မြေလတ်အသံ - Myaelatt Athan

Description
Sharing Information to the local
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 10 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 2 months ago

10 months, 1 week ago
ကျောက်ဆည်ဆက်သွယ်ရေးတပ်က တပ်သား ၁ ဦးအလင်းဝင်

ကျောက်ဆည်ဆက်သွယ်ရေးတပ်က တပ်သား ၁ ဦးအလင်းဝင်

ကျောက်ဆည်၊ ဒီဇင်ဘာ ၂၆၊ ၂၀၂၄။

မန္တလေးတိုင်းအခြေစိုက် စစ်ရေးလှုပ်ရှားနေတဲ့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ဆီကို ဒီဇင်ဘာ ၂၃ ရက်မှာ စစ်ကောင်စီတပ်သား ၁ ဦး အလင်းဝင်လာခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

အလင်းဝင်လာသူဟာ ကျောက်ဆည်အခြေစိုက် ဆက်သွယ်ရေးတပ်က အသက် ၃၀ နှစ်အရွယ် တပ်သားဇော်ဦးမောင် ဖြစ်ပြီး လက်နက်ခဲယမ်းမပါဘဲ အလင်းဝင်လာတယ်လို့ ဆိုပါတယ်။

"တပ်ဖွဲ့ကို အလင်းဝင်လာတာ သူကပထမဆုံးပါ။ လမ်းခရီးမှာစစ်ဆေးတာများလို့ လက် နက်မပါတာပါ" လို့ ယူနီကွန်းပျောက်ကြားတပ်ဖွဲ့ တာဝန်ခံ Someday က ပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.org/articles/ကျောက်ဆည်ဆက်သွယ်ရေးတပ်က_တပ်သား_၁ဦးအလင်းဝင်

10 months, 1 week ago
ကမ္မကကျေးရွာတွေကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေလို့ ဒေသခံ ၇,၀၀၀ ကျော် ထွက်ပြေးနေရ

ကမ္မကကျေးရွာတွေကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေလို့ ဒေသခံ ၇,၀၀၀ ကျော် ထွက်ပြေးနေရ

ကမ္မ ၊ ဒီဇင်ဘာ ၂၆ ၊ ၂၀၂၄ ။

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ပစ်ခတ်နေတာကြောင့် ဒေသခံ ၇,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုအဖွဲ့ ဆီက သိရပါတယ်။

ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ ကလာတဲ့ အင်အား ၁၂၀ ခန့်ဟာ ဒီဇင်ဘာ ၂၄ ရက် ညနေပိုင်းကစတင်ကာ ကမ္မမြို့နယ်၊ ညောင်ဂျစ်ပင်ရွာကနေ စတင်စစ်ကြောင်းထိုးလာတာဖြစ်ပြီး အနီးဝန်းကျင်ရွာတွေကို ၃ ရက်ကြာ လှည့်ပတ်စစ်ကြောင်းထိုးခဲ့တာလို့ ဆိုပါတယ်။

“ စစ်ကြောင်းလာတဲ့ဘက်က ရွာတွေ အဓိကရှောင်ရတာပေါ့။ ပေါက်နဲ့မြိုင်နယ်ဘက်တွေကို ရှောင်နေရတယ်။ မြို့ပေါ်ရော၊ ရွာဘက်ရောဆို ဒေသခံ ၇,၀၀၀ ကျော်ရှိတယ်။” လို့ ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုတာဝန်ခံက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ကမ္မကကျေးရွာတွေကို_စစ်ကောင်စီတပ်စစ်ကြောင်းထိုးနေလို့_ဒေသခံ၇၀၀၀ကျော်ထွက်ပြေးနေရ

10 months, 1 week ago
မုံရွာမြို့ပေါ်မှာ ပြန်ပေးဆွဲပစ်ခတ်ခံရလို့ အမျိုးသမီး ၁ ဦးသေဆုံး

မုံရွာမြို့ပေါ်မှာ ပြန်ပေးဆွဲပစ်ခတ်ခံရလို့ အမျိုးသမီး ၁ ဦးသေဆုံး

မုံရွာ၊ ဒီဇင်ဘာ ၂၆၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ သလ္လာရပ်ကွက်၊ မကျီးပင်စျေးအနီးမှာ အမျိုးသမီး ၁ ဦး ပြန်ပေးဆွဲပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ဒီဇင်ဘာ ၂၆ ရက်မနက် ၇ နာရီခန့်မှာ သံတိုသံစရောင်းဝယ်လုပ်ငန်းလုပ်သူ ဒေါ်ရွှေဝါရဲ့နေအိမ်ထဲကို လူ ၃ ဦးရောက်လာပြီး ဒေါ်ရွှေဝါရဲ့သမီးဖြစ်သူ အသက် ၃၀ နှစ်အရွယ် မမိုးမိုးစံ ကိုပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

"သေသူအမျိုးသမီးက အိမ်ထဲကနေ ကားထုတ်တုန်းမှာပြန်ပေးဆွဲတာလို့ပြောတယ်။ လူခေါ်တာမှာ လူကမလိုက်လို့ သေနတ်နဲ့ လေးချက်ပစ်သတ်ထားခဲ့တာ။” လို့ ဒေသခံအမျိုးသားတဦးကပြောပါတယ်။

သတင်းအပြည့်အစုံ - https://myaelattathan.org/articles/မုံရွာမြို့ပေါ်မှာ_ပြန်ပေးဆွဲပစ်ခတ်ခံရလို့_အမျိုးသမီး_၁ဦးသေဆုံး

10 months, 2 weeks ago
ဝက်လက်ရဲစခန်းက ဒုရဲအုပ်လင်မယား ဆေးသောက်ပြီးသေကြောင်းကြံလို့ အမျိုးသမီးဖြစ်သူသေဆုံး

ဝက်လက်ရဲစခန်းက ဒုရဲအုပ်လင်မယား ဆေးသောက်ပြီးသေကြောင်းကြံလို့ အမျိုးသမီးဖြစ်သူသေဆုံး

ဝက်လက်၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့ရှိ ဝက်လက်မြို့မရဲစခန်းက ဒုရဲအုပ်လင်မယား ဆေးသောက်ပြီး သေကြောင်းကြံလို့ အမျိုးသမီးဖြစ်သူသေဆုံးသွားတယ်လို့ ရဲစခန်းနဲ့နီးစပ်သူတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၁၉ ရက် မနက် ၄ နာရီခန့်မှာ အသက် ၂၅ နှစ်အရွယ် ဒုရဲအုပ် အောင်မင်းစိန်နဲ့ အသက် ၂၂ အရွယ် ဇနီးဖြစ်သူ မထက်ထက်တို့ ၂ ဦးဟာ နေအိမ်လိုင်းခန်းအတွင်းမှာ ပါးစပ်က အမြှုပ်တွေထွက်ပြီး သတိလစ်နေတာကို တခြားရဲတပ်ဖွဲ့ဝင်တွေက တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

"သူ့ကင်းအလှည်ကျလို့ သွားနှိုးရာမှာ လင်မယားနှစ်ယောက်စလုံးက ပါးစပ်ကနေ အမြှုပ်တွေထွက်နေလို့ ဆေးရုံတန်းပို့တာ သူ့မိန်းမကတော့ တခါတည်းဆုံးတာ။ သူကတော့ဆေးရုံမှာ။ ဘာဆေးသောက်လိုက်လဲ ဆိုတာတော့ မသိရသေးဘူး" လို့ ရဲစခန်းနဲ့ နီးစပ်သူ ၁ ဦးက ပြောပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/ဝက်လက်ရဲစခန်းကဒုရဲအုပ်လင်မယား_ဆေးသောက်ပြီးသေကြောင်းကြံလို့_အမျိုးသမီးဖြစ်သူသေဆုံး

10 months, 2 weeks ago
ထန်းရည်ဆိုင်ထိုင်နေတဲ့ အမျိုးသား ၆ ဦးကို ပျူစောထီးတွေက ပေါ်တာဆွဲဖမ်းဆီး

ထန်းရည်ဆိုင်ထိုင်နေတဲ့ အမျိုးသား ၆ ဦးကို ပျူစောထီးတွေက ပေါ်တာဆွဲဖမ်းဆီး

ပွင့်ဖြူ၊ ဒီဇင်ဘာ ၂၀၊ ၂၀၂၄။

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ကနီကျေးရွာ လမ်းထိပ်ရှိ ထန်းရည်ဆိုင်မှာရှိနေတဲ့ အမျိုးသား ၆ ဦးကို ပျူစောထီးတွေက ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့ မင်းဘူးခရိုင် ပကဖ ပြန်ကြားရေးတာဝန်ခံထံက သိရပါတယ်။

ဒီဇင်ဘာ ၁၉ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်မှာ ကျောင်းကုန်းကြီးကျေးရွာနဲ့ ရေအုပ်ကလေးကျေးရွာက ပျူစောထီး ၈ ဦးခန့်ဟာ ကနီရွာထိပ်ကိုရောက်လာပြီး ထန်းရည်ဆိုင်မှာ ထိုင်နေတဲ့ အမျိုးသားတွေကို ဖမ်းဆီးသွားခဲ့တာလို့ဆိုပါတယ်။

"လမ်းဘေးထန်းရည်ဆိုင်လေးမှာ ခရီးသွားလာရင်း နားပြုပြီး လူငယ်သဘာဝ ထန်းရည်သောက်၊ ထိုင်နေချိန် ယောကျ်ားသားတွေ စုနေတာဆိုပြီး ဝင်ဖမ်းသွားတာ။" လို့ မင်းဘူးခရိုင်ပကဖ ပြန်ကြားရေးတာဝန်ခံက ပြောပါ တယ်။

သတင်းအပြည့်အစုံ - https://myaelattathan.org/articles/ထန်းရည်ဆိုင်ထိုင်နေတဲ့_အမျိုးသား၆ဦးကို_ပျူစောထီးတွေကပေါ်တာဆွဲဖမ်းဆီး

10 months, 2 weeks ago

အလောင်းပြန်မရလို့ အင်္ကျီနဲ့ပုဆိုးကိုသာ ဂုဏ်ပြုသင်္ဂြိုဟ်ခဲ့ရတဲ့ တပ်စုမှူးရဲ့စျာပန (ရုပ်/သံ)

လက်ပံတန်း၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၄။

ပဲခူးတိုင်းအနောက်ခြမ်း၊ လက်ပံတန်းမြို့နယ်မှာကျဆုံးခဲ့တဲ့ PDF တပ်ဖွဲ့ဝင် ၁ ဦးရဲ့အလောင်းကိုပြန်မရတဲ့ အတွက် ဒီဇင်ဘာ ၁၈ ရက် မနေ့ကနေ့လယ်ပိုင်းမှာ အင်္ကျီနဲ့ပုဆိုးကိုသာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ မီးသင်္ဂြိုလ်ပေးခဲ့တယ်လို့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ပြောပါတယ်။

ကျဆုံးသူဟာ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် သာယာဝတီခရိုင် (ပကဖ) တိုက်ခိုက်ရေးတပ်ရင်း တပ်ခွဲ ၁ က တပ်စုမှူး အသက် ၃၀ နှစ်အရွယ် ရဲဘော်အာနိုး(ခ) အောင်သက်ပိုင်ဖြစ်ပြီး လက်ပံတန်းမြို့နယ်၊ ပဲခူးရိုးမအစပ်တနေရာမှာ ဒီဇင်ဘာ ၈ ရက် မွန်းတည့်ချိန်က စစ်ကောင်စီတပ်သားတွေရဲ့ ပစ်သတ်တာကို ခံခဲ့ရတာပါ။

ရဲဘော်အာနိုးမကျဆုံးမီ ဒီဇင်ဘာ ၇ ရက်မနက် ၉ နာရီကျော်လောက်မှာ စစ်ကောင်စီဘက်က အင်အား ၇၀ လောက်နဲ့ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့စခန်းအထိတက်လာရာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ပြန်လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

နောက်တရက် ဒီဇင်ဘာ ၈ ရက်မှာတော့ ရဲဘော်အာနိုးဟာ ဘုရားကုန်းပေါ် ရေချိုးနေတဲ့အချိန် စစ်ကောင်စီဘက်က လာရောက်ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။

ပစ်သတ်ခံရပြီးနောက် ရဲဘော်အာနိုးရဲ့အလောင်းကို ကာကွယ်ရေးတပ်ဖွဲ့တွေက လိုက်ရှာပေမယ့် မတွေ့တော့တဲ့အတွက် ဒီဇင်ဘာလ ၁၈ ရက်မှာ သူ့ရဲ့အဝတ်အစားတွေကိုပဲ မီးရှို့သင်္ဂြိုဟ်ခဲ့ရတာပါ။

ရဲဘော်အာနိုးဟာ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ပြီးခဲ့တဲ့နှစ် မတ်လက စတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ ပထမဆုံးကျဆုံးသူလည်း ဖြစ်တယ်လို့ပြောပါတယ်။

ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော်အာနိုးအတွက် ထောက်ပံ့ငွေ ၇ သိန်းကျပ် ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - ခန့်အောင်၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ
#လက်ပံတန်း #ကျဆုံး #တပ်စုမှူး #စျာပန

https://youtu.be/1Pw4aBA51oU

10 months, 3 weeks ago
တပတ်အတွင်း မြေလတ်သတင်း

တပတ်အတွင်း မြေလတ်သတင်း

မြေလတ်အသံ၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၄။

- လက်လွှတ်ခဲ့ရတဲ့ မတ္တရာကကျေးရွာ ၃ ရွာ ကို MDYPDF ပြန်လည်သိမ်းပိုက်
- စစ်အုပ်စုစစ်ကြောင်း မိုင်းထိလို့ ၄ ဦးသေဆုံးပြီး အထိုင်စခန်းကိုပါ ဒရုန်းနဲ့ဗုံးကြဲခံရလို့ သေဆုံးမှုရှိ
- ပျူစောထီးထိန်းချုပ်ထားတဲ့ဇီးပြားရွာက ဘုန်းကြီး ၄ ပါးအပါ ၁၇ ဦး အစာပြတ်လပ်လို့ PDF ထံ ထွက်ပြေးခိုလှုံလာ
- မြို့ပေါ်ဈေးတက်ရောင်းချိန် စျေးသည်တွေ စစ်ကောင်စီရန်ကြောင့် ခရီးပိုကြာတဲ့ တောလမ်းကိုအသုံးပြုနေရ
- မန္တလေးတိုင်း၊ ငါန်းဇွန်နဲ့တောင်သာမြို့တို့မှာ စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုတွေရှိ
- ဖိုလ်ဝင်တောင်နဲ့ ရွှေဘတောင်က မျောက်တွေ အစာရေစာရှားပါးလို့ လူနေအိမ်တွေအထိဝင်ရောက်
- အာဏာရှိတဲ့ဘယ်သူမဆို လူ့အခွင့်အရေးချိုးဖောက်နေရင် တိုင်ကြားဖို့ ဟောပြော
- စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နဲ့ ကလေးမြို့တို့မှာ စစ်ကောင်စီက ပေါ်တာဆွဲဖမ်းဆီးတာ တွေလုပ်နေ
- မြိုင်မြို့နယ်က NUG စာသင်ကျောင်း ၁ ခုမှာ လိင်အကြမ်းဖက်မှုပပျောက်ရေး ဟောပြောပွဲကျင်းပ

#မြေလတ်အသံ
#တပတ်အတွင်းမြေလတ်သတင်း #စစ်ကိုင်း #ပဲခူး #မကွေး #မန္တလေး

https://youtu.be/dr-2BsRHyTc

10 months, 3 weeks ago
သေဒဏ်ချမှတ်မယ့် ထုတ်ပြန်ချက်တခုကို ကျောတိုက်နယ်ပအဖ ထုတ်ပြန်

သေဒဏ်ချမှတ်မယ့် ထုတ်ပြန်ချက်တခုကို ကျောတိုက်နယ်ပအဖ ထုတ်ပြန်

ဂန့်ဂေါ၊ ဒီဇင်ဘာ ၁၃၊ ၂၀၂၄။

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ကျောတိုက်နယ်မှာ တိုက်နယ်ပအဖအဖွဲ့က နိုဝင်ဘာ ၁၅ ရက် ရက်စွဲနဲ့ အချက် ၂၃ ချက်ပါ ကြေညာချက်တစောင် ထုတ်ပြန်ထားပြီး အဲဒီထုတ်ပြန်စာမှာ တားမြစ်ချက်တွေကို ကျူးလွန်ရင် သေဒဏ်ထိချမှတ်လို့ရတဲ့ တရားစီရင်ရေးကို လုပ်ဆောင်သွားမယ်လို့ ပါရှိပါတယ်။

ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ(ကျောတိုက်နယ်)က ဒေသန္တရဥပဒေမူကြမ်းတရပ်ရေးဆွဲကာ ဥပဒေနဲ့အညီ အုပ်ချုပ်စီမံခန့်ခွဲကာ ဒေသတွင်းခိုင်မာပြတ်သားချက်တွေနဲ့ အရေးယူဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒေသတွင်းလိုအပ်သော လိုအပ်ချက်တွေအတိုင်း ရေးဆွဲထားသော်လည်း ရာဇသတ်ကြီးဥပဒေကျင့်ထုံးတွေနဲ့ ဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် အဓိက တားမြစ်ထားတဲ့ တားမြစ်ချက်တွေကို(ခွင့်ပြုချက်မဲ့) ကျူးလွန်ပါက ပြင်းထန်စွာအရေးယူမယ့်အပြင် သေဒဏ်အထိ ချမှတ်နိုင်တဲ့ တရားစီရင်ခြင်းမျိုး လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

သတင်းအပြည့်အစုံ - https://www.myaelattathan.org/articles/သေဒဏ်ချမှတ်မယ့်ထုတ်ပြန်ချက်တခုကို_ကျောတိုက်နယ်ပအဖ_ထုတ်ပြန်

10 months, 3 weeks ago
မြေလတ်အသံ - Myaelatt Athan
11 months ago
မြေလတ်အသံ - Myaelatt Athan
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 10 months, 2 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 2 months ago