ကဗျာလွယ်အိတ်

Description
ကျောင်းလွယ်အိတ်ထဲမှာ ကျူရှင်စာအုပ်လည်းရှိနေတတ်ပါတယ်။

Channel created - 7.7.2023(Fri)
Advertising
We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 2 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006

Last updated 5 days, 3 hours ago

Onii-chan ရဲ့ Channel ခွဲလေးတွေလည်း Join ထားပေးကြပါအုန်းဗျ။

Link - @onichantranslations

Last updated 2 weeks, 1 day ago

2 months, 3 weeks ago

ငါက မြန်မာအဘိဓာန်ကိုယ်တော်
သတ်ပုံတရားလာမဟောနဲ့
အမှားမြင်တယ် အမှန်သိတယ်
ဒါပေမယ့် ငါပြင်ချင်မှ ပြင်မယ်။

-ဘယ်လာခင်

2 months, 3 weeks ago

အချိန်တွေကပေါပါတယ်။
နီးစပ်ခွှင့်တွေပဲရှားခဲ့တာ။
စောင့်ဆိုင်းခြင်းဟာ ဘဝအဆက်အဆက်---။ ။

-ချောသွင်

2 months, 3 weeks ago

သီအိုရီတစ်ခု

ကမ္ဘာတစ်ဖက်မှာ
လူနှစ်ယောက် ရယ်မောသံတွေလွှမ်းနေရင်..

ကမ္ဘာတစ်ဖက်မှာ
လူတစ်ယောက် အရက်နာကျပြီး
နွမ်းကြေနေမယ်။ ။

- ဂန္ဓမာ

2 months, 4 weeks ago

မင်းကချစ်ဖို့ကောင်းတယ်
ဘယ်လောက်ထိလဲဆို
ငါ့မှာတစ်ယောက်တည်း
ပြုံးနေရတဲ့အထိပါပဲ။

- မြကျေး
-

2 months, 4 weeks ago

တစ်ဘဝလုံး ဘာသင်သင် မတတ်တဲ့
ဥာဏ်ရည်မမှီ လူတစ်ယောက်က
ဘယ်သူမှ မသင်ပေးရပါပဲ
ချစ်တတ်သွားခဲ့တယ် ... တဲ့။

- ညံလင်း

3 months ago

ဆရာစိုင်းဝင်းမြင့်ရဲ့ "ငါချစ်ရင်" ကဗျာလိုပေါ့

အဆုံးရှုံးမခံနိုင်ဘူး လို့ပြောတဲ့အခါ
အပိုတွေလို့ပဲမြင်တယ်မလား
ရပါတယ်..နားလည်ပါတယ်

မပေးဖြစ်ခဲ့တဲ့ ကံ့ကော်ပန်းလေးဟာလည်း
ယနေ့ထိရနံ့မပြယ်သေးဘူး အချစ်ရယ်

ငြင်းပယ်ခံခဲ့ရတဲ့ ချစ်ခြင်းမေတ္တာတွေကိုမှ
ငါ့မှာလည်း တယုတယ သိမ်းဆည်းထားခဲ့ပါတယ် ။

-နီရိုခဏ်း

3 months ago

သတိရတယ်ဆိုတာနဲ့ပဲ
ချစ်နေသေးတယ်လို့မထင်နဲ့လေဘေဘီ၊
ဘယ်လိုအရာတွေ
ဘယ်လောက်ပဲကောင်းကောင်း
ဘယ်လိုတွေဆိုးခဲ့ဆိုးခဲ့
အဆုံးသတ်က အဓိကပဲမို့လား။

တစ်ခါတလေ သတိရခြင်းတွေကလည်းစောက်ပိုပဲ
ငါသိတယ်ဘေဘီ
ဆရာမင်းလူပြောသလိုမျိုးပဲ
" မင်းမှာ နှလုံးသားမရှိဘူး
မျက်ရည်ယိုဗုံး တစ်လုံးပဲရှိတယ်။

မင်းကို
ငါကြောက်တယ်။
-ဝဏ္ဏ

3 months, 1 week ago

နတ်ဖွက်ထားတဲ့ နယ်မြို့လေး
-----------------------------

ကြွေလုစဲစဲ စိန်ပန်းနီအချို့
စိမ်းစိုနေတဲ့ ကုက္ကိုရွက်တွေ
ရေစီးကြောင်းရာ ပေါ်နေတဲ့ သဲလမ်းလေး
ဖူးတစ်ချို့၊ ပွင့်တစ်ချို့ နဲ့ ထနောင်းပင်ကြီးတွေ

လွမ်းဆွတ်သူအဖို့ အရာရာလွမ်းစရာချည်း ။

ဧရာဝတီ ကမ်းပါးတစ်လျှောက်
ရိုးတံဖြူဖြူ ကိုင်းပင်ရှည်တွေ
လေယူရာတိမ်း သိဟ်ရာသီယိမ်းနဲ့ ကခုန်ကြပေါ့

ကုန်းတော်ကြီးမှ မြင်ရတဲ့ ဧရာဝတီမြစ်ပြင်ကျယ်
ချောက်ဘုရားလှဘေးက အုန်းပင်တန်းနဲ့ သဲလမ်းလေး

ဒီအချိန်ဆို
ကျောက်ဂူဥမင်ရှေ့ နယ်ကျွံလာတဲ့ မြစ်ကျိုးအင်းထဲ
ငါးမျှားနေသူအချို့
မအောင်မြင်တဲ့ ညနေခင်းထဲ ရေချိုးပြန်ကြပြီထင်တယ် ။

မဏိစည်သူစျေးထဲ
စိမ်းစိုနေတဲ့ ကုန်စိမ်းတန်း
မောင်း၊ ကြေး၊ ဆင်းတု အဟောင်းဆိုင်လေးတွေ

FIT လမ်း
ဒါမှမဟုတ် ညစျေးတန်းလမ်းထဲက
မုန့်ပျားသလက်ဆိုင်လေးမှစ
မော်စတိုးဘေးက ဘီယာဆိုင်အထိ
မိုးအေးအေးနဲ့ လွေးလို့ကောင်းတဲ့
တရုတ်စာ၊ ကချင်စာ၊ အညာစာ ဆိုင်လေးတွေ

နန်းကြည့်ကုန်းဘုရားမှာ အောင်မြေနင်းပြီး
အောင်စိတ်နဲ့ ဖူးမြော်ရမယ့် ရွှေစည်းခုံဘုရားကြီး

မေတ္တာစောင်းတန်းမှာရော
စစ်ရှောင်တွေကို နားခိုစရာပေးထားရဲ့လား ။

K7 ဆိုင်က
ခရမ်းသီးမီးဖုတ်လေးနဲ့ ပုဇွန်ချဉ်စပ်ကို
ကျားတံဆိပ်ဘီယာနဲ့ မြည်းချင်တယ်

နောက်ပြီး
အချစ်က ရက်စက်တဲ့အကြောင်း
အချစ်ကို လွမ်းတဲ့အကြောင်း
အနော်ရထာလမ်းမကြီးကို တိုင်တည်ပြီး
သပြေဘူတဝါဝါတွေကြား စာအိတ်လေးထားခဲ့မယ် ။

အခုလို မိုးရွာပြီးစအချိန်များမှာ
ရွှေလိပ်တူးဘုရား ကနေ
ထီးလိုမင်းလိုဘုရားကြီး ငေးရတဲ့အရသာ

ကော်ဖီခွက်လေးရယ်
သူ့လက်ဖဝါးလေးရယ်
ရွှေလိပ်တူးဘုရားရဲ့ သရက်ကင်းလှေကားကြီးရယ်
နေကြာခင်းကြားက မြင်ရတဲ့
ထီးလိုမင်းလို ဘုရားကြီးရယ်
နေ့ချင်းပြန်နိဗ္ဗာန်ပဲ ။

သရပါတံခါးအရှေ့က
မောင်တင့်တယ်နဲ့ နှမတော် မမြတ်လှနတ်ကွန်း
ကျုံးဘေးတစ်လျှောက်
စက္ကူပန်းနီနီတွေ ကြွေတစ်ချို့ ဝေတစ်ချို့နဲ့
လှလိုက်တဲ့ သင်္ခါရလို့ တိုးတိုးလေး ပြောမိမှာ

တောင်ဘီရွှေကွန်ခြာနဲ့ နတ်ထောင့်ကျောင်း
မင်းမျှော်ရာဇာဘုရား

နယ်မြို့လေးမှာ မိုးရွာပြီးစဆို
ပြောင်းခင်းတွေဟာ သူ့ထက်ငါ ရုန်းထ
သဘာဝရဲ့ ပန်းချီစလို ။

အာနန္ဒာဘုရားရှေ့က ညောင်ပင်ကြီးမှာ
အတော်ရေစိုပြီး မပျံနိုင်တဲ့ငှက်တွေ နားခိုကြ

ဓမ္မရံကြီးကို ဦးတိုက်နေတဲ့ တိမ်ညိုမဲတွေ

နောက်တစ်မိုးရွာရင် ပြိုတော့မလိုလိုနဲ့
မိုးရာသီပေါင်းများစွာ အံတုနေတဲ့
စူဠာမဏိတောင်မုခ်က ပေါင်းကူးလေး

ရေပြည့်လျှံနေတဲ့ ဦးကျည်ပွေ့ကန် ။

ပခုက္ကူ၊ ကျွန်းပုလုရွာက မျှောလိုက်တဲ့
ရှင်ဥပဂုတ္တ ဖောင်လေးရော
သီရိပစ္စယာရွာ လောကနန္ဒာဆိပ်ကမ်း
ဒါမှမဟုတ် မြင်းကပါရွာ ဆိပ်ကမ်းမှာ
ကိန်းဝပ် အပူဇော်ခံနေပြီလား

မနူဟာဘုရားကြီးလည်း
မကျင်းပဖြစ်တဲ့ အရုပ်ထိုးပွဲအတွက်
ဝမ်းနည်းနေကြမလား ။

ဆိုးအတူကောင်းဘက်
မင်းကျန်စစ်က အရှေ့အရပ်မှာ နဂါးရုံတည်တော့
ထက်ကြပ်မကွာ အနောက်အရပ်မှာ
မိဖုရားက အပယ်ရတနာ တည်ပေါ့

ကျောက်မျက်မှော်ဆိပ်ကမ်း
ထနောင်းပင်ကြီးအောက်က ခုံတန်းလေးရော
တစ်စုံတစ်ယောက်ကို မျှော်နေမလား
ဒါမှမဟုတ်
တစ်ဘက်ကမ်း တန်ကြည့်တောင်က
စစ်ဖြစ်နေတဲ့ ရွာလေးကိုငေး
ပူပူဆွေးဆွေး ဖြစ်နေမလား ။

စိုးမင်းကြီးက စဉ့်ချပ်လေးတွေ ဘေးကင်းရဲ့လား

စိုးမင်းကြီးအုတ်ကျောင်းပေါ်ကမြင်ရတဲ့
ရှုခင်းကိုကြည့်ရင်း
ဆရာပိုင်စိုးဝေ ကဗျာတစ်ပုဒ် ရွတ်ဆိုဖူးတယ်

" တမာ ထနောင်း
ရှားစောင်း ပြာသာဒ်
သန်း ဒဟတ်ပင်တွေနဲ့
မိုးနှံချုံပုတ်၊ ရှားပင်ငုတ်တို
နီညိုညို ကျောက်ခဲလုံးတွေနဲ့
ထန်းပင်မြင့်မြင့်ကြီးတွေကြားက တဲလေးတစ်လုံး ”

စိမ်းညက်ရဲ့ အနုပညာနဲ့
စိမ်းညက်ရဲ့ နှစ်လိုဖွယ်ကိုပဲ ဦးညွှတ်ပါရဲ့ ။

မင်းနန်သူရွာဆိုတဲ့ နာမည်လေးကြားရင်
မလွမ်းဘယ်သူ ရှိပါ့မလဲ
ဖွားစောရွာဆိုတဲ့ အမည်လေးကြားရင်
မျက်ရည်ဘယ်သူ ခိုင်ပါ့မလဲ

ရူးလောက်အောင် လွမ်းရတဲ့မြို့
မျက်တောင်မခတ်ဘဲ ငေးမိအောင် လှတဲ့မြို့

တရေးနိုးမေး
တရေးနိုး ပြေးသွားချင်တဲ့ မြို့

နွေမှာ ရွက်ကြွေ
မိုးမှာ ပုရစ်ဖူး
ဆောင်းမှာ မြူ၊ မှုန်၊ ဖုန်၊ သဲ
သုံးပန်လှ သုံးလူလှ
သုံးရာသီအလှနဲ့ ပြည့်စုံတဲ့ မြို့

တကယ်တော့
အဲသည် နယ်မြို့လေးဟာ
တစ်ခေါက်ရောက်ပြီးရင်
တစ်သက်လုံး လွမ်းဆွတ်ဖို့
အကြောင်းပြချက်တွေ တစ်ထွေးတစ်ပွေ့နဲ့ မြို့ ။

ဆန်းကျော်စွာဝင်း

3 months, 1 week ago

ငါတို့နှစ်ယောက်ကြားကတိတ်ဆိတ်ခြင်းကို
ဘယ်စကားလုံးနဲ့ ပြန်အသက်သွင်းမလဲ
မင်းကနေနိုင်တယ်၊ ငါကမနေနိုင်ဘဲ
နေနိုင်ချင်ယောင်ဆောင်တယ်၊ တကယ့်ငရဲပဲ ။

လင်းမာအို

5 months, 3 weeks ago

ဒီလိုပဲ ၊ မေလတစ်လ ကုန်ဆုံးသွားပြန်တယ် ။
သေချာပေါက် ခေါ်သွားရမဲ့အရာ
တွေရှိသလို ဆူံးရှူံးစရာတွေလည်း ရှိခဲ့တယ် ။
ဒီလောက်ပါပဲ။ ဒီအတိုင်း အမှတ်တရ
တွေအဖြစ် သိမ်းဆည်း ဖြစ်သွားတယ်ပေါ့ ။

- ခက်နှောင်

We recommend to visit

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 2 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006

Last updated 5 days, 3 hours ago

Onii-chan ရဲ့ Channel ခွဲလေးတွေလည်း Join ထားပေးကြပါအုန်းဗျ။

Link - @onichantranslations

Last updated 2 weeks, 1 day ago