Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

တိုက်ပွဲသတင်းစုံ

Description
မှန်ကန်တိကျသော တိုက်ပွဲသတင်းများကို အချ်ိန်နှင့်တစ်ပြေးညီ ဖော်ပြပေးမည်...
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 4 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 week ago

1 month ago
ကားပေါ်မှ လက်နက်ဖြင့် ပစ်ခတ်သွားသူ ၃ ဦးအား အသေပစ်ခတ်ဖမ်းဆီးရမိ

ကားပေါ်မှ လက်နက်ဖြင့် ပစ်ခတ်သွားသူ ၃ ဦးအား အသေပစ်ခတ်ဖမ်းဆီးရမိ
ဧပြီ ၁၀ ရက်(တိုက်ကြီး)

ဖောင်ကြီး-တိုက်ကြီးသွားကားလမ်း၌ ယာဉ်များ စစ်ဆေးနေစဉ် ဖောင်ကြီးဘက်မှ မောင်းနှင်လာသည့် Corolla အငှားယာဉ်အား စစ်ဆေးရန် တားဆီးစဉ် ရပ်တန့်ခြင်းမရှိဘဲ လက်နက်ငယ်များနှင့် ပစ်ခတ်၍ မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ရာ ယာဉ်ပေါ်ပါ-

-အကြမ်းဖက် ကျား ၃ ဦးကို
-ပစ္စတို ၂ လက်
-ကျည်အိမ် ၂ ခု
-ကျည် ၄၉ တောင့်
-လက်ပစ်ဗုံး ၅ လုံးတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့။

#တိုက်ပွဲသတင်းစုံ

1 month ago
တိုက်ပွဲသတင်း(ကာမိုင်း၊ နန့်ယား)

တိုက်ပွဲသတင်း(ကာမိုင်း၊ နန့်ယား)
ဧပြီ ၁၀ ရက်

ကချင်ပြည်နယ် ကာမိုင်းမြို့နယ် နန့်ယားစခန်းသို့ နေရာ ၄ နေရာမှ KIA နှင့် အကြမ်းဖက်အင်အား ၉၀ ဦးခန့်က Drone ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

-Drone ၁ စီး သိမ်းဆည်းရမိခဲ့။

#တိုက်ပွဲသတင်းစုံ

1 month ago

တိုက်ပွဲသတင်း(အမ်း)
ဧပြီ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။
====================

ရခိုင်ပြည်နယ် အမ်းမြို့နယ်အတွင်းရှိ ရန်သူ့နေရာအား လေကြောင်းဖြင့် ကြိုတင်ပစ် ခတ်ချေမှုန်းပြီး ရန်သူ့နေရာအား လေကြောင်းဖြင့် ကြိုတင်ပစ်ခတ်ချေမှုန်းခဲ့ရာ AA သောင်းကျန်းသူများ အလောင်းများအား ဆွဲယူ၍ ဆုတ်ခွာထွက်ပြေးသွားပြီး ရန်သူ့ ပင်မကုန်းနေရာအား ရောက်ရှိရှင်းလင်းစဉ် အောက်ပါ လက်နက်/ခဲယမ်းများအား သိမ်းဆည်းရရှိခဲ့-

-လက်နက် ၅ လက်
-ကျည်အိမ် ၅ ခု
-ကျည်မျိုးစုံ ၁၃၀၆ တောင့်
-စက်လက်ပြောင်းပို့ ၁ ခု
-ကျည်ခါးပတ် ၂ ခု
-ကျည်ကာဦးထုပ် ၂ လုံး
-ဒုံးသီး ၅ လုံး သိမ်းဆည်းရမိခဲ့။

#တိုက်ပွဲသတင်းစုံ

1 month, 1 week ago
တိုက်ပွဲသတင်း(ကျင်ဒွေး)

တိုက်ပွဲသတင်း(ကျင်ဒွေး)

ဧပြီ ၃ ရက်၊ ၂၀၂၄ ခုနှစ်။

ချင်းပြည်နယ် ကျင်ဒွေးမြို့အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် နေရာ ၆ နေရာမှ အကြမ်းဖက်အင်အား ၁၃၀ ဦးခန့်က လာရောက်ပစ်ခတ်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ-

-အကြမ်းဖက် ၃ လောင်း
-အမ်အေ(၁) ၁ လက်
-ကျည် ၁၀၀ တောင့်
-ကျည်အိမ် ၂ ခု သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်နယ်မြေရှင်းလင်းစဉ် ဖျံချောင်းကျေးရွာသို့အရောက် အကြမ်းဖက်အင်အား ၂၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး-

-စနိုက်ပါ ၁ လက်၊
-လက်လုပ်သေနတ် ၁ လက်
-ကျည်အိမ် ၁ ခု
-ကျည်မျိုးစုံ ၅၃ တောင့်
-ယမ်းတောင့် ၅ တောင့်
-ပြောက်ကျားယူနီဖောင်း ၂ စုံ သိမ်းဆည်းရမိခဲ့။

#တိုက်ပွဲသတင်းစုံ

1 month, 1 week ago
တိုက်ပွဲသတင်း(ကဇူးကိုင်း)

တိုက်ပွဲသတင်း(ကဇူးကိုင်း)

ဧပြီလ ၃ ရက်၊ ၂၀၂၄ ခုနှစ်။

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇူးကိုင်းနယ်မြေခံ လုံခြုံရေးစခန်းသို့ နေရာ ၂ နေရာမှ AA သောင်းကျန်းသူ ၁၅ ဦးခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

-AA ၁ လောင်း
-အမ်(၂၂) ၁ လက်
ကျည်အိမ် ၁ ခု
ကျည် ၁၅ တောင့် သိမ်းဆည်းရမိခဲ့။

#တိုက်ပွဲသတင်းစုံ

1 month, 1 week ago

စစ်မှုထမ်းရလို့ဆိုပြီး အော်ငိုနေတာ .. ရီချင်စရာကြီး .. ကိုယ်ချင်းစာပါတယ် 🙄****

https://www.facebook.com/share/p/8pWbPQC8cNtCnZcj/?mibextid=oFDknk

Facebook

Log in or sign up to view

See posts, photos and more on Facebook.

3 months, 1 week ago

ဖေ ၄ ရက် ဆီဆိုင်မြို့ နောက်ဆုံးရသတင်း

-PNLO အဖွဲ့ထဲက မိမိအမာခံရဲ့သတင်းပေးပို့ချက်အရ ဖေ ၄ ရက်နေ့ မနက်ပိုင်းအထိ KNDF၊ PNLA ပူးပေါင်းအဖွဲ့များ ဆီဆိုင်-လွယ်ထွဲကျေးရွာလမ်းဆုံ၊ မင်္ဂလာရပ်ကွက် သင်္ချိုင်းကုန်း၊ မြကန်သာရပ်ကွက် ဇဝနာရာမ ဘုန်းကြီးကျောင်းတို့တွင် အင်အား ၁၀၀ ခန့် ဖြန့်ခွဲပြီး မြို့ပေါ်နေအိမ်များမှ စားနပ်ရိက္ခာများအား နောင်ထော်၊ ဘန်းမတ်ဌာနချုပ်သို့ ကားများဖြင့် သယ်ဆောင်လျက်ရှိ။

-ဖေ ၃ ရက်နေ့ ည ၁၁ နာရီခန့်တွင် မြို့မ သင်္ချိုင်းကုန်းအနီး ဖြန့်ခွဲရောက်ရှိနေသော KNDF အဖွဲ့များအား လုံခြုံရေးတပ်ဖွဲ့များက night vision drone ဖြင့် drop bomb ချတိုက်ခိုက်ခဲ့ရာ KNDF ၁၅ ဦး သေဆုံးပြီး ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရ။

-ဖေ ၄ ရက်နေ့ မနက် ၈ နာရီခန့်တွင် ဆီဆိုင်မြို့နယ် ကုလားပန် ကျေးရွာသို့ KNDF အင်အား ၈၀ ခန့် ရောက်ရှိလာ။

-ဆီဆိုင်မြို့ဝန်းကျင်တွင် ပိတ်ဆို့ရေးလုပ်နေသော PNO အဖွဲ့မှ အင်အား ၃၀၀ ခန့်ပါရှိတဲ့ လှုပ်ရှား စစ်ကြောင်းများ ဇန် ၄ ရက် နေ့လည်ပိုင်းတွင်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်းပြီး ဆီဆိုင်မြို့တွင်းရှင်းလင်းရေးလုပ်ဆောင်လျက်ရှိ။

-PNLA တပ်ဖွဲ့ဝင်များအကြား သဘောထားကွဲလွဲမှု ပိုမိုကြီးမားလာပြီး ခွန်သူရိန်အဖွဲ့မှ တပ်မှူးအချို့အား ဘန်းမတ်ဌာနချုပ်သို့ ပြန်လည်ခေါ်ဆောင်လျက်ရှိ။

#တိုက်ပွဲသတင်းစုံ

3 months, 1 week ago
တိုက်ပွဲသတင်းစုံ
3 months, 1 week ago

ဖေ ၂ ရက်၊ ဖေ ၃ ရက် တိုက်ပွဲသတင်းထုတ်ပြန်ချက်

၂၀၂၄ ခုနှစ်။

-ရခိုင်ပြည်နယ် မင်းပြားမြို့ ၊ အိမ်ရှေ့မင်းကုန်းသို့ AA သောင်းကျန်းသူ ၂၀ ဦးခန့် က လာရောက်ပစ်ခတ်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့.

AA ၂ လောင်း၊ လက်နက် ၉ လက် သိမ်းဆည်းရမိခဲ့။

-ကချင်ပြည်နယ် မြစ်ကြီးနား-ဖားကန့်လမ်းပေါ်ရှိ နန့်တိန်းစခန်းသို့ KIAနှင့် PDF က သာလွန်အင်အားဖြင့် စခန်းအား အနီးကပ်လုံးထွေးဝင်ရောက်တိုက်ခိုက်ခဲ့သ ဖြင့် မိမိဘက်မှ လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့။

-ကချင်ပြည်နယ် မန်စီမြို့နယ် ပလောင်ဒိန်ဆာကျေးရွာအနီး ဆမားစခန်း၏ အရှေ့တောင်ဘက်၌ KIA နှင့် PDF ပူးပေါင်းအင်အား ၅၀ ဦးခန့်က စတင်ပစ်ခတ် သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

KIA+PDF ၄ လောင်း၊ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ကျည် ၆ တောင့် သိမ်းဆည်းရမိခဲ့။

-ကယားပြည်နယ် ရှားတောမြို့နယ် ရှားတောစခန်းသို့ နေရာ ၂ နေရာမှ KNPP အကြမ်းဖက်သောင်းကျန်းသူအင်အား ၂၀ ဦးခန့်က ၁ ကြိမ်၊ ရန်သူအင်အား (စိစစ်ဆဲ) အဖွဲ့က Drone ဖြင့် Drop Bomb ချခြင်းများ ဆောင်ရွက်ခဲ့ရာ မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

-ကယားပြည်နယ် ဖားဆောင်းမြို့နယ် ခလရ(၁၃၄) ရင်းဌာနချုပ်သို့ KNPP/KNDF နှင့် PDF ပူးပေါင်းအင်အား(စိစစ်ဆဲ) အဖွဲ့က Drone ဖြင့် Drop Bomb ချခြင်း ပြုလုပ်လာခဲ့သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့။

Drone ၁ စီး၊ လက်လုပ် Drop Bomb ၃ လုံး သိမ်းဆည်းရမိခဲ့။

စစ်ကိုင်းတိုင်း မုံရွာမြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် နဂါးတွင်းကျေးရွာ၏ တောင်ဘက်သို့ အရောက် PDF ၁၅၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့။

PDF ၄ လောင်း ရရှိခဲ့။
ရဲတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးကာ၊ ၂ ဦး ထိခိုက်ဒဏ်ရာရ။

#တိုက်ပွဲသတင်းစုံ

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 4 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 1 week ago