🌈ရောင်နီဦး🌈

Description
💫ရောင်နီလာသော နေသစ်များဆီသို့၊💫

သိရှိထားသော သတင်းများပေးပိူ့လိုပါက
♨️ 🌈 @Youngni1 🌈 ♨️


လောကကြီးမှာအကောင်းဆုံးတွေကိုစုစည်းပြီးစားသုံးနိုင်သလိုအဆိုးဆုံးဒဏ်တွေကိုလဲကြံ့ကြံ့ခံနိုင်ရမယ်
We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 year ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 2 years, 11 months ago

1 year ago

၄။ စစ်မှုထမ်း နည်းဥပဒေကြေညာ

ဇန်နဝါရီလ ၂၃ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီမှ စစ်မှုထမ်း နည်းပဒေကြေညာခဲ့ပြီး ထိုထဲတွင် စစ်မှုထမ်း ဆင့်ခေါ်ရေးဗဟိုအဖွဲ့၏ ခွင့်ပြုချက်မရပဲ ပြည်ပထွက်ခွာခွင့် မရှိစေရဟု ဆိုကာ နိုင်ငံခြားထွက်မည့် လူငယ်များကို ပိတ်ပင်လိုက်ကြောင်း သိရသည်။

ထို့ပြင် လူနေရပ်ကွက်များတွင်လည်း စစ်မှုထမ်းပါသူ လူစာရင်းများ ထုတ်ပြန်ခဲ့ပြီး စာရင်းထဲမှ ယခု စစ်မှုထမ်း အမှတ်စဉ် ၁၀ ထဲ ပါသူများကို အိမ်တိုင်ရာရောက် လိုက်လံဖမ်းခေါ်နေခဲ့ကာ နိုင်ငံခြားရောက်နေပါကလည်း ပြန်ခေါ်ဖို့အတွက် မိသားစုကို ခြိမ်းခြောက်ပြောဆိုနေကြကြောင်း သိရသည်။

ရန်ကုန်မှတ်တမ်း
#RangoonScoutNetwork

1 year ago

အင်းတော်မြို့ စစ်တပ်နောက်ဆုံးလက်ကျန် ဂျပန်ကုန်းအား တော်လှန်ရေးတပ်တွေ အပြီးသတ် ထိုးစစ်ဆင်တိုက်ခိုက်
★★★★★★★★★

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့တွင် တခုတည်းကျန်ရှိနေသေးသော ဂျပန်ဆေးရုံဟောင်း (ဒေသအခေါ် ဂျပန်လိုဏ်ဂူ) ကို ပြည်သူ့ကာကွယ်ရေးတပ်များက ယနေ့နံနက် ၅ နာရီခန့်မှစပြီး ပြန်လည်ထိုးစစ်ဆင်နေသည့်အတွက် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

အင်းတော်မြို့ မြောက်ဘက်အစွန်ဆုံးရှိ ဂျပန်ဆေးရုံဟောင်းနှင့် တောင်ကြောတစပ်တည်း တည်ရှိသည့် မြို့မဘုန်းကြီးကျောင်း၌ အမှတ်(၇၇) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၇၇) လက်အောက်ခံ စစ်သားများနှင့် ရှမ်းနီအမျိုးသားများတပ်မတော်(SNA) တို့ ပူးပေါင်းအထိုင်ချတပ်စွဲထားကြောင်း သိရသည်။

အင်းတော်မြို့တိုက်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)၏ ပြည်သူ့ကာကွယ်ရေးတပ်(PDF) တပ်ရင်းတပ်ဖွဲ့များ၊ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)၊ မြန်မာနိုင်ငံ လုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)နှင့် ဒေသကာကွယ်ရေးတပ်များ ပူးပေါင်းတိုက်ခိုက်နေခြင်း ဖြစ်သည်။

1 year ago

စည်းထားပါ🙋🙋🙋🙋
လူတိုင်း လူတိုင်းမှာ
သူ့ရဲ့ ကိုယ်ရေးကိုယ်တာ
စိတ်ပိုင်းဆိုင်ရာ ပြဿနာ ဆိုတာ
ရှိပါတယ်..
✍✍✍
လူသိစေချင်တာ
ရှိသလို
လူမသိစေချင်တာလည်း
ရှိတတ်ကြပါတယ်..
✍✍✍
အဲဒါကြောင့်…
ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ
✍✍✍
သိပေမယ့်
မသိချင်ယောင် ဆောင်ရသလို
✍✍✍
သိပေမယ့်
မပြောပဲ နေပေးရတာလည်း ရှိပါတယ်..
✍✍✍
ဒီနေရာမှာ "စာနာမှု"က
လူတစ်ယောက်ရဲ့
အဆင့်အတန်းကို ပြပါတယ်..
✍✍✍
မိတ်ဆွေအစစ်လို့ ထင်ရတဲ့
ထင်ခဲ့တဲ့ လူတချို့က
ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ
အကြောင်းအရာတွေကို
အတင်းတုပ်တဲ့ အခါ
ပုံကြီးချဲ့တဲ့အခါ
ကိုယ်က သိပေမဲ့…
မသိချင်ယောင် ဆောင်လိုက်ဝာလည်း
ရှိတယ်..
✍✍✍
နောက်တစ်ခါ
သူတို့ ပုံကြီးချဲ့လို့
သိသွားတဲ့သူတွေက
မထိခလုတ် ထိခလုတ်
ခနဲ့ တဲ့တဲ့
ရိ သဲ့သဲ့ လာ လာ ပြောတဲ့အခါ
✍✍✍
ဘာမှတော့ ပြန်မပြောဘူး

ဒါပေမယ့်
သီးမခံနိုင်တဲ့ တစ်နေ့
ပြန်ပြောရင်လည်း
တယောက် မျက်နှာ တစ်ယောက်
ကြည့်နိုင်တော့မှာ မဟုတ်ဘူး..
✍✍✍
ပြောချင်တာက…

ဘာကြောင့် လူမှုရေး နယ်ပယ်မှာ
စည်း မထားတာလဲ-?
✍✍✍
ဘာကြောင့်…
ကိုယ့်ရဲ့ ပါးစပ်ကို စည်းကမ်း ရှိအောင်
မထိန်းသိမ်းတာလဲ-?
✍✍✍
ဘာကြောင့်…
သူများရဲ့ အကြောင်းအရာတွေကို
ပယ်ပယ်နယ်နယ် ပြောပြီး
အရသာ ခံချင်ရတာလဲ-?
✍✍✍
ငါလည်း တစ်နေ့ သူ့လို ကြုံနိုင်တယ်
ဆိုတဲ့
အဲဒီလို အသိလေး ရှိဖို့ လိုပါတယ်..
✍✍✍
လူတစ်ယောက်ရဲ့ အဆင့်အတန်းက
"ငွေကြေး ချမ်းသာမှု"မဟုတ်ဘူး..
✍✍✍
လူတစ်ယောက်ရဲ့ အဆင့်အတန်းက
"ပါးစပ်စည်းကမ်း ရှိဖို့" နဲ့
"စာနာ"နားလည်" "ဖေးမတတ်မှု" ပါ...။
📖📖📖📖📖📖📖📖📖

#credit

1 year, 3 months ago

?လိုင်ဇာဂိတ် အပါအဝင် လွယ်ဂျယ်နဲ့ ကံပိုက်တီ ဂိတ်တွေကို KIA က ပြန်ပိတ်?

ကချင်ပြည်နယ် အတွင်းရှိ KIA ထိန်းချုပ်ထားရာ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပြန်ပိတ်ထားကြောင်း ကချင် သတင်းရင်းမြစ်က အတည်ပြု ပြောဆိုပါတယ်။

တရုတ်-မြန်မာ နယ်စပ်ရှိ လိုင်ဇာဂိတ် အပါအဝင် လွယ်ဂျယ်နဲ့ ကံပိုက်တီ ဂိတ်တွေကို KIA က ပြန်ပိတ်ထားကြောင်း၊ တရုတ်က လွယ်ဂျယ်နဲ့ ကံပိုက်တီ ဂိတ်တွေကို ဖွင့်ဖို့ ပြောပေမယ့် KIA ဘက်က ဖွင့်မယ် ဆိုရင် အကုန်ဖွင့်၊ ပိတ်မယ် ဆိုရင် အကုန်ပိတ် ဆိုပြီး ပိတ်ချထားကြောင်း သိရပါတယ်။

Awng Dang KIA !!

#4C_TruthNews

?YNO?

1 year, 3 months ago
“ တော်လှန်ရေးသတိ ”

“ တော်လှန်ရေးသတိ ”
အော်သံပေးပြီး
အပျော်ကြံပြေးတာ
တော်လှန်ရေး မဟုတ်ပါ။
ကျယ်ပြန့်တဲ့ ဉာဏ်ပညာ
ကြီးမားတဲ့ စေတနာ
ဒေါသမဲ့ မေတ္တာနဲ့
သစ္စာအတွက် အသက်ပေးတာ
လေးစားအပ်တဲ့တော်လှန်ရေးပါ။
နေရာတကာမှာ
မရေရာ ဇဝေဇဝါနဲ့
ဝေဒနာသည်တွေလည်း ရှိတတ်တာ။
အချိန်သမားတော်က
စိန်သွားပေါ်အောင် သွေးမှာမို့
အရေးတော်ပုံ အောင်မည်သာ။
လှေကြုံစီးသမားတွေက
ငွေပုံကြီး အနားမှာ
ရွှေဘုံထီးနဲ့ အလှမ်းကွာ။
အပျော်ကြံ မပြေးမိဖို့
တော်လှန်ရေးသတိရှိအောင်
မိမိကိုယ်ကို ဆုံးမပါ။

#တင်မိုး

တင်မိုး - Tin Moe

?YNO?

1 year, 3 months ago

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၁၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ ၄ လတာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်သား ၅၃ ဦး သေပြီး စစ်ရဟတ်ယာဉ် ၁ စီးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့သလို စစ်ကောင်စီတပ်သား ၁၇ ဦးလည်း အလင်းဝင် ရောက်ခဲ့ပြီး လက်နက် ၅၀ ကျော် သိမ်းဆည်းရရှိခဲ့တယ်လို့ CDF – Hakha မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

- စဉ့်ကူးမြို့နယ်စစ်ဆင်ရေးမှာ ပျူစောထီး ၁၀၀ ဦးခန့်ကို အလင်းဝင်ဖို့ စည်းရုံးသိမ်းသွင်းနိုင်ခဲ့တဲ့ အမှတ် ၁၂၂၂ တပ်ရင်း တပ်ရင်းမှူး "ဒိုလေး" ကို အမှတ်၁၂၂၂ တပ်ရင်းက "စစ်ရေးဗျူဟာထူးချွန်ဆု" ပေးအပ် ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

- မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်နေတဲ့ မြန်မာပြည်သူတွေကို အမေရိကန် သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရတဲ့ သမ္မတလောင်းထရမ့်နဲ့ အမေရိကန်ပြည်သူတွေက ထောက်ခံ အားပေးဖို့ ယုံကြည်မျှော်လင့်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

1 year, 6 months ago

ရေဦး

ရေဦးနယ် မိုးကျနေပါသောကြောင့် စစ်ဘေးရှောင်ရှိသောကျေးရွာအနေဖြင့် စစ်ဘေးရှောင်များအား နွေးထွေးစွာ စောင့်ရှောက်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။

Aug.15/2:20PM
?YNO?

1 year, 6 months ago

ဒီပဲယင်း

ဒီပဲယင်း ခွေးခြံမှ အထုပ်အပိုးများဖြင့်
ကံပြားဘက်သို့ ထွက်လာသော စခများသည် (၉)လက်တံဘေးရှိ
အိမ်တစ်အိမ်တွင် စုရပ်လုပ်နေကြောင်း
သတင်းရရှိပါသည်။

11:33AM
Aug.15.2024/Thu
#localfighterssquad

1 year, 6 months ago

ရေဦး
ရေဦးနယ် ညောင်လှ မူးဆုံအနီးတွင် စစ်ကြောင်းရောက်ရှိနေပီဖြစ်ပါသောကြောင့် ခွေးစစ်ကြောင်းနှင့် အနီးဆုံးပြည်သူများ စစ်ခွေးများဖြင့် လွှတ်ကင်းရာသို့ တိမ်းရှောင်ကြဖို့ အကြံပြုအပ်ပါသည်။

မိဘပြည်သူများစစ်ခွေးအန္ဒရာယ်မှ လွတ်ကင်းနိုင်ကြပါစေ။
Aug.15/11:00AM
?YNO?

1 year, 8 months ago

လှူဒါန်းလိုသော အလှူရှင်များအနေဖြင့်
@kannlet02 တွင်ဆက်သွယ်မေးမြန်း၍ NUG pay/K pay/Wave pay မိမိတို့ အဆင်ပြေသော ငွေလွဲappများဖြင့် ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

​ကျဆုံးရဲဘော်များ၏မိသားစုများနှင့်ဒဏ်ရာရရဲဘော်များထောက်ပံ့ရေးအဖွဲ့

ကမ်းလက်အဖွဲ့သို့ဆက်သွယ်ရန် @kannlet02

We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 year ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 2 years, 11 months ago