Meet The Loyalty

Description
Loyalty Mobile Team ရဲ့နေ့စဉ် activities များ
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 8 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 9 months ago

hace 2 años, 2 meses

ကော်ရစ်ဒါထောင့်တစ်နေရာမှာ သူ မှန်းမသိသေးခင်ကတည်းက ဝင်တိုက်မိလို့ စာအုပ်တွေဘာတွေ လွတ်ကျခဲ့ဖူးလား?။

အတန်းထဲရောက်တော့မှ နာမည် အစစာလုံးချင်းဆင်နေလို့ ခုံနံပါတ် ဘေးချင်းကပ်ကျဖူးလား?။

ရပ်ကွက်ထဲမှာ အဆောင်နေပြန်တော့ရော တစ်လမ်းတည်း ဖြစ်ခဲ့ဖူးလား?။

မေးခွန်းတွေကို စိတ်နဲ့လိုက်ဖြေကြည့်မနေပါနဲ့ဗျာ။
ကျောင်းသားဘဝလေး ခဏပြန်သတိရမိတုန်းမို့ စာကောက်ရေးလိုက်တာပါ။
ရေစက်မပါရင် ဘယ်လောက်နီးစပ်နီးစပ် မဆုံနိုင်ခဲ့ကြဘူးလေ?

ရေစက်ဆိုတာကရော တိုက်ဆိုင်မှုလား။
တိုက်ဆိုင်မှု ဆိုတာကရော ဘယ်လိုဟာတုန်း။

တိုက်ဆိုင်မှုဆိုတာက အမည်းရောင် ခရေစီဖြစ်တာချင်း တူတာကိုပြောတာလား။

ကြက်သည်း ကြက်မြစ် ကြိုက်တာချင်းတူတာကိုပြောတာလား။

ကြိုက်တဲ့ သီချင်း တစ်ပုဒ်ကို ညဘက် ဒေါင်းလုပ်
ဆွဲ ပြီးနောက်မနက်မှာ ဖွင့်နားထောင်တာချင်း တူနေတာကို ပြောချင်တာမျိုးလား။

ဘာပဲပြောပြော တိုက်ဆိုင်မှု ဆိုတာက ဘုံအဖြေထွက်တဲ့ တစ်ခုဖြစ်တယ်။

အများဆန္ဒခံယူရတဲ့အခါ မဲခွဲဆုံးဖြတ်ကြတယ်ဆိုပါတော့။မဲများတာက နိုင်တယ်ဆိုရင် အဲ့ဒီလူပုဂ္ဂိုလ်သို့မဟုတ် အကြောင်းအရာကို လူအများသဘောတူတယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့။

ကြိုက်နှစ်သက်တာချင်းတူတဲ့ တိုက်ဆိုင်မှု တစ်ခုဖြစ်တာပေါ့။

ဒါဆို မကြိုက်တာချင်းတူတာကလည်း တိုက်ဆိုင်မှု ပဲဖြစ်သွားမယ်။

ရုပ်ဝတ္ထု၊အကြောင်းအရာ စတာတွေအပေါ် တူညီတဲ့ ဆန္ဒ တစုံတရာ ဖြစ်တည်မှုကို တိုက်ဆိုင်တယ်လို့ ခေါ်နိုင်မလားပဲ။

၃၁ ဘုံမှာ လူလာဖြစ်ရတာကိုကလည်း တိုက်ဆိုင်မှုပဲ။

လူဖြစ်လာတုန်းမှာ အာဏာရူးတာချင်းတိုက်ဆိုင်ပြီး
ပြည်သူကို နည်းမျိုးစုံ ဒုက္ခပေးနေတဲ့ စစ်အာဏာရှင်လူတစ်စု လည်းရှိသလို မဟုတ်မခံတော်လှန်ကြတဲ့
အမှန်တရားကို မြတ်နိုးတာချင်း တိုက်ဆိုင်ကြသူ
တွေလည်းရှိပါတယ်။

စစ်အာဏာရှင်ကို မကြိုက်တဲ့ တိုက်ဆိုင်မှုလည်း ရှိသလို အမှန်တရားကို မြတ်နိုးတဲ့ တိုက်ဆိုင်မှုလည်းရှိတယ်။

မကြိုက်တာရော ကြိုက်တာရော တူတဲ့ ဘုံအဖြေတစ်ခုရှိတယ်။

ဒါဆို ကျွန်တော်တို့ ကိုကူပါ။
ကျွန်တော်တို့က တိုက်ဆိုင်နေကြပြီလေ။
Loyalty Mobile Team
16/3/2024

hace 2 años, 2 meses
Meet The Loyalty
hace 2 años, 2 meses

အဖြစ်အပျက် တစ်ခု၊ ဖြစ်စဥ် တစ်ခုခုကို
ထပ်ဖန်တလဲလဲ မြင်တွေ့ထိသိ ရတာဟာ ငြီးငွေ့ပြီး ပျင်းစရာ ကောင်းလှပါတယ်။

ဒါကို လွယ်လွယ်ပြောရရင် ရိုးအီသွားတယ်ပေါ့ဗျာ။

ကြိုက်လှပါချည်ရဲ့ ဆိုတဲ့ မုန့်ဟင်းခါးကို မနက်စာအဖြစ် နေ့တိုင်းစားရတဲ့အခါမျိုး၊ လှလွန်းလို့ စျေးကြီးပေးဝယ်ထားတဲ့ အဝတ်တစ်ခုကို နေ့တိုင်း ထုတ်ဝတ်ရတဲ့အခါ မျိုး မှာ ရိုးအီလာပြီ ဆိုတဲ့ ဖြစ်စဥ်က စိတ်ထဲ ဝင်ရောက်လာလေ့ရှိပါတယ်။

မုန့်ဟင်းခါးက လက်ရာမကောင်းတော့လို့ မဟုတ်ဘူး။အဝတ်က မလှတော့လို့ မဟုတ်ဘူး။

တစ်ခုခုကို အမြဲ ထိတွေ့သိမြင် နေရာတာကြောင့်
ငြီးငွေ့လာတာ၊အာရုံတွေ မလန်းဆန်းတော့တာ၊
ဒါကို ရိုးအီလာတယ်လို့ ပြောလို့ရနိုင်မယ်။

အစတုန်းက လှပါတယ်ဆိုတဲ့ တောတောင်ရှုခင်းတွေဟာလည်း တောထဲ နှစ်နဲ့ချီပြီး ဆေးကုသွားရင်းတွေ့နေရတော့ အထူးအဆန်းကြီး မဟုတ်တော့။

ညဘက် မီးမရှိတဲ့ အရပ်ဒေသမှာ မြို့ပြက မာကျူရီမီး တွေကို သတိရမြင်ယောင်တာ မျိုးတွေဖြစ်လာတယ်။

ဒါပေမယ့် ရိုးအီခြင်းကို ကျွန်တော်တို့ ကျော်လွှားနိုင်ဖို့တော့ လိုတယ်။

နေ့တိုင်း ကားမောင်း၊စစ်ရှောင် စခန်းသွား၊ဆေးကု ရတာမျိုးကိုကျတော့ ငြီးငွေ့သွားလို့မရဘူး။ရိုးအီသွားလို့မရဘူး။

ဖြစ်စဥ်တစ်ခုတည်းကိုပဲ နေ့တိုင်းလုပ်နေရပေမယ့်
အဓိပ္ပါယ်နဲ့ လေးနက်မှုကြောင့် ပျက်ကွက်လို့မရတဲ့
တာဝန် တစ်ခုလို ဖြစ်နေတယ်။

စစ်ရှောင်တွေရဲ့ ကျန်းမာရေးအတွက် ကျွန်တော်တို့ နိုင်သလောက်လုပ်နေဖို့လိုတယ်။ဒါကို ငြီးငွေ့နေလို့မရဘူး။ရိုးအီသွားခွင့် မရှိ။

သူတို့တွေရဲ့ အခက်အခဲတွေကို နေ့စဥ်မြင်တွေ့ထိသိ နေရတာကြောင့် ရိုးအီခြင်းဖြစ်စဥ်ကို ကျွန်တော်တို့
ကျော်လွှားကြရပါမယ်။

သူတို့ကို အတတ်နိုင်ဆုံး ကူညီရပါမယ်။

ကျွန်တော်တို့ရဲ့ Daily Activity Posts တွေကိုလည်း
နေ့တိုင်းတင်ရပါတယ်။အလုပ်လုပ်နေတယ် ဆိုတာရဲ့ သက်သေပါပဲ။ဒါကြောင့် တင်ရပါတယ်။

ဒီပုံတွေချည်းပဲ နေ့တိုင်း မြင်တွေ့နေရလို့ ရိုးအီသွားနိုင်ပါတယ်။

ဒါပေမယ့် အဲ့ဒီ ရိုးအီခြင်းကို ကျော်လွှားပြီး
စာနာတတ်၊ကူညီတတ်သော မျက်လုံးများဖြင့်
ကြည့်စေလိုပါတယ်ဗျ။

ဒါဆိုရင် ကရင်နီက စစ်ရှောင်တွေ အတွက် ဆေးဝါးလိုအပ်နေတယ် ဆိုတာ မြင်နိုင်ပါလိမ့်မယ်။

Loyalty Mobile Team
15/3/2024

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 8 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 9 months ago