CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc? @khanthtookyaw2001
Last updated 1 Jahr, 5 Monate her
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 1 Jahr, 5 Monate her
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3
Last updated 1 Jahr, 4 Monate her
စိတ်ထဲက အသံတွေကိုကြားရဖို့
နားရွက်တွေမလိုဘူး
နှလုံးသားတစ်စုံရှိရင် လုံလောက်ပြီ ။
- ဂန္ဓမာ
ဆေးလိပ်သောက်ခြင်းဟာ ယဥ်ကျေးမှုပါ မာရီရာ
ငါ့အဆုတ်တွေကြားချောင် ပျက်စီးခဲ့ရပေါ့
အရက်သောက်ခြင်းဟာ ယဥ်ကျေးမှုပါ မာရီရာ
ငါ့အသည်းတွေကြားချောင် ပျက်စီးခဲ့ရပေါ့
ကဗျာရေးခြင်းဟာ ယဥ်ကျေးမှုပါ မာရီရာ
ငါ့အဘိဓမ္မာတွေကြားချောင် ပျက်စီးခဲ့ရပေါ့
ငါ့ယဥ်ကျေးနေမှုကို မရယ်ပါနဲ့ မာရီရာ
ကမ္ဘာဦးမျောက်တွေ ဉာဏ်ရည်မြင့်လာတာနဲ့အမျှ
ငါ့မှာ နေစရာမွန်းကြပ်လာခဲ့ရ
စက်ဘုရားသာသနာမှာ ကန့်လန့်တိုက်ယဥ်ကျေးမှုကို အာသာဖြေထွက်ပေါက်အဖြစ် ငါရိုကျိုးနေခဲ့
ခေါင်းပေါ်ကိုကာလာတွေ လာလာမှောက်ချနေကြလို့
ငါ့ဆံနီတွေဟာလည်း ရှုပ်ထွေးလာရပေါ့
အပြုံးတုတွေကြားမှာ အတုပြုံးတွေလိုက်လိုက်ပြုံးပြနေရ
အိုမာရီရာ ငါ့ပါးကြောကြီးတွေလည်း ညောင်းလိုက်တာ။
-စွမ်းထက်နီ
မတောင်းပဲ ပြည့်တဲ့
ချစ်ခြင်း မေတ္တာမျိုးကိုသာ
မင်းရရှိပါစေ ။
- ဂန္ဓမာ
မမရေ...
မောင်အခု လက်ထဲကဆေးလိပ်ကိုဖြတ်
ဒေါသကိုသတ်ပြီး မမဆီပြေးလာနေပါပြီ။
ကမ္ဘာကြီးမနက်ဖြန် ပျက်သွားမယ်ဆိုရင်တောင်
ဒီနေ့ မမလက်လေးကို မလွှတ်တမ်းကိုင်ထားမယ်။
ဒါမောင့်ရဲ့ သွေးနဲ့ရေးတဲ့ ကတိစာချုပ်ပဲ။
ရေကိုဆန်တက်လာတဲ့
ဆယ်လမွန်ငါးလေး
တကယ်ကို ပင်ပန်းနေပါပြီ မမ။
-သူဇာ
-ခွန်းစာမပြန်တာသုံးရက်မြောက်တဲ့နေ့(၄)
မောင့်ကိုကျွန်မချစ်ပါသည်။
ချစ်လွန်းလို့ပဲ စွန့်လွှတ်ခဲ့ပါသည်။
စွန့်လွှတ်ခဲ့ပါပြီ။
ပုဂံမြို့ဟောင်းကိုရောက်တဲ့အခါ
ကြယ်ပန်းလေးတွေ ဖူးပွင့်လာတဲ့အခါ
ကဗျာလေးတွေ ဖတ်ဖြစ်တဲ့အခါ
ကျွန်မသေချာပေါက် မောင့်ကိုလွမ်းမိပါလိမ့်မယ်။
ဒဏ်ရာဆိုတာ သေရာပါနိုင်ကြောင်း
မောင်မတိုက်တော့တဲ့ ဆန်ပြုတ်လေးသောက်ရင်း
ကျွန်မတွေးမိပါသေးတယ်။
"ဆန်ပြုတ်ဆိုတာ လူမမာစာပဲမမ"ဆိုတဲ့စကား
ကျွန်မ လက်ခံနိုင်လာပါတယ်။
-ခွန်း
-မောင့်ကိုစာမပြန်တာသုံးရက်မြောက်တဲ့နေ့
နွေတို့ မိုးတို့ ဆောင်းတို့တောင်
သုံးခုပေါင်းပြီးမှ တစ်နှစ်ပြည့်ရဲတာ
ငါ့မှာတော့ မင်းတစ်ယောက်တည်း
တစ်နှစ်ပြီးတစ်နှစ် ။
_ အောင်ခိုင်မြတ်
မခင်ချောမေ
ခင်ဗျား ကျွန်တော့်ကိုမေတ္တာ မထားနိုင်သည့်ကိစ္စအား
ကျွန်တော်သဘောတူပါပြီ။
-အီလစ်
ပြည်တွင်းစစ်ကြီးကြောင့်
လူ့အခွင့်အရေး ဆုံးရှုံးမခံနိုင်ပါဘူးလေ
ချစ်စရာရှိတာ ချစ်မှ
လူဖြစ်ကျိုးနပ်မှာ...။
-ဘယ်လာခင်
ချစ်တာကို ချစ်တယ်လို့ ပြောခဲ့ပါတယ်
ဘာကိုမှမတွေး
သိက္ခာတရားတွေလည်း မတွေး
အခြားသော တိုင်းတာချက်များလည်း မတွေးပါ။
- မြကျေး
နာကျင်တယ်ဆိုတာ စောက်ရှက်ကွဲတာပဲ။
ခင်ဗျားကျောကို သပ်နေတဲ့
လက်တွေရဲ့နောက်ဘက်ခြမ်းမှာ ဟာသတွေရှိတယ်။
လူတွေက ရေချိုးခန်းလောက်တောင်
ငိုဖို့ စိတ်မချရတော့ဘူး။
ကိုယ်ထမ်းတဲ့ဝန်ဟာ အလေးဆုံးပဲဆိုရင်တောင်
ကိုယ်မထမ်းနိုင်တော့ပါဘူး။
ကျွန်တော် နုတ်ထွက်ပါတယ်။
•ဘုန်းပြည့်စုံမင်း
CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc? @khanthtookyaw2001
Last updated 1 Jahr, 5 Monate her
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 1 Jahr, 5 Monate her
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3
Last updated 1 Jahr, 4 Monate her