MSI - MYANMAR SOCIETY INFORMATIONS

Description
MSI သည် အမြင်ကျဉ်း၍ အစွန်းရောက်သော အမျိုးသားရေး စစ်ဝါဒ၊ လူအုပ်ကြီးတစ်ပါတီဝါဒ၊ လူမျိုးကြီးဝါဒစသော အာဏာရှင်စနစ်အမျိုးမျိုးနှင့် အာဏာရှင်အတွေးအခေါ်နှင့်ဝါဒ ဓလေ့စရိုက် ကျင့်စဉ် လမ်းစဉ်များအား အမြစ်ပြတ်ပပျောက်သည်အထိ တော်လှန်သွားမည့် လူငယ်အဖွဲ့တစ်ခုဖြစ်သည်။
We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 year ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 2 years, 11 months ago

1 year ago
1 year ago

**ကေအဲန်ယူ တည်ထောင်ခြင်း ၇၈ နှစ်ပြည့် အခမ်းအနားကို ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ၌ အောင်မြင်စွာပြုလုပ်ပြီးစီး

ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ**

ကရင်လူမျိုးတစ်ရပ်လုံး၏လိုလားချက်များ ပြည့်ဝရရှိရေးအတွက် ဦးဆောင်နိုင်ရန် ဖွဲ့စည်းခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တည်ထောင်ခြင်း ၇၈ နှစ်ပြည့်အခမ်းအနားကို ဖေဖော်ဝါရီလ (၅)ရက်နေ့တွင် ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ၊ ဖားအံခရိုင်တစ်နေရာတွင် အောင်မြင်စွာ ပြုလုပ်ပြီးစီးခဲ့သည်။

ကရင်အမျိုးသားနိုင်ငံရေး လိုလားချက်များကိုအကောင်အထည်ဖော်ရာ၌ ကိုယ်စားပြု ဦးဆောင် လှုပ်ရှားနိုင်ရေးအပြင် ကရင့်အမျိုးသားရေးလှုပ်ရှားမှုများ ပိုမိုအားကောင်းလာရေးအတွက် ရည်ရွယ်၍ ကေအဲန်ယူကို စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ယနေ့က တည်ထောင်ခြင်း (၇၈)နှစ်ပြည့်သည့်နေ့လည်းဖြစ်သည်။

အခမ်းအနားသို့ ကေအဲန်ယူဥက္ကဌ ပဒိုစောကွယ်ထူးဝင်း၊ တွဲဘက်အထွေထွေအတွင်းရေးမှူး ပဒိုစောလှထွန်းနှင့်ခေါင်းဆောင်များအပြင် ကရင်လူငယ်များ၊‌ ဒေသခံများ စုစုပေါင်း (၁၀၀)ဝန်းကျင် တက်ရောက်ဂုဏ်ပြုခဲ့ကြသည်။

“ကေအဲန်ယူဟာ ကရင့်အမျိုးသားထုတစ်ခုလုံးသာမက မြန်မာနိုင်ငံမှာတည်ဆောက်ချင်တဲ့ ပြည်နယ်ပေါင်းစုဖက်ဒရယ်ဒီမိုကရေစီအရေးမျှော်မှန်းချက်အောက်မှာ ဖွဲ့စည်းခဲ့တာလည်းဖြစ်ပါတယ်။ ဒီလိုနေ့ဟာ ရှေ့ဆက်ကိစ္စရပ်တွေမှာ အတူတကွစည်းစည်းလုံးလုံးနဲ့ ချမှတ်ထားတဲ့လမ်းစဥ်အတိုင်း အကောင်အထည်ဖော်ဖို့ အားပြုယူရမယ့်နေ့လည်းဖြစ်ပါတယ်” ဟု ပဒိုစောလှထွန်းက ဂုဏ်ပြုနှုတ်ခွန်းဆက်စကားပြောကြားတွင် ဆိုသည်။

ထို့အပြင် ကရင်လူငယ်များအနေဖြင့်လည်း ကေအဲန်ယူကချမှတ်ထားသည့် မူဝါဒ၊ လမ်းစဥ်အပေါ် သိရှိနား လည်ပြီး ကျရာကဏ္ဍမှပူးပေါင်းပါဝင်မှု လုပ်ဆောင်သင့်ကြောင်း အခမ်းအနားသို့ တက်ရောက်လာသူ ကရင်လူငယ်တစ်ဦးက ပြောသည်။

၎င်းက “ကေအဲန်ယူအနေနဲ့ ကရင်တစ်မျိုးသားလုံးဖွံ့ဖြိုးရေးကို လုပ်နေတဲ့နေရာမှာ ချမှတ်ထားတဲ့မူဝါဒကို လူငယ်တွေကလည်း နားလည်အောင်လုပ်ပြီတော့ ကိုယ့်အမျိုးသားရေးဘယ်လိုဖွံ့ဖြိုးတိုးတက် အောင်လုပ် မလဲဆိုတာ လုပ်ဆောင်သင့်တယ်။ အားရကျေနပ်မှုမရှိတာကို အပြစ်မမြင်ဘဲ ကိုယ်ကိုယ်တိုင်က ဘယ်ကဏ္ဍ ကနေပူးပေါင်းဆောင်ရွက်မလဲဆိုတာ လုပ်ဆောင်သင့်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အခမ်းအနား အစီအစဥ်အရ တက်ရောက်လာသည့် ခေါင်းဆောင်အသီးသီးမှ ကေအဲန်ယူနေ့ဖြစ်ပေါ်လာပုံနှင့် (၇၈)နှစ်မြောက် ကေအဲန်ယူနေ့အတွက် ဂုဏ်ပြုအမှာစကားများပြောကြာခြင်းအပြင် ပါဝင်ကြသည့် ကရင်လူငယ်များမှ တေးသီချင်းများဖြင့်သီဆိုဂုဏ်ပြုခြင်းတို့ကိုပါ ပြုလုပ်ခဲ့သည်။

၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၅)ရက်နေ့က နိုင်ငံလုံးကျွတ် ကရင့်အဖွဲ့အစည်းကိုယ်စားလှယ်များ အစည်းအဝေး၌ ကရင့်အဖွဲ့အစည်းများဖြစ်သော ကရင်အမျိုးသားအသင်း-KNA၊ ဗုဒ္ဓဘာသာကရင်အမျိုးသားအသင်း-BKNA၊ ကရင်ဗဟိုအဖွဲ့ချုပ်-KCO နှင့် ကရင်လူငယ်အစည်းအရုံး-KYO တို့၏သဘောတူညီချက်ဖြင့် ကရင့်လွတ်လပ်ရေး အတွက် စည်းလုံးညီညွှတ်စွာ ပူးပေါင်းတိုက်ပွဲဝင်သွားကြရန် ကေအဲန်ယူကို ဖွဲ့စည်းခဲ့ကြောင်း သမိုင်းမှတ်တမ်းများအရ သိရသည်။

ကေအဲန်ယူတည်ထောင်ပြီးချိန်တွင် ဥက္ကဋ္ဌအဖြစ် စောစံဖိုးသင်က တာဝန်ယူခဲ့ပြီး ကရင်အမျိုး သားရေးခေါင်းဆောင် စောဘဦးကြီးက အဖွဲ့ဝင်ဖြစ်လာသည်။ ထို့နောက် ဖဆပလ အစိုးရထံ ကရင်ပြည်ရရှိရေးအပါအဝင် သဘောထား(၆)ချက်အား ကေအဲန်ယူက တင်ပြရာမှ အဖွဲ့အတွင်း သဘောထားကွဲလွဲမှုကြောင့် ၁၉၄၇ ဧပြီလ (၁၀) ရက်နေ့၏ အရေးပေါ်စည်းဝေးဆုံးဖြတ်ချက်အရ စောဘဦးကြီးက ဥက္ကဋ္ဌ ဖြစ်လာသည်။

ကေအဲန်ယူ တည်ထောင်ပြီးနောက်ပိုင်း ကရင်လူမျိုးတို့၏ နိုင်ငံရေးလိုလားချက်များ ပြည့်မြောက်ရန်နှင့် ကရင်ပြည်ရရှိရေးအပါအဝင် အခွင့်အရေးတန်းတူညီမျှရေးအတွက် သမိုင်းဝင်လူထုလှုပ်ရှားမှုများအား ကေအဲန်ယူက ဦးဆောင်ကာ ပြုလုပ်ခဲ့သည်ဟု မှတ်တမ်းများက ဆိုသည်။

1 year ago

ကျွန်တော်ဟာ လူပီသချင်လာတယ်
လူသားစစ်စစ်တစ်ယောက်လို
ရှင်သန်နေထိုင်ချင်လာတယ်
ပြီးတော့..လူတစ်ယောက်လိုပဲ
သေဆုံးသွားချင်တယ်။

စစ်မင်းခ
၁၆.၂.၂၀၂၄

👉 အရာရာနဲ့ဝေးကွာခဲ့ပြီးနောက် by စစ်မင်းခ
👇
https://ouo.io/tfIqkk

1 year, 2 months ago
MSI - MYANMAR SOCIETY INFORMATIONS
1 year, 2 months ago
MSI - MYANMAR SOCIETY INFORMATIONS
1 year, 2 months ago
MSI - MYANMAR SOCIETY INFORMATIONS
1 year, 3 months ago
တရုတ်နယ်စပ်ဂိတ်က ပိတ်ထားသေးတယ်။ ပြီးခဲ့တဲ့ တရက်နှစ်ရက်လောက်က နာရီပိုင်းလောက် တရုတ်ဘက်က …

တရုတ်နယ်စပ်ဂိတ်က ပိတ်ထားသေးတယ်။ ပြီးခဲ့တဲ့ တရက်နှစ်ရက်လောက်က နာရီပိုင်းလောက် တရုတ်ဘက်က ပြန်ဖွင့်လာတာ။ ဒီရက်ပိုင်းကတော့ ကချင် KIO ဘက်ကနေ ပြန်ပိတ်ခိုင်းလိုက်တာ။ နာရီပိုင်းလောက်ဖွင့်ပြီးတော့မှ သူတို့ဘက်က သူတို့စိတ်ကြိုက် ဖွင့်ချင်ဖွင့်၊ ပိတ်ချင်ပိတ် အဲဒီလိုပုံစံလုပ်နေလို့ ဒီဘက်မြန်မာပြည်ဘက်ကနေ ပြန်ပိတ်လိုက်တာ။ လူလည်း အဝင်အထွက် လုံးဝ ပိတ်လိုက်တာ။ တရုတ်တွေရော အကုန်ပဲ။ ဘယ်တော့ပြန်ဖွင့်မလဲတော့ မသိရသေးဘူး

Website တွင် ဖတ်ရန် https://bit.ly/4hP5Dxe
#WhatsHappeningInMyanmar
---------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy

1 year, 3 months ago
**ပြည်ပရောက် အလုပ်သမားတွေ စစ်မှုထမ်းဖို့ အေဂျင်စီတွေက ပြန်ခေါ်ပေးရမည်

ပြည်ပရောက် အလုပ်သမားတွေ စစ်မှုထမ်းဖို့ အေဂျင်စီတွေက ပြန်ခေါ်ပေးရမည်
~~~

■ ပြည်ပရောက် မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေ စစ်မှုထမ်းဖို့ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက တာဝန်ယူပြီး မဖြစ်မနေ ခေါ်ပေးရမဲ့ ပြင်ဆင်ချက်အသစ်ကို စစ်ကောင်စီ အလုပ်သမားဝန်ကြီးဌာနက နိုဝင်ဘာ ၁၁ ရက်နေ့မှာ အသိပေးအကြောင်းကြားလာတယ်လို့ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင် အေဂျင်စီတွေက RFA ကို အတည်ပြုပြောပါတယ်။

ပြင်ဆင်လိုက်တဲ့ အလုပ်ရှင်၊ အလုပ်သမား၊ အေဂျင်စီ သုံးပွင့်ဆိုင် စာချုပ်အသစ်ထဲမှာ ပြည်ပရောက်သွားတဲ့ အလုပ်သမားတွေ စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရတဲ့အချိန် မြန်မာနိုင်ငံကို ပြန်လာပြီး စစ်မှုထမ်းနိုင်ဖို့အတွက် အလုပ်သမား အေဂျင်စီတွေဘက်က တာဝန်ယူခေါ်ပေးရမဲ့ ပြင်ဆင်ချက်ကို ထည့်သွင်းပြဋ္ဌာန်းလိုက်တာလို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပြင်ဆင်ချက်အသစ်ကြောင့် ပြည်ပသွားမဲ့ အလုပ်သမားတွေထက် အေဂျင်စီတွေအတွက် ပိုပြီးအကျပ်အတည်း ဖြစ်လာနိုင်တယ်လို့ ရန်ကုန်အခြေစိုက် ပြည်ပအလုပ်အကိုင် အေဂျင်စီတစ်ခုရဲ့ တာဝန်ရှိသူ RFA ကို ပြောပါတယ်။

“စာချုပ်အသစ်ကို အလုပ်သမားက မကြိုက်ရင်တောင် လက်မှတ်ထိုးပြီး ထွက်ရရင်ပြီးရော လုပ်သွားလို့ရသေးတယ်။ တကယ်လို့ ကျွန်တော်တို့ လွှတ်လိုက်တဲ့အထဲက အလုပ်သမားက စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရပြီဆိုရင် အဲဒီမှာစပြီး ဒုက္ခရောက်ပြီ။ သူက ပြန်မလာဘူးဆိုရင် ကျွန်တော်တို့ကို အရေးယူမှာလား၊ လူစားထိုး ရှာပေးရမှာလား၊ စစ်မှုထမ်းဖို့အတွက် အေဂျင်စီရဲ့တာဝန် ဖြစ်လာတယ်။ တာဝန်ခံပြီး ပြန်ခေါ်ပေးရမယ်ဆိုတဲ့ ပုံစံမျိုး စစ်ကောင်စီဘက်က လုပ်လိုက်တာ။ ဖိအားတွေ အရမ်းများလာတယ်”

ပြည်ပရောက် အလုပ်သမားတွေ စစ်မှုထမ်းဖို့ ချုပ်ဆိုရတဲ့ စာချုပ်အသစ်ထဲမှာ အလုပ်လုပ်တဲ့ကာလ နှစ်နှစ်အတွင်း ဆင့်ခေါ်မှာမဟုတ်ဘူးလို့ ညွှန်ကြားထားပေမဲ့ စစ်မှုထမ်းဖို့ လူလိုတဲ့အခါ အေဂျင်စီတွေကို ဖိအားပေး ခေါ်ခိုင်းလာမှာကိုလည်း စိုးရိမ်တယ်လို့ သူက ပြောပါတယ်။

ပြည်ပရောက် အလုပ်သမားတွေ လုပ်အားခ ရငွေရဲ့ ၂၅ ရာခိုင်နှုန်းကို တရားဝင် ငွေပြန်မလွှဲတဲ့အတွက် ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ပြည်ပအလုပ်အကိုင် အေဂျင်စီတွေ လိုင်စင်ပိတ်သိမ်းခံရတာကြောင့် အခုလည်း စစ်မှုထမ်းဖို့ မခေါ်ပေးနိုင်တဲ့ အေဂျင်စီတွေ ဆက်ပြီး ပိတ်သိမ်းခံရနိုင်တယ်လို့ အေဂျင်စီတွေဘက်က ပြောပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ အသေးစိတ်သိနိုင်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်မှုထမ်းဖို့ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်း လူငယ်တွေ အကျုံးဝင်ပြီး ငြင်းဆိုရင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။

ဒါကြောင့် စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီးနောက် ပြည်ပထွက် အလုပ်လုပ်ကိုင်သူတွေလည်း များပြားလာတာပါ။

စစ်မှုထမ်းဖို့ စာရင်းသွင်းပြီးမှ အကြောင်းအမျိုးမျိုးနဲ့ ပျက်ကွက်နေသူတွေကို အရေးယူဖို့ဆိုပြီး ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဥက္ကဋ္ဌဖြစ်သူ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်ဆန်းက နိုဝင်ဘာ ၇ ရက်နေ့က ပြောဆိုထားပါတယ်။

နိုင်ငံတစ်ဝန်းက စစ်သင်တန်းကျောင်း ၂၃ ကျောင်းမှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အမှတ်စဥ် (၁) ကနေ (၅) အထိ စစ်သားစုဆောင်းခံရသူ နှစ်သောင်းကျော် (၂၁,၀၀၀) ထက်မနည်း ရှိနေတယ်လို့ လွတ်လပ်တဲ့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ ဗမာ့ရေးရာနဲ့ ပဋိပက္ခလေ့လာရေးအဖွဲ့ (BACS) က အောက်တိုဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
_____
ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပြည်ပထွက်ခွာမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဇွန်လအတွင်းက တွေ့ရစဥ်။ (RFA Photo)

#ပြည်ပရောက် #အလုပ်သမားများ #စစ်မှုထမ်း #အေဂျင်စီများ #စစ်ကောင်စီ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

RFA Burmese Website တွင် ဖတ်ရှုရန်…

1 year, 3 months ago
**မြန်မာတစ်ဦးကို သေသည်အထိ ဖမ်းဆီးနှိပ်စက်ခဲ့သော ထိုင်းစစ်သားများ အရေးယူမခံရ**

မြန်မာတစ်ဦးကို သေသည်အထိ ဖမ်းဆီးနှိပ်စက်ခဲ့သော ထိုင်းစစ်သားများ အရေးယူမခံရ

ဖမ်းဆီးခံရစဉ် ကိုအောင်ကိုကိုအား ထိုင်းစစ်သားများက သစ်သားတုတ်ကျိုးသည်အထိ ရိုက်နှက်ခဲ့သဖြင့် ခန္ဓာကိုယ်အနှံ့ အပြင်းအထန်ဒဏ်ရာရရှိခဲ့ဟု မျက်မြင်သက်သေများကဆိုသည်။

*ပုံစာ – ဇန်နဝါရီလ ၁၂ ရက်နေ့က ဖမ်းဆီးခံရစဉ် အသက်ရှင်နေသေးသော အောင်ကိုကိုကို စစ်သားတစ်ဦးက ဓါတ်ပုံရိုက်ထားစဉ်။

ဓာတ်ပုံ - Fortify Rights*
သတင်းအပြည့်အစုံဖတ်ရန် >
https://www.daweiwatch.com/14/11/2024/101166/

1 year, 3 months ago

NUG လက်အောက်ခံ MNOU အား CDM ကျောင်းသားတစ်ဦး၏ တိုင်စာ

Myanmar Nway-Oo University - မြန်မာ့နွေဦးတက္ကသိုလ် ရဲ့ ရိုင်းစိုင်းမှု၊ Professional မဆန်မှု နဲ့ ရင့်ကျက်မှုမရှိခြင်းတို့အား အရေးယူပေးပါရန်

ကျနော်တို့ CDM ကျောင်းသားတွေအနေနဲ့ တော်လှန်ရေးကာလမှာ ဒီလိုကျောင်းတွေ ပေါ်ပေါက်လာတာ၊ စီစဉ်ပေးတာကို ကျေးဇူးအများကြီးတင်ရပါတယ်။ အစစအရာရာ ကိုယ်ထူကိုယ်ထ စနစ်နဲ့ စတင်လာခဲ့ကြတာဖြစ်လို့ အကုန်လုံးကိုလည်း နားလည်ပေးသလို ကျောင်းသားတစ်ယောက်အနေနဲ့ တတ်နိုင်တဲ့နေရာကနေ ပါဝင်ရင်း ပညာရေးလမ်းကြောင်းပေါ် ဆက်ပြီး လျှောက်လှမ်းနိုင်အောင် အတူတူကြိုးစားပါဝင်ခဲ့ပါတယ်။

MNOU ဟာ စတင်ခဲ့တဲ့အချိန်တုန်းက လူညီညွတ်ပြီး Educated ဖြစ်တဲ့ ပညာရေးအသိုင်းအဝိုင်းရှိခဲ့ပေမဲ့ အခုအချိန်မှာတော့ ပြောင်းလဲသွားတာ မြင်ရတာ ရင်နာစရာပါပဲ။ ကျောင်းလျှောက်ဖို့ စတင်ကြေငြာကတည်းက ကျောင်းအပ်ပြီး Moodle account မရခင်အထိ စာပြန်တာတွေဟာ Professional မဆန်ဘဲ (ကျောင်းတစ်ကျောင်းရဲ့ ပုံရိပ်ကို ထိခိုက်တဲ့ထိ) ရင့်သီးမောက်မာနေတာ အောက်ကပုံအတိုင်းပါပဲ။ (ဒါတောင် ဥပမာ အနေနဲ့ ss တစ်ခုတည်း ပြထားတာဖြစ်ပါတယ်)

ကျွန်‌နော်တို့ MNOU ကျောင်းသားတွေအနေနဲ့ စကစလက်ထက်ကလို ကျောင်းသားအပေါ် ရိုင်းစိုင်းရင့်သီးမောက်မာမှုတွေကို လုံးဝ (လုံးဝ) လက်မခံနိုင်ပါဘူး။ ဒါကြောင့် MNOU အနေနဲ့ ထိရောက်စွာ ကိုင်တွယ်ပေးဖို့ တောင်းဆိုလိုပါတယ်။

(ဒီအကြောင်းတွေကို private ဖြေရှင်းဖို့ ကြိုးစား‌ခဲ့ပေမဲ့လည်း Unprofessional staffတွေက Ban လိုက်တဲ့အတွက် အခုအချိန်ကစပြီး လူသိရှင်ကြားဖြေရှင်းပြီး တရားမျှတမှုကို တောင်းဆိုလိုပါတယ်)

We recommend to visit

ကြော်ငြာထည့်သွင်းရန် @sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 year ago

Mratt Kyaw Thu's channel. It's verified with blue tick. Please be aware of fake ones.

Last updated 2 years, 11 months ago