Taunggyi NwayOo Channel

Description
The real voice of people who are being silenced
We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 5 months ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 5 months, 3 weeks ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 4 months, 1 week ago

1 Jahr, 3 Monate her

ဒေသခံတစ်ဦးက''ဆရာတော်ကို ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPLF နဲ့အဆက်အသွယ်ရှိတယ်။ သူ့ကျောင်းမှာ DPLF တပ်သားတွေကို လက်ခံထားတယ်ဆိုပြီး စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာပါ။ လာဖမ်းတုန်းက စစ်တပ်က အယောက် ၂၀ ကျော် လောက်နဲ့လာဖမ်းတာ။''လို့ပြောပါတယ်။

ဆရာတော်ဦးသုန္ဒရဟာ ဝါ ၈ဝါ ရှိပြီဖြစ်ပြီး ကျောင်းပတ်ဝန်းကျင်နားက တရားရိပ်သာမှာ တရားပြရင်းနဲ့ ရွာက ကျောင်းထိုင်ဆရာတော်လိုအပ်ချက်ကြောင့် ကျောင်းထိုင်အဖြစ်တင်ထားတာဖြစ်တယ်လို့သိရပါတယ်။

အဲဒီ ကုန်းသာဘုန်းကြီးကျောင်းမှာ ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၈ ရက်က စစ်ကားလေးစီးနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရုတ်တရတ်ရောက်လာပြီးဘုန်းကြီးကျောင်းမှာ ရှိနေတဲ့ လူငယ် ၁၇ ဦးကို ဖမ်းဆီးသွားခဲ့ပါသေးတယ်။

စစ်ကောင်စီ လော်ဘီ တယ်လီဂရမ်ချယ်နယ်လ်တွေမှာတော့ လူငယ် ၁၇ ဦးကို ဖမ်းဆီးခဲ့တဲ့အပြင် ဘုန်းကြီးကျောင်း ဂိုထောင်ထဲက သေနတ် ၄ လက်၊ ကျည်အိမ် ၁၀ ခု၊ ကျည် ၅၆၀ တောင့်၊ ရီမု ၂ ခု၊ Booster ၆ ခု၊ လက်ပစ်ဗုံးတစ်လုံး ကိုပါသိမ်းဆည်းရမိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အဲဒီလူငယ် ၁၇ ဦးကို အခုထိမလွတ်ပေးသေးဘဲ သူတို့ရဲ့မိဘတွေနဲ့တော့ တွေ့ခွင့်ပေးပြီး တစ်ကြိမ်တွေ့ရင် ငွေ ၁ သိန်းစီ ကောက်ခံနေတယ်လို့ သတင်းရင်းမြစ်ဆီက သိရပါတယ်။

TNOCJ_003

#ရှမ်းတောင်
#ကလော
#ဖမ်းဆီးခံရ
#စစ်ကောင်စီ
#DPLF
#တောင်ကြီးနွေဦးချန်နယ်
#tginwayoochannel

1 Jahr, 3 Monate her

ရွာငံမှာ ရဲ၁ပွင့်ဗိုလ် နဲ့ ပျူစောထီးကို ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ ပစ်ခတ်ရှင်းလင်းခဲ့

မတ် ၂၂ ၊ တောင်ကြီးနွေဦးချန်နယ်

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ စစ်စီးကုန်းကျေးရွာ တောင်ဖက်ခြမ်းမှာ ရဲ၁ပွင့်ဗိုလ် နဲ့ပျူစောထီးတို့ကို ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ Ywangan PDF(JPRF) က ပစ်ခတ်ရှင်းလင်းခဲ့လို့ ပွဲချင်းပြီး သေဆုံးသွားတယ်လို့ အဲဒီအဖွဲ့က ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ရဲ၁ပွင့်ဗိုလ်နဲ့ ပျူစောထီးတို့ဟာ ကွန်ဗိုကားနဲ့လာမယ်ဆိုတာကို JPRF အဖွဲ့က ဖရဲသီးတွေဆီက သတင်းရလို့စောင့်ဆိုင်းပြီး ဒီနေ့ မတ်လ ၂၂ ရက်နေ့မနက် ၈ နာရီ ၃၀ မိနစ်အချိန်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

JPRF တာဝန်ရှိသူ K P က ''ကျွန်တော်တို့ PDF တွေရှိတဲ့နေရာသတင်းကြားလို့သူတို့က လာရှင်းဖို့လာတယ်ဆိုတာ ကျွန်တော်တို့က သတင်းပြန်ရတယ်။ စုစုပေါင်း ၁၀ ယောက်ထွက်လာတာမှာ ၈ ယောက်ကို ကင်းပုန်းချခဲ့ပြီး အခုပစ်ခတ်လိုက်တဲ့ ၂ယောက်က မြင်းကျဒိုးဘက်ကို ပြန်လာတဲ့ချိန်မှာ ရှင်းလိုက်တာပါ'' လို့ ပြောပါတယ်။

ပစ်ခတ်ခံရတဲ့ ရဲ၁ပွင့်ဗိုလ်က AK သေနတ်ကိုင်ထားပြီး ပျူစောထီးကတော့ ကာဗိုင်သေနတ်ကိုင်ထားတယ်လို့ JPRF အဖွဲ့ကပြောပါတယ်။

ကားပေါ်ပါလာတဲ့ AK-47 တစ်လက်၊ ကာဗိုင်တစ်လက်၊လက်ပစ်ဗုံးတစ်လုံးနဲ့အခြားပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့လည်း JPRF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ပစ်ခတ်ပြီး မိနစ်ပိုင်းအတွင်းမှာ ကင်းပုန်းချထားခဲ့တဲ့ စစ်ကောင်စီတပ်သားတွေရောက်လိုက်လို့ အချိန်အနည်းငယ် အပြန်အလှန်ပစ်ခတ်ခဲ့တယ်လို့လည်း JPRF တာဝန်ရှိသူ K P က ပြောပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းလာနိုင်တဲ့အခြေအနေမို့ JPRF ရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

Ywangan PDF ဂျိုးဖြူတော်လှန်ရေးတပ်ဖွဲ့ (JPRF) အဖွဲ့ဖွဲ့စည်းခဲ့တာ အခုမတ်လ ၇ ရက်နေ့က ၂ နှစ်
ပြည့်ခဲ့ပြီဖြစ်ပြီး JPRF အနေနဲ့ ကရင်နီဘက်မှာ မဟာမိတ်တပ်တွေနဲ့အတူ စစ်ကောင်စီကို တော်လှန်ရုံမက ရှမ်းတောင်၊ ရွာငံဒေသထဲမှာလည်း မိမိတို့တတ်နိုင်တဲ့မစ်ရှင်တွေ ပြန်လည်လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

TNO CJ_003

#ရှမ်းတောင်
#ရွာငံ
#ချိုးဖြူတော်လှန်ရေးတပ်ဖွဲ့
#JPRF
#tginwayoochannel
#တောင်ကြီးနွေဦးချန်နယ်

1 Jahr, 3 Monate her

ရှမ်းတောင် Eagle Force တပ်ဖွဲ့ရဲ့ အပတ်စဥ် (၂) သင်တန်းဆင်းပွဲ ပြုလုပ်

မတ်၊ ၂၂၊ တောင်ကြီးနွေဦးချန်နယ်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ရှိ အမှတ် ၁၀၀၈ -SSRY တပ်ရင်းရဲ့ တပ်ခွဲ(၁) ဖြစ်တဲ့ Eagle Force တပ်ဖွဲ့က အပတ်စဥ် (၂) သင်တန်းဆင်းပွဲကို မတ်လ ၂၂ ရက်နေ့မှာ ပြုလုပ်ခဲ့တယ်လို့ တပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

“ရှမ်းတောင်ကိုကြုံးမယ့် ရှမ်းတောင်ဂတုံးလေးများ” Eagle Force တပ်ဖွဲ့ရဲ့ သင်တန်းဆင်းပွဲကို အကျဥ်းချုံးပြုလုပ်ခဲ့ပြီး ရှမ်းတောင်က မဟာမိတ်တပ်ဖွဲ့တွေ တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

"ရှေ့တန်းမှာ ကျွန်တော်တို့ရဲဘော်တွေရောက်နေလို့ အကျဥ်းချုံးပဲ လုပ်ဖြစ်ပါတယ်။ ကျွန်တော်တို့အိမ်မက်တခုဖြစ်တဲ့ ရှမ်းတောင်ကို ထိုးဖောက်ဝင်ရောက်ဖို့ မျှော်လင့်ထားပါတယ်။ အခုဆို အင်အားလည်း တော်တော်များလာတယ်။ ရဲဘော်သစ်တွေကိုလည်း အားပေးစကားတွေပြောတယ်ပေါ့နော်"လို့ သူက တောင်ကြီးနွေဦးကို ပြောပါတယ်။

သင်တန်းဆင်းပွဲမှာ အလံတော်ကို အလေးပြုတာ၊ သစ္စာအဓိဌာန်ရွတ်ဆိုတာ၊ သက်ဆိုင်ရာအကြီးအကဲတွေက အမှာစကားပြောကြားတာ၊ ကျဆုံးခဲ့တဲ့အာဇာနည်တွေကို အလေးပြုတာ၊ အားပေးစကားပြောကြားတာ၊ မဟာမိတ်တပ်တွေက အမှာစကားပြောကြားတာ၊ ဧည်ခံကျွေးမွေးတာတွေပါဝင်တယ်လို့ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ရှေ့တန်းက စစ်မျက်နှာပြင်တွေဖြစ်တဲ့ ဆီဆိုင်၊ ပင်လောင်း၊ ဖယ်ခုံမြို့နယ်တွေက တိုက်ခိုက်ရေးပိုင်းမှာ ပူးပေါင်းတပ်ဖွဲ့တွေနဲ့အတူ စစ်ကောင်စီတပ်ကို တွန်းလှန်တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

TNO_CJ002

#ရှမ်းတောင်
#EagleForce
#သင်တန်းဆင်းပွဲ
#ရှမ်းတောင်ကိုကြုံးမယ့်ရှမ်းတောင်ဂတုံးလေးများ
#တောင်ကြီးနွေဦးချန်နယ်
#tginwayoochannel

1 Jahr, 4 Monate her
Taunggyi NwayOo Channel
1 Jahr, 4 Monate her

စစ်ကောင်စီထံ မဲမပေါက်မီ အမြန်ဆုံးဆက်သွယ်လာဖို့ DPLF ပြော

မတ်၊၁၉၊ တောင်ကြီးနွေဦးချန်နယ်

အာဏာသိမ်းစစ်တပ်က အတင်းအကြပ် အသက်သွင်းလိုက်တဲ့ စစ်မှုမထမ်းမနေရ ဥပဒေကို အသုံးပြုပြီး တပ်သားသစ်ခေါ်ဆောင်ဖို့အတွက် မတ်လ တတိယအပတ်ကစပြီး မဲနှိုက်ရွေးချယ်မှုတွေ ဆက်တိုက်လုပ်နေပါတယ်။

ဒီအချိန်မှာပဲ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)က ၇ ကြိမ်မြောက်စစ်သင်တန်းကို မတ်လ ၁၇ ရက်နေ့က စဖွင့်တယ်လို့ ပြောပါတယ်။

DPLF ပြန်ကြားရေး တာဝန်ရှိသူ တစ်ဦးက “လက်ရှိအချိန်မှာ ကြားနေ ထိုင်ကြည့်မရတဲ့ အခြေနေမို့ အကြမ်းဖက် စစ်ကောင်စီထံ မဲမပေါက်မီ အမြန်ဆုံးဆက်သွယ်လာကြဖို့ ​မှာချင်တယ်” လို့ ပြောပါတယ်။

အာဏာရှင်အမြစ်ပြတ်ရေး၊ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောင်ရေး၊ ဓနုပြည်နယ်ပေါ်ပေါက်ရေး ဆိုတဲ့ရည်ရွယ်ချက်နဲ့ စစ်သင်တန်းဖွင့်လှစ်တာပါလို့ DPLF ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

အခုအကြိမ်ဖွင့်လှစ်တဲ့ စစ်သင်တန်းတက်နေတဲ့ သင်တန်းသားတွေထဲမှာ ဓနု၊တောင်ရိုး၊ပအိုဝ်း၊ ဗမာ၊ ဂေါ်ရခါး၊ အစ္စလာမ် တိုင်းရင်းသားပေါင်းစုံ ပါ၀င်နေကြတယ်လို့ DPLF အဖွဲ့ထံက သိရပါတယ်။

သင်တန်းသားအများအပြားတက်ရောက်ပြီး အမျိုးသမီး အမြောက်အများပါဝင်နေတယ်လို့လည်း DPLF အဖွဲ့ထံကသိရပါတယ်။

အခု စစ်သင်တန်းရဲ့ ကြာချိန်နဲ့ သင်တန်းသားဦးရေကိုတော့ အကြောင်းတစုံတရာကြောင့် DPLF အဖွဲ့ထံက ထိန်ချန်ထားပါတယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး(DPLF)ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

TNOCJ_003

#tginwayoochannel
#တောင်ကြီးနွေဦးချန်နယ်
#DPLF
#စစ်ကောင်စီ
#စစ်မှုထမ်း

1 Jahr, 4 Monate her
Taunggyi NwayOo Channel
1 Jahr, 4 Monate her
Taunggyi NwayOo Channel
1 Jahr, 4 Monate her

ကလောမြို့နယ်အတွင်း စစ်မှုထမ်းခိုင်းဖို့အတွက် ၃ လတစ်ကြိမ် ခေါ်ယူမယ်

ကလော၊ မတ် ၁၇၊ တောင်ကြီးနွေဦးချန်နယ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဘော်ဆိုင်းမြို့မှာ ရပ်ကွက်တစ်ခုကို လူ ၅ ဦးနှုန်းနဲ့ ၃ လကိုတကြိမ် စစ်မှုထမ်းဖို့ခေါ်ယူမှာဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

ဘော်ဆိုင်းမြို့ရှိ ရပ်ကွက်/ကျေးရွာပေါင်း ၂၅ ခုကနေ ၃ လကို တစ်ကြိမ်နှုန်းနဲ့ လူစာရင်း ကောက်ခံပြီး ခေါ်ယူသွားမယ်လို့ မတ်လ ၁၅ ရက်နေ့က ပြုလုပ်တဲ့အစည်းအဝေးမှာ စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးမှူးတွေက ပြောကြားခဲ့တာပါ။

ဘော်ဆိုင်းမြို့ခံ တစ်ဦးက "ဘော်ဆိုင်းပြီးတော့ ဘော်နင်းတိုက်နယ်အုပ်စုမှာလည်း တရွာတယောက်နှုန်း၊ သွားမယ့်သူမရှိရင် ရွာကိုငွေကောက်ခံပြီး လူအစားထိုးထည့်ရမယ်လို့ပြောတယ်။ ဟဲဟိုးမြို့မှာက ရပ်ကွက်တွေ၊ တိုက်နယ် အုပ်စုတွေများတော့ လူအတော်များမယ်" လို့ ပြောပါတယ်။

ဘော်ဆိုင်းရပ်ကွက်မှာ ကျေးရွာအုပ်စုပေါင်း ၂၅ ရွာ ရှိတာကြောင့် ၃ လကို တကြိမ်နှုန်းနဲ့ အသက်၂၂ နှစ်ကနေ ၃၀ အတွင်းရှိ လူငယ်တွေကို စစ်မှူထမ်းဖို့ စာရင်းကောက်ခံနေပြီး ရပ်ရွာနေပြည်သူတွေက စစ်မှုထမ်းသွားတဲ့သူ တဦးကို ၅ သိန်းနှုန်းထောက်ပံ့ရမယ်လို့ ရပ်ကျေး ဥက္ကဌတွေက ချမှတ်သွားတယ်လို့ သိရပါတယ်။

သတ်မှတ်ချက် အနေနဲ့ အသက်၂၂ နှစ်ကနေ ၃၀ အတွင်းက အမျိုးသားတွေ ပါဝင်ပြီး စစ်မှုထမ်းပါဝင်သူ တစ်ဦးကို ၅ သိန်းနှုန်းနဲ့ သက်ဆိုင်ရာ ရပ်က္က်တွေက ထောက်ပံ့ရမယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။

ကလောမြို့နယ်၊ ဟဲဟိုးမြို့၊ ရပ်ကွက် ၄ မှာလည်း စစ်မှုထမ်းပါတဲ့သူတွေကို ထောက်ပံ့ပေးဖို့ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက တစ်အိမ်ထောင်ကို လစဥ် တစ်သောင်း ကျပ်နှုန်းကောက်ခံနေတယ်လို့ ဆိုပါတယ်။

ကလောမြို့နယ်အတွင်းက ပြည်သူတွေဟာ အလုပ်အကိုင် ရှားပါးနေတဲ့ကြားက ကုန်ဈေးနှုန်းကြီးမြင့်တဲ့ ဒဏ်ကိုလည်း ရင်ဆိုင်နေရပြီး မိသားစုဝင်အတွင်း စစ်မှုထမ်း အကြုံးဝင်သူတွေ အတွက်ပါ စိုးရိမ်ပူပန်နေရပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ ကျေးရွာ/ရပ်ကွက်အလိုက် လူစာရင်းကောက်ခံတာ၊ မဲနှိုက်ပြီး စစ်မှုထမ်းစေတာ၊ စစ်မှုမထမ်းလိုသူတွေကို ငွေကြေးသတ်မှတ်ပြီး တောင်းခံတာတွေ ပြုလုပ်နေတယ်လို့ စုံစမ်း သိရပါတယ်။

#TNO_CJ002
#ကလော #ဘော်ဆိုင်း #ဟဲဟိုး
#စစ်မှုထမ်း

1 Jahr, 4 Monate her
Taunggyi NwayOo Channel
1 Jahr, 4 Monate her

တောင်ကြီးမှာ စစ်မှုထမ်းအတွက် မဲနှိုက်ရွေးခြယ်ဖို့ စစ်ကောင်စီက စီစဉ်နေ၊ မလာတဲ့လူတွေကို ချက်ချင်း အိမ်အရောက် လာခေါ်မယ်လို့ ခြိမ်းခြောက်

တောင်ကြီး၊ မတ် ၁၆၊ တောင်ကြီးနွေဦးချန်နယ်

ရှမ်းပြည်နယ်ရဲ့ မြို့တော်၊ တောင်ကြီးမြို့ရှိ မြို့‌ပေါ် ၃ ရပ်ကွက်မှာ တစ်ရပ်ကွက် ၃ ဦးစီ မဲနှုက် ရွေးချယ်ပြီး စစ်မှုထမ်းခေါ်ယူဖို့ စီစဉ်နေတယ်လို့ နယ်မြေမှူးနဲ့ နီးစပ်သူတွေက ပြောပါတယ်။

လာမယ့် မတ်လ ၁၈ ရက်နေ့ ညနေ ၂ နာရီခွဲမှာ ရွှေတောင်၊ ဈေးပိုင်းနဲ့ ပြည်တော်သာ ရပ်ကွက်တို့အတွင်း စစ်မှုထမ်းဆောင်ဖို့ဆိုင်ရာ အစည်းအဝေး ပြုလုပ်ပြီးနောက် အသက် ၂၈ ကနေ ၃၅ နှစ်အတွင်း အမျိုးသားတွေကို မဲနှိုက်ရွေးချယ်သွားမယ်လို့ ဆိုပါတယ်။

ပြည်တော်သာရပ်ကွက်အတွင်း စစ်မှုထမ်း အကြုံးဝင်တဲ့ လူငယ် တစ်ဦးက “အ‌မေ သွားတက်ပေးမယ်လို့ ပြောတယ်။ မတက်လို့လည်း မရဘူး။ ကျနော်နာမည်နဲ့ ဖုန်းဆက်လာတာ။ အိမ်က တစ်ယောက်မှ မတက်ရင် ဖုန်းဆက်ပြီး ချက်ချင်း လာခေါ်မယ်တဲ့” လို့ ပြောပါတယ်။

လတ်တလောမှာ ကျောင်းသား၊ မိအို ဖအိုကို လုပ်ကျွေးပြုစုနေသူနဲ့ ဘိန်းစားတွေဟာ ယာယီ ကင်းလွတ်ခွင့် ရရှိမှာ ဖြစ်ပေမယ့် မဖြစ်မနေ မဲနှိုက်ပြီးမှ လျှောက်လွှာပြန်တင်ရမယ်လို့ သိရပါတယ်။

အစည်းအဝေး ဖိတ်ကြားလွှာရဲ့ အပေါ်ပိုင်းမှာ နိုင်ငံသား စီစစ်ရေးကတ်ပြား (မှတ်ပုံတင်)ကို စမတ်ကတ်လဲလှယ်ပေးဖို့ ရေးသားထားပေမယ့် အောက်ပိုင်းမှာတော့ ပြည်သူ့စစ်မှုထမ်းစေခြင်းနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ဖိတ်ကြားခြင်းလို့ ဖော်ပြထားပါတယ်။

အစည်းအဝေးတက်ရောက်မယ့် ရွှေတောင်ရပ်ကွက်နေ အသက် ၅၀ အရွယ် အမျိုးသား တစ်ဦးက “ဈေးပိုင်းနဲ့ပြည်တော်သာက မဲနှိုက်ရမှာ။ ရွှေတောင်က မလိုဘူး။ လူရှိပြီးသား။ အခုက ရပ်ကွက်သားတွေ သေချာသိအောင် ဟောပြောတဲ့သဘော” လို့ ပြောပါတယ်။

အစည်းအဝေးကို ရွှေတောင်ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ နန်းအောင်ဂေဟာနဲ့ အ.မ.က ၉ စာသင်ကျောင်းတို့မှာ ပြုလုပ်မှာ ဖြစ်ပြီး အိမ်ထောင်စုတိုင်း တက်ရောက်ကြဖို့ ရာအိမ်မှူးတွေက လိုက်လံစည်းရုံးနေတယ်လို့ မြို့ခံတွေက သတင်းပေးပို့ထားပါတယ်။

#TNO_221B
#တောင်ကြီး #ဈေးပိုင်း #ရွှေတောင်
#ပြည်တော်သာ #စစ်မှုထမ်း

We recommend to visit

The official Telegram on Telegram. Much recursion. Very Telegram. Wow.

Last updated 5 months ago

🌐 https://ipapkorn.github.io
Stay connected with the latest iPapkorn Bots and News 🗞️

Bots: https://t.me/iPapkornBots/2

Last updated 5 months, 3 weeks ago

Breaking News | Observing world events unfold in the grand theater of our time.

Last updated 4 months, 1 week ago