Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်

Description
ဖက်ဒရယ် ဒီမိုကရက်တစ် စစ်ကိုင်းတိုင်း ၏ သတင်းများကို တင်ဆက်ပေးသွားမည့် ပြည်သူ့အသံ
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago

6 days, 13 hours ago

ပုလဲနှင့် ဆားလင်းကြီးရှိ စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်ကားများကို မိုင်းဆွဲ တိုက်ခိုက်

ရန်ကုန်၊ မေ ၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က တပ်စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန် စစ်ဆင်ရေးအဖွဲ့ထံမှ သိရသည်။

မေလ ၄ ရက်နေ့နှင့် ၅ ရက်နေ့တွင် ပုလဲမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ထွေအုပ်ရုံးနှင့် ရဲစခန်းတို့ကို ဒရုန်းဖြင့် ဗုံးသီး ၁၂ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မေလ ၅ ရက်နေ့ နံနက် ၉ နာရီ ၃၅ မိနစ်ခန့်တွင် ဆားလင်းကြီးမြို့ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော ရဲစခန်းနှင့် ထွေအုပ်ရုံးကိုလည်း ဒရုန်းဖြင့် ဗုံးသီး ၉ လုံး ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(3)PDAF ၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team(4)SSTF ၊ Eagle Wing Drone Force ၊ တိုက်သိမ်း(PDF) ၊ Union Brothers-UB(ပြည်သူ့အကျိုးဆောင်အဖွဲ့) ၊ "ငါတို့"ထောက်ပို့အဖွဲ့၊ ဒေသ ပကဖ အဖွဲ့များနှင့် ဆားလင်းကြီး ပလဖ နှင့် တပ်ရင်း၊ တပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း၊ ဒေါင်းတမန် လေကြောင်း စစ်ဆင်ရေး အဖွဲ့ကို ပြည်သူများအနေဖြင့် ပူးပေါင်း ပါဝင်လှူဒါန်းပေးကြရန် မေတ္တာရပ်ခံ ထုတ်ပြန်ထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေး လမ်းပိုင်းတွင် စစ်ကားများကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Brave Heart Army - BHA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၁ ရက်နေ့တွင် လက်ပံတောင်း ကြေးနီကားများကို လုံခြုံရေးယူပေးရန် လိုက်ပါလာသည် jammer တပ်ဆင်ထား‌သော စစ်ကား ၁ စီးကို မုံရွာ-မန္တလေး လမ်းပိုင်း တစ်နေရာတွင် တော်လှန်ရေး တပ်ဖွဲ့များက ရှေ့ထွက်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

မေလ ၃ ရက်နေ့တွင် jammer တပ်ဆင်ထားသော စစ်ကား ၁ စီးကို တင်ဆောင်လာသည့် ကရိန်းကားကို မုံရွာ-မန္တလေး လမ်းပိုင်းတွင် တော်လှန်ရေး တပ်ဖွဲ့များက ပဒေသာမိုင်း ၃ လုံးနှင့် M - 18 မိုင်း ၁ လုံး တို့ဖြင့် ဖောက်ခွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Brave Heart Army - BHA အဖွဲ့သားများမှ ဦးဆောင်ပြီး Chindwin Fighter Group - CFG အဖွဲ့သားများနှင့် အတူ ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

KhitThitMedia
SSNTIMES

6 days, 13 hours ago

ဖောင်းပြင်မြို့နယ်တိုက်ပွဲ စစ်‌ကောင်စီတပ် ခုနစ်ဦးသေ၊ လက်နက်ခဲယမ်းများရဟု အမှတ် (၁)စစ်ဒေသ ထုတ်ပြန်

ဇော်ရမ်း၊အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊ ဖောင်းပြင်မြို့နယ်၊ ရောင်းဟီးကျေးရွာသို့ စစ်ကြောင်းထိုးလာသည် စစ်ကောင်စီနှင့်ပျူစောထီးစစ်ကြောင်းကို
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ အလောင်း ခုနစ်လောင်းရရှိပြီး လက်နက်ခဲယမ်းအများအပြားသိမ်းယူနိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ ၏ ခြေမြန်တပ်ရင်း(ခမရ-၃၆၈)နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းအင်အား ၈၀ခန့်သည် ယနေ့ (မေလ ၅ ရက်)နံနက် ၅နာရီခွဲတွင် စတင်စစ်ကြောင်းထိုးလာရာ မော်လိုက်ခရိုင်တပ်ရင်း(၁)နှင့် (၂)ကတိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

" ဒီရက်ထဲ စစ်ရေးတင်းမာနေသလို ဒီကနေ့
တိုက်ပွဲဖြစ်ပြီး လေယာဉ်နဲ့ တောက်လျှောက်ပစ်နေပါတယ်။ ဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေလည်းဖြတ်တောက်ထားပါတယ် "ဟု မော်လိုက်ခရိုင်မှ ကာကွယ်‌ရေးရဲဘော်တစ်ဦးကပြောသည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ရုပ် အလောင်း ခုနစ်လောင်းရရှိပြီး ၆၀ မမ ပြောင်းတို (၁) လက်၊ MA-1 (၄) လက်၊ MA ကျည် (၁၅၁၂) တောင့်၊ ၄၀ မမ ဗုံးသီး (၁၉) လုံး၊ ၆၀ မမ ဗုံးသီး (၈) လုံး၊ RPG-7 ဒုံးသီး (၅) လုံး၊ MA ကျည်အိမ် (၂၆) ခု၊ စကားပြောစက် (၁) ခု၊ ကျည်ကာဦးထုပ် (၁) ခု၊ ဖုန်း (၃) လုံး၊ ဆေးပစ္စည်းအစုံနှင့်  စကားပြောစက်ဓာတ်ခဲအပို (၂) ခု သိမ်းဆည်းရမိကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

ဖောင်းပြင်မြို့နယ်သည် မော်လိုက်ခရိုင်၌ပါဝင်သည်။မြို့နယ်၏ ၇၀ ရာခိုင်နှုန်းခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီသည် မြို့ပေါ်၌သာရှိတော့ကြောင်း၊ ပြီးခဲ့သည့်ဧပြီက လေကြောင်းမှအင်အားတိုးချခဲ့ပြီး ပျူစောထီးများအား ရှေ့တန်းမှတက်ခိုင်းကာ စစ်ကြောင်းထိုးလာခြင်းဟု ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

PDFတပ်မတော်နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)သည် သုံးနှစ်အတွင်း အလျင်အမြန် ရင့်ကျက်လာခဲ့ပြီး စစ်ပညာနှင့်စစ်ရေး အတွေ့ အကြုံရှိလာသလို တိုက်ရည်ခိုက်ရည်ကောင်းသော တပ်ရင်းတပ်ဖွဲ့များ မြေပြင်၌အမြောက်အမြား ရှိနေပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ယနေ့ ပြောကြားသည်။

People's Spring
SSNTIMES

6 days, 16 hours ago

စစ်ကိုင်းမြို့တွင် စစ်တပ်က စစ်သားသစ် စုဆောင်းရန် အမျိုးသား ၉ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး တပ်မ ၃၃ တွင် ဖမ်းဆီးထား

ရန်ကုန်၊ မေ ၅

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့တွင် အကြမ်းဖက် စစ်တပ်က စစ်သားသစ် စုဆောင်းရန် အမျိုးသား ၉ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး တပ်မ ၃၃ တွင် ဖမ်းဆီးထားကြောင်း မင်းကွန်းတိုက်နယ် - သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၄ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းမြို့ အေးမြဝတီ ရပ်ကွက်မှ အသက် ၂၀ ဝန်းကျင်ရှိ အမျိုးသား ၅ ဦးနှင့် အုန်းတောလမ်းမှ အမျိုးသား ၄ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး တပ်မ ၃၃ တွင် ဖမ်းဆီးထားကြောင်း သိရသည်။

"စစ်ခွေးတွေက ဖမ်းပြီဆိုရင် များသောအားဖြင့် တပ်မ ၃၃ ထဲရောက်တာများတယ်။ လတ်တလော အဖမ်းအဆီးက အရမ်းများနေပါတယ်။ ဘယ်လို ဝင်ရောက်ဖမ်းဆီးသွားတယ်ဆိုတော့ အတိအကျ မသိရသေးဘူး" ဟု မင်းကွန်းတိုက်နယ် - သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက် စစ်တပ်က စစ်မှုထမ်း ဥပဒေဖြင့် အမျိုးသားများကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ ပိုမိုလုပ်ဆောင်လာသည့်အတွက် လူငယ်များအနေဖြင့် အသွားအလာဂရုစိုက်ကြပါရန် မင်းကွန်းတိုက်နယ် - သတင်းမှန်ပြန်ကြားရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ဆက်လက်ပြောဆိုသည်။

KhitThitMedia
SSNTIMES

1 week, 6 days ago
SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်
1 week, 6 days ago

ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ကျေးရွာ အနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦး သေဆုံး၊ တန့်ဆည်မြို့နယ်ရှိ သဲကုန်းရွာကို ရောက်ရှိနေသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်

ရန်ကုန်၊ ဧပြီ ၂၈

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ရွာနှင့် တပ်ရွာ အကြားကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း ပြည်သူ့အစေခံ တော်လှန်ရေး တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၆ ရက်နေ့တွင် စစ်ကိုင်းမြို့နယ်ဘက်မှ ဝက်လက်မြို့နယ် အရှေ့တောင်ခြမ်းကို စစ်ကြောင်း ထိုးလာသော အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းကို ဝက်လက်မြို့နယ် စဉ့်ကိုင်ကျေးရွာနှင့် တပ်ရွာ အကြား အရောက်တွင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၁ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း မတ္တရာမြို့ ဘောလုံးကွင်းအတွင်း၌ ရှိသော အကြမ်းဖက် စစ်တပ် က ၁၂၂ မမ ဟောင်ဝှစ်ဇာ လက်နက်ကြီးဖြင့် ၇ ချက်တိတိ ပစ်ကူပေးခဲ့ပြီး အကြမ်းဖက် စစ်တပ် စစ်ကြောင်းမှာ ဧရာဝတီမြစ်ကို ဖြတ်ကူး၍ မတ္တရာမြို့နယ်၊ မိုးကြိုးရွာဘက်ကို ဆုတ်ခွာသွားကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်သူ့အစေခံတော်လှန်ရေးတပ်ဖွဲ့၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ ရွှေဘိုခရိုင် တပ်ရင်း ၁၇ ၊ ရွှေဘိုခရိုင် တပ်ရင်း ၁၈ နှင့် မတ္တရာမြို့နယ် ပကဖ အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း၊ ထို့ပြင် အမှတ် ၁/၂ တပ်ရင်း ပူးပေါင်း (Drone တပ်ဖွဲ့)၊ M.SAI.NAW (ပြောက်ကျား တပ်ဖွဲ့)၊ ၀က်လက်မြို့နယ် ပကဖ (Drone တပ်ဖွဲ့) နှင့် Burmese Dragon Force (Drone တပ် ဖွဲ့) တို့ကလည်း ပူးပေါင်းပြီး ဗုံးသီး ၂၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ သဲကုန်းရွာကို ရောက်ရှိနေသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း Freedom Revolution Force (FRF) အဖွဲ့ထံမှ သိရသည်။

ဧပြီလ ၂၇ ရက်နေ့တွင် ကန့်ဘလူမြို့ ၆၀၀၆ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တန့်ဆည်မြို့နယ် သဲကုန်းရွာကို ရောက်ရှိနေစဉ် Freedom Revolution Force (FRF) အဖွဲ့နှင့် အတူ မဟာမိတ်အဖွဲ့များက Drone များဖြင့် ၆၀ မမ ဗုံးသီး ၈ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှုများပြားသော်လည်း အရေအတွက်ကို အတည်မပြုနိုင်သေးကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို Freedom Revolution Force (FRF) နှင့်အတူ ရွှေဘိုခရိုင်တပ်ရင်း ၂၄ ၊ DPY-ဖီးနစ်တို့ က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

KhitThitMedia
SSNTIMES

1 week, 6 days ago
SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်
2 months, 2 weeks ago
SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်
2 months, 2 weeks ago
SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်
2 months, 2 weeks ago

ကံထူးမရွာနယ်မြေရဲစခန်းသိမ်း တိုက်ပွဲတိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ရွာကို မီးရှို့ဖျက်ဆီး

အောင်ဇေယျ/People's Spring

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်ရှိ ကံထူးမကျေးရွာစခန်းသိမ်းတိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ရွာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သတင်းရရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ၂၁ ရက် နံနက်အစောက တန့်ဆည် မြို့နယ်၊ ကံထူးမကျေးရွာရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များက သွားရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ စစ်ကောင်စီက လေကြောင်းပစ်ကူပေးသည့်ကြားမှ တော်လှန်ရေးအဖွဲ့များကစခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

စခန်းအား ကာကွယ်ရေးတပ်ဖွဲ့များက နံနက် ၂ နာရီမှစတင်တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့ဖျက်ဆီးခြင်းဖြစ်သည်။စစ်ကောင်စီကလည်း ဖေဖော်ဝါရီ ၂၁ ရက် နံနက် ၈ နာရီ ၁၂ မိနစ်အထိ ဂျက်ဖိုက်တာ နှစ်စီးဖြင့် အကြိမ်ရေများစွာပစ်ခတ်၊ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်းPDF တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်မှ ၃၀ ဦးဝန်းကျင်သေဆုံးပြီး လက်နက် ၂၀ ခန့်သိမ်းဆည်းရရှိကြောင်း တော်လှန်ရေးအဖွဲ့များကပြောသည်။အဆိုပါတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ဒဏ်ရာပြင်းထန်သည့် ရဲဘော် လေးဦး ကျဆုံးခဲ့ကြောင်း တန့်ဆည်အခြေစိုက်(ပကဖ) ရဲဘော်တစ်ဦးက ပြောသည်။

"စခန်းက ရတယ်။ ရတဲ့အချိန်မှာဒိီကောင်တွေက မြေပြင်စစ်ကြောင်းကော ဝေဟင်ကော ကံထူးမကိုလာတာ။ အဲအချိန်မှာ တိုက်ပွဲအပြင်းအထန် ဆက်ဖြစ်တာ။ သူတို့ဘက်ကလည်း အကျအဆုံးများတယ်။ ကျွန်တော်တို့ဘက်ကတော့ ဒဏ်ရာရပြီး ကျဆုံးတာအပါအဝင် ရဲဘော် လေးဦးကျတယ်။ အဲစစ်ကြောင်းက အခုကံထူးမမှာပဲရှိသေးတယ်။"ဟု ပကဖရဲဘော်က ပြောသည်။

ကံထူးမကျေးရွာသို့ စစ်ကောင်စီစစ်ကြောင်းအပြင် ကန့်ဘလူနယ်ဘက်မှ သင်္ကန်းဝတ် လက်နက်ကိုင် ဝါသဝ၏ ပျူစောထီးအဖွဲ့များလည်း ရောက်ရှိနေကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများထံမှ သိရသည်။

အဆိုပါ စစ်ကြောင်းများသည် ဖေဖော်ဝါရီ ၂၃ ရက် ညနေပိုင်းတွင် ကံထူးမကျေးရွာရှိ နေအိမ်အများအပြားအား နှစ်ဖွဲ့ခွဲကာ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကံထူးမနယ်မြေရဲစခန်းရှိသည့် ကံထူးမရွာသည် တန်ဆည်နှင့် ရေဦး မြို့ကြား၌ သည်ရှိသည်။

ထို့ကြောင့် တန့်ဆည်နယ်ရှိ ကျေးရွာ ၂၀ ကျော်မှ ပြည်သူထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သတင်းရရှိသည်။ ရဲစခန်းသိမ်းတိုက်ပွဲဖြစ်ပွားစဥ်ကတည်းက ကျေးရွာ ၁၀ ရွာခန့်ထွက်ပြေးရာမှ စစ်တပ်နှင့် ပျူစစ်ကြောင်းထပ်မံရောက်လာပြီး အကြမ်းဖက်နေသောကြောင့် ပြည်သူများထပ်မံထွက်ပြေးနေရခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

(ကံထူးမရွာရှိ နေအိမ်များအား စစ်တပ်က မီးရှို့ဖျက်ဆီးသွားစဥ်။ (ဓာတ်ပုံ-Local PDF)

People's Spring
SSNTIMES

4 months, 2 weeks ago
SSN Times - ဖက်ဒရယ် စစ်ကိုင်းတိုင်း သတင်းစဉ်
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago