ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago
စိတ်ကျန်းမာရေး ဂရုစိုက်ပေးပါ
-People's Spring
❖ကိုယ့်ရဲ့ စိတ်အခြေအနေ၊ စိတ်ခံစားချက်တွေက ဘာတွေ ဖြစ်နေသလဲ ဆိုတာ သိပ်အရေးကြီးပါတယ်။ မျက်ကွယ် ပြုထားမိတာမျိုး ဘယ်တော့မှ မဖြစ်ပါစေနဲ့။
❖ပဋိပက္ခအကြောင်း သတင်းတွေနဲ့ အဆက်မပြတ် ထိတွေ့မိနေပြီဆိုရင် ကိုယ့်ကိုယ်ကိုယ် ပြန်စစ်ဆေးဖို့ လိုပါတယ်။ အစိုးရိမ်ကြီးလာသလား၊ စိတ်ပူပန်မှုတွေ များနေသလား၊ ဒေါသကြီးလာသလား၊ ဒါမှမဟုတ် ဝမ်းနည်းပူဆွေးလွယ်နေသလား၊ ဒါမှမဟုတ် တခြားဘာတွေ ဖြစ်နေသလဲ ဆိုတာမျိုးပေါ့။ ကိုယ့်ရဲ့ အပြုအမူတွေ ပြောင်းလာသလား၊ မျက်ရည်လွယ်လာသလား၊ ခေါင်းကိုက်တာတွေ၊ ဗိုက်နာတာတွေ၊ အိပ်မက်ဆိုးမက်တာတွေ၊ အိပ်ပျော်ဖို့ ခက်ခဲတာတွေကအစ လက္ခဏာတိုင်းက အရေးကြီးပါတယ်။
❖ကိုယ့်ရဲ့ စိတ်ကျန်းမာရေးကို အသက်ပြင်းပြင်း ရှူသွင်း၊ ရှူထုတ်တာတွေကို ၅ စက္ကန့်လောက်ခြားတဲ့ အသက်ရှူ လေ့ကျင့်ခန်းမျိုး လုပ်တာ၊ လက်ရှိ ခံစားနေရတာတွေကို စာစီပြီး ချရေးထားတာတွေ ဖြစ်သင့်ပါတယ်။
❖ကိုယ့်ကိုယ်ကိုယ် ပျော်အောင်နေမယ်၊ အကောင်းမြင်မယ် ဆိုတာမျိုးတွေ အတင်းအကျပ် လုပ်ယူတာဟာ အခြေအနေကို ပိုဆိုးသွားစေတတ်တယ် ဆိုတာကို သတိပြုသင့်ပါတယ်။ ကိုယ်တိုင်က ခက်ခဲတဲ့ စိတ်ခံစားချက်တွေ ကြုံနေရပြီ ဆိုတာကို သတိပြုမိရင် ‘ငါစိုးရိမ်နေတယ်၊ ငါကြောက်နေတယ်၊ ဒါပေမဲ့ ဒါတွေက ငါမကျော်လွှားနိုင်တဲ့ အရာတွေ မဟုတ်ဘူး။ ဒါဟာ ခက်ခဲတဲ့ ကာလဖြစ်တယ်။ ငါစိတ်ထိခိုက်တယ် ဆိုတာက အမှားမဟုတ်ဘူး’ ဆိုတာမျိုး တွေးတောသင့်ပါတယ်။
❖ပြီးတော့ ကိုယ်ယုံကြည်ရတဲ့သူ တစ်ဦးဦးနဲ့ ရင်ဖွင့် ဆွေးနွေးပါ။ ဒေါသတွေ၊ စိုးရိမ်စိတ်တွေ၊ ဝမ်းနည်းကြေကွဲမှုတွေကို တစ်ယောက်တည်း မျိုသိပ်ထားပြီး ကိုင်တွယ်နေဖို့ ဆိုတာက လွယ်တဲ့ကိစ္စ မဟုတ်ပါဘူး။ မိတ်ဆွေ သူငယ်ချင်း၊ မိဘ၊ ဆရာသမား၊ ဒါမှမဟုတ် စိတ်ချရတဲ့ တခြားအရွယ်ရောက်ပြီးသူ တစ်ယောက်ယောက်ကို ကိုယ့်ခံစားချက်တွေ မျှဝေ ပြောပြသင့်ပါတယ်။ သူတို့က ကိုယ့်အတွက် အကူအညီတချို့ ပေးနိုင်ပါတယ်။
❖ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်သင့်ပါတယ်။ ခန္ဓာကိုယ်ရဲ့ လှုပ်ရှားမှုတွေဟာ စိတ်ခံစားချက်တွေကို အစီအစဉ်တကျ ကိုင်တွယ်ရာမှာ အထောက်အကူ ဖြစ်စေပါတယ်။ အိမ်ပြင်ထွက်ပြီး လမ်းလျှောက်တာ၊ ကိုယ်နှစ်သက်တဲ့ သီချင်းဖွင့်ပြီး ကခုန်တာ၊ သူငယ်ချင်းတွေနဲ့အတူတူ အားကစားနည်း တစ်ခုခု ကစားတာ၊ ဒါမှမဟုတ်လည်း တခြားပုံစံနဲ့ ကိုယ်လက်လှုပ်ရှား တစ်ခုခု လုပ်တာမျိုးက စိတ်ခံစားချက်တွေကို ထိန်းညှိပေးရာမှာ အထောက်အကူ ဖြစ်စေသလို နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်အောင်လည်း ကူညီပေးပါတယ်။
People's Spring
SSNTIMES
Daily Highlight 2
December 25 (09:30 PM)
- ရွှေဘိုနယ်အတွင်း စစ်တပ်က ဆန် စပါးနှင့် စက်သုံးဆီသယ်ယူခွင့် တင်းကြပ်ထား၊ စစ်တပ်ဂိတ်များမှ ကုန်ပစ္စည်းသယ်ယူခွင့်ပြေစာပါသော်လည်း ငွေကြေးတောင်းခံနေပြီး ဆန်ကိုမူ သယ်ယူခွင့်ပြောစာမပါလျင် လုံးဝ သယ်ယူခွင့်မပေး၊ မြစ်ကြီးနားဘက်သို့ ဆန်နှင့် စက်သုံးဆီသယ်လျင် ဖမ်းဆီးမည်ဟု ခြိမ်းခြောက်နေကြောင်း ဒေသခံများထံမှ သိရ။
- ငသိုင်းချောင်း၊ ကျုံပျော်နှင့် မြို့နယ်အတွင်းကျေးရွာများမှ ပြည်သူ့စစ်များကို လက်နက်တပ်ဆင်ရန် စစ်တပ်က အပူတပြင်းစီစဉ်နေ၊ ဂွမြို့မှတဆင့် ဧရာဝတီတိုင်းအတွင်း AA တို့ ဝင်ရောက်လာပါက ခုခံရန်ပြင်ဆင်ခြင်းဖြစ်ကြောင်း တပ်တွင်းသတင်းရင်းမြစ်ထံမှသိရ။
- သာလွန်မင်း ဟု အမည်ပေးထားသော ဖရီးဂိတ်စစ်သင်္ဘော ရေချပွဲအခမ်းအနားကို ယမန်နေ့က သန်လျင်ရေတပ် သင်္ဘောကျင်းတွင် ကျင်းပခဲ့ကြောင်း စကစဝါဒဖြန့်သတင်းများတွင် ဖော်ပြ၊ အလျား ၁၃၅ မီတာရှည်ပြီး ရေတပ်တွင် အကြီးဆုံးစစ်သင်္ဘောဖြစ်ကြောင်း ကြွားနေကြသော်လည်း KIA နှင့် AA တို့က စစ်တပ်၏ သင်္ဘော ၁၇ စီးကို ဖျက်စီးထားနိုင်ခဲ့ကြောင်း သိရ။
- ဒီဇင်ဘာ ၂၃ ရက်နေ့ မွန်းလွဲပိုင်းက မန္တလေး-မုံရွာလမ်းအတိုင်း မောင်းနှင်လာသော သံပြားကာ ကား ၆စီးပါသည့် စခကားတန်းကို တော်လှန်ရေးအဖွဲ့များက ခင်မွန်ရွာအနီးတွင် မိုင်းဆွဲတိုက်ခိုက်၊ စခများ ထိခိုက်မှုရှိပြီး ခင်မွန်ရွာရှိ ရွှေမြင့်မိုရ်ဆေးရုံတွင် ဝင်ရောက် ကုသသွားကြကြောင်း BLDF မိုင်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။
- ဒီဇင်ဘာ ၂၀ ရက်နေ့က အုတ်ဖိုနယ်ရှိ စျေးဆိုင်များကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ မှ ရှောင်တခင် ဝင်ရောက်စစ်ဆေးပြီး စစ်တပ်ထုတ် အရက်နှင့်ဘီယာရောင်းချနေမှုများတွေ့ရှိရ၍ အရေးယူဖျက်စီး၊ ဆိုင်ပိုင်ရှင်များကို စစ်တပ်ထုတ်ကုန်များ ရောင်းချခြင်းမပြုရန် သတိပေးခဲ့ကြောင်း သိရ။
- ယနေ့မွန်းလွဲပိုင်းက ပခုက္ကူနယ် ညောင်ဂျစ်ပင်နှင့် ရေလာလေးရွာတို့မှ စခများက ကမ္မမြို့ပေါ်သို့ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် မြို့ပေါ်နှင့် အနီးဝန်းကျင်မှ သောင်းနှင့်ချီသော ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ၊ နေအိမ်ဖျက်စီးခံရမှု ဖမ်းဆီးခံရမှုအခြေအနေမသိရသေးကြောင်း ဒေသခံများထံမှ သိရ၊ ထို့ပြင် ယနေ့မနက်ပိုင်းက ဘုတလင်နယ်ကို စခများဝင်ရောက်လာပြီး ဒေသခံများ လမ်းသွားလမ်းလာများ စုစုပေါင်း ၅၀ ခန့်ကို ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ်အသုံးချကာ စစ်ကြောင်းထိုးနေသဖြင့် ဒေသခံများ သတိဖြင့်နေထိုင်ကြရန် ဒေသခံကာကွယ်ရေးအဖွဲ့များ သတိပေးထား။
- ယနေ့မွန်းလွဲပိုင်းက တောင်သာနယ် ဇရပ်ကြီးရွာ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းမှ ၂ ကြိမ်တိုင် အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အမျိုးသမီး၂ဦး ဒဏ်ရာအနည်းငယ်ရရှိပြီး စာသင်ကျောင်းအဆောက်အအုံများ ပျက်စီးသွားကြောင်း သိရ။
- ယမန်နေ့က ကော့မှူးနှင့် ရွှေဘိုမြို့နယ်များမှ တပ်သားသစ်အဖြစ် မတရားစုဆောင်းခံထားရသော တပ်သားသစ်နှစ်ဦး လက်နက်မဲ့ အလင်းဝင်လာကြောင်း တောင်သူဦးကြီးများအဖွဲ့ PDF တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော၊ ထို့ပြင် ဒီဇင်ဘာ ၂၂ ရက်နေ့ကလည်း ထီးလင်းမြို့ရဲစခန်းမှ ရဲတပ်သားတစ်ဦး မိသားစုနှင့်အတူ သေနတ်တစ်လက် ခဲယမ်းအချို့နှင့်အတူ အလင်းဝင်လာသဖြင့် သိန်း ၅၀ ဆုချီးမြှင့်ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးထားကြောင်း ထီးလင်းပကဖမှ တာဝန်ရှိသူတစ်ဦးပြော။
- ယနေ့မနက်ပိုင်းက နတ်မောက်နယ် ရုံးပင်ကွက်ရွာသား အသက် ၆၀ အရွယ် ဦးမောင်ဆန်းကို ဆိတ်ကျောင်းနေစဉ် စစ်ခွေးများက အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်ပြီး ရုပ်အလောင်းတွင် ဝါယာကြိုးများဖြင့် မိုင်းဆင်ထားသဖြင့် အလောင်းမကောက်နိုင်သေးကြောင်း၊ ဒေသခံများလည်း ထွက်ပြေးနေရကြောင်း သိရ။
- ချင်းပြည်ကောင်စီ၏ မိမိတို့အပေါ် ဂုဏ်ပြုကြေညာချက်ကို ကြိုဆိုကြောင်း ချင်းညီနောင်အဖွဲ့ တုံ့ပြန်၊ ချင်းတော်လှန်ရေးတပ်များအချင်းချင်း အသိအမှတ်ပြုခြင်းမှာ ကောင်းမွန်ကြောင်း ချင်းညီနောင်မှ ဆလိုင်းယောမာန်ပြော။
- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)
- မံစီနယ် ၁၀ ကြိမ်
- ဗန်းမော်နယ် ၂ ကြိမ်
- နွားထိုးကြီးနယ် ၁ ကြိမ်
(ရခိုင်၊ ကချင်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်း နှင့် ကရင်နီဒေသများတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)
#Thadinsubue
Crd to original uploader with respect
Daily Highlight 1
December 25 (09:30 PM)
- ဒီဇင်ဘာ ၂၃ ရက်နေ့မှစတင်ပြီး လောင်းလုံနယ် ကျောက်နီမော်ရှိ စခစခန်းကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်၊ ယမန်နေ့ကအထိ ၂ရက်ဆက် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်တပ်က မြေပြင်မှသာမက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သည့်အပြင် ရေကြောင်းမှလည်း တိုက်ခိုက်ရေး ရေယာဉ်များအသုံးပြုကာ ကြည်း၊ရေ၊လေ အင်အားကုန်သုံး ခုခံနေကြောင်း၊ တိုက်ပွဲအခြေအနေ အသေးစိတ်မသိရသေးကြောင်း ဒေသခံများထံမှ သိရ။
- "ဒီတကြိမ်မှာ စစ်အာဏာရှင်စနစ် အပြီးသတ် ချုပ်ငြိမ်းရမယ်ဆိုတဲ့ တော်လှန်ရေးယုံကြည်ချက်နဲ့ အင်အားစုစုအသီးရဲ့ လက်တွဲတိုက်ပွဲဝင်မှုတွေကြောင့် သမိုင်းတလျှောက် စစ်တပ်အတွက် အကြီးမားဆုံး ဆုံးရှုံးမှုအဖြစ်နဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ ကျဆုံးခဲ့ပြီဖြစ်ပါတယ်။ မကြာခင်မှာ နောက်ထပ်တိုင်းစစ်ဌာနချုပ်တွေ ကျဆုံးတော့မယ့် အခြေအနေကို ရောက်ရှိနေပါပြီ။ နိုင်ငံတဝန်းက မြို့ပေါင်း (၉၀) ထက်မနည်းဟာ စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်ခဲ့ပြီဖြစ်ပါတယ်"
NUG ယာယီသမ္မတ ဒူဝါလရှီးလ ၏ ပြည်သူထံသို့ ပေးပို့သည့် ခရစ္စမတ်ဆုတောင်းစကားမှ ကောက်နှုတ်ချက်။
- ဒီဇင်ဘာ ၂၃ ရက်နေ့က သရက်ခရိုင်တွင် စရဖတပ်မှ တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားတစ်ဦး သေနတ်နှစ်လက်နှင့် ခဲယမ်းအချို့ယူဆောင်လာပြီး သရက်ခရိုင် တပ်ရင်း ၄ ထံ အလင်းဝင်လာကြောင်း သိရ။
- စစ်တပ်အနေဖြင့် နိုင်ငံတော်အာဏာကို မတရားသဖြင့် ရယူထားခြင်းဖြစ်၍ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲကို ဦးစီးကျင်းပပိုင်ခွင့် မရှိကြောင်း၊ ကျင်းပဖြစ်ခဲ့ပါကလည်း အဆိုပါရွေးကောက်ပွဲရလဒ်မှာ တရားမဝင်ကြောင်း၊ လူထုကို လက်နက်ဖြင့် ခြိမ်းခြောက်မဲထည့်ခိုင်းသော ရွေးကောက်ပွဲမှ ဟန်ပြသာဖြစ်ကြောင်း၊ အဆိုပါရွေးကောက်ပွဲကြောင့် လူထု၏ နွေဦးတော်လှန်ရေးမှာ ရပ်တန့်သွားရန်မရှိကြောင်း၊ ထို့ပြင် အဆိုပါနည်းလမ်းမှာ မြန်မာ့နိုင်ငံရေးပြဿနာ၏ စစ်မှန်သောအဖြေမဟုတ်ကြောင်း၊ စစ်တပ်က နိုင်ငံရေးတွင် ပါဝင်နေသမျှ ဖက်ဒရယ်ဒီမိုကရေစီနှင့် အလှမ်းဝေးနေဦးမည်ဖြစ်ပြီး တော်လှန်ရေးမှာလည်း အရှိန်အဟုန်ဖြင့် ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ကံကြမ္မာကို ပြည်သူလူထုကသာ အဆုံးအဖြတ်ပေးမည်ဖြစ်ပြီး မည်သည့်ချယ်လှယ်ကြိုးကိုင်မှုမျိုးကိုမှ လက်မခံနိုင်ကြောင်း၊ ပြဌာန်းထားသော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်နှင့်အညီ လူထုက ဒီမိုကရေစီစနစ်ပေါ်ပေါက်ရေး ကြိုးစားသွားမည်ဖြစ်ကြောင်း NUG အစိုးရနှင့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တို့ ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်။
- အမြန်လမ်းမကြီးပေါ်တွင် PDF များက ရှောင်တခင်စစ်ဆေးမှုများပြုလုပ်ပြီးနောက် စစ်တပ်က ဒီဇင်ဘာ ၂၃နှင့် ၂၄ နှစ်ရက်ဆက်တိုက် နွားထိုးကြီးနယ် ဒေါင့်ဘိုးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်၊ ၂၃ ရက်နေ့တိုက်ခိုက်မှုတွင် ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး ယမန်နေ့က ဒေါင့်ဘိုးရွာအပြင် မြိုင်သာရွာကိုပါ ထပ်မံတိုက်ခိုက်၊ ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း မြင်းခြံခရိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးပြော။
- တီးတိန်နယ် စီယင်းဒေသမှ ဘိန်းစိုက်ခင်း ၃ ဧကကို CDF CDM SIYIN တပ်ဖွဲ့မှ ဖျက်စီး၊ ပြည်သူများက စားဝတ်နေရေး ကြပ်တည်းလွန်းသောကြောင့် စိုက်ပျိုးကြခြင်းဖြစ်သော်လည်း လက်ခံပေး၍ မရကြောင်း၊ ကျန်စိုက်ခင်းများကိုလည်း ဆက်လက်ဖျက်စီးမည်ဖြစ်ကြောင်း၊ CDF CDM SIYIN စိုးမိုးဒေသတွင် ဘိန်းစိုက်ပျိုးခြင်း ကင်းစင်စေရေး စီမံကိန်းချမှတ်ထားပြီး အကောင်အထည်ဖော်သွားမည်ဟု CDF CDM SIYIN စစ်ဦးစီးချုပ် ထောင်းပူ ပြော။
- ပေါက်ခေါင်းနယ် နတ္တလင်းရွာမှ စစ်တပ်ဒေါက်တိုင်သတင်းပေးဒလံ ခင်စိုး ဆိုသူကို ပြည်ခရိုင် တပ်ရင်း ၃၆၀၁ မှ ရဲဘော်များက နေအိမ်အတွင်း ဝင်ရောက်ရှင်းလင်းခဲ့ကြောင်းသိရ။
- ယမန်နေ့ညပိုင်းက ချောင်းဦးမြို့မရဲစခန်းမှ ကင်းလှည့်ထွက်လာသော စခများကို တော်လှန်ရေးအဖွဲ့များက မြို့ထဲတွင်ပင် မိုင်းဆွဲတိုက်ခိုက်၊ စခ ၈ ကောင် ဒဏ်ရာအပြင်းအထန်ရ၊ သေဆုံးနိုင်ခြေများကြောင်း၊ ထို့ပြင် ယနေ့မနက်ပိုင်းကလည်း မုံရွာနယ် မုံရွေးတိုးဂိတ်အနီး ကင်းပုန်းဝပ်နေသော စခ နှစ်ကောင်ကို ထပ်မံမိုင်းဆွဲတိုက်ခိုက်၊ စခ ၁ ကောင် သေဆုံးကြောင်း ချောင်းဦးမြို့နယ် ပကဖမှ တာဝန်ရှိသူတစ်ဦးပြော။
- ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ (PNFC) ၊ မွန်ပြည်သစ်ပါတီ-စစ်အာအာရှင်ဆန့်ကျင်ရေး (NMSP-AD)နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့က နပခ အား သိမ်းပိုက်နိုင်ခြင်းနှင့်အတူ မကြာမီကာလတွင် ရခိုင်တစ်ပြည်လုံးရှိ စစ်ကောင်စီတပ်များ ကင်းစင်ပပျောက်သွားအောင် အာရက္ခတပ်တော် (AA) ၏ ဆက်လက်တိုက်ပွဲဝင်မှုနှင့် ရဲစွမ်းသတ္တိကို ဂုဏ်ပြုကြောင်း၊ တစ်နိုင်ငံလုံး လွတ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေသော AA ခေါင်းဆောင်များ၏ နိုင်ငံရေးအမြင်ကျယ်မှုကို ဂုဏ်ယူပါကြောင်း ဂုဏ်ပြုသဝဏ်လွှာ ပေးပို့။
#Thadinsubue
Crd to original uploader with respect
ဆားလင်းကြီးမြို့မရဲစခန်းနှင့် အထွထွေအုပ်ချုပ်ရေးမှူးရုံးကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက် ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၁၉
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့ပေါ်ရှိ မြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိ နိုင်ကြောင်း Monywa Inventor အဖွဲ့တိုက်ခိုက်ရေးခေါင်းဆောင် မိုးသောက်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် ဆားလင်းကြီးမြို့ပေါ်ရှိ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဆားလင်းကြီး မြို့မရဲစခန်းနှင့် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်ကို ၆၀ မမ၊ ၆၀ မမ၊ ၈၀ မမ လက်နက်ကြီး အလုံး ၄၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထို့အပြင် လက်နက်ငယ်များဖြင့်လည်း အနီးကပ်အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ ကြောင်း သိရ သည်။
“လက်နက်ကြီးအလုံးပေါင်း ၄၀ ပစ်ခဲ့တာပါ။ လက်နက်ငယ်တွေနဲ့လည်းအပြန်အလှန် ပစ်ခတ် တိုက်ပွဲဖြစ်ပါတယ်။ သူတို့ဘက်ကလည်း ဒရုန်းတွေနဲ့ အဖူးတွေချတယ်၊ လက်နက်ငယ်တွေနဲ့ လည်း ပြန်ပစ်တာရှိတယ်။ စခအသေအပျောက်အထိအခိုက်များတယ်။ အရေအတွက်အတိအကျ မသိရ သေးဘူး” ဟု Monywa Inventor အဖွဲ့တိုက်ခိုက်ရေးခေါင်းဆောင် မိုးသောက်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Monywa Inventor အဖွဲ့နှင့် မဟာမိတ်ညီနောင်များဖြစ်သော Tripple Two ၊ ချင်းတွင်း ဒိုင်းနမိုက်အဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ဓာတ်ပုံ - ဆားလင်းကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်များကို ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
KhitThitMedia
SSNTIMES
အိပ်၍မရသောဝေဒနာ(ကျန်းမာရေးပညာပေး အသံလွှင့်ဆောင်းပါး)
ဆောင်းပါးရှင် – ဒေါက်တာမိုးသစ်နေ
(ဧရာ၀တီတိုင်းမ်၊ ဒီဇင်ဘာ ၁၈ ရက်)
ဧရာဝတီတိုင်းမ် သတင်းဌာနက အပတ်စဉ် တင်ဆက်နေတဲ့ (ကျန်းမာရေးအသိပညာပေးကဏ္ဍ) ကနေ ကြိုဆိုပါတယ်။ ဒီတစ်ပတ်မှာတော့ ဆောင်းပါးရှင်ဒေါက်တာမိုးသစ်နေရဲ့ "အိပ်၍မရသောဝေဒနာ"ကျန်းမာရေးဆောင်းပါးကို အသံလွှင့် တင်ဆက်ထားပါတယ်။
အိပ်မပျော်တဲ့ ညတွေ ကို ဖြတ်ကျော်ရတာ တကယ်ကို ပင်ပန်းလွန်းပါတယ်။ နေ့အချိန်မှာလည်း ညအိပ်မရခြင်းကြောင့် လန်းလန်းဆန်းဆန်းမရှိဘဲ အလုပ်တွေမပြီးနိုင် စွမ်းဆောင်ရည်တွေ ကျဆင်းနေရပါတယ်။ ဒီလိုအဖြစ်တွေက စစ်နဲ့ပဋိပက္ခကာလမှာ လူတိုင်းကြုံတွေ့နေတဲ့ အရာလို့ စာရေးသူက ဆိုပါတယ်။
အိပ်မပျော်ခြင်း အိပ်ရေးပျက်ခြင်းကြောင့် မိမိရဲ့စိတ်အခြေအနေကို တည်ငြိမ်အောင်ထိန်းချုပ်ဖို့ခက်ခဲလာပြီး စိတ်တိုစိတ်ဆက် ဒေါသဖြင့်တုံ့ပြန်မိတာမျိုးတွေအပြင် စိတ်ဓာတ်ကျခြင်း၊ စိတ်ဂနာမငြိမ်ခြင်း နှင့် မူးယစ်အနွယ်ဝင်ဆေးများ သုံးမိခြင်းတွေပါ ကြုံလာရနိုင်ပါတယ်လို့ ဒေါက်တာမိုးသစ်နေက ရှင်းပြပေးထားပါတယ်။
#ကျန်းမာရေးအသိပညာပေးကဏ္ဍ #အိပ်၍မရသောဝေဒနာ #ကျန်းမာရေးအသံလွှင့်ဆောင်းပါး #Ayeyarwaddy_Times
SSNTIMES
မုံရွာမြို့သို့ မှတ်ပုံတင်သွားလုပ်သည့် ကနီမြို့နယ်မှ လူငယ်များဖမ်းဆီးခံနေရ
ဇေအောင်/People's Spring
စစ်ကိုင်းတိုင်း၊ မုံရွာမြို့သို့ မှတ်ပုံတင်သွားလုပ်သည့် ကနီးမြို့နယ်မှ လူငယ်များ စစ်မှုထမ်းရန် ဖမ်းဆီးခံရကြောင်း သတင်းရရှိသည်။
ဒီဇင်ဘာ ၁၇ရက် နံနက် ၁၀နာရီခန့်က ကနီမြို့နယ်၊ လက်ပံစုရွာမှ မုံရွာသို့ လိုင်းကားဖြင့်လိုက်ပါသွားသော အသက်(၁၈)နှစ်နှင့် အသက်(၁၉)နှစ်အရွယ် လူငယ်အမျိုးသား(၂)ဦးအား မုံရွာမြို့၊ အဝိုင်းပတ်ရှိ စစ်ကောင်စီတပ်က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုဦးဆောင်သူ ကိုပြည့်အောင်နိုင်က ပြောသည်။
ထို့အပြင် ရွာသာရွာနှင့် ဝက်ချောင်းကြီးကျေးရွာမှ မုံရွာမြို့သွားသော ကားပေါ်တွင်လည်း အသက် ၁၉ နှစ်၊ ၂၀ နှစ်နှင့် ၂၈ နှစ်အရွယ် ၃ ဦးအပါအဝင် လူငယ်အမျိုးသား ၅ ဦး ထပ်မံဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံများက ပြောသည်။
ဖမ်းဆီးခံရသူလူငယ်များမှာ မှတ်ပုံတင်ပြုလုပ်ရန်အတွက် မုံရွာမြို့သို့သွားရင်း ဖမ်းဆီးခံလိုက်ရသူများဖြစ်ကြောင်း ကနီမြို့နယ် နွေဦးတော်လှန်ရေးသပိတ်အင်အားစုဦးဆောင်သူ ကိုပြည့်အောင်နိုင်က ပြောသည်။
"ဒီရက်မှာ စကစ က မဖမ်းတော့ နောက်ရက်ကျ အုံလိုက်ကျင်းလိုက်မုံရွာသွား မှတ်ပုံတင် လုပ်ကြတာ။ အဲ့ဒီမှာ စပြီး စစ်မှု့ထမ်းဖို့ ဖမ်းတာ။"ဟုကိုပြည့်အောင်နိုင်က ဆိုသည်။
ကနီမြို့နယ်၌ စစ်ကောင်စီယန္တရားပျက်သွား၍ မှတ်ပုံတင်ပြုလုပ်၍မရသောကြောင့် မှတ်ပုံတင်မဖြစ်မနေလိုအပ်သူများက မုံရွာမြို့ပေါ်အထိ သွားရောက်လုပ်ကိုင်နေရပြီး မှတ်ပုံတင်တစ်ခုလျှင် ကျပ်၈သောင်းမှ တစ်သိန်းခွဲအထိ ကုန်ကျနေကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာအတွင်းကလည်း ချင်းတွင်းမြစ်အထက်ပိုင်းသို့ ဆန်တက်မည့်ရေယာဥ်များပေါ်မှ လူငယ်အများအပြားကိုလည်း စစ်ကောင်စီတပ်က စစ်မှုထမ်းရန် ဖမ်းဆီးခေါ်ဆောင်ခဲ့သေးသည်။
အဘက်ဘက်ကရှုံးနိမ့်နေသော အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်မှုထမ်းအပတ်စဥ်(၈)အား စတင်ရန်ကြိုးစားနေသော်လည်း လူမပြည့်သေး၍ ရန်ကုန်၊ မန္တလေး မြို့ကြီးများအပါအဝင်ဒေသအသီးသီး၌ လူငယ်များအား စစ်မှုထမ်းရန်အဓမ္မဖမ်းဆီးမှုများ ပြုလုပ်နေသည်။
People's Spring
SSNTIMES
Daily Highlight 2
December 12 (09:30 PM)
- ဗန်မော်၊ မံစီနှင့် ဗန်းမော်-မိုးမောက်ကြားတွင် တိုက်ပွဲများဆက်လက်ပြင်းထန်နေ၊ ဗန်းမော်တိုက်ပွဲ ၉ ရက်မြောက်နေ့တွင် ဗန်းမော်မြို့ ၇၅% ခန့်ကို ထိန်းချုပ်နိုင်ခဲ့ပြီး စကခ ၂၁ နှင့် ခလရ ၄၇ တို့ကို အပြင်းအထန်ထိုးစစ်ဆင်နေ၊ မံစီတွင်လည်း လက်ကျန်စစ်စခန်းများကို ဆက်လက်တိုက်ခိုက်နေ၊ ဗန်းမော်-မိုးမောက်ကြားတွင် တိုက်ပွဲများ ဖြစ်ပွားပြီး စခ ထိခိုက်သေဆုံးမှု၊ အရှင်ဖမ်းဆီးရမိမှုများရှိကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရ။
- ယမန်နေ့ ညနေပိုင်းက မတ္တရာမြို့အနောက်မြောက်ဘက်ရှိ စခများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် စကျင်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး အမျိုးသားတစ်ဦး အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်း၊ ထို့ပြင် မတ္တရာနယ်အနောက်ခြမ်း မြစ်ဘေးကျေးရွာများကို စစ်ကြောင်းထိုးမွှေနှောက်ပြီး မီးရှို့နေကြောင်း Wetlet Information Network မှ သတင်းထုတ်ပြန်။
- လောင်းလုံနယ်တွင် စခများက ဆိုင်ကယ်တစ်စီးကို တားစီးစစ်ဆေးစဥ် ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသဖြင့် လိုက်လံပစ်ခတ်ဖမ်းဆီး၊ နောက်တွင်ကျန်ခဲ့သော စခများက ၄၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ လိုက်လံပစ်ခတ်နေသော စခများကို ထိမှန်ပြီး စခ ၁ ကောင် သေ၊ ၂ ကောင် ဒဏ်ရာရသွားကြောင်း လောင်းလုံ ပကဖ တာဝန်ရှိသူတစ်ဦးထံမှ သိရ။
- ယနေ့မနက်ပိုင်းက ဝက်လက်နယ် ဟံလင်းမြို့ဟောင်းတွင် တပ်စွဲထားသော စခများကို တော်လှန်ရေးအဖွဲ့များက Drone ဖြင့် ဗုံးသီးချတိုက်ခိုက်၊ စခ ၂ ကောင် သေဆုံးကြောင်း ဇာမဏီဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။
- ပြီးခဲ့သည့်လပိုင်းက တရုတ်ဘက်က တစ်ဖက်သတ်ပိတ်ပင်ခဲ့သော လွယ်ဂျယ် နယ်စပ်ဂိတ်ကို ယခုအခါ တရုတ်ဘက်မှပင် တစ်ဖက်သတ် ပြန်လည်ဖွင့်လှစ်၊ ထို့သို့ ဖွင့်လှစ်သော်လည်း နယ်စပ်ဒေသကို ထိန်းချုပ်ထားသော KIA က ဖွင့်မပေးသေးဘဲ ပြန်လည်ပိတ်ပင်ထားကြောင်း ဒေသခံများထံမှ သိရ။
- ယမန်နေ့က စလင်းနယ် စည်ဆွဲလမ်းဆုံအနီးတွင် စခများလိုက်ပါလာသော ကားကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်၊ စခ ၆ ကောင်သေ၊ ၁၁ ကောင် ဒဏ်ရာကြောင်း၊ ယနေ့နေ့လည်ပိုင်းတွင် အဆိုပါနေရာအနီးကို စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်ပြီး ပြည်သူထိခိုက်မှုအခြေအနေ မသိရသေးကြောင်း ဒေသခံများပြော။
- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)
- မင်းတပ်နယ် ၃ ကြိမ်
- ဗန်းမော်နယ် ၁ ကြိမ်
- ပုလဲနယ် ၂ ကြိမ်
- စလင်းနယ် ၁ ကြိမ်
(ရခိုင်၊ ကချင်၊ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ချင်း နှင့် ကရင်နီဒေသများတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)
#Thadinsubue
Crd to original uploader with respect
Daily Highlight 1
December 12 (09:30 PM)
- နိုင်ငံခြားငွေ အသည်းအသန်လိုအပ်နေသော စကစ က ပြည်ပရောက် မြန်မာအလုပ်သမားများကို လစာ၏ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းသို့ မဖြစ်မနေပြန်လွှဲရန် ဖိအားပေးထားရာမှ ယခုအခါ အဆိုပါအစီအစဥ်ကို ပိုမိုအကောင်အထည်ဖော်နိုင်ရန် ငွေလွှဲအေဂျင်စီ ၁၆ ခုကို လိုင်စင်ထုတ်ပေးပြီး သက်ဆိုင်ရာနိုင်ငံများသို့ စေလွှတ်၊ အဆိုပါ အေဂျင်စီများအသုံးပြုပြီး ငွေလွှဲပါက မိမိတို့ငွေကြေးများ စကစ ထံ စီးဆင်သွားမည်ဖြစ်သဖြင့် အသုံးမပြုမိစေရန် စကစလက်အောက်ခံ အလုပ်သမားဝန်ကြီးဌာနမှ ဖရဲသီးဝန်ထမ်းတစ်ဦး သတိပေး။
- ရွှေတောင်နယ်တွင် ဘုရားသုံးဆူဘုရားပွဲလာသော လူငယ်များကို စစ်တပ်က ပေါ်တာဆွဲ၊ ၂ ရက်အတွင်း လူငယ် ၁၇ ဦး ပေါ်တာဆွဲဖမ်းဆီးခံရကြောင်း ဒေသခံများပြော၊ ထို့ပြင် အုတ်ဖိုနယ်တွင်လည်း CDM ပြုလုပ်ပြီး ရှောင်တိမ်းနေရသည့် သူနာပြုဆရာမဘဇနီးမောင်နှံအနက်မှ အမျိုးသားဖြစ်သူ အိမ်ပြန်ရောက်နေသည်ဟု သတင်းရသဖြင့် စခများက လာရောက်ရှာဖွေဖမ်းဆီးရာ အဆိုပါအမျိုးသားကို မတွေ့သဖြင့် ညီမဖြစ်သူကိုဖမ်းဆီးပြီး နေအိမ်မှ စပါး တင်း၁၀၀ အပါအဝင် တန်ဖိုးကြီးပစ္စည်းများကို လုယက်ခိုးယူ၊ နေအိမ်ကိုပါ ဓာတ်ဆီလောင်းမီးရှို့ရန် ကြိုးပမ်းခဲ့ပြီး ရပ်ရွာမှ ဝိုင်းဝန်းကန့်ကွက်ကြသဖြင့် မကျေမနပ်နှင့် ဆဲဆိုပြီး ပြန်သွားကြကြောင်း ဒေသခံများထံမှ သိရ။
- မင်းအောင်လှိုင်ကို ဝရမ်းထုတ်ရန် ICC ၏ ကြိုးပမ်းမှုကို ထောက်ခံကြိုဆိုပြီး ဝရမ်းထွက်လာပြီးပါက ဗြိတိန်အပါအဝင် အခြား ICC အဖွဲ့ဝင်နိုင်ငံများက မိမိတို့ပိုက်နက်အတွင်း မအလ ရောက်ရှိလာပါက ဖမ်းဆီးအရေးယူရေး ဗြိတိန်ပါလီမန်အမတ် ၆ ဦးက လွှတ်တော်သို့ အဆိုတင်သွင်းခဲ့ကြောင်း သိရ။
- ယမန်နေ့က ရေနံချောင်းနယ် လက်မှတ်ကုန်းရဲစခန်းမှ PDF သတင်းများစုံစမ်းရန် အရပ်ဝတ်ဖြင့်ထွက်လာသော ရခ ဒုတပ်ကြပ်နှစ်ကောင်ကို တော်လှန်ရေးအဖွဲ့များက သတင်းအရ ကြိုတင်စောင့်ဆိုင်းဖမ်းဆီး၊ လက်ပစ်ဗုံးဖြင့် ခုခံတိုက်ခိုက်ရန်ကြိုးပမ်းသဖြင့် ပစ်ခတ်ခဲ့ရရာ တစ်ကောင်မှာ ပွဲချင်းပြီးသေပြီး အခြားတစ်ကောင်မှာ ဒဏ်ရာဖြင့် သွေးထွက်လွန်သေဆုံးသွားကြောင်း ရေနံချောင်း PDF မှ တဝန်ရှိသူတစ်ဦးပြော။
- ယမန်နေ့ည ၁၁ နာရီခန့်အချိန်က တောင်ငူအခြေစိုက် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ) နှင့် တောင်ငူလေတပ်စခန်းတို့ကို BWM အဖွဲ့က ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စခထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း ကနဦးသတင်းများ ရရှိ။
- ဖာပွန်နယ်ရှိ စစ်တပ်၏ တောင်သုံးလုံးစခန်းနှင့် ဆင်စွယ်စခန်းများကို တော်လှန်ရေးအဖွဲ့များက တိုက်ခိုက်သိမ်းပိုက်၊ စခ ၁၆ ကောင်ထက်မနည်း သေ၊ ဒုတပ်ရင်းမှူးအပါအဝင် စခအများအပြား ဒဏ်ရာရ၊ လက်နက်ကြီးငယ်မျိုးစုံနှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း တောင်ပိုင်းစစ်ဒေသမှ သတင်းထုတ်ပြန်။
- ယမန်နေ့က ပဲခူးတိုင်း ဇီးကုန်းနယ်တွင် စခများ ပျူခွေးများပါဝင်သော ဆိုင်ကယ်အုပ်စုကို တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲပစ်ခတ်တိုက်ခိုက်၊ စခ ၃ ကောင်သေ၊ ၂ ကောင် ဒဏ်ရာရကြောင်း တော်လှန်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးပြော။
- ဒီဇင်ဘာ ၇ရက်နေ့ မနက်အစောပိုင်းက ရေစကြိုနယ် ရေလယ်ကျွန်းဒေသ မင်းရွာပျူရွာကို ဒေသတွင်းတော်လှန်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်၊ ၄ နာရီကျော်ကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်တပ်၏ လေကြောင်း လက်နက်ကြီးပစ်ကူအများအပြားကြောင့် တော်လှန်ရေးအဖွဲ့များ ပြန်လည်ဆုတ်ခွာ၊ စစ်အုပ်စုထိခိုက်သေဆုံးမှု များနိုင်ပြီး တော်လှန်ရေးရဲဘော်တစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရ။
- ယမန်နေ့က မြောက်ဒဂုံမြို့နယ် ၇၈ လမ်းဆုံတွင် လမ်းသွားလမ်းလာများထံမှ အငတ်ကြမ်းငွေညှစ်နေသော စစ်အုပ်စု ပစ်ခတ်ခံရပြီး ယာဥ်ထိန်းရခတစ်ကောင် သေဆုံးသွားကြောင်း၊ အင်္ကျီအနက်ရောင်ဝတ်ဆင်ထားသော လူနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပစ်ခတ်သွားသဖြင့် အခင်းဖြစ်ပွားပြီးနောက် စခ အများအပြားရောက်ရှိလာပြီး ပတ်ဝန်းကျင်မှ အင်္ကျီအနက်ဝတ်ထားသူများ၊ ဆိုင်ကယ်စီးနင်းသူများကို အကြောင်းမဲ့ဖမ်းဆီးသွား၊ ဒေသခံ ၁၅ ဦးခန့် ဖမ်းဆီးခံခဲ့ရကြောင်း သိရ။
- မြိုင်နယ်အတွင်း လောင်းကစားဝိုင်းများတွင် တော်လှန်ရေးအဖွဲ့ဝင်များ ပါဝင်ပတ်သက်ခြင်းမပြုရန်နှင့် လောင်းကစားဝိုင်းများကို ဖမ်းဆီးအရေးယူရန် မြိုင် ပကဖ သတိပေးထုတ်ပြန်၊ တော်လှန်ရေးရဲဘော်များ ပတ်သက်မှုများ တွေ့ရှိနေရပြီး မလိုလားအပ်သော ကိစ္စများဖြစ်နိုင်ကြောင်း၊ လောင်းကစားဝိုင်းများ ဖမ်းဆီးရမိပါက ဦးဆောင်သူကို ပြင်းပြင်းထန်ထန် အရေးယူမည်ဖြစ်ပြီး ပါဝင်သူများကိုလည်း အရေးယူမည်ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးအမှုများကိုလည်း ပြည်သူလူထုရှေ့တွင် တရားစီရင်မည်ဖြစ်ကြောင်း ဖော်ပြပါရှိ။
- ဖလမ်းနှင့် မင်းတပ်မြို့သိမ်းတိုက်ပွဲများ ဆက်လက်ပြင်းထန်နေ၊ အောင်မြင်မှုအချို့ ရရှိထားပြီး လိုအပ်နေသော လက်နက်ခဲယမ်းများ ဝိုင်းဝန်းကူညီပေးကြရန် CNDF တာဝန်ရှိသူတစ်ဦးပြော။
#Thadinsubue
Crd to original uploader with respect
ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းတွင် တပ်စွဲထားသော စစ်တပ် အထိုင် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၁၂
စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အထိုင် စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း ဇာမဏီဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဒီဇင်ဘာလ ၁၂ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ဝက်လက်မြို့နယ်၊ ဟန်လင်းပျူမြို့ဟောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးပြီး စစ်တပ်က အင်အား ၅၀ ခန့်ဖြင့် တပ်စွဲထားခြင်းဖြစ်ကြောင်း သိရှိရသည်။
"ဟန်လင်းပျူမြို့ဟောင်း စစ်ခွေး စခန်းမှာက အင်အား ၅၀ လောက်ရှိတယ်။ ဒီနေ့ ဒရုန်းနဲ့ ဗုံးကျဲ တိုက်ခိုက်ခဲ့တာ စစ်ခွေး ၂ ဦး လောက် သေဆုံးမှုရှိတယ်။ ကျွန်တော်တို့ ဒရုန်းသမားတွေ သွေးအေးမနေပါဘူး"ဟု ဇာမဏီဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက်ခိုက်မှုကို ဇာမဏီဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ပူးပေါင်း လုပ်ဆောင် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
KhitThitMedia
SSNTIMES
Daily Highlight 2
December 4 (09:30 PM)
- ဒီဇင်ဘာ ၂ ရက်နေ့ ညပိုင်းက MDY PDF ထိန်းချုပ်ထားရာ မတ္တရာနယ် မြို့ကုန်းရွာအနီးသို့ စခများ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဒီဇင်ဘာ ၃ ရက်နေ့ ညနေပိုင်းတွင် စခများ ဆုတ်ခွာထွက်ပြေးသွား၊ စခအလောင်း ၇ လောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိ၊ စခတစ်ကောင်ကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးမှ သတင်းထုတ်ပြန်။
- ယမန်နေ့ညက နွားထိုးကြီးနယ် ကွမ်းအုံရွာကို စစ်တပ်က လေကြောင်းမှ အကြောင်းမဲ့ ဗုံးကြဲတိုက်ခိုက်၊ အသက် ၁၁ နှစ်အရွယ် ကလေးငယ်နှင့် အဘွားဖြစ်သူတို့ သေဆုံး၊ ဒဏ်ရာပြင်းထန်သူနှစ်ဦးအပါအဝင် လေးဦးဒဏ်ရာရ၊ ယနေ့နေ့လည်ပိုင်းကလည်း အဆိုပါရွာ၏ မြောက်ဘက်ရှိ လုံးတောရွာကို လေကြောင်းမှ ထပ်မံတိုက်ခိုက်၊ လုံးတောနှင့်သမန်းတောရွာကြားရှိ ဘုန်းကြီးကျောင်းတွင် ကျရောက်ပေါက်ကွဲပြီး ကျောင်းထိုင်ဘုန်းကြီးနှင့် ကိုရင်တစ်ပါး ပျံလွန်တော်မူ၊ လုပ်အားပေးနှင့် စစ်ရှောင်များ ရှိနေသဖြင့် အခြားထိခိုက်မှုများလည်း ရှိနိုင်သေးကြောင်း၊ ကစဥ့်ကလျားထွက်ပြေးကြရသဖြင့် အသေးစိတ်အခြေအနေ မသိရသေးကြောင်း ဒေသခံများထံမှ သိရ။
- ယနေ့မနက်ပိုင်းက ရေစကြိုမြို့ပေါ်ရှိ စခများက လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သဖြင့် ညောင်ဇောက်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး ဒဏ်ရာပြင်းထန်သူတစ်ဦးအပါအဝင် ရွာသား ၃ ဦး ဒဏ်ရာရကြောင်း ရေစကြိုပကဖ တာဝန်ရှိသူတစ်ဦးထံမှ သိရ။
- ယမန်နေ့ညပိုင်းက ရေဦးမြို့ တိုင်းရင်းဆေးရုံတွင် တပ်စွဲထားသော စခများကို တော်လှန်ရေးအဖွဲ့များက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၊ စခတစ်ကောင် ဒဏ်ရာအပြင်းအထန်ရပြီး အခြားစခထိခိုက်မှုများလည်း ရှိနိုင်ကြောင်း သိရ။
- စစ်ကိုင်းနယ် ကြွယ်ပုံပျူရွာကို တော်လှန်ရေးအဖွဲ့များက သုံးရက်ဆက်တိုက် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်၊ စခထိခိုက်သေဆုံးမှုများ ရှိပြီး အရေအတွက်မသိရသေးကြောင်း Young Wolf Loacl PDF မှ တာဝန်ရှိသူတစ်ဦးပြော။
- ဗန်းမော်နှင့် မံစီနယ်တို့ကို KIA ဦးဆောင်သော တော်လှန်ရေးတပ်များက ပြင်းထန်စွာ ထိုးစစ်ဆင်လျက်ရှိရာ ဗန်းမော်-မံစီလမ်းပေါ်ရှိ ခလရ ၄၇ ၏ ကာကင်းများဖြစ်သော ညောင်ပင်သာစခန်းနှင့် ဖန်ခါးကုန်းစခန်းတို့ကို သိမ်းပိုက်ရရှိ၊ ခဘရ ၄၇ ကို သိမ်းပိုက်နိုင်ခြင်း မရှိသေးကြောင်း ထပ်မံသိရှိရ၊ ထို့ပြင် ဗန်းမော်တက္ကသိုလ်ရှိ စခစခန်းကိုလည်း သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်ထံမှ သိရ။
- ယမန်နေ့ညပိုင်းမှစ၍ စကစ၏ လေကြောင်းတိုက်ခိုက်မှုများ (Source: ဝေဟင်)
- နွားထိုးကြီးနယ် ၁ ကြိမ်
- ကနီနယ် ၂ ကြိမ်
- မြစ်ကြီးနားနယ် ၂ ကြိမ် (Source: WES)
- မြင်းခြံနယ် ၁ ကြိမ် (Source: WES)
- ဟားခါးနယ် ၂ ကြိမ်
(ရခိုင်၊ ချင်းနှင့် ကရင်နီဒေသများတွင် လေကြောင်းတိုက်ခိုက်မှု အမြောက်အများရှိနေပြီး ဆက်သွယ်ရေးအခက်အခဲများကြောင့် အတိအကျဖော်ပြနိုင်ခြင်းမရှိပါ)
#Thadinsubue
Crd to original uploader with respect
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago