Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

MSI - MYANMAR SECRET INFORMATIONS

Description
Subscribe to MSI – first to get the most up-to-date and reliable "Political & Revolution" news.

TELEGRAM
https://t.me/msi22222
Advertising
We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 1 week ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago

1 month, 2 weeks ago
အခုကာလက အစ္စလာမ်ဘာသာဝင်တွေအတွက် အရေးကြီးတဲ့ ရမ်ဇာန် ဥပုသ်လဖြစ်ပါတယ်။ အဲဒီ …

အခုကာလက အစ္စလာမ်ဘာသာဝင်တွေအတွက် အရေးကြီးတဲ့ ရမ်ဇာန် ဥပုသ်လဖြစ်ပါတယ်။ အဲဒီ ဥပုသ်ကာလမှာ အစ္စလာမ်ဘာသာဝင်တွေဟာ တစ်နေကုန် အစာမစား၊ ရေမသောက်ဘဲ ဥပုသ်စောင့်ကြရပါတယ်။ ဒီလိုဥပုသ်စောင့်ထိန်းနိုင်ဖို့အတွက် သာမာန် အချိန်မှာ အဆင်ပြေနိုင်ပေမဲ့ စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေတဲ့ တိုက်ပွဲတွေထဲရောက်နေတဲ့ အစ္စလာမ်ဘာသာဝင် ရဲဘော်တွေ ကတော့ အခက်အခဲရှိကြမှာ အသေအချာပါပဲ။

တနင်္သာရီတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထဲမှာ ရှိနေတဲ့ အစ္စလာမ်ဘာသာဝင် ရဲဘော်တွေကကော ဒီရမ်ဇာန်ကာလမှာ ဥပုသ်စောင့်ဖြစ်ရဲ့လား၊ တိုက်ပွဲတွေ ကြားကနေ ဥပုသ်စောင့်ဖို့ ဘယ်လိုတွေ ကြိုးပမ်းနေကြရလဲ။ သူတို့အတွက် ဘယ်လိုစိန်ခေါ်မှုတွေ ရှိနေလဲဆိုတာကို မေးမြန်းပြီး တောင်ပိုင်းသားတို့အသံ အစီအစဥ်ကနေ တင်ဆက်ပေးလိုက်ပါတယ်။

(အပြည့်အစုံဖတ်ရန် Link ကို နှိပ်ပါ)

https://www.tntynews.com/?p=34571

1 month, 2 weeks ago
MSI - MYANMAR SECRET INFORMATIONS
1 month, 2 weeks ago
MSI - MYANMAR SECRET INFORMATIONS
3 months, 2 weeks ago

“Operation 1027” ၁၀၂၇ စစ်ဆင်ရေး (၈၂) ရက်မြောက်နေ့တိုက်ပွဲသတင်းများ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆) ရက်နေ့၊ ည (၁၁:၅၀) အချိန်တွင် ထုတ်ပြန်သည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးကြီးနှင့်အတူ မိမိတို့ ထုတ်ပြန်ထားပြီးဖြစ်သော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များအတိုင်း ဆက်လက်အကောင်အထည်‌ဖော်လျက်ရှိသည်။

ရှမ်းမြောက်ဒေသတွင်းရှိ မိမိတို့၏နယ်မြေများအတွင်း မိမိတို့ဘက်မှ စတင်ထိုးစစ်ဆင်ခြင်းမရှိသေးသည့်အတွက် ယခုရက်များအတွင်း နှစ်ဘက်ကြား ထိတွေ့တိုက်ပွဲအနေဖြင့် ကြီးကြီးမားမား ရှိမနေခဲ့သော်လည်း ဇန်နဝါရီလ (၁၃) ရက်နေ့ နှင့် ၎င်းနေ့နောက်ပိုင်းများ၌ စစ်ကောင်စီမှ မိမိတို့အပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲများ ရှိနေခဲ့သည်။ အလားတူပင် ရန်သူ့တပ်စခန်းများမှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှု အပါအဝင် လေကြောင်းတိုက်ခိုက်မှုများသည် ယခင်အတိုင်း ရှိနေခဲ့သည်။

(၁) ကိုးကန့်တပ်မတော် (MNDAA) စစ်ရေးလှုပ်ရှားရာ ကိုးကန့်ဒေသတွင် လတ်တလောစစ်ရေးလှုပ်ရှားမှုမရှိခဲ့သည့်တိုင် ယနေ့၊ ညနေ (၄:၀၅) အချိန်မှ (၄:၂၅) အချိန်ကြား၌ ကိုးကန့်‌ဒေသတွင်း ရန်သူ့လက်ကျန်တပ်ဖွဲ့ဝင်အချို့သည် ကိုးကန့်တပ်ဖွဲ့ဝင်များ အခြေချတပ်စွဲထားရာ ကချင်တောင်ဘက်၏ မီတာ (၃၀) အကွာအဝေးသို့ ဝင်ရောက်လာကာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် မိနစ် (၂၀) ကျော် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

အဆိုပါရန်သူ့တပ်ဖွဲ့ဝင်များသည် မိမိတို့၏ ပြန်လှန်ထိုးစစ်ကို မခံနိုင်ဘဲ တပ်ဆုတ်ခွာပြေးခဲ့သည့်နောက်တွင်လည်း (၆၀) မမ လက်နက်ကြီးဖြင့် (၃) ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

(၂) ရှမ်းမြောက်ဒေသတွင်း မိုးမိတ်မြို့နယ်၊ ကွတ်ခိုင်နှင့် ကျောက်မဲမြို့နယ်များသို့ စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများအား ယနေ့တွင်လည်း ဆက်လက်ပြုလုပ်ခဲ့သည်။

(၃) ယနေ့၊ ည (၇) နာရီအချိန်ခန့်တွင် ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၌ စစ်ကောင်စီ၏ ဂျက်ဖိုက်တာနှင့် ထောက်ပို့ယာဉ်များသည် ဘာထလေ၊ ညောင်ပင်လှ၊ ပြားချောင်းကြီးနှင့် ကြိမ်သာ‌ စသည့်ကျေးရွာများအား အပြင်းအထန် လာရောက်ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။

(၄) ရက္ခိုင်ဒေသတွင်းရှိ ရက္ခိုင့်တပ်တော် (AA) အနေဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့် နယ်မြေများထဲမှ ရန်သူ့စခန်းအချို့အားလည်း ယခုရက်များအတွင်း သိမ်းပိုက်ရရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့အား သိမ်းဆည်းရမိခဲ့သည်။

ယမန်နေ့ နောက်ဆက်တွဲသတင်းများအနေဖြင့်

(၅) ရက္ခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ သဲခုံကျေးရွာမှ ဒေသခံအမျိုးသား (၄) ဦးတို့သည် ယမန်နေ့၊ နံနက် (၅) နာရီအချိန်ခန့်က စစ်တွေမြို့သို့ စျေးဝယ်ရန် အသွား စစ်တွေမြို့၊ အင်းပေါက်ဝဆိပ်ကမ်းသို့ အရောက်တွင် စစ်ကောင်စီ၏ “စစ်တွေ အမှတ် (၁) ရဲစခန်း” မှ တပ်ဖွဲ့ဝင်အင်အား (၁၀) ကျော်၏ ဖမ်းဆီးခေါ်ယူသွားခြင်းခံခဲ့ရသည်။ ယနေ့၊ နံနက် (၆) နာရီအချိန်ခန့်၌ အဆိုပါဖမ်းဆီးခံခဲ့ရသူများအား စစ်တွေအခြေစိုက် စစ်ကောင်စီ၏ “ခမရ (၂၀) တပ်ရင်း” ထဲသို့ ခေါ်ယူထိန်းသိမ်းထား လျက်ရှိသည်။

(၆) ယမန်နေ့၊ နေ့လယ် (၁) နာရီကျော်ခန့်၌ ရက္ခိုင်ပြည်၊ မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ “ခမရ (၅၄၀) တပ်ရင်း” မှ မြောက်ဦးမြို့နယ်၊ ကိုင်းတောကျေးရွာသို့ လက်နက်ကြီးများဖြင့် တမင်တကာ အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုသို့ပစ်ခတ်တိုက်ခိုက်မှုကြောင့် လက်နက်ကြီးကျည်များသည့် ကိုင်းတောကျေးရွာအနီးရှိ လယ်ကွင်းများထဲသို့ ကျရောက်ပေါက်ကွဲခဲ့ရာမှ အသက် (၅၇) နှစ်အရွယ် ဒေသခံသက်ကြီးပိုင်းအမျိုးသား (၁) ဦးနှင့် အသက် (၁၇) နှစ်အရွယ် ယောကျ်ားလေး (၁) ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်။

(၇) ယမန်နေ့၊ညနေ (၅) နာရီ (၁၅) မိနစ်အချိန်ခန့်က စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်သည် ရက္ခိုင်ပြည်၊ မြောက်ဦး မြို့နယ်၊ မြောင်းဘွေကျေးရွာအား တမင်တကာရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံအမျိုးသား (၂) ဦး သေဆုံးခဲ့ရပြီး ကိုယ်ဝန်သည်အမျိုးသမီး (၁) ဦးအပါအဝင် ဒေသခံအမျိုးသား (၂) ဦးတို့မှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

(၈) ည (၈) နာရီ (၂၀) မိနစ်အချိန်ခန့်က ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီ၏ တပ်မ (၂၂) လက်အောက်ခံ “ခမရ (၂၀၉) တပ်ရင်း” မှ စခန်းချတပ်စွဲထားသည့် “စံဂိုးတောင်တပ်စခန်း” နှင့် “နွားရုံတောင်တပ်စခန်း” တို့မှ အရပ်သားပြည်သူများ နေထိုင်ရာ ဆင်သီပြင်ကျေးရွာသို့ လက်နက်ကြီးများဖြင့် (၉) ကြိမ်တိုင်တိုင် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါ ရန်သူ့စခန်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့သည့် လက်နက်ကြီးကျည်များအနက် (၁) လုံးသည် ဆင်သီပြင်ကျေးရွာသို့ ကျရောက်ပေါက်ကွဲခဲ့၍ အသက် (၇) နှစ်အရွယ် မွတ်ဆလင်မိန်းကလေးငယ် (၁) ဦးအပါအဝင် အသက် (၆၀) အရွယ် မွတ်ဆလင်သက်ကြီးပိုင်း အမျိုးသမီး (၁) ဦးတို့သည် လက်နက်ကြီးစထိမှန်ကာ ပွဲချင်းပြီးသေဆုံးခဲ့ရသည်။ ထို့အပြင် အသက်မပြည့်သေးသည့် မွတ်ဆလင်ကလေးငယ် (၂) ဦးတို့မှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြန်သည်။

မိမိတို့၏ စစ်ဆင်ရေးနှင့်နောက်ဆက်တွဲသတင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့
MNDAA + TNLA + AA

3 months, 2 weeks ago

Jan16 Khophyu 8PM
-ကွတ်ခိုင်မှာ တိုက်လေယာဉ်၁စင်းကို KIA ပစ်ချ
-ကော့ကရိတ်မြောက်ပိုင်း ၆၀%ကို ကာကွယ်ရေးတပ် သိမ်းယူထား
စခန်းသိမ်း-တီးတိန်၁
စကစ စခန်းစွန့်-ရသေ့တောင်၂
-ပြင်ဦးလွင်၊ မန်းနဲ့ နေပြည်တော်ကို ထိုးစစ်ဆင်ရန် ဗျူဟာတကျပြင်ဆင်ထားဟု NUG ပြော
-ကျိုက်မရောထောင်မှာ နိုင်ကျဥ်း၁ဦး ထပ်သေဆုံး
-စကစ၏ ဘာသာ+လူမျိုးရေးမှိုင်းတွေကို သတိထားရန် KNU ထုတ်ပြန်
-စစ်တွေလေဆိပ်က စကစတပ် ဒရုန်းထိ
-CDM ညီလာခံ ကျင်းပမည်
-ဟွန်ဒီလုပ်သူတွေကို စကစဖမ်းနေ
-တနှစ်အတွင်း ရန်ကုန် အထည်ချုပ်စက်ရုံ ၃၀ခန့် ပိတ်သိမ်း
-မအလနုတ်ထွက်ရန် တပ်ထောက်ခံသူတွေ တောင်းဆိုလာ

3 months, 2 weeks ago

Breaking News
ရသေ့တောင်မြို့နယ်မာ စစ်ကောင်စီက Y12 အပါအဝင် ဂျက်ဖိုက်တာတိနန့် ပြင်းပြင်းထန်ထန် ဗုံးကြဲ တိုက်ခိုက်နီ

APM ၊ ဂျန်နဝါရီ ၁၆/၂၀၂၄

ရသေ့တောင် မြို့နယ်မာ တိုက်ပွဲဖြစ်ပွားခြင်းမဟိပါဘဲ ဂျန်နဝါရီ ၁၆ ရက်နိ၊ ညဇာ ၇ နာရီလောက်ကစလို့ အဂုအချိန်အထိ ဘာထလေ၊ ညောင်ပင်လှ၊ ပြားချောင်းကြီး၊ကြိမ်သာ အစဟိရေ လူနီရပ်ရွာတိကို စစ်ကောင်စီတပ်က Y12 ထောက်ပို့လီယာဉ်အပါအဝင် တိုက်ခိုက်ရီး ဂျက်ဖိုက်တာတိနန့် ပြင်းပြင်းထန် ထန် ဗုံးကြဲတိုက်ခိုက်နီကြောင်း သိရပါရေ။

အသေးစိတ်ကို ဆက်လက် စုံစမ်းနီပါရေ။

3 months, 3 weeks ago

🟠 တာမွေမြို့နယ်

ယ​နေ့ည ၁၀ နာရီ ၁၀ မိနစ်ခန့်တွင် တာ​မွေမြို့နယ်၊ ၁၆၀ လမ်း၊ တိုက် ၁၀ ၌ ရဲဆလွန်းကား ၁ စီး၊ စစ် DC ၂ စီး၊ အုပ်ကြီးနှင့် အ​ပေါင်းအပါများ လူလာရှာပြီး ပြန်ထွက်သွား​ကြောင်း သတင်းရရှိသည်။

09 Jan 2024
#rangoonscoutnetwork

3 months, 3 weeks ago

🟠 အလုံမြို့နယ်

ယနေ့ည ၉ နာရီ ၅၃ မိနစ်ခန့်တွင် အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်း၌ ဧည့်စစ်ဝင်နေကြောင်း သတင်းရရှိသည်။

09 Jan 2024
#rangoonscoutnetwork

3 months, 3 weeks ago

🟡 သာကေတမြို့နယ်

ယနေ့ညတွင် သာကေတမြို့နယ်၊ ၄ တောင်/မြောက် ရပ်ကွက်၌ ဧည့်စစ်ဝင်နိုင်ချေရှိကြောင်း သိရှိရသည်။ – Eagles News

09 Jan 2024
#rangoonscoutnetwork

4 months ago

(၆) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် ရက္ခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ တင်းမကျေးရွာအနီးရှိ ပြည်သူလူထုအား နှစ်ရှည်လများ အနှောင့်အယှက်ပေးနေသော စစ်ကောင်စီ၏ “တောင်ရှည်တောင်ဗျူဟာကုန်း” အား ရက္ခိုင့်တပ်တော် (AA) မှ အပြီးသတ်ချေမှုန်းသိမ်းပိုက်နိုင်ရေးအတွက် တိုက်ပွဲများဆက်လက်ပြင်းထန်နေခဲ့သည်။ နံနက် (၉) နာရီဝန်းကျင် ကလည်း ရန်သူ၏ ဂျက်တိုက်လေယာဉ်သည် အဆိုပါကျေးရွာနှင့် အနီးအနားကျေးရွာများသို့ ဗုံး (၅) လုံးထက်မနည်း လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး ၎င်းဗျူဟာကုန်းနှင့် ကျောက်တော်အခြေစိုက် “စကခ (၉)” မှလည်း လက်နက်ကြီးများ ဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေခဲ့သည်။ အဆိုပါ ဗျူဟာကုန်းသည် ဒေသခံပြည်သူများအား အနိုင်ကျင့် ဗိုလ်ကျလျက် လူသားဒိုင်းကာအဖြစ် မတရားဖမ်းဆီး၊ သတ်ဖြတ်မှုများ ပြုလုပ်နေခဲ့သည့် စစ်ရာဇဝတ်မှုအခြေစိုက်ရာ နေရာတစ်ခုလည်း ဖြစ်သည်။

(၇) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ(၁) ရက်နေ့တွင်လည်း ရက္ခိုင်ဒေသ၊ ပလက်ဝဒေသ၊အတွင်း တိုက်ပွဲများမှာ ယခင်ရက်များ နည်းတူ ဆက်လက်ရှိနေခဲ့သည်။ ရက္ခိုင့်တပ်တော် (AA) လှုပ်ရှားရာနေရာများထဲမှ တစ်ခုဖြစ်သော စစ်ကိုင်းတိုင်း၊ ထီးချိုင့် မြို့နယ်အတွင်း၌လည်း ရက်ဆက် (သို့မဟုတ်) တစ်ရက်ခြား တိုက်ပွဲများမှာ ဆက်တိုက်ရှိနေခဲ့သည်။

မိမိတို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသာ စစ်ကောင်စီ၏ စခန်းများထဲမှာ ချင်းလက်ဝစခန်း( ပလက်ဝ)၊ မီးဝဗျူဟာကုန်း (ပလက်ဝ)နှင့် ပွိုင့် (၃၁၃) ကုန်း (ပလက်ဝမြို့၏ အရှေ့မြောက်ဘက် မီတာ (၁၇၀၀) အကွာအဝေးရှိ စခန်း) အပါအဝင် အခြားသော တစ်ဝက်တစ်ပျက် ကျန်ရှိနေသေးသည့် ရန်သူ့စခန်းကုန်းများအားလည်း ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိသည်။

အဆိုပါ မိမိတို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောနေရာများသို့ စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်များဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခြင်း၊ လက်နက်ကြီးများဖြင့် နေ့၊ ညအချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခြင်းများဖြင့် အသည်း အသန်ခုခံနေသကဲ့သို့ မိမိတို့အနေဖြင့်လည်း အဆိုပါစခန်းများအားလုံးကို အချိန်တိုတိုအတွင်း အပြီးသတ်သိမ်းပိုက်ရယူ နိုင်ရေးတို့အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ယနေ့တွင်လည်း စစ်ကောင်စီ၏ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကန်ထောက်ဝမှ အရပ်သားပြည်သူ အမျိုးသမီး (၃) ဦး လက်နက်ကြီးစထိမှန်၍ ထိခိုက်ဒဏ်ရာရခဲ့သည်။

(၈) ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင်လည်း ရက္ခိုင်ပြည်၊ ရမ်းဗြဲမြို့အား စစ်ကောင်စီ၏ စစ်ရေယာဉ်များမှ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် မြို့ပေါ်ရပ်ကွက်ရှိ နေအိမ်အချို့ မီး‌လောင်ပျက်စီးခဲ့ရသည်။ ရန်သူသည် ရမ်းဗြဲမြို့တွင်း လက်နက်အင်အား၊ လူအင်အားများကို အခိုင်အမာတပ်စွဲအခြေချထားပြီး မြို့တွင်းရှိ ဒေသခံများအား လူသားဒိုင်းကာအဖြစ် အကာအကွယ်ယူ၍ နေ့စဉ်ရက်ဆက် လက်နက်ကြီး၊ ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက် ခိုက်လျက်ရှိသည်။

(၉) အလားတူပင် ရက္ခိုင်ပြည်၊ ပေါက်တောမြို့တွင်လည်း စစ်ကောင်စီဘက်မှ မြေပြင်ထောက်ပို့များအား ထပ်မံဖြည့်တင်း နိုင်စွမ်းမရှိတော့သည့်အတွက် လေကြောင်း၊ ရေကြောင်းနှင့် ကျန်ရှိနေသေးသည့် ၎င်း၏ လက်အောက်ခံစခန်းအချို့မှ ပေါက်တောမြို့အား ဦးတည်ပစ်မှတ်ထား၍ ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်လျက်ရှိသည်။

(၁၀) ယနေ့၊ နေ့လယ် (၃) နာရီအချိန်ခန့်တွင်လည်း ရက္ခိုင်ပြည်၊ ရသေ့တောင်မြို့နယ်၊ ကျောက်ပြင်ဆိပ်ကျေးရွာ၌ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ “ခမရ (၅၃၈) တပ်ရင်း” မှ ရွာနီးစပ်ဝန်းကျင်၌ ရည်ရွယ်ချက်ရှိရှိ မိုင်း‌ထောင် ထားမှုကြောင့် အသက် (၅၇) နှစ်အရွယ် သက်ကြီးပိုင်းဒေသခံအမျိုးသား (၁) ဦးမှာ ကျောက်ပြင်ဆိပ်ဘုန်းကြီးကျောင်း အနီး နွားကျောင်းနေစဉ် မိုင်းနင်းမိ၍ ဘယ်ဘက်ခြေ‌ထောက်ပြတ်ထွက်သွားသည်အထိ ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။

(၁၁) ယနေ့၊ ည (၇) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ မြောက်ဦးအခြေစိုက် စစ်ကောင်စီ၏ “ခမရ (၅၄၀) တပ်ရင်း” မှ အရပ်သားပြည်သူများအား ပစ်မှတ်ထား၍ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ သဖြင့် ဗောဓိ သာရာမဘုန်းကြီးကျောင်းနှင့် ရွှေဂူတောင်ရပ်ကွက်အတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲခဲ့သည်။ ရွှေဂူတောင်ရပ်ကွက်အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည်ကြောင့် အသက် (၅၀) နှစ် အရွယ် ဒေသခံအမျိုးသမီး (၁) ဦး သေဆုံးခဲ့ရကာ (၆) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

(၁၂) ယမန်နေ့၊ နံနက် (၈) နာရီ (၃၀) မိနစ်အချိန်ခန့်တွင် ရက္ခိုင်ပြည်၊ မောင်တောအခြေစိုက် စစ်ကောင်စီ၏ “မောရဝတီ ဗျူဟာကုန်း” မှ အရပ်သားပြည်သူများနေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီးများဖြင့် တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် ကိုင်းကြီး (မြို) ကျေးရွာ၏ လမ်းမထက်သို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ရာ လမ်းသွားလမ်းလာ ဒေသခံအမျိုးသမီး (၂) ဦးနှင့် အမျိုးသား (၁) ဦးတို့ ကျည်စထိမှန်၍ ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

We recommend to visit

ဤချန်နယ်တွင်ကြော်ငြာများထည့်သွင်းလိုပါကAdmin acc ကို ဆကိသွယ်ပါ
@sithuaung2006

Last updated 1 month, 1 week ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 1 year, 2 months ago