  ငယ်  အလတ်၊
    သုံးရပ်ခန္ဓာ၊ သတ္တဝါ၊
    ချမ်းသာ၊ ကိုယ်စိတ်မြဲပါစေ။
    ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
    ငြိမ်းအေးကြပါစေ။

၈။ ဆူ  ကြုံ  အလတ်၊
    သုံးရပ်ခန္ဓာ၊ သတ္တဝါ၊
    ချမ်းသာ၊ ကိုယ်စိတ်မြဲပါစေ။
    ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
    ငြိမ်းအေးကြပါစေ။

၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊
    ကင်းရှင်းကြပါစေ။
    ချမ်းသာကိုယ်စိတ်မြဲပါစေ၊
    ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
    ငြိမ်းအေးကြပါစေ။

၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊
      ကင်းရှင်းကြပါစေ။  
      ချမ်းသာကိုယ်စိတ်မြဲပါစေ၊
      ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
      ငြိမ်းအေးကြပါစေ။

၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊
      ကင်းရှင်း၊ ကြပါစေ။
      ချမ်းသာကိုယ်စိတ်မြဲပါစေ၊
      ဥပါဒ်ရန်ဘေး၊ ကင်းစင်ဝေး၊
      ငြိမ်းအေးကြပါစေ။

၇-ရက် သားသမီး များအားလုံး....

ဘေးရန်ခပ်သိမ်း ငြိမ်းကြပါစေ၊
ဒေါသခပ်သိမ်း ငြိမ်းကြပါစေ၊
ဆင်းရဲခပ်သိမ်း ငြိမ်းကြပါစေ၊
နှလုံးစိတ်ဝမ်း အေးချမ်း ကြပါစေ။

အနာရောဂါ၊ ကင်းရှင်းကြပါစေ။
ဘေးအန္တရာယ်၊ ကင်းရှင်းကြပါစေ။

မြန်မာပြည်သူပြည်သားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ။

ကမ္ဘာသူ_ကမ္ဘာသားအားလုံး
ကျန်းမာကြပါစေ ချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှကင်းဝေးနိုင်ကြပါစေ။

၃၁_ဘုံအတွင်း၌ ရှိကြကုန်သော
ဝေနေယျသတ္တဝါအားလုံး ကျန်းမာကြပါစေ
ချမ်းသာကြပါစေ ဘေးရန်ကြောင့်ကြ ဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

စကြာဝဠာအနန္တ၌ရှိကြကုန်သော လူ နတ် ဗြဟ္မာ
သတ္တဝါအားလုံး ကျန်းမာကြပါစေချမ်းသာကြပါစေ
ဘေးရန်ကြောင့်ကြဆင်းရဲခြင်းမှ ကင်းဝေးနိုင်ကြပါစေ။

ကောင်းသော_လိုအင်ဆန္ဒများပြည့်စုံကြပါစေ

1 year, 2 months ago

ရုရှားမှာဖြစ်နေတဲ့ စစ်က ပြည်ပစစ်ဆိုတာကို ကိုယ်တွေ သတိမမေ့သင့်ဘူး။ ပြည်ပ စစ်မှာတောင် ယူကရိန်းတစ်နိုင်ငံတည်းနဲ့ တိုက်နေရတဲ့ စစ်မဟုတ်ဘူး။ ဒါ့ကြောင့် ရုရှားစစ်တပ်မှာ လူအင်အား လိုအပ်ချက်ဆိုတာ သိသိသာသာရှိခဲ့တယ်။ ယူကရိန်း-ရုရှား စစ်ဖြစ်ပြီဆိုကတည်းက ရုရှားနိုင်ငံမှာ စစ်မှုထမ်းပြည့်မီအောင်နည်းမျိုးစုံနဲ့ ဖြည့်တင်းနေခဲ့ ရတယ်။ ခုဆို ယူကရိန်း-ရုရှားစစ်ပွဲက နှစ်နဲ့ချီပြီးကြာတဲ့ စစ်ပွဲမျိုးဖြစ်နေခဲ့တာ တွေ့ရမှာဖြစ်တယ်။
----
တကယ်တော့ ရုရှားဟာ စစ်ပွဲတစ်ခုတည်း ရင်ဆိုင်တိုက်နေရတာတော့မဟုတ်ဘူး။ စီးပွားရေးနဲ့ လူမှုရေးကိစ္စတွေကအစ တစ်ဖက်သတ် အရေးယူပိတ်ဆို့ခံနေရတာလည်း အရှိတရားအတိုင်း တွေ့နိုင်တယ်။ နဂိုကတည်းက အင်အားကြီးနိုင်ငံဖြစ်တာရယ်၊ ဥရောပနိုင်ငံတွေအတွက် ဓာတ်ငွေ့လိုအပ်ချက်ကို ဖြည့်တင်းပေးသူဖြစ်တာရယ်၊ အာကာသနဲ့ နျူလက်နက်တွေမှာ အခြားနိုင်ငံတွေထက် နည်းပညာမြင့်မားနေလို့သာ ခံသာနေတာလို့ ယူဆလို့ရတယ်။ ယူကရိန်းအတွက် နေတိုးအဖွဲ့ထဲဝင်ဖို့ရွေးချယ်တဲ့ ဆုံးဖြတ်ချက်ဟာ သူ့နိုင်ငံရဲ့ လွတ်လပ်ခွင့်ဆိုပေမယ့် ဝါဆော စာချုပ်အရ နယ်နိမိတ် ရှေ့မတိုးရဆိုတဲ့ ကတိကဝတ်တွေဖောက်ဖျက်တဲ့ နေတိုးနိုင်ငံတွေကလည်း သိပ်ပြီးရိုးသား လွန်းလှတာမျိုးတော့မဟုတ်ဘူး။ အထူးသဖြင့် ပထဝီနယ်မြေနဲ့ စစ်အင်အား အရ အင်အား ကြီးတဲ့ ရုရှားကို နည်းမျိုးစုံနဲ့ ပိတ်ဆို့ထားချင်တဲ့ မဟာဗျူဟာအရ ရုရှားဘက်ကလည်း တုန့်ပြန်သင့်တယ်ဆိုတဲ့အချက်ကို သတိပြုဖို့လိုအပ်တယ်။
----
အဓိက ပြောချင်တာက ရုရှားနိုင်ငံရဲ့ စစ်အင်အားဖြည့်တင်းတဲ့ ပုံစံကိုပါပဲ။ ၂၀၂၄ ခုနှစ်မှာ ရုရှားတပ်မတော်အတွက် တပ်သားသစ်ဝင်ရောက်ခဲ့တဲ့ အင်အားက ၁၆၆၀၀၀ ဦးအထိ ရှိခဲ့တယ်။ ပြည်ပစစ်ဖြစ်နေတဲ့ တပ်မတော်မှာ ဒီလောက် များပြားတဲ့ စစ်အင်အားရ ဖို့အတွက် ရုရှားတပ်မတော်က ဘယ်လိုဆောင်ရွက်နေလဲဆိုတဲ့ အခင်းအကျင်းမျိုး ကိုယ်တွေ နိုင်ငံအနေနဲ့ နမူနာယူသင့်တယ်။
----
အဓိကကတော့ လူတွေရဲ့ ရှင်သန်ရပ်တည်ခြင်းဆိုတဲ့ အရှိတရားအပေါ်မှာ အသိကပ် လိုက်ခြင်းပါပဲ။ လူတွေရဲ့သဘောကို သိခြင်းလို့ ဘာသာပြန်ရင်တော့ ပိုနီးစပ်မယ် ထင်ပါတယ်။ ရုရှားက သူ့တပ်မတော်ထဲကို ဝင်ဝင်ခြင်းမှာပဲ စစ်သည်တစ်ဦးကို ဒေါ်လာ ၂၂၀၀၀ ချက်ချင်းပေး သလို လစာအဖြစ်နဲ့လည်း ၈၉၆၁ ဒေါ်လာ ပေးပြီး ကျဆုံး/ဒဏ်ရာရ စစ်သည်တွေအတွက် ၃၄၀၀၀ ဒေါ်လာကိုခံစားခွင့်အနေနဲ့ ထပ်ပြီးပေးပါတယ်။
----
နိုင်ငံက ဆင်းရဲတယ်ဆိုပေမယ့် “ဆင်လည်း ဆင်အထွာ၊ ဆိတ်လည်း ဆိတ်အထွာ” လောက် တော့ သုံးမှ ရပါ့မယ်။ ဘဝနေရေးအတွက်အာမခံချက်၊ စစ်သည်မိသားစုတွေ အတွက် တဆင့်ပြန်ရောင်းချလို့မရတဲ့ ဘဝတသက်တာနေထိုင်ခွင့်ဆိုတဲ့ တိုက်ခန်း၊ ရာထူး၊ရာခံ လစာတွေနဲ့သာ မက်လုံးပေး ဆွဲဆောင်ရင်… လိုအပ်တဲ့ စစ်မှုထမ်းအင်အား သတ်မှတ်နှုန်းထားကို အချိန်ကာလတိုအတွင်း ရောက်မယ်လို့ မျှော်လင့်ပါတယ်။ ခုလို ခေတ်ကြီးမှာ တိုင်းပြည်ချစ်စိတ်နဲ့တပ်မတော်ချစ်စိတ်ဆိုတာ ကိုယ်တွေလို စစ်ကားကြည့် ပြီး တပ်ထဲဝင်လာသူတွေ ရှိမှာမဟုတ်တော့တာကိုလည်း သတိပြုရပါ့မယ်။

(နရီမိုး)

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 11 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 3 months ago