????? ??????? ??

Description
ယုန်ကလေးရဲ့ရပ်ဝန်းငယ်‌မှ ကြိုဆိုပါတယ်။

⧼ ဆက်သွယ်ရန် - @ariix_xBOT ? ⧽
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 year, 1 month ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 year, 2 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 1 year ago

1 year, 3 months ago
ဒီနေ့လည်း အလှပဆုံးပွင့်လန်းပြီး ရှင်သန်ပေးပါ။

ဒီနေ့လည်း အလှပဆုံးပွင့်လန်းပြီး ရှင်သန်ပေးပါ။

ခက်ခဲကြမ်းတမ်းတဲ့ကျောက်ဆောင်တွေကို ရင်ဆိုင်ကျော်ဖြတ်လာပေးပါ။

ပျော်ရွှင်ခြင်းအိမ်အိုကလေးက မင်းလေးများ ဘယ်အချိန်ရောက်လာလေမလဲဆိုပြီး ရှေ့ကလမ်းသွယ်လေးကိုပဲ မျှော်ငေးနေရှာတာ..

ဒါကြောင့် အားမလျှော့ပဲ သန်မာရမယ်နော်။

-ဆောင်းဟေမာန်ရီ-

ပုံ - ???? ?????????

? ⊹ ꒰ #?ᴀᴜɴɢ?ᴀʏᴍᴀʀɴ?ɪ

1 year, 3 months ago

❛ သူငယ်ချင်းတွေထားခဲ့ခံရလို့ အထီးကျန်နေတဲ့ကလေးဖတ်ဖို့ ❜

ခုလို အနားမှာဘယ်သူမှမရှိပေးနိုင်တဲ့အချိန်၊ တစ်ယောက်ထဲ ပင်ပန်းတယ်မလား။
အထီးကျန်တယ်မလား။

အမြဲတမ်းအနားမှာရှိနေပေးမယ်ဆိုပြီး ယုံတမ်းပုံပြင်တွေပြောသွားတဲ့ သူငယ်ချင်းတွေကို စိတ်နာမိတယ်မလား။

မိဘတွေကိုတောင် မစိုးရိမ်စေချင်လို့ မပြောပြဘဲ တစ်ယောက်တည်း အခန်းထဲမှာကြိတ်ငိုခဲ့ရတာပဲမလား။

ဒါဆို ခနလောက် ဒီစာလေးကိုအချိန်ပေးပြီးဖတ်ပေးပါ ကလေး .. ။

ဘယ်လောက်ထိ နာကျင်နေရမလဲဆိုတာနားလည်ပါတယ်။ ကိုယ်ချစ်ရတဲ့ အနီးကအရင်းနှီးဆုံးလူတွေက လိုအပ်နေချိန်ကြမှ ပျောက်ကွယ်ကုန်တာမို့ ဘယ်လောက်ထိ ခံစားနေရမလဲဆိုတာ သိပါတယ်။

ဒါပေမယ့် သူတို့ကြောင့် မအိပ်နိုင်မစားနိုင်ဖြစ်ပြီး ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့။ ကိုယ့်ကိုကိုယ်နာကျင်အောင်မလုပ်ပါနဲ့။ မတန်ဘူးလေ။ ကိုယ့်ဘဝထဲကထွက်သွားတဲ့သူတွေကတော့ သူ့တို့ဘာသာသူတို့ပျော်နေကြပြီ။ ကိုယ်ကပဲ ဘဝမှာသူတို့မရှိ‌တော့လို့ဆိုပြီး ခံစားနေရတာ တန်ပါ့မလား။ ခင်မင်ရင်းနှီးလွန်းလို့ ကိုယ့်ဘက်ကပေးဆပ်ပြီးပေါင်းသင်းခဲ့တာကို သစ္စာဖောက်သွားတဲ့လူတွေကို ဘာလို့တွယ်တာနေသေးတာလဲ။ ကိုယ့်စေတနာနဲ့မတန်တဲ့သူတွေမို့၊ ကိုယ်နဲ့မထိုက်တန်လို့ ကံမ္မာကြီးကသူတို့ကို ထွက်သွားစေခဲ့တယ်လို့ပဲတွေးလိုက်ပါ။ သိုးရည်ခြုံထားတဲ့ ဝံပုလွေတွေဆိုတာ ခုသိလိုက်ရပြီမလား။ ဒါကြောင့်ဝမ်းမနည်းနေပါနဲ့နော်။

ဒီရက်ပိုင်းတွေမှာခံစားနေရအုံးမှာမို့ အဝငိုချပစ်လိုက်ပါ။ ဆဲပစ်ချင်ရင်လည်းရတယ်။ မုန်းပစ်ချင်လည်းမုန်းပစ်လိုက်လို့ရတယ်။ မင်းရင်ထဲမှာ ဘာအငြိုးအတေးမှ မရှိတော့ထိ ဖွင့်ထုတ်ပစ်လိုက်ပါ။

ခံစားလို့ဝသွားရင်တော့ စိတ်သစ်လူသစ်ကိုယ်သစ်နဲ့ ဆက်ပြီးရှင်သန်ဖြတ်သန်းရမယ်‌နော်။ ခုချိန်မှာတော့ တစ်ယောက်တည်းဖြစ်နေအုံးမှာဆိုပေမယ့် အချိန်တန်ရင် မင်းနဲ့ထိုက်တန်တဲ့ သူငယ်ချင်းအစစ်အမှန်တွေက မင်းဘဝထဲကို ရောက်လာအုံးမှာပါ။ ရောက်ကိုရောက်လာမှာ။ ပိုပြီးပျော်ရွှင်ရတော့မှာ။ ဒါကိုယုံကြည်ထားစမ်းပါ။

ရင်ထဲမှာခံစား‌နေရတာတွေ အကုန်ဖွင့်ထုတ်ပြီး၊ စိတ်တွေပြန်တည်ငြိမ်လာတဲ့အချိန်ကျ ကိုယ့်ကိုထားခဲ့တဲ့၊ နောက်ကျောကိုဓားနဲ့ထိုးခဲ့တဲ့ တစ်ချိန်ကအရင်းနှီးဆုံးသော သူငယ်ချင်းဆိုတဲ့ ဝံပုလွေ၊ မြွေဟောက်လိုလူတွေကိုတော့ သေပြီလို့ပဲမှတ်ထားကြည့်လိုက်ပါ။ သူတို့တွေကိုယ့်ဘဝထဲကနေထွက်သွားကြပါပြီ၊ သေသွားကြပါပြီ၊ သူ့ရဲ့နောက်ဘဝတစ်ခုမှာ ပျော်နေတာလို့ပဲ မှတ်ထားကြည့်ပါ။ "သေသောသူ၊ ကြာရင်မေ့" ဆိုသလိုပဲ သေသွားပြီဆိုတော့ သူတို့အပေါ်မှာ ဘာအငြိုးအတေးမှထားစရာမလိုတော့ဘူးမဟုတ်လား။ ဒါကြောင့် တစ်ချိန်က ကိုယ့်အပေါ်လုပ်ခဲ့တာတွေကိုလည်း ကျေးအေးပေးလိုက်ပါ‌။ နှလုံးအေးရတာပေါ့။

‌ကိုယ်ကမခံချင်စိတ်နဲ့ ကြိုးစားရင်း အခြေအနေပြောင်းလဲသွားခဲ့လို့ အောင်မြင်နေချိန်မှာ ပြန်‌လာရောကြရင်တောင် ကင်းနိုင်တဲ့သူဆိုရင် အတတ်နိုင်ဆုံးကင်းအောင်နေပါ။ မာယာတွေနဲ့စကား‌တွေသုံးပြီး အရင်လိုသူငယ်ချင်းပြန်လုပ်ချင်တယ်လို့ ကိုယ့်ကိုပြောလာခဲ့ရင် နောက်ကျောကိုနောက်တစ်ခါထပ်ပြီး ဓားနဲ့အထိုးခံမလားဆိုတာ ပြန်စဉ်းစားပါ။ ကင်းလည်းမကင်းနိုင်ဘူး။ အခေါ်အ‌ပြောမရှိတော့ပေမယ့် အကြောင်းတစ်ခုခုကြောင့် ပတ်ဝန်းကျင်မှာ မြင်တွေ့နေရသေးတယ်၊ ကိုယ်ပျော်နေတာလည်းသူမြင်၊ သူပျော်နေတာလည်းကိုယ်မြင်နေရသေးတယ်ဆိုရင်တော့ သူတို့ကိုမရှိဘူးပြီလို့ပဲတွေးပြီး ကိုယ့်ဟာကိုယ်လွတ်လွတ်လပ်လပ် ပျော်ရွှင်ပြလိုက်ပါ။ မြင်နေရလည်းမမြင်ချင်ယောင်ဆောင်၊ တွေ့နေရလည်း မတွေ့ချင်ယောင်‌ပြီးနေပါ။ အနားမှာရှိမနေဘူးလို့ပဲ တွေးပြီးနေကြည့်ပါ။

အထီးကျန်တာက အစပိုင်းကတော့ ဘာမှမဟုတ်ဘူး။ သာမန်ဝမ်းနည်းမှုလေးလိုပဲလို့ ထင်မိကြလိမ့်မယ်။ ဒါပေမယ့် နောက်ပိုင်းအချိန်ကြလာတဲ့အမျှ ပိုပိုပြီးအထီးကျန်လာတဲ့အခါ စိတ်ဓာတ်တွေပါကျလာတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှုတွေကျဆင်းလာတယ်။ အတွေးတွေလွန်တယ်။ နောက်ဆုံးမှာ suicide လုပ်ဖို့ထိပါ တွေးမိတာမျိုးတွေဖြစ်လာတတ်ပါတယ်။ ဒါကြောင့် အထီးကျန်တယ်လို့ခံစားရတာနဲ့ မိဘ၊ မောင်နှမတွေကိုရင်ဖွင့်ပြောပြပါ။ တစ်ယောက်ထဲ ကြိတ်မှိတ်ပြီး မခံစားပါနဲ့နော်။
ကိုယ့်ပတ်ဝန်းကျင်မှာ တစ်ယောက်ယောက်က အထီးကျန်နေတယ်ဆိုတာသိတာနဲ့ အဖော်ပြုပြီး ကူညီဖေးမကြပါစို့လားရှင်။

-ဆောင်းဟေမာန်ရီ-

? ⊹ ꒰ #?ᴀᴜɴɢ?ᴀʏᴍᴀʀɴ?ɪ

1 year, 3 months ago
1 year, 4 months ago

Why do I pull you close and then ask you for space ? .. ?****

1 year, 4 months ago
1 year, 4 months ago

❛ ?? ? ??? ? ?????? ?? ?? ???? ?? ?? ????? ?????.. ❜

ဆောင်းရာသီတစ်ခုရဲ့ ????? ???

အပြုံးတွေကို တိတ်တခိုးလေးငေးကြည့်ရင်း..
အတန်းနားချိန်တွေဆို သူရှိတဲ့စာသင်ခန်းရှေ့က ဘေစင်လေးမှာ လက်ဆေးဟန်ဆောင်ရင်း ချောင်းကြည့်ခဲ့ရတဲ့အချိန်တွေ..

ကိုယ့်ဘေးနားကဖြတ်သွားရင်ပဲဖြစ်ဖြစ်၊ လမ်းမှာ မတော်တဆ မျက်နှာချင်းဆိုင်ဆုံမိရင်ပဲဖြစ်ဖြစ် ကြိတ်ကြည်နူးခဲ့ရတာတွေ..

ပွဲတော်နေ့မှာ မုန့်သွားယူဖို့တန်းစီရင်း
မထင်မှတ်ပဲ သူက‌ကိုယ့်ရှေ့မှာဖြစ်နေခဲ့တဲ့ အခိုက်အတန့် ..

သူ့အပြုံးကို ပထမဆုံးမြင်ခဲ့ရတဲ့နေ့ ..

ဒီလိုနေ့ရက်လေးတွေကို လွမ်းမိတယ်။

ကိုယ့်အောင်သွယ်တော်သူငယ်ချင်းရဲ့ကူညီမှုကြောင့် သုံးယောက်သားအတူ လမ်းသလားခဲ့ဖူးတဲ့ အတိတ်ရဲ့ဇန်နဝါရီရက်စွဲတွေ..

??????? သီချင်းလေးနားထောင်ရင်း ကြိတ်ကြည်နူးပြီး စိတ်ကူးယဉ်ခဲ့ရတာတွေ..

အနွေးထည်အရောင်ချင်း ???????? ဖြစ်အောင် တမင်ဝတ်လာခဲ့ဖူးတဲ့ ဆောင်းရာသီရဲ့နေ့ရက်တွေကိုလည်း လွမ်းမိပါတယ်။

သူ့ရှေ့ရောက်ရင် ကိုယ့်ကို သတိထားမိအောင်ဆိုပြီး ကိုယ့်နာမည်လှမ်းခေါ်ကြတဲ့သူငယ်ချင်းတွေ ..

နေ့လည်စာစားချိန် ကိုယ့်ဘေးအတန်းကခုံမှာ ခနလာထိုင်တဲ့သူ့ကို ခိုးကြည့်ခဲ့ရတဲ့အချိန်တွေ..

သူတို့အတန်းရဲ့ကျောင်းတက်မှတ်တမ်းမှာ အင်္ဂါနေ့နဲ့၊ သောကြာနေ့တိုင်း ကျောင်းအမြဲပျက်တတ်လို့ တိတ်တခိုးသတင်းမေးခဲ့ရတာတွေ..

သူငယ်ချင်းတစ်ယောက်က သူ့အိမ်ရှိတဲ့ လမ်းကိုသိလို့လိုက်ပြမယ်ဆိုလို့ အတူသွားကြရင်း လမ်းမှာပတ်ချာလည်ခဲ့ရ‌တာတွေ..

ဒီလိုအမှတ်တရသေးသေးလေးတွေကိုလည်း လွမ်းမိပါသေးတယ်။

အောင်သွယ်တော်သူငယ်ချင်းရဲ့ ကူညီမှုကြောင့် သုံးယောက်သားအတူ လမ်းသွားနေရင်း ပျာယာခတ်ပြီး ခလုတ်တိုက်မိလို့ သူလေးပထမဆုံးကြိတ်ပြုံးသွားတဲ့နေ့ကလည်း ဒီနေ့အထိအမှတ်ရစရာပါပဲ။

ဆုတောင်းတွေတော့ပြည့်ခဲ့တယ်။ အရင်လိုရင်ခုန်သံတွေကိုတော့ ပြန်မကြားနိုင်တော့ဘူးထင်တယ်။

မပိုင်ဆိုင်ခဲ့ရချိန်ကအချစ်က ဒီလောက်တောင်ရင်ခုန်ဖို့ကောင်းခဲ့တာလေသလား။

တိတ်တခိုးငေးခဲ့ရတဲ့အပြုံးတွေကကော
ဒီလောက်ထိချိုမြိန်ခဲ့လေသလား။

အတိတ်ကဆောင်းရာသီတစ်ခုရဲ့ အဲ့လိုအမှတ်တရတွေကို မေ့ပျောက်ဖြစ်လို့ရနိုင်မယ် မထင်ဘူးရယ်။

ကိုယ့်ဘဝရဲ့ငယ်ရွယ်မှု အဆုံးသတ်ရင်ခုန်သံလေးက မင်းမို့လို့ပဲထင်ပါတယ်ကွယ် .. ။

-ဆောင်းဟေမာန်ရီ-

? ⊹ ꒰ #?ᴀᴜɴɢ?ᴀʏᴍᴀʀɴ?ɪ

1 year, 4 months ago
1 year, 4 months ago

ကောင်းသောညပါ မုန်လာဉလေးတို့ရေ .. ☘️**

D4vdရဲ့ အကောင်းဆုံးဖြစ်တဲ့ ဒီသီချင်းလေးနားထောင်ပြီး စိတ်အေးချမ်းစွာအိပ်စက်နိုင်ကြပါစေရှင်။**

1 year, 4 months ago
1 year, 4 months ago

**မေးခွန်းလေးတွေကတော့ ဖြေချင်စရာတွေကြီးပဲရှင်!!!

မထင်မှတ်ထားတဲ့ ခွန်အားဖြစ်စေတဲ့စာလေးတွေလာပို့ထားကြတာလည်းတွေ့မိတယ်။

Anonymous Q&A
ရတုန်းလေး ပြောထားကြပါနော် မုန်လာဉတို့!! ????**https://ngl.link/saunghaymarnri

We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 year, 1 month ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 year, 2 months ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3

Last updated 1 year ago