မြိုင်-ပကဖ

Description
မြိုင်-ပကဖ၏သတင်းထုတ်ပြန်ရေးချန်နယ်အသစ်ဖြစ်ပါသည်။
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago

2 months ago

သတင်းထုတ်ပြန်ခြင်း

ရက်စွဲ - ၁၀ နိုဝင်ဘာ ၂၀၂၄

မကွေးတိုင်းဒေသကြီးတွင် (နမခ) အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ စေလွှတ်စေခိုင်းချက်၊ တာဝန်ပေးချက်များအရ အမျိုးသားအမျိုးသမီး အရာရှိ၊ အရာခံ စစ်သည်ရဲမေ (၄၀) ဦးစေလွှတ်ကာ မြိုင် ပကဖ ဖွဲ့စည်းခေါင်းဆောင်သူများအား သတ်ဖြတ်ရန်နှင့် သတင်းရယူရန် သပ်လျှိုစေလွှတ်ထားကြောင်း တပ်တွင်း၏ ဖရဲသီးမှ သတင်းပေးပို့ချက်အရ သိရှိထားရှိပြီး​ဖြစ်ပါသည်။ မိမိတို့ တာဝန်ယူဆောင်ရွက်ရသော နယ်မြေအတွင်းရှိ သင်္ကါမကင်းဖွယ်ရာ ယုံကြည်စိတ်ချရမှု အလျင်းမရှိသူများအား စနစ်တကျ စိစစ်၍ မှတ်တမ်းထားရှိသွားရန်နှင့် လိုအပ်သော အရေးယူမှုကိစ္စရပ်များအား တာဝန်ရှိသူအဆင့်ဆင့်ထံ အချိန်နှင့်တပြေးညီ တင်ပြဆောင်ရွက်သွားရန် ဖြစ်ပါသည်။

မြိုင် ပကဖ

2 months, 1 week ago

သတင်းထုတ်ပြန်ခြင်း

ရက်စွဲ - ၇ နိုဝင်ဘာ ၂၀၂၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ မြိုင်မြို့နယ်နှင့် မြိုင်မြို့ပေါ်နယ်မြေများအား စိုးမိုးထားပြီး ရိက္ခာဖြတ်တောက်ခြင်း၊ ဆက်သွယ်ရေးဖြတ်တောက်ခြင်းနှင့် မျက်ခြေမပြတ် စောင့်ကြည့်လှုပ်ရှားတိုက်ခိုက်ခြင်းများ လုပ်ဆောင်ထားရှိခဲ့ပါသည်။ (၀၇.၁၁.၂၀၂၄) ရက်နေ့ နံနက် (၀၆ ၂၅) အချိန်တွင် မြိုင်မြို့၏ မြောက်ဘက် ချောင်းဆုံဂိတ်မှ မြိုင်မြို့ပေါ်သို့ ဈေးဝယ်ထွက်လာသော စစ်ခွေး (၂) ကောင်အား စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်ခွေး (၂) ကောင် သေဆုံးခဲ့ပါသည်။ မော်တော်ဆိုင်ကယ် (၁) စီး စီးနင်းလာပြီး ရဲသုံးပွင့်ဗိုလ် ချစ်စမ်းမောင်နှင့်အတူ ရခ (၁) ကောင်အား ပစ်ခတ်တိုက်ခိုက်မှုတွင် MA -3 သေနတ် (၁) လက် သိမ်းဆည်းရမိခဲ့ကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
အဆိုပါတိုက်ခိုက်မှုတွင် မြိုင်မြို့နယ် ပကဖတပ်ရင်း (၁) ခွဲ (၃) နှင့်အတူ Joker ပြောက်ကျားတပ်ဖွဲ့ တို့မှ ပူးပေါင်းစီစဉ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပါသည်။

မြိုင် ပကဖ

2 months, 2 weeks ago

သတင်းထုတ်ပြန်ခြင်း

ရက်စွဲ - ၂၈ အောက်တိုဘာ ၂၀၂၄

မြိုင် ပကဖသည် 27.10.2024ရက်နေ့
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ်ရှိ တင်းဂါတ်ပြည်သူ့စစ်ဂိတ်စခန်းအား 27ရက် နေ့မနက် 10နာရီအချိန်မှ 12နာရီအချိန်ထိ ဖျက်အားပြင်း droneဗုံးသီး16လုံးကျဲချတိုက်ခိုက်ရာ ပျူဆောထီးနှစ်ကာင်သဆုံးပိး အများအပြားဒဏ်ရာရရှိခဲ့ပါသည်
တင်းဂါတ်ပြည်သူ့စစ်ဂိတ်စခန်းသည် ခရီးသွားအများပြည်သူများအားအမြဲအနိုင်ကျင့်ဗိုလ်ကျကာ ခရီးသွားပြည်သူများဆီမှ
အဆမတန် ငွေးကြေးများတောင်းယူ‌ေနသည့် ဂိတ်စခန်းတစ်ခု
ြဖစ်ပါသည်။ ထိုတိုက်ခိုက်မှုကိုမြိုင်ပကဖနှင့် အတူပေါက်ပကဖ
Bly ပျောက်ကျားတပ်ဖွဲ့ PKU Thurain/ Black cobraforce(ကမ္မတပ်ပါင်းစု)/DMG ဓားမင်းကြီးအဖွဲ့ တို့ပါဝင်ခဲ့ပါသည်။

မြိုင် ပကဖ

7 months, 1 week ago

တိုက်ပွဲသတင်းထုတ်ပြန်​ကြေငြာချက်။ ။ ၈ ရက်၊ ဇွန် ၂၀၂၄

မြိုင် ပကဖသည် ဇွန် ၆ရက်​နေ့က မ​ကွေးတိုင်း မြိုင်မြို့နယ် ​မြိုင်မြို့၏ အ​ရှေ့ဘက်မန္တလေးလမ်းအထွက်ဂိတ် တိုက်ပွဲကို ကျ​နော်တို့မြိုင်ပကဖအ​နေဖြင့် ဆားလင်းကြီးSSTFနှင့်အတူ သွား​ရောက်တိုက်ပွဲဆင်ခဲ့ပါသည်။

ယင်းဂိတ်တွင် စကစတပ်သား၊ ရဲ နှင့် ပျူ​​စောထီးတို့ အ​​​ခြေချပြီး ဘန်ကာများ အကျအနနှင့် 3ထပ် RCတ်ိုက်​ပေါ်တွင် ခံစစ်ပြုထားသည့်အတွက်
SSTFအ​နေဖြင့် RPGငါးချက်အပါအဝင် gunအကြီးအငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

ဝေဟင်တိုက်ခိုက်ရေးအဖြစ်

မြိုင်ပကဖ Drone Team
Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team (3) PDAF
Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team (4) SSTF
တို့ကလည်း ဗုံးသီးများဖြင့် ဗုံးကျဲတိုက်ခိုက်နိုင်ခဲ့ပါသည်

တိုက်ပွဲကြာချိန်အ​နေဖြင့် ည​နေ ၃နာရီမှစ၍ ည၈နာရီအထိ ၅နာရီကြာ ထိ​တွေ့ဖြစ်ပွားခဲ့ပြီး မိမိတို့ ရဲ​ဘော်များအ​နေဖြင့် အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါသည်။ စကစဘက်မှ ကျဆုံးသည်များရှိ​ပေမယ့် ကျဆုံးအ​ရေအတွက်ကို​တော့ စုံစမ်းလျက်ရှိပါသည်။

​တော်လှန်​ရေးကာလ ၃နှစ်​ကျော်လာတာနဲ့အတူ ပြည်သူများလည်း အထိအခိုက်များသည်ကို ကျ​​နော်တို့​တော်လှန်အင်အားစုများအ​နေဖြင့် လွန်စွာအားနာရပါသည်။ ​တိုက်ပွဲတပွဲဆင်နွှဲသည့်အခါ ကုန်ကျသည့် လက်နက်ခဲယမ်းတန်ဖိုးမှာလည်း များပြားလှသည့်အတွက် ပြည်သူများအ​​နေဖြင့် ​တော်လှန်​ရေးမှာ ဆက်လက်ပါဝင်​ပေးဖို့လည်း ​တောင်းဆိုအပ်ပါသည်ခင်ဗျာ။

" စစ်အာဏာရှင်စနစ်အတွက် ​နေရာမရှိ​စေရ "

မြိုင် ပကဖ

7 months, 2 weeks ago

သတင်းထုတ်ပြန်ခြင်း

ရက်စွဲ - 1 Jun 2024

" မြိုင် ပကဖ " သည်
31.5.2024ရက်နေ့တွင် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့နယ် ပခုက္ကူ. ကမ္မလမ်းပိုင်းရှိ
ညောင်ပင်လှ စကစဂိတ်စခန်းအတွင်းတွင်
စခ/ပခများ
ဘန်ကာများဆောက်လုပ်နေချိန်၌
မြိုင် ပကဖနှင့်
black cobra force(ကမ္မတပ်ပေါင်းစု)
တို့ပူပေါင်း၍
မနက်8:00နာရီအချိန်မှ
11နာရီအချိန်ထိ drone ဗုံးသီး10
လုံးကျဲချတိုက်ခိုက်ရာ
နှစ်ကောင်ထိခိုက်ဒဏ်ရာရရှိပြီး
တစ်ကောင်သေဆုံးကြောင်းသိရှိရပါသည်။

မြိုင် ပကဖ

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 weeks, 1 day ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 months, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 5 months ago