Tamwe Nway Oo Channel

Description
တာမွေမြို့နယ်အတွင်း အာဏာရူးခွေးသူခိုးများအား ဆန့်ကျင်တိုက်ထုတ်နိုင်ရန် မြေပြင် သတင်းမှန်များ စိစစ်သေချာနိုင်ရန် ခွေးမသား လမ်းကြောင်းများ၊ တပ်စွဲနေရာများ၊ CCTV တည်နေရာများ၊ ဒလန်သတင်းပေးများအကြောင်း သတင်းပေးပို့နိုင်ပါသည်။ @TM_Informer
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 3 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 months, 3 weeks ago

2 weeks, 5 days ago

တာ‌မွေ ဩဘာလမ်းဘက် လူဆွဲ

ယခုည ၇:၀၀ ဝန်းကျင်ခန့်တွင် တာမွေမြို့နယ်၊ ဩဘာလမ်းထဲတွင် အကြမ်းဖက်စစ်ကောင်စီ ရဲများမှာ ရဲ DC 1 စီး၊ အိမ်စီးကားများဖြင့် ပြည်သူယောကျာ်းလေးများအား လိုက်ဆွဲနေကြောင်း သတင်းရရှိသည်။

22 Dec 2024
#RangoonScoutNetwork

2 weeks, 5 days ago

🚨  တာမွေ  🚨   (Delayed)
🟡သီတာလမ်း🟡
ကျောက်မြောင်း ၊သီတာလမ်း ပွဲဈေးတန်းတွင် စခ၊ရခ၊များ လခရ အကြောင်းပြကာ လူငယ်လူရွယ်များအခြေနေလာကြည့်သွားကြောင်း
ကနဦးသိရှိရပါ၍ သတိရှိကြပါရန်။

7:00   pm

@TM_Informer

2 weeks, 6 days ago

⬜️ တာမွေ

ကျောက်မြောင်းဈေးဘက်ကအလာ ကျိုက္ကဆံလမ်းအတိုင်း တာမွေဈေးမရောက်ခင် ၁၅၃ လမ်းထိပ်မျက်နှာချင်းဆိုင်ဘက်အခြမ်း ခွေးဘဲဥ အထီး ၁၊ အမ ၁ အစာကောက်

11:06 AM (Delayed)
📬 @Inform_RSN

3 weeks, 5 days ago

တာမွေ

ဗညားဒလလမ်း အမက ၁၀ ကျောင်းရှေ့ ခွေးဘဲဥ အထီး ၁၊ အမ ၂ အစာကောက်

2:24 PM
📬 @Inform_RSN

3 weeks, 6 days ago

🚨  တာမွေ  🚨

🟡ရှောင်တခင်စစ်ဆေးနေ ၊
ကျောက်မြောင်း၊ကျားကွက်သစ်ဖက်
ကျားကွက်သစ် လမ်းနှင့် မလွှကုန်း လမ်းထောင့်တွင် စခ ၄ကောင် လမ်းသွားလမ်းလာတချို့ကို စစ်နေကြောင်းကနဦးးသတင်းသိရှိရပါသည်။
ဂရုစိုက် သွားလာကြပါရန်။

6:35  pm
@TM_Informer

3 weeks, 6 days ago

🚨  တာမွေ  🚨

ဆိုင်ကယ် 2 စီး ၊ယူနီဖောင်းဝတ် 1၊ အရပ်ဝတ် 3၊ ကျောက်မြောင်းလမ်းမှ ကျောက်မြောင်းစတိုးဖက်ဦးတည်သွား။
ခွေးများ ပတ်နေ၊ သတိရှိကြပါရန်။

2:35  pm
@TM_Informer

1 month ago

*⚡️ *လျှပ်စစ်မီး ပိုမိုပြတ်တောက်လာ

တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားလိုအပ်ချက်၏ ၃၅ ရာခိုင်နှုန်းဝန်းကျင်သာ ဓာတ်အား ထုတ်နိုင်တော့သဖြင့် မီးပြတ်တောက်ချိန် ပိုကြာမြင့်လာကြောင်း သိရသည်။ တစ်နေ့လျှင် ၄ နာရီခြား ၁ ခါ မီးဖြတ်ရာမှ ယခု ည ၉ နာရီမှ ည ၁၁ နာရီအထိပါ ၁ ကြိမ် ထပ်မံ တိုးမြှင့် မီးဖြတ်ထားသည်။ မီးလာရမည့် ၄ နာရီအလှည့်တွင်လည်း အမှန်တကယ်လာချိန်မှာ ၁ နာရီပင်မပြည့်သည့်နေ့က ပိုများကြောင်း သိရသည်။

#RangoonScoutNetwork

1 month ago

ရန်ကုန်မှတ်တမ်း (ဒီဇင်ဘာ ၂ - ဒီဇင်ဘာ ၈၊ ၂၀၂၄)
•••••••••••••••®•••••••••••••••
⚠️ မြို့ပြစစ်ဆင်ရေး

ယခုရက်သတ္တပတ် ရန်ကုန်တွင် စစ်ရေးလှုပ်ရှားမှုဖြစ်စဉ် ၆ ခု ရှိခဲ့သည်။ တာဝေးပစ်မစ်ဇိုင်းဖြင့် ၁ ကြိမ်၊ ၄၀ မမဖြင့် ၁ ကြိမ်၊ သေနတ်ဖြင့် ၁ ကြိမ်နှင့် အဝေးထိန်းမိုင်းဖြင့် ၃ ကြိမ်တို့ ဖြစ်သည်။

တာဝေးပစ်မစ်ဇိုင်းဒုံးဖြင့် တိုက်ခိုက်မှုမှာ ဒီဇင်ဘာ ၆ ရက်နေ့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မှော်ဘီလေတပ်စခန်းကို ပစ်မှတ်ထား၍ Shadow (S.A.F) နှင့် Brave Warriors For Myanmar (B.M.W) တို့မှ ပစ်ခတ်ခဲ့ကြောင်း သိရသည်။ Y -12 စစ်လေယာဥ်များထားရှိရာ လေယာဥ်ရုံ (Hangar) ကို အဓိကပစ်မှတ်ထား၍ မစ်ဇိုင်းဒုံး ၅ လုံးဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး Y-8 ထောက်ပို့စစ်လေယာဥ်တစ်စင်း နှင့် Y-12 တိုက်ခိုက်ရေး စစ်လေယာဥ် တစ်စင်းထိခိုက်ပျက်စီးခဲ့သည့် အပြင် ဂိုဒေါင်၊ပြေးလမ်း နှင့် စီမံခန့်ခွဲသော ရုံးတို့လည်း မီးလောင်ပျက် စီးသွားကြောင်း၊ လေတပ်အရာရှိ ၃ ဦးနှင့် စစ်သည် ၁၂ ဦး စုစုပေါင်း ၁၅ ဦး‌ သေဆုံးပြီး လေတပ် စီမံ ခန့်ခွဲရေး လေအုပ်မှူးကြီး အပါအဝင် အရာရှိ ၂ ဦး နှင့် အခြား အဆင့်စစ်သည် ၅ ဦးပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

၄၀ မမ ဗုံးသီးတပ် M79 လက်နက်ဖြင့် တိုက်ခိုက်မှုက ဒီဇင်ဘာ ၃ ရက်နေ့တွင် ဖြစ်ပွားခဲ့သည်။ ထောက်ကြန့် လှော်ကားလမ်းဆုံးအနီးရှိ ခမရ ၁၀၆ တပ်ရင်း အဝင်ဂိတ်ကို ပစ်မှတ်ထား၍ Rangoon Urban Column (RUC) စစ်ကြောင်းမှ ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

သေနတ်ဖြင့် တိုက်ခိုက်သည့်ဖြစ်စဉ်မှာ ဒီဇင်ဘာ ၅ ရက်နေ့တွင် လှိုင်သာယာမြို့နယ်တွင်း ဖြစ်ပွားခဲ့သည်။ လှိုင်သာယာမြို့နယ် ၁၁ ရပ်ကွက်အုပ်ကြီးတင့်ဇော် ဆိုင်ကယ်ဖြင့်သွားလာနေစဉ် ရန်ကုန် မြောက်ပိုင်းခရိုင်ပကဖ အဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းအုပ်ကြီး ထိခိုက်ခဲ့ကာ စစ်ဆေးရုံသို့ တင်ထားကြောင်း သိရသည်။

အဝေးထိန်းမိုင်းဖြင့် တိုက်ခိုက်မှုများမှာ ရွှေပြည်သာမြို့နယ်တွင် ၂ ကြိမ်နှင့် လှိုင်သာယာမြို့နယ်တွင် ၁ ကြိမ် ဖြစ်ပွားခဲ့သည်။ ဒီဇင်ဘာ ၂ ရက်နေ့ မနက်အစောပိုင်း ၆ နာရီခွဲခန့်တွင် ရွှေပြည်သာမြို့နယ်၊ ၓ ၁၃ ရပ်ကွက်ရှိ စကစ ရဲမှူး မိုးညှိ၏ အိမ်ကို ပစ်မှတ်ထား၍ The Grand Unsung (TGU) နှင့် Black Tiger UG Team တို့မှ တိုက်ခိုက်ခဲ့ပြီး အဆိုပါ ရဲမှူး၏ကား မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာ ၂ ရက်နေ့တွင်ပင် ညနေ ၇ နာရီခန့်၌ လှိုင်သာယာမြို့နယ်ရှိ တရုတ်ပိုင် Thun Than Win ဖိနှပ်စက်ရုံနှင့် ရွှေပြည်သာမြို့နယ်၊သာဓုကံစက်မှုဇုံရှိ တရုတ်ပိုင် ပေါင်ချိန်စက်ရုံတို့အား သတိပေးသည့်အနေဖြင့် လူထိခိုက်မှုနည်းသောဗုံးအမျိုးအစားကို အသုံးပြုရ၍ The Grand Unsung အဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အခြား သေနတ်သံကြားရသည့် ဖြစ်စဉ် ၂ ခုနှင့် ဗုံးပေါက်ကွဲသံဟုယူဆရသည့်ဖြစ်စဉ် ၂ ခုတို့ ရှိသေးပြီး အတည်ပြုစုံစမ်းနေဆဲဖြစ်သည်။
••••
*🔴 *အဖမ်းအဆီး ဧည့်စစ် လူရှာ

ယခု သီတင်းပတ် ရန်ကုန်တွင် အဖမ်းအဆီးဖြစ်စဉ် ၂၃ ခုနှင့် လူရှာဧည့်စစ်ဖြစ်စဉ် ၃၄ ကြိမ် သတင်းရရှိခဲ့သည်။
••••
🔖 စစ်မှုထမ်း

ယခုရက်သတ္တပတ် ဆင်ခြေဖုံးမြို့နယ်များတွင် စစ်မှုထမ်းလူသစ်အတွက် လူလိုက်လံဖမ်းဆီးမှု များပြားခဲ့သည်။ လမ်းမပေါ် သွားလာနေသူဖြစ်စေ၊ ဧည့်စာရင်းကျော်နေသူဖြစ်စေ ရပ်ကွက်ရုံးသို့ ဖမ်းခေါ်သွားပြီး စစ်မှုထမ်းဖို့ အကြပ်ကိုင်ကာ သက်ဆိုင်ရာမြို့နယ် စုရပ်အသီးသီးသို့ ပို့လိုက်လေ့ရှိသည်။ ထို့နောက် လူအရေအတွက် တစ်ခုရှိလာပါက ဘုရင့်နောင်စစ်ကြောရေးသို့ ရွှေ့ပြောင်းသည်။
••••
💒 ရုရှားဘုရားကျောင်း

မြောက်ဒဂုံမြို့နယ်တွင် ရုရှားအောက်သိုဒေါက်ဘုရားကျောင်းတစ်ခု ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ပထမပတ်မှစ၍ တည်ဆောက်ဖို့ ရှိကြောင်း သိရသည်။ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ရုရှား Orthodox ဂိုဏ်းချုပ် ဓမ္မဆရာ ဆာဂေးသို့ ညှိနှိုင်းပြီးနောက် စီစဉ်လိုက်ခြင်းဖြစ်သည်။
••••
*🇮🇳 အိန္ဒိယစစ်တပ် ကျောင်းအုပ်အဖွဲ့*

အိန္ဒိယနိုင်ငံ၊ Naval War College (NWC) မှ အရာရှိများပါသည့် အဖွဲ ဒီဇင်ဘာ ၃ ရက်နေ့၊ ၆ ရက်နေ့၊ ၇ ရက်နေ့တို့တွင် ရန်ကုန်တွင်ရှိနေခဲ့ပြီး India Centre၊ ရွှေတိဂုံစေတီတော်၊ စစ်ရေယာဉ် (မေယု) စသည့်နေရာများကို လည်ပတ်ခဲ့ပြီး ၈ ရက်နေ့တွင် ပြန်သွားခဲ့ကြကြောင်း သိရသည်။
••••
*🌆 ရန်ကုန်မြို့သစ် စီမံကိန်း*

ရန်ကုန်မြို့တဖက်ကမ်းရှိ ကြည့်မြင်တိုင်၊ ဆိတ်ကြီးခနောင်တိုနှင့် တွံတေးမြို့နယ်ထဲမှ လယ်ယာမြေအများစု၌ လုပ်မည့် ရန်ကုန်မြို့သစ် စီမံကိန်းကို စတင်အကောင်အထည်ဖော်ဖို့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်မှ တရုတ်နိုင်ငံသို့ သွားရောက်စဉ် ကမ်းလှမ်းခဲ့ကြောင်း သိရသည်။ .ဦးသိန်းစိန်အစိုးရလက်ထက်က အဆိုပြုခဲ့သော စီမံကိန်းဖြစ်ပြီး စင်ကာပူနိုင်ငံအရွယ်အစားထက် ၂ ဆခန့်ပိုကျယ်သည်ဟု ဆိုသည်။
••••

1 month ago
1 month, 1 week ago
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 3 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 4 months, 3 weeks ago