USDP News

Description
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီရဲ့ တရားဝင်သတင်းတွေကို တင်ပေးပါမယ်
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year, 1 month ago
USDP News
1 year, 1 month ago
USDP News
1 year, 1 month ago
USDP News
1 year, 2 months ago
USDP News
1 year, 2 months ago
USDP News
1 year, 2 months ago

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့် United Russia Party “For the Freedom of Nation” လှုပ်ရှားမှု အမြဲတမ်းကော်မတီ၏ Expert Council ပထမအကြိမ် အစည်းအဝေးအား Video Link ဖြင့်တက်ရောက်

ဒီဇင်ဘာ ၁၇၊ နေပြည်တော်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်သည် United Russia Party မှ “For the Freedom of Nation” လှုပ်ရှားမှု အမြဲတမ်းကော်မတီ၏ Expert Council ပထမအကြိမ် အစည်းအဝေးအား ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ၁၇၃၀ နာရီချိန်တွင် Video Link ဖြင့်တက်ရောက်ခဲ့ပါသည်။

အဆိုပါအစည်းအဝေးသို့ ဗဟိုအလုပ်အမှုဆောင် ဦးမောင်မြင့်မှ ၁၇ ရာစုမှစပြီး နိုင်ငံအချို့သည် ကုန်သွယ်ရေး၊ မစ်ရှင်၊ စစ်ရေး အဆင့်(၃)ဆင့်ဖြင့် ကိုလိုနီနယ်ချဲ့ရန် ကြိုးပမ်းခဲ့ကြကြောင်း၊ ၂၁ ရာစုတွင် ကမ္ဘာမှ ကိုလိုနီပြုခြင်းကို လက်မခံတော့သည့်အတွက် ခေတ်သစ်ကိုလိုနီ ဝါဒကို ကျင့်သုံးရန်ကြိုးပမ်းလာကြကြောင်း၊ မြန်မာနိုင်ငံအပါအဝင် တတိယကမ္ဘာ့နိုင်ငံများက ကိုလိုနီကျွန်ပြုခြင်းကို တွန်းလှန်ခဲ့မှုကြောင့် လွတ်လပ်သောနိုင်ငံသစ်များ ပေါ်ထွန်းလာကြောင်း၊ BRICS အဖွဲ့ဆောင်ရွက်ချက်များ၊ အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့မှုအခြေအနေများ၊ ခေတ်သစ်ကိုလိုနီစနစ် ဆန့်ကျင်တိုက်ဖျက်နိုင်ရေး အခြေအနေများအား ဆွေးနွေးခဲ့ပါသည်။

ဆွေးနွေးပွဲသို့ နိုင်ငံပေါင်း (၉)နိုင်ငံမှ Expert Council အဖွဲ့ဝင် (၁၂)ဦး တက်ရောက်ဆွေးနွေးခဲ့ကြပြီး (၁၉၁၅)နာရီချိန်တွင် ဆွေးနွေးပွဲအား ရပ်နားခဲ့ပါသည်။

1 year, 2 months ago
USDP News
1 year, 2 months ago
USDP News
1 year, 2 months ago

တိုင်းပါတီအတွင်းရေးမှူးနှင့်အဖွဲ့ မှော်ဘီမြို့နယ် ရပ်မိရပ်ဖများ ကော်မတီဝင်များနှင့် တွေ့ဆုံ

မှော်ဘီ ဒီဇင်ဘာ ၁၁

ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး ပါတီအတွင်းရေးမှူးနှင့်အဖွဲ့သည် မှော်ဘီမြို့နယ် ရပ်မိရပ်ဖများ ကော်မတီဝင်များနှင့် ယနေ့ မွန်းလွဲ (၁၃း၃၀) နာရီအချိန် (၁၄း၃၀) နာရီအချိန်ထိ မှော်ဘီမြို့နယ်ပါတီရုံး၌ ကွင်းဆင်းတွေ့ဆုံခဲ့ပါသည်။

တွေ့ဆုံပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်တိုင်းဒေသကြီး တိုင်းပါတီအတွင်းရေးမှူး ဦးအောင်ကျော်မင်းကအမှာစကားပြောကြားရာတွင် မိမိတို့ပါတီဝင်များအနေဖြင့် လာမည့်ရွေးကောက်ပွဲ အောင်နိုင်ရေး အလေးအနက်ထား ပူးပေါင်းဆောင်ရွက်ပေးကြရန် အဓိကထား ပြောကြားခဲ့ပြီး၊ တိုင်းကော်မတီဝင် ဦးတင်ဝင်းမှ ပါတီအောင်နိုင်ရေးနှင့် မြို့နယ်/ ကျေးရွာ လုုံခြုံရေးကိစ္စရပ်များအားလည်းကောင်း၊ တိုင်းကော်မတီဝင် ဦနေဝင်းမှ နိုင်ငံရေးပါတီများ၏ အခြေအနေများအားလည်းကောင်း၊ တိုင်းကော်မတီဝင် ဦးသန်းမြင့်မှ ပါတီဝင်အင်အား တိုးတက်ရေးကိစ္စရပ်များနှင့် လယ်သမားများ၏အခန်းကဏ္ဍများအားလည်းကောင်း၊ တိုငကော်မတီဝင် စည်းရုံးရေးရာတာဝန်ခံ ဒေါ်ဇာခြည်လင်းမှ စည်းရုံးရေးရာကိစ္စရပ်များအားလည်းကောင်း၊ ဦးဝင်းစိုးမှ ရပ်မိရပ်ဖများနှင့် တစ်ဦးချင်း မိတ်ဆက်ပေး၍ မြို့နယ်ဒေသတည်ငြိမ်အေးချမ်းရေးလုပ်ငန်းစဥ် အခြေအနေများအားတင်ပြခဲ့ပါသည်။

ထို့နောက် တက်ရောက်လာကြသော ရပ်မိရပ်ဖများနှင့် မြို့နယ်ကော်မတီဝင်များမှ ရပ်ကွက်ကျေးရွာများအလိုက် ဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် သိလိုသည်များအား ဆွေးနွေးတင်ပြခဲ့ကြရာ တိုင်းအတွင်းရေးမှူးနှင့်အဖွဲ့မှ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပြီး တွေ့ဆုံပွဲအား အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

1 year, 2 months ago
ခရိုင်/မြို့နယ်ပါတီ ရုံးအဖွဲ့မှူး(၁၃)ဦးနှင့် တွေ့ဆုံဆွေးနွေး

ခရိုင်/မြို့နယ်ပါတီ  ရုံးအဖွဲ့မှူး(၁၃)ဦးနှင့် တွေ့ဆုံဆွေးနွေး

မော်လမြိုင် ဒီဇင်ဘာ ၄

(၄.၁၂.၂၀၂၄)ရက်‌ေန့ နေ့လည်(၁၁၀၀)အချိန် မွန်ပြည်နယ်ပါတီရုံးအစည်းအဝေးခန်းမတွင် ပြည်နယ်ခေတ္တဥက္ကဌ ဦးသက်ထွေး မှ ခရိုင်/မြို့နယ် ရုံးအဖွဲ့မှူး(၁၃)ဦးနှင့် တွေ့ဆုံခဲ့ပြီး ပါတီရုံးလုပ်ငန်း များအချိန်နှင့်တစ်ပြေးညီ ပြီးမြောက်နိုင်ရေး စာရင်းဇယားပုံစံများ တစ်ပြေးညီဖြစ်စေရေး နှင့် အခက်အခဲ များရှိပါက တင်ပြနိုင်ရေးကို ဆွေးနွေးခဲ့ပြီး ပြည်နယ် ဘဏ္ဍာရေးမှူး ဦးလှထွန်းမှ ငွေစာရင်းကိစ္စများကို၄င်း၊ ပြည်နယ်စီမံရေးရာတာဝန်ခံ ဦးမျိုးမင်းလှိုင် မှ စီမံရေးရာကိစ္စရပ်များအား ရှင်းလင်းကာ တွေ့ဆုံပွဲကို (၁၂၃၀)အချိန်တွင် ပြီးမြောက် ခဲ့ပါသည်။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago