NOM.World News

Description
NOM World News Official Channel.
We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 1 year ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 1 year, 1 month ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 11 months, 3 weeks ago

1 year, 1 month ago
NOM.World News
1 year, 1 month ago
အမေရိကန်တောင်ပိုင်းနယ်စပ်မှာ မရိန်းတပ်သားတွေ လုံခြုံရေးအတွက် ဆောင်ရွက်နေတာကို အိမ်ဖြူတော်က ဓာတ်ပုံမှတ်တမ်းထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်တောင်ပိုင်းနယ်စပ်မှာ မရိန်းတပ်သားတွေ လုံခြုံရေးအတွက် ဆောင်ရွက်နေတာကို အိမ်ဖြူတော်က ဓာတ်ပုံမှတ်တမ်းထုတ်ပြန်ခဲ့ပါတယ်။

NOM

1 year, 1 month ago
ယူကရိန်းရဲ့ သဘာ၀သယံဇာတ ထက်ဝက်ကျော်ဟာ ရုရှားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး …

ယူကရိန်းရဲ့ သဘာ၀သယံဇာတ ထက်ဝက်ကျော်ဟာ ရုရှားရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေပြီး အဲဒီက ရရှိတဲ့ ငွေကြေးပမာဏဟာ စစ်ပွဲအတွက် ကာမိတယ်လို့ AFU စစ်ဦးစီးချုပ်ဟောင်း Viktor Muzhenko က ပြောကြားခဲ့ပါတယ်။

NOM

1 year, 1 month ago
ထိုင်းနိုင်ငံမှာ လိင်တူလက်ထပ်ခွင့်ဥပဒေကို ခွင့်ပြုခဲ့ပြီးနောက် ရာနဲ့ချီတဲ့ LGBTQ+ စုံတွဲတွေဟာ …

ထိုင်းနိုင်ငံမှာ လိင်တူလက်ထပ်ခွင့်ဥပဒေကို ခွင့်ပြုခဲ့ပြီးနောက် ရာနဲ့ချီတဲ့ LGBTQ+ စုံတွဲတွေဟာ ဒီနေ့မှာ စုပေါင်းလက်ထပ်ခဲ့ကြပါတယ်။ ဆယ်စုနှစ်များစွာာ ဒီအရေးကိစ္စအတွက် တိုက်ပွဲဝင်ခဲ့ပြီးနောက်မှာ ဥပဒေအရ အသက်ဝင်လာခဲ့တာပါ။

ဒါဟာာ အရှေ့တောင်အာရှမှာ ထိုင်းက ဒီလိုမျိုး တရားဝင်ခွင့်ပြုတဲ့ ပထမဆုံးနိုင်ငံလည်း ဖြစ်လာခဲ့ပါတယ်။ အာရှမှာတော့ ထိုင်ဝမ်နဲ့ နီပေါပြီးရင် လိင်တူနဲ့ လိင်ပြောင်းတွေ လက်ထပ်မှုကို တရားဝင်တယ်လို့ သတ်မှတ်တဲ့ တတိယမြောက်နိုင်ငံဖြစ်လာပါတယ်။

NOM

1 year, 1 month ago
တက္ကဆက်ပြည်နယ်အတွင်းက ဆန်အန်တိုနီယိုမှာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားနေတယ်ဆိုတဲ့ ဖုန်းခေါ်ဆိုမှုကို …

တက္ကဆက်ပြည်နယ်အတွင်းက ဆန်အန်တိုနီယိုမှာ ကိုယ့်ကိုကိုယ် သတ်သေဖို့ ကြိုးစားနေတယ်ဆိုတဲ့ ဖုန်းခေါ်ဆိုမှုကို ရရှိခဲ့တဲ့နောက် သွားရောက်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲက ၄ ဦးအထိ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ပြည်နယ်ရဲမှူးက ပြောဆိုခဲ့ပါတယ်။

အရာရှိတွေရဲ့ ဒဏ်ရာဟာ မပြင်းထန်ဘဲ သံသယရှိသူကို တိုက်ခန်းအဆောက်အအုံအတွင်းမှာာ ပိတ်ဆို့ထားနိုင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာ အိမ်နီးချင်းတိုက်ခန်းတွေဘက်က ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းအရ သေနတ်သမားကို တွေ့ရှိထားတယ်လို့ သိရပါတယ်။

NOM

1 year, 1 month ago
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် Marco Rubio ဟာ သူ့ရဲ့ ပထမဆုံးဖုန်းခေါ်ဆိုမှုအဖြစ် …

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးသစ် Marco Rubio ဟာ သူ့ရဲ့ ပထမဆုံးဖုန်းခေါ်ဆိုမှုအဖြစ် အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုဆီ ခေါ်ဆိုခဲ့တယ်လို့ သိရပါတယ်။

NOM

1 year, 1 month ago
အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့မှာ ဓါးနဲ့ထိုးခံရလို့ လူ ၄ ဦး …

အစ္စရေးနိုင်ငံ၊ တဲလ်အဗစ်မြို့မှာ ဓါးနဲ့ထိုးခံရလို့ လူ ၄ ဦး ဒဏ်ရာရရှိခဲ့ကာ သံသယရှိသူကတော့ သေဆုံးသွားတယ်လို့ သိရပါတယ်။ အင်္ဂါနေ့ညနေပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး ဂါဇာမှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူပြီး ၃ ရက်မြောက်နေ့မှာ ဖြစ်ပွားခဲ့တာပါ။ တိုက်ခိုက်သူကို ရဲတပ်ဖွဲ့က အတိအကျမထုတ်ပြန်ထားဘဲ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုထားပါတယ်။

NOM

1 year, 1 month ago
ရွှေ့ပြောင်းနေထိုင်မှုတွေအပေါ် ပြင်းထန်တဲ့ ကန့်သတ်ချက်အသစ်တွေနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို ခေါင်းအေးအေးထားဖို့ …

ရွှေ့ပြောင်းနေထိုင်မှုတွေအပေါ် ပြင်းထန်တဲ့ ကန့်သတ်ချက်အသစ်တွေနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို ခေါင်းအေးအေးထားဖို့ မက္ကဆီကိုသမ္မတ Claudia Sheinbaum က တောင်းဆိုလိုက်ပါတယ်။ ရွှေ့ပြောင်းနေထိုင်သူ သန်းပေါင်းများစွာကို ပြည်နှင်ဒဏ်ပေးမယ်လို့ ထရမ့်က ကတိပေးထားပါတယ်။

"အမှန်တကယ်မိန့်ခွန်းတွေထက် ကျော်လွန်ပြီး လက်မှတ်ရေးထိုးထားတဲ့ သဘောတူညီချက်တွေကို အမြဲတမ်းခေါင်းအေးအေးထားဖို့က အရေးကြီးပါတယ်" လို့ သူမကဆိုပါတယ်။ မက္ကဆီကိုနယ်စပ်ကို တပ်ဖွဲ့ဝင်တွေ ထရမ့်က စေလွှတ်မယ်လို့ ကြေညာပြီးနောက် ပြောဆိုခဲ့တာပါ။

NOM

1 year, 1 month ago

ပါရီ ရာသီဥတုပြောင်းလဲမှုထိန်းချုပ်ရေး သဘောတူညီမှုစာချုပ်ကနေလည်း အမေရိကန်က နုတ်ထွက်သွားခဲ့ပါပြီ။

NOM

1 year, 3 months ago
ရုရှားနဲ့ ချိတ်ဆက်ထားတဲ့ သတင်းအမှားကွန်ယက်တွေဟာ ကန်ရွေးကောက်ပွဲကို နှောင့်ယှက်နေတယ်လို့ အမေရိကန်အရာရှိတွေက …

ရုရှားနဲ့ ချိတ်ဆက်ထားတဲ့ သတင်းအမှားကွန်ယက်တွေဟာ ကန်ရွေးကောက်ပွဲကို နှောင့်ယှက်နေတယ်လို့ အမေရိကန်အရာရှိတွေက ပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် swing states တွေကို ပစ်မှတ်ထားနေပြီး ဒါဟာ ရွေးကောက်ပွဲကို ပျက်ပြားအောင်၊ ပြသနာတွေရှိလာအောင် တမင်လုပ်ဆောင်နေတာလို့လည်း ဆိုပါတယ်။

Office of the Director of National Intelligence ကတော့ "ရုရှားက အတက်ကြွဆုံးခြိမ်းခြောက်မှုပါပဲ" လို့ ပြောဆိုခဲ့ပြီး ဒီအပေါ်မှာ သတိထားကြဖို့ လိုအပ်ကြောင်းလည်း ဆိုပါတယ်။ ဆူပူအကြမ်းဖက်မှုတွေဖြစ်ပေါ်လာအောင်၊ ရွေးကောက်ပွဲအရာရှိတွေနဲ့ ထိပ်တိုက်တွေ့အောင် လုပ်ဆောင်နေတယ်လို့လည်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

NOM

We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 1 year ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 1 year, 1 month ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 11 months, 3 weeks ago