Ye' Ba Nyein

Description
Fight for Justice
We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 11 months, 3 weeks ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 1 year ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 11 months ago

1 year ago
Ye' Ba Nyein
1 year ago
Ye' Ba Nyein
1 year ago
Ye' Ba Nyein
1 year ago
ရှောင်လင်ဘုန်းတော်ကြီးအဖွဲ့ ရန်ကုန်မှ ပြန်လည်ထွက်ခွာ

ရှောင်လင်ဘုန်းတော်ကြီးအဖွဲ့ ရန်ကုန်မှ ပြန်လည်ထွက်ခွာ
------------------------
တရုတ်နိုင်ငံက Songshan ရှောင်လင်ဘုန်းတော်ကြီးအဖွဲ့ဟာ ဇန်နဝါရီလ ၂၆ ရက်က ရန်ကုန်မြို့ကနေ ပြန်လည် ထွက်ခွာသွားပါတယ်။ ရှောင်လင်ဘုန်းတော်ကြီးအဖွဲ့ဟာ ဇန်နဝါရီ ၂၃ ရက်၊ မနက်ပိုင်းက ရန်ကုန်မြို့ကို ရောက်ရှိ လာတာဖြစ်ပြီး စုစုပေါင်း ရှောင်လင်ဘုန်းတော်ကြီး ၁၄ ပါး ပါဝင်ပါတယ်။ ရှောင်လင်ဘုန်းတော်ကြီးအဖွဲ့ဟာ ဇန်နဝါရီလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားရုံမှာ ကျင်းပတဲ့ ၂၀၂၅ ခုနှစ် မြွေနှစ် တရုတ်နှစ်သစ်ကူး ပွဲတော်ကို တက်ရောက်ခဲ့ကြပါတယ်။ အခမ်းအနားမှာ ရှောင်လင်ဘုန်းတော်ကြီးတစ်ပါးက တရုတ်နှစ်သစ်ကူး ဆုတောင်းစကား မိန့်ကြားပြီးနောက် အဖွဲ့ဝင်ဘုန်းတော်ကြီးတွေကလည်း ရှောင်လင်သိုင်းတွေကို သရုပ်ပြခဲ့ကြ ပါတယ်။ ရှောင်လင်ဘုန်းတော်ကြီးအဖွဲ့ဟာ ဇန်နဝါရီ ၂၃ ရက် ညပိုင်းကလည်း ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြော်ခဲ့ကြတယ်လို့ သိရပါတယ်။

1 year ago

နှင်ထုတ်ခံရသူများတင်ဆောင်လာသောလေယာဉ်အား လက်မခံသည့်ကိုလံဘီယာကို အခွန်စည်းကြပ်မှုများ၊ ဒဏ်ခတ်ပိတ်ဆို့မှုများ ထရမ့်ချမှတ်သွားမည်

27 January 2025

▪️ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်လက်ထက် လူဝင်မှုကြီးကြပ်ရေး စိစစ်ဖြိုခွဲမှုတစ်စိတ်တစ်ပိုင်း အနေဖြင့် နှင်ထုတ်ခံရတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ တင်ဆောင်လာတဲ့ စစ်လေယာဉ်ကို ကိုလံဘီယာက လက်မခံတဲ့အတွက် အခွန်အခနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်သွားမယ်လို့ ထရမ့်က ခြိမ်းခြောက်လိုက်ရာ အမေရိကန်နဲ့ ကိုလံဘီယာတို့ ကုန်သွယ်ရေးစစ်ပွဲဆီ ဦးတည်လာပါတယ်။

▪️ လက်တင်အမေရိကမှာ အမေရိကန်အတွက် တတိယမြောက် အရေးပါဆုံး ကုန်သွယ်ရေးမိတ်ဖက်ဖြစ်တဲ့ ကိုလံဘီယာက ချက်ချင်းတုံ့ပြန်လိုက်ပြီး လက်ဝဲရောက်သမ္မတ ဂူစတာဗိုပက်ထရိုက အမေရိကန် ကုန်ပစ္စည်းတွေအပေါ် အခွန် ၅၀ ရာခိုင်နှုန်းထားမယ်လို့ အရင်ခြိမ်းခြောက်လိုက်ပြီး ဒီနောက်တော့ အမေရိကန် တင်သွင်းကုန်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်းတိုးမြှင့်ဖို့ ကုန်သွယ်ရေးဝန်ကြီးကို ညွှန်ကြားထားတယ်လို့ Xမှာ ဖော်ပြလိုက်ပါတယ်။

▪️ အမေရိကန်မှ နှင်ထုတ်လိုက်သူများတင်ဆောင်လာတဲ့ စစ်လေယာဉ်ကို ငြင်းဆန်တဲ့အထဲမှာ ကိုလံဘီယာက ဒုတိယမြောက် လက်တင်အမေရိကနိုင်ငံ ဖြစ်လာပါတယ်။

▪️ ထရမ့်ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုလုပ်ရပ်က သူ့ရဲ့ အမေရိကန်နိုင်ငံခြားရေးမူဝါဒ ပိုမိုခိုင်မာလာခြင်းနဲ့ သူ့ရဲ့ဆန္ဒအတိုင်း အခြားနိုင်ငံတွေကို တွန်းအားပေးလိုတဲ့ ပုံစံတွေ ပြန်လည်မြင်တွေ့လာရခြင်းတို့ကို ဖော်ပြနေပါတယ်။

▪️ ဒီလေယာဉ်တွေကို ပက်ထရိုဘက်မှ ငြင်းဆန်လိုက်ခြင်းဟာ အမေရိကန် နိုင်ငံ့လုံခြုံရေးကို ခြိမ်းခြောက်ရာကျတယ်လို့ ထရမ့်က Truth Socialမှာ ရေးသားထားပါတယ်။

▪️ အမေရိကန်သို့ တင်သွင်းတဲ့ ကိုလံဘီယာ ကုန်ပစ္စည်းတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်းချမှတ်ခြင်း အပါအဝင် တစ်ပတ်အတွင်း ၅၀ ရာခိုင်နှုန်းအထိ တိုးမြှင့်သွားမယ့် အခြေအနေ၊ ကိုလံဘီယာ အစိုးရအရာရှိတွေကို သွားလာခွင့်ပိတ်ပင်ခြင်းနဲ့ ဗီဇာရုပ်သိမ်းခြင်း အခြေအနေ၊ အရေးပေါ် ဘဏ္ဍာရေး၊ ဘဏ်လုပ်ငန်းများနဲ့ ဘဏ္ဏာရေးပိတ်ဆို့မှုများ ပါဝင်နေပါတယ်။

▪️ အမေရိကန်နိုင်ငံထဲ အတင်းထည့်သွင်းခဲ့တဲ့ ရာဇဝတ်သားတွေကို ပြန်လည်လက်ခံရမယ့် တာဝန်ဝတ္တရားတွေ ကိုလံဘီယာအနေနဲ့ မချိုးဖောက်သင့်ဘူးလို့ ထရမ့်က ဖော်ပြထားပါတယ်။

▪️ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပက်ထရိုဟာ ဒီလေယာဉ်တွေကို အမိန့်ပေးခွင့်ပြုခဲ့ပေမယ့် လေထဲရောက်တော့မှ ပယ်ဖျက်လိုက်တယ်လို့ ဖော်ပြထားပါတယ်။

▪️ ထရမ့်က တရားမဝင် လူဝင်မှုတွေကို အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့ပြီး နယ်စပ်လုံခြုံရေးမှာ စစ်တပ်ပါဝင်ကူညီဖို့ ညွှန်ကြားခဲ့ကာ နိုင်ငံခိုလှုံခွင့် ပိတ်ပင်ဖို့ ထုတ်ပြန်ထားပါတယ်။

▪️ မက္ကဆီကိုကလည်း ရွှေ့ပြောင်းသူတွေ တင်ဆောင်လာတဲ့ အမေရိကန်စစ်လေယာဉ်ကို ပြီးခဲ့တဲ့သီတင်းပတ်က ငြင်းဆန်ခဲ့ပါတယ်။

#Source: Reuters

1 year ago

" **တပ်မတော်ရဲ့ အနာဂတ်တိုက်လေယာဉ် ဖြစ်လာနိုင်ခြေရှိတဲ့ J-10 နှင့် J-11 "

2000 ပြည့်နှစ် နှောင်းပိုင်းကစပြီး တပ်မတော်(လေ)ဟာ တိုက်လေယာဉ် အသစ်တွေနဲ့ အဆင့်မြင့်တင်လာခဲ့တာဟာဆိုရင် နှစ်ပေါင်း 20 ကျော်ခဲ့ပါပြီ။ အဲ့နှစ်တွေအတွင်းမှာဆိုရင် တပ်မတော်(လေ)ဟာ ရုရှားနိုင်ငံ ထုတ် Su-30 SME / Mig-29 / Yak-130 စတဲ့ နာမည်ကြီးတိုက်လေယာဉ်တွေအပါအ၀င် ပြည်တွင်းထုတ် MTX-1 A/B တွေကိုပါ ၀ယ်ယူထုတ်လုပ်လာနိုင်ခဲ့ပါတယ်။

2000 ပြည့်နှစ်အစောပိုင်းတွေမှာ ၀ယ်ယူခဲ့တဲ့ J-7 ဆိုရင်လည်း တပ်မတော်(လေ) ရဲ့ ဂန္ဓ၀င် လေယာဉ်ကြီးတွေဖြစ်ခဲ့ပါတယ်။ သိုပေမဲ့လည်း J-7 တွေရဲ့ စက်ပိုင်းဆိုင်ရာ ချိုယွင်းမှုတွေကြောင့် တပ်မတော်(လေ)ကို ဒုက္ခအပေးဆုံးလေယာဉ်တွေလည်းဖြစ်ခဲ့ပါတယ်။ အဲ့ပြဿာနာတွေအတွက် တပ်မတော်‌(လေ) ဟာ ၂၀၂၂ ခုနှစ်၌ တရုတ်နိုင်ငံထုတ် JL-9 ခေါ် FTC-2000g တွေနဲ့ အစာထိုးဖိုစဉ်းစားခဲ့ပါတယ်။ အဲ့တာကြောင့်ဘဲ FTC-2000g အစင်း 60 ကိုပါ တစ်ပြိုက်နက်တည်းအော်တာ တင်ခဲ့ပါတယ်။

ဘက်စုံသုံးတိုက်လေယာဉ်တွေဘက်ကိုကြည့်မယ်ဆိုလျှင်လည်း Su-30 SME လို အဆင့်မြင့်တိုက်‌လေယာဉ်တွေ ရှိပေမဲ့လည်း အရန်တိုက်လေယာဉ် Mig-29 ဟာ စွမ်းဆောင်ရည် ကောင်းနေဆဲဖြစ်ပေမဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံနဲ့ ယှဉ်ရင် အနည်းငယ်နိမ့်နေသေးပါတယ်။ အဲ့အတွက်ကြောင့် ‌တပ်မတော်‌(လေ)ဟာ ရုရှားနိုင်ငံထုတ် Su-27 တွေကို စိတ်၀င်စားလာခဲ့ပါတယ်။ သိုပေမဲ့ အခက်အခဲတစ်ချိုကြောင့် Su-27 တွေကို ခဏဘေးဖယ်ထားခဲ့ရပါတယ်။

2024 ခုနစ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ တရုတ်နိုင်ငံသိုသွားရောက်စဉ် Su-27 တွေကို စိတ်၀င်စားနေတဲ့ လေ‌တပ်အကြောင်းကို ကောင်းကောင်းသိတဲ့ တရုတ်ကြီးတွေဟာ ကာကွယ်ရေးဦးစီးချုပ်ထံကို ၎င်းတိုရဲ့ တိုက်လေယာဉ် အသစ်တွေ ၀ယ်ယူဖိုကို ကမ်းလှမ်းခဲ့ပါတယ်။ အဲ့ထဲမှာဆိုရင် Su-27 ကို ပုံ‌စံယူထုတ်လုပ်ခွင့် လိုင်စင်နဲ့ တရုတ်မှာ ထုတ်လုပ်ထား J-11 တွေအပါအ၀င် J-10 နဲ့ J-20 လို Fifth-generation Fighter တွေပါ ၀ယ်ယူဖို ကမ်းလှမ်းခဲ့တယ်လိုသိရပါတယ်။ J-20 အကြောင်းကိုတော့ နောက်တစ်ခေါက် ဆောင်းပါးမှဘဲ ပြောပြပါတော့မယ်။

တပ်မတော်ကလည်း J-11 နဲ့ J-10 တွေကို ၀ယ်ယူဖို စိတ်၀င်စားခဲ့တယ်လိုသိရပါတယ်။ ငွေကြေးအရလည်း များစွာသက်သာပြီး ထိန်းသိမ်းပြင်ဆင်မှုကလည်း အဆင်ပြေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ ၀ယ်မယ် မ၀ယ်ဘူးဆိုတာကတော့ အခုထိမသိရသေးပါဘူး။ ၀ယ်ယူမယ်ဆိုရင်တော့ J-10 တွေကို အသစ်တွေရရှိမှာ ဖြစ်မယ်လိုသိရပြီး J-11 တွေကိုတော့ အသစ်တစ်၀က် Sec တစ်၀က်ရရှိမှာဖြစ်ပါတယ်။

J-10 တိုက်လေယာဉ်ဟာဆိုရင် F-16 နဲ့ Eurofighter Typhoon တိုရဲ့သားလိုပြောလိုရပါတယ်။ တိုက်ခိုက်ရည်မှာဆိုရင်လည်း 1850 km ထိပျံသန်းနိုင်ပြီး တစ်ယောက်မောင်း တိုက်လေယာဉ်အမျိုးအစားဖြစ်ပါတယ်။ Speed မှာဆိုရင် အသံထက် 2 ဆထိမြန်ပြီးတော့ 1 စက္ကန့်ကို 300 မီတာ နှုန်းနဲ့ အမြင့်ကို တက်နိုင်စွမ်းရှိပါတယ်။ လက်နက်စနစ်မှာဆိုရင်လည်း 23 mm တင့်ဖျက် စက်လက်တစ်လက် နဲ့ လက်နက်တပ်ဆင်နိုင်တဲ့ နေရာ 11 ခုထိပါ၀င်ပါတယ်။ ပေါင် 500 ဗုံး 6 လုံးကို တစ်ပြိုင်နက်တည်းသယ်ဆောင်နိုင်ပြီး ပေါင် 1000 ဗုံးဆိုရင်တော့ 4 လုံးထိ သယ်ဆောင်နိုင်ပါတယ်။

J-11 တွေကတော့ Su-27 ရဲ့ပုံစံတူတိုက်လေယာဉ်ဖြစ်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းမှာလည်း Su-27 လောက်မကောင်းပေမဲ့ မဆိုးဘူးလို ပြောလိုရပါတယ်။တစ်ယောက်မောင်းတိုက်လေယာဉ်ဖြစ်ပြီး‌တော့ 3530 km ထိပျံသန်းနိုင်ပါတယ်။ အရှိန်မှာဆိုလည်း J-10 လို အသံထက် 2 ဆ ပိုမြန်ပါတယ်။ 30 mm တင့်ဖျက် စက်လက် 1 လက်အပါအ၀င် လက်နက်တပ်ဆင်နိုင်သည့် နေရာ 10 ခုပါ၀င်ပါတယ်။ ပေါင် 500 ဗုံး 8 လုံးကနေ 10 လုံးထိသယ်ဆောင်နိုင်ပြီး ပေါင် 1000 ဗုံးကတော့ 6 လုံးထိသယ်ဆောင်နိုင်ပါတယ်။**

1 year ago
(၂၃၊ ၁၊ ၂ဝ၂၅) ထူးခြားတာက တရုတ်ပြောတဲ့ရက်ကစပြီး MNDAA …

(၂၃၊ ၁၊ ၂ဝ၂၅) ထူးခြားတာက တရုတ်ပြောတဲ့ရက်ကစပြီး MNDAA တို သိမ်းယူထားတဲ့ ရှမ်းမြောက်မြိုများမှာ ဗုံးကြဲခံရခြင်း မရှိတော့ပါဘူး

လောလောဆယ် လက်ရှိနေရာမှာ အပစ်အခတ်ရပ်စဲပြီး ဇွန်လကုန်မှာ ဆုတ်ခွာပေးမယ်ဆိုတဲ့ ကိုးကန့်တပ်သားများဟာ ယနေ့ထိ လားရှိးမြိုမှာ သက်တောင့် သက်သာရှိနေကြောင်း သိရှိရပါတယ်။

ဒီထက်ပိုပြီး ထူးဆန်းတာက လာမယ့် ဖေဖော်ဝါရီလကုန်မှာ လားရှိးမြိုနေ ဝန်ထမ်းများနဲ့ ပင်စင်စားများကို လစာငွေ ထုတ်ပေးရန် စီစဉ်လျှက်ရှိကြောင်း Truth Media က ဖော်ပြခြင်းပါ

ဒီသတင်းဟာ သဘာဝဘေးနဲ့ စစ်ဘေးရှောင်များကို ထောက်ပံ့ပေးမည်ဖြစ်ကြောင်း နစက က သတင်းထုတ်ပြန်ပြီး နောက်တစ်ရက်မှာ ဖြစ်ပါတယ်

ယမန်နေ့မှာတော့ ရခိုင်ပြည်နယ်မှာ ဗုံးကြဲမခံရဖို ဟိုင်ဂင်တွေ့ဆုံပွဲမှာ AA က တပ်မတော်နဲ့ ဆွေးနွေးမယ်လို သတင်းထွက်ပေါ်လာပါတယ်

လွန်ခဲ့တဲ့ရက်သတ္တပတ် ရခိုင်‌မြိုကြီးများ ဗုံးကြဲခံရစဉ် အထိနာသွားကြောင်း သတင်းထွက်ပေါ်ခဲ့တဲ့ AA ဟာ

ယမန်နေ့ ညနေအထိ အမ်း - ပဒါန်းလမ်း ရခိုင်ပြည်နယ်အတွင်းနဲ့

တောင်ကုတ် - ပန်းတောင်းလမ်း ရခိုင်ပြည်နယ်အတွင်းမှာ တပ်မတော်ကို ပြင်းထန်စွာတိုက်ခိုက်နေကြောင်း သတင်းရရှိပါတယ်

#HtayOung

1 year ago
တရုတ်နှစ်သစ်ကူးပွဲတက်မည့် ရှောင်လင်အဖွဲ ရောက်ရှိ

တရုတ်နှစ်သစ်ကူးပွဲတက်မည့် ရှောင်လင်အဖွဲ ရောက်ရှိ
-------------------------
၂၀၂၅ ခုနှစ် တရုတ်နှစ်သစ်ကူးပွဲတော်ကို တက်ရောက်မယ့် Songshan ရှောင်လင်ဘုန်းတော်ကြီးအဖွဲဟာ ဇန်န ဝါရီ ၂၃ ရက်၊ မနက်ပိုင်းက ရန်ကုန်မြိုကို ရောက်ရှိခဲ့ပါတယ်။ ရောက်ရှိလာတဲ့ ရှောင်လင်ဘုန်းတော်ကြီးအဖွဲဟာ စုစုပေါင်း ၁၄ ပါးဖြစ်ပြီး ဆိုက်ရောက်ဗီဇာကိစ္စကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက ကူညီဆောင်ရွက်ပေးခဲ့တာ ဖြစ်တယ်လို သိရပါတယ်။ အဲဒီနောက် ရှောင်လင်ဘုန်းတော်ကြီးအဖွဲကို နေ့ဆွမ်းဘုဉ်းပေးဖိုအတွက် ဗဟန်း မြိုနယ်ရှိ ကွမ်ရင်စီကျောင်းတိုက်ကို ပင့်ဆောင်ခဲ့ကြပါတယ်။ အဲဒီကတစ်ဆင့် Sky Star Hotel မှာ သွားရောက် အနားယူပြီး ညနေပိုင်းမှာတော့ ရွှေတိဂုံစေတီတော်ကို သွားရောက်ဖူးမြော်ကြတယ်လို သိရပါတယ်။

1 year ago

မန္တလေးမြို့ ၆၉(A)လမ်း ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားတွင် အုပ်စုဖွဲ့၍ ဆိုင်ကယ်တစ်စီးအား လုယက်ယူဆောင်

23 January 2025

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် ၆၉ အေလမ်း ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားတွင် ဇန်နဝါရီ ၂၂ ရက်က အုပ်စုဖွဲ့၍ ဆိုင်ကယ်တစ်စီးအား လုယက်ယူဆောင်မှုဖြစ်ပွားခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် ၆၉(A)လမ်း ၁၁၅ လမ်းနှင့် ၁၁၆ လမ်းကြားတွင် ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းက ဆိုင်ကယ်စီးလာသူအမျိုးသားတစ်ဦးအား လူခြောက်ဦးခန့်က ဝိုင်းဝန်းလုယက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့လုယက်ရာတွင်လည်း ဆိုင်ကယ်ကိုလုယူရုံသာမက လူကိုပါ ခဲဖြင့်ထု၍အန္တရာယ်ပြုခဲ့ခြင်းဖြစ်သည်။

အဆိုပါ လုယက်မှုဖြစ်စဉ်အား အနီးရှိ CCTV မှတ်တမ်းတွင် ရိုက်ကူးထားမှုအရ လူငယ်တစ်ဦးမောင်းနှင်လာသောဆိုင်ကယ်အား လူခြောက်ယောက်ဆိုင်ကယ်သုံးစီးဖြင့် ဆိုင်ကယ်အားဝင်တိုက်ကာ ဝိုင်းဝန်းလုယက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မန္တလေးမြို့တွင် နေ့ခင်းအချိန်၌ပင် လူကိုအန္တရာယ်ပြုကာ အုပ်စုဖွဲ့ဆိုင်ကယ်လုယက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

အထက်ပါဖြစ်စဉ်ကဲ့သို့ ဆိုင်ကယ်လုယက်မှုများကျုးလွန်ကြရာတွင် ဓါးဖြင့်ခုတ်ခြင်း၊ ပေါက်စိန်ဖြင့်ခုတ်ခြင်းစသည့် နည်းပေါင်းစုံဖြင့် အန္တရာယ်ပြုကြသဖြင့် ထိခိုက်ဒဏ်ရာရရှိသူများရှိသလို အသက်သေဆုံးသည်အထိ ဖြစ်ပွားမှုများလည်း ရှိခဲ့သည်။

မန္တလေးမြို့ အမရပူရမြို့နယ်၌ ၂၀၂၄ခုနှစ်အတွင်းက ဓားဖြင့်ထိုး၍ ဆိုင်ကယ်လုယက်မှုဖြစ်ပွားခဲ့ရာ လုယက်ခံရသူ ကျောင်းဆရာမတစ်ဦးသေဆုံးခဲ့သည်။

ယင်းဖြစ်စဉ်မှ ကျူးလွန်သူနှစ်ဦးအား အမရပူရခရိုင်တရားမှ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ဝရက်တွင် သေဒဏ်အမိန့် ချမှတ်ထားကြောင်းလည်း သိရသည်။

1 year, 2 months ago
***မိန်းမယုတ်နဲ့ ပေါင်းဖက်မိလို ဒုက္ခရောက်ရသူများ***

မိန်းမယုတ်နဲ့ ပေါင်းဖက်မိလို ဒုက္ခရောက်ရသူများ

ဒီမိန်းမယုတ်တကောင်ကြောင့် အားပေးအားမြှောက်လုပ်တဲ့ အဖမ်းခံရတဲ့ ပြည်သူထောင်နဲ့ချီရှိသလို

ဒီမိန်းမယုတ်တကောင်ကြောင့် ထိခိုက်သေကြေ ပျက်ဆီးကုန်တဲ့ပြည်သူများစွာ ရှိသည်
ဒီမိန်းမယုတ်စကားကို ယုံကြည်မိလို ခွေးဖြစ်ကုန်တဲ့ နီပိတ်များစွာလည်းရှိသည််

ဘယ်သူတွေ သေသေ ဘယ်သူတွေပဲ ဘဝပျက်ပျက်
ဒီမိန်းမယုတ်ကတော့ အမေရိကမှာ အိမ်ကောင်းအိုးကောင်းတွေနဲ့ မိသားစုလိုက် အေးဆေးပဲ ဒါကိုစောက်ပိန်းတွေကတော့ သိမယ်မထင်ဘူး

We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 11 months, 3 weeks ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 1 year ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 11 months ago