တိုက်ပွဲသတင်းစုံ

Description
တိကျ မှန်ကန် မြန်ဆန် တိုက်ပွဲသတင်းများ
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year, 1 month ago
တိုက်ပွဲသတင်းစုံ
1 year, 1 month ago
တိုက်ပွဲသတင်းစုံ
1 year, 1 month ago
တိုက်ပွဲသတင်းစုံ
1 year, 2 months ago
**ဂုဏ်ယူဝမ်းမြောက်ပါသည် ***❤️***

ဂုဏ်ယူဝမ်းမြောက်ပါသည် ❤️
-

1 year, 2 months ago
တိုက်ပွဲသတင်း(ရေး၊ မော့ကနင်)

တိုက်ပွဲသတင်း(ရေး၊ မော့ကနင်)
ဒီဇင်ဘာ ၁၇ ရက်

ရေးမြို့နယ် ကွမ်ကျိုက်တံတား၌ လုံခြုံရေးဆောင်ရွက်နေစဉ် နေရာ ၃ နေရာမှ KNLA တမဟ(၆) ၊ ရင်း(၁၆) နှင့် အကြမ်းဖက်သူအင်အား ၉၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည်ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ ဆုတ်ခွာထွက်ပြေးသွားခဲ့။

အလောင်း(ကျား) ၁ လောင်း
ကျည်အိမ် ၃ ခု
ကျည် ၇၂ တောင့် သိမ်းဆည်းရမိခဲ့။

တိုက်ပွဲသတင်းစုံ

1 year, 2 months ago
**ဟားခါးမြို့နယ် ဟားခါး-ထန်တလန်သွားကားလမ်းအနီး အကြမ်းဖက် CDF အလောင်း လက်နက်ခဲယမ်း …

ဟားခါးမြို့နယ် ဟားခါး-ထန်တလန်သွားကားလမ်းအနီး အကြမ်းဖက် CDF  အလောင်း လက်နက်ခဲယမ်း နှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ
2024 December 18

ဒီဇင်ဘာလ ၁၇ ရက် နံနက် ၇  နာရီခန့်က  ဟားခါး-ထန်တလန်သွားကားလမ်းအနီး နယ်မြေ ရှင်းနေသော လုံခြုံရေးအဖွဲ့များသည် အကြမ်းဖက် CDF များနှင့် ထိတွေ့မှုဖြစ်ခဲ့ရာ

- အကြမ်းဖက် CDF ၃ လောင်း
-  မောင်းပြန်သေနတ် ၂ လက်
- ကျည် ၁၆၀ တောင့်
- ကျည်အိမ် ၂ ခု
- တစ်ယောက်ပစ်ကျင်း ၁၅ ကျင်း
- ကျည်ကာအင်္ကျီ ၁ ထည်တို့အား သိမ်းဆည်းရမိကြောင်း သိရသည်။

1 year, 2 months ago
ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၁ / ၁၂ / …

ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၁ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)

(အမ်းမြို့)

အမ်း-ပဒါန်းလမ်းပေါ်ရှိ ပက်ကွေ့နှင့် ဆင်ခုံတိုင်ရွာအကြား နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် တပ်စစ်ကြောင်းမှ နယ်မြေရှင်းလင်းစဉ် နေ့လည် ၃ နာရီခန့်၌ နှစ်ဖက်တိုက်ပွဲ မိနစ် ၃၀ ခန့် ဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ကြောင်း၊ နံနက် ၈ နာရီခွဲခန့်က အမ်း-ပဒါန်းလမ်းပေါ်ရှိ ဆင်ခုံတိုင်စခန်းအနီး ကာကင်းနေရာအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲကြိုကြားကြိုကြား ဖြစ်ပွားခဲ့ပြီး ည ၆ နာရီခွဲအချိန်၌ သောင်းကျန်းသူများ ပြန်လည်ထွက်ပြေးသွားကြောင်း၊ နံနက် (၂)နာရီအချိန်ခန့်မှစတင်၍ တိုင်းရုံးကာကင်းနေရာများအား AA သောင်းကျန်းသူများမှ တပြိုင်နက်လာရောက်တိုက်ခိုက်ခဲ့သဖြင့် ည (၈)နာရီ အချိန်ထိ နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး တပ်မတော်သားများမှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး/ Drone ပစ်ကူများရယူ၍ အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခဲ့သောကြောင့် လက်ရှိအချိန်၌ သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်းနှင့် ပြီးခဲ့သည့်ရက်ပိုင်းက ရဟတ်ယာဉ်များဖြင့် တိုင်းရုံးတောင်ဘက်သို့ ရောက်ရှိခဲ့သည့် စစ်ကူတပ်စစ်ကြောင်းအနေဖြင့် တိုင်းရုံးအတွင်းရှိ တပ်မတော်သားများအား အမြန်ဆုံးစစ်ကူပေးနိုင်ရေး ချီတက်ရှင်းလင်းတိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ရာ ယနေ့ညနေပိုင်း (၈) နာရီအချိန်ခန့်က တိုင်းရုံးတောင်ဘက် ၁မိုင်ခွဲအကွာရှိ ပြောင်းချောင်းရွာအနီး နှစ်ဖက်တိုက်ပွဲ ၃ နာရီခွဲ ခန့်ဖြစ်ပွားပြီး သောင်းကျန်းသူများအား ရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

(တောင်ကုတ်)

နေ့လည် (၁၁)နာရီအချိန်ခန့်က (၅၄၄) တပ်ရာဘာကုန်းအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ ညနေပိုင်းအချိန်ထိ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း။ နံနက်(၁၀) နာရီခန့်က ၃၄၆ တပ် တပ်ရင်းရုံးနှင့် ကာကင်းနေရာများအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့ရာ ညပိုင်းအချိန်ထိ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းနှင့် နေ့လည် ၃ နာရီခွဲအချိန် ခန့်က ဆက်သွယ်ရေးတပ်ခွဲ ကာကင်းများအား AA သောင်းကျန်းသူများမှ တစ်ပြိုင်နက်တိုက်ခိုက်ခဲ့သောကြောင့် သောင်းကျန်းသူများအား လက်နက်ကြီး/drone ပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ ည ၈ နာရီအချိန်ခန့်တွင် သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်းနှင့် တပ်စစ်ကြောင်းမှ စကခ ၅ အနောက်ဘက် မီတာ ၁၁၀၀ ခန့်အကွာ အထက ၃ အနီး ရှင်းလင်းခဲ့ရာ အမ် ၂၂ - ၁ လက်နှင့် ကျည်အိမ် ၁ ခုတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် အမ်းဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၂၆-၉-၂၀၂၄) ရက်နေ့မှစ၍ ရက်ပေါင်း (၇၆)ရက်၊ တောင်ကုတ်ဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၃၁-၁ဝ-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း(၄၀)ရက် ရှိလာပြီဖြစ်သည်။
https://t.me/newsmayyu

1 year, 2 months ago
တိုက်ပွဲသတင်းစုံ
1 year, 2 months ago
ပြည်တွင်း တိုက်ပွဲများနဲ့ တရုတ်ရဲ့ ဩဇာအာဏာ

ပြည်တွင်း တိုက်ပွဲများနဲ့ တရုတ်ရဲ့ ဩဇာအာဏာ

-တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုကြောင့် TNLA နဲ့ MNDAA က အပစ်ရပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း ထုတ်ပြန်ခဲ့ပေမဲ့ မြေပြင်မှာတော့ တိုက်ပွဲငယ်တွေ ဆက်လက်ဖြစ်ပွားနေပါတယ်..

-အထူးသဖြင့် တောင်ခမ်း၊ သပိတ်ကျင်းနယ်မြေမှာ TNLA အဖွဲ့နဲ့ နယ်မြေရှင်းလင်းနေတဲ့ လုံခြုံရေးစစ်ကြောင်းတွေ နေ့စဉ်တိုက်ပွဲ ဖြစ်ပွားလျက်ရှိပါတယ်...

တရုတ်ရဲ့ ဩဇာကိုအာမခံရဲတဲ့ MNDAA နဲ့ TNLA အဖွဲ့က ထိုးစစ်ရပ်တန့်သွားပေမဲ့ တရုတ်ဩဇာကို မနာခံတဲ့ KIA နဲ့ AA အဖွဲ့ကတော့ မြို့သိမ်းတိုက်ပွဲတွေ ဆက်လက်ဖော်ဆောင်နေပါတယ်…

အင်ဘန်လှနဲ့ အဖွဲ့ တရုတ်ပြည်ကို ရောက်နေချိန်မှာ ဗန်းမော်တစ်ဝိုက်တိုက်ပွဲမှာ ဆက်လက်ပြင်းထန်နေပြီး တပ်မတော်က လေကြောင်းပစ်ကူနဲ့ အပြင်းအထန် တုန့်ပြန်တိုက်ခိုက်နေပါတယ်…

တရုတ်နယ်စပ်မှာရှိတဲ့ KIA ရဲ့ စီးပွားရေးမြို့တော် မိုင်ဂျာယန်နဲ့ KIO/ KIA စစ်ရုံးတွေ ရှိတဲ့လိုင်ဇာမှာတော့ လေကြောင်းက တိုက်ခိုက်ခံရမှာကို ပြည်သူ အများ စိုးရိမ်လျက်ရှိနေကြပါတယ်….

တိုက်ပွဲသတင်းစုံ

1 year, 2 months ago
တိုက်ပွဲအတွင်း ရရှိတဲ့ အလောင်း ၁ လောင်းမှာ မူးယစ်ဆေးဝါးများ …

တိုက်ပွဲအတွင်း ရရှိတဲ့ အလောင်း ၁ လောင်းမှာ မူးယစ်ဆေးဝါးများ တွေ့ရှိ
ဒီဇင်ဘာလ ၃ ရက်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့၏ အရှေ့တောင်ဘက်မီတာ ၅၀၀ ခန့်အကွာ အထက(၃) အနီး ဘုရား ကုန်း၌ လုံခြုံရေးဆောင်ရွက်နေစဉ် နေရာ ၂ နေရာမှ AA သကသ အင်အား ၄၀ ဦးခန့်က လာ ရောက်ပစ်ခတ်သဖြင့် လေကြောင်းပစ်ကူရယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ AA သကသများ ကျဆုံး၊ ထိခိုက်ဒဏ်ရာရသူများအား ဆွဲယူကာ ဆုတ်ခွာထွက်ပြေးသွားခဲ့။

AA သကသ များ ဆုတ်ခွာထွက်ပြေးရာနောက်သို့ လိုက်လံရှင်းလင်းစဉ်-
AA သကသ ၁ လောင်း
RPG ၁ လက်
လက်ပစ်ဗုံး ၄ လုံး
လမ်းလျှောက်စကားပြောစက် ၁ လုံးနှင့် မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့။

အောက်ခြေ AA တပ်ဖွဲ့ဝင်တွေကို မူးယစ်ဆေးဝါးကျွေးပြီး တိုက်ခိုင်းတဲ့ သက်သေအထောက်အထားပဲ ဖြစ်ပါတယ်…

မိမိစစ်သည် ၂ ဦး မစိုးရိမ်ရဒဏ်ရာ ရရှိခဲ့ပါတယ်။

ဓာတ်ပုံအထောက်အထားရရှိပါက ထပ်မံတင်ပြပေးပါမည်။

တိုက်ပွဲသတင်းစုံ

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago