ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago
အမှားလုပ်ခဲ့မိရင်....
အမှားဆိုတာ ဘာရယ်မဟုတ်တဲ့ လုပ်ရပ်လေးတစ်ခုကြောင့်သက်ရောက်မှုကြီးကြီးမားမားဖြစ်တတ်ပါတယ်။ဒါကြောင့်
(၁) ဘယ်တော့မဆို နှစ်ခါပြန်စစ်ပါ။
(၂)အသေးမွှားကနေပြသနာကြီးကြီးမားမားသက်ရောက်မှုရှိနိုင်ပါတယ်။
(၃) အခွင့်ကောင်းမမျှော်ပါနဲ့။
မှားခဲ့မှတော့ ဘာလို့မှားရတာလဲ၊ ပေါ့ဆရကောင်းလား၊ အပြစ်တင်မနေပါနဲ့။ အကြောင်းရင်းလဲရှာမနေပါနဲ့။ ကြမ်းကျွံမှတော့ နုတ်မရရင် မနာအောင် ကြိုးစားရမှာပဲလေ။
မှားခဲ့တာကိုလက်ခံပါ။ မှားတိုင်းအပြစ်မြင်နေရင်ဘယ်တော့မှ ရှေ့မရောက်ပါဘူး။အမှားကင်းနိုင်တဲ့သူမရှိပါဘူး။အမှားကင်းတယ်ဆိုတာ ဆင်ခြေသက်သက်ပါ။ မှားမှာကြောက်လို့ အမှားကင်းအောင် သတိကပ်နေလို့လဲမရပါဘူး။ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ၊ ပေါ့ဆခဲ့သည်ဖြစ်စေ လက်ခံလိုက်ပါ။ဘာမဟုတ်တာလေးနဲ့မရပ်တန့်ပါနဲ့။ဆက်လုပ်ပါ။ဆက်ကြိုးစားပါ။အမှားကိုကြောက်နေရင်ခေါင်းဆောင်မဖြစ်လာပါဘူး နောက်ကွယ်က အကောက်သမားဘဝရောက်သွားပါလိမ့်မယ်။
တစ်ခုတော့ရှိတာပေါ့လေ။ မှားလို့ရပါတယ်ဆိုပြီး တစ်သက်လုံးအမှားတွေ တောက်လျှောက်မလုပ်မိဖို့တော့ အပေါ်က (၃) ချက်ကိုသတိရပါ။
#Belinda
စာရေးပါ “လောကမှာ ကိုယ့်ကိုနားလည်ပေးနိုင်တဲ့သူဘယ်သူမှမရှိဘူး”တဲ့။ အမှန်တရားဖြစ်လို့ထင်ပါရဲ့ Violet အတွက်အတော်လေးနားခါးခဲ့တယ်၊ Violet ထင်ခဲ့တာ တစ်ယောက်တစ်လေကတော့နားလည်ပေးနိုင်မယ်လို့လေ။ တကယ်အမှန်တရားကတော့ အပေါ်ကဖော်ပြခဲ့သလိုပဲ ဘယ်သူမှနားလည်မပေးနိုင်ကြပါဘူး။…
စာရေးပါ
“လောကမှာ ကိုယ့်ကိုနားလည်ပေးနိုင်တဲ့သူဘယ်သူမှမရှိဘူး”တဲ့။ အမှန်တရားဖြစ်လို့ထင်ပါရဲ့ Violet အတွက်အတော်လေးနားခါးခဲ့တယ်၊ Violet ထင်ခဲ့တာ တစ်ယောက်တစ်လေကတော့နားလည်ပေးနိုင်မယ်လို့လေ။
တကယ်အမှန်တရားကတော့ အပေါ်ကဖော်ပြခဲ့သလိုပဲ ဘယ်သူမှနားလည်မပေးနိုင်ကြပါဘူး။ Violetတို့တွေက မတူတဲ့မိသားစုတွေကကြီးပြင်းခဲ့ရတယ်၊ မတူတဲ့မိဘ၊ဆရာ၊ပတ်ဝန်းကျင်တွေရဲ့သွန်သင်မှုတွေ ခံခဲ့ရတယ်၊ မတူတဲ့မျိုးရိုးဗီဇတွေနဲ့ စိတ်ဓာတ်တွေရရှိလာခဲ့ကြတယ်၊ မတူတဲ့ဘဝအတွေ့အကြုံတွေ၊ trauma တွေရခဲ့ကြတယ်။ ဒီအချက်လေးတွေအပေါ်ပဲအခြေခံကြည့်၊ တကယ်တော့ဘယ်သူမှနားလည်မပေးနိုင်ကြဘူးဆိုပြီးနားလည်ပေးနိုင်တဲ့သူကိုရှာဖွေမိနေတယ်ဆိုတာကလည်း ကိုယ့်ရဲ့ခံစားချက်တွေ၊အချက်အခဲတွေကို ရင်ဖွင့်ချင်လို့၊ နှလုံးသားချင်းထပ်ပြီး ခံစားပေးမယ့်သူလိုချင်လို့။
နေ့စဉ်ပြဿနာတွေအများကြီးရှိတဲ့အထဲကနေ တစ်ခုလောက်လေးဖြစ်ဖြစ်ရင်ဖွင့်လိုက်ရရင်ကို အဆင်ပြေသွားနိုင်တယ်လေ။ ဒါပေမယ့် ဖြစ်ချင်တော့ ကိုယ့်ရဲ့ရင်ဖွင့်စကားတွေကိုနားထောင်ပေးချင်တဲ့သူမရှိဘူး။ မိဘ၊သူငယ်ချင်း၊ရည်းစား သူတို့ကတော့ နားထောင်ပေးချင်မှာပေါ့လို့မထင်နဲ့၊ ၂၄နာရီ ကိုယ့်ရဲ့ အခက်အခဲ၊ပြဿနာပေါင်းသောင်းခြောက်ထောင်ကို သွားပြောကြည့်၊ ခေါင်းဝေ့ရှောင်သွားလိမ့်မယ်။ တကယ်တော့ ဘယ်သူကမှကိုယ့်အကြောင်းလောက် သူများအကြောင်းကိုစိတ်မဝင်စားကြသလို ကိုယ့်ရဲ့အဆင်မပြေမှုတွေကိုလည်းနားမထောင်နိုင်နေဘူး။
မပြောဘဲ မြိုသိပ်ထားလို့လည်းမဖြစ်ပြန်ဘူး။ ဒီတော့ ဒီပြဿနာတွေအားလုံးအတွက်အကောင်းဆုံးအဖြေကတော့ “စာရေးပါ” ဆိုတာပါပဲ။
စာရေးတယ်ဆိုတာဘာမှမခဲယဉ်းပါဘူး၊ ကိုယ်ယုံကြည်ရတဲ့၊ ကိုယ့်ကိုနားလည်ပေး နားထောင်ပေးနိုင်မယ့်သူတစ်ယောက်ကို ကိုယ့်အကြောင်းတွေပြောပြသလိုပါပဲ။ ကိုယ်ရည်းစားနဲ့အဆင်မပြေတဲ့ကိစ္စ၊ မိဘကိုဒေါသထွက်တဲ့ကိစ္စ၊ အကျီအသစ်လေးလိုချင်တဲ့အကြောင်း၊ ကြီးလာရင်တော့ဘာလုပ်မယ်ဆိုတဲ့အကြောင်း စသည်ဖြင့် အမျိုးမျိုးဖြစ်နိုင်တယ်။ စာရေးစ မရှိရင်တော့ထူးဆန်းနေမှာပေါ့၊ ဒါပေမယ့်ဒါကပုံမှန်ပါပဲ။ စာရေးလိုက်ခြင်းအားဖြင့် သူများတွေနားမထောင်ချင်တဲ့ကိုယ့်ရဲ့အဆင်မပြေမှုတွေကို မျိုသိပ်ထားစရာမလိုအပ်တော့ဘူး၊ သူတို့ကိုလည်းမကြားချင်တာတွေပြောပြီး ဒုက္ခပေးသလိုမဖြစ်တော့ဘူး။ ဒါ့အပြင်ကိုယ်ကြိုက်တာကိုကြိုက်သလိုရေး စာအုပ်ကနားပဲနားထောင်နေမှာ၊ ဒေါသထွက်ပြီးပေါက်ကွဲချင်လာတယ်ဆိုရင်လည်း စာရေးလိုက် “ငါတော့သူ့ကို ဘယ်လိုသတ်ချင်နေတာ”။ စာရေးရင်solution(အဖြေ)ရှာမတွေ့တော့မှာစိုးရိမ်ကြတယ်၊ တကယ်တော့ကိုယ့်အဆင်မပြေမှု ပြဿနာတွေအတွက်အဖြေကို ကိုယ်တိုင်ရှာဖွေလိုက်ခြင်းပါပဲ။ စာရေးရင်းနဲ့ကိုယ်တိုင်ရှာတွေ့သွားတာမျိုး။
စာရေးမယ်ဆိုရင် journalရေးဖို့အကြံပြုချင်ပါတယ်။
ဘယ်လိုရေးရမလဲဆိုတော့ ကိုယ့်စိတ်ထဲမှာမတင်မကျဖြစ်နေတာတွေ၊ ကိုယ်မဖြေရှင်းနိုင်ခဲ့တဲ့အရာတွေ၊ သိပ်ခံစားခဲ့ရတာတွေ စသည်ဖြင့် အကုန်ရေးလို့ရတယ်။ Violet အတွက် journalနဲ့ diaryဘာကွာသလဲဆိုရင်တော့ diary(ဒိုင်ယာရီ)က နေ့စဉ်ဖြစ်ပျက်ခဲ့တာတွေကိုချရေးပြီး journalကတော့ နေ့စဉ်ခံစားကြုံတွေ့ခဲ့ရတာတွေကိုရေးပါတယ်။ အကယ်၍ ဒီနေ့သူငယ်ချင်းဟောင်းကိုပြန်တွေ့တယ်ဆိုရင် diary ထဲမှာ သူငယ်ချင်းကိုပြန်တွေ့တယ် ပဲပေါ့၊ journal မှာတော့ ဒီသူငယ်ချင်းကိုတွေ့လိုက်ရတာ စိတ်တိုတယ်၊ သူကငါ့ကို ဘယ်လိုကြည့်တာ၊ အဲ့ဒီအကြည့်ကိုလည်းငါမကြိုက်ဘူး စသည်ဖြင့် ရေးပါတယ်။ ပြဿနာကြုံတွေ့ရပြီဆိုရင် အဖြေကိုjournalမှာချရေးပြီးရှာတယ်၊ မကောင်းတဲ့ခံစားချက်ရပြီဆိုရင်လည်း ဒီခံစားချက်ရဲ့ဇစ်မြစ်(root)ကို ရှာတယ်၊ တစ်ခုခုလုပ်ဖို့နှောင့်နှေးနေတာတို့ မလုပ်ချင်တာတို့ဆိုရင် ဘာကြောင့်ခုလိုဖြစ်တာလဲဆိုတာ အဖြေရှာတယ်။
Violet ကတော့ journalကို အဓိက self-awareness, self-esteem, self-loveမြင့်ဖို့၊ self-control, self-regulation တွေပိုလုပ်နိုင်အောင်နည်းရှာဖို့ self-reflectionနဲ့ self-analysis နေ့တိုင်းလုပ်ဖြစ်အောင်လို့ ရေးပါတယ်။ journalထဲမှာ အချစ်ရူးထားတာတွေ ရင်ဖွင့်ထားတာတွေ ဒေါသထွက်ကျိန်စာတိုက်ထားတွေပါ ရေးပါတယ်။ စိတ်ရှိလက်ရှိအကုန်ရေးပြီးပြီဆိုရင်တော့ solution(အဖြေ)ရှာတာပေါ့။
စာရေးရင်လူအများစုကြောက်ကြတာက ကိုယ့်စာအုပ်ကိုသူများမြင်သွားမှာကိုပဲ။ ကိုယ်ကတော့ စိတ်ရှိလက်ရှိ မကျေနပ်ချက်၊ အမြင်ကတ်တဲ့အကြောင်း၊ လျို့ဝှက်ချက်တွေရေးထားတာကို သူတို့များမြင်သွားရင်ဆိုတဲ့အတွေးနဲ့ စာရေးဖို့တွန့်ကြတယ်။ ဒါပေမယ့် မြင်တော့ရောဘာဖြစ်လဲ? ရေးရမှာကကိုယ့်အပိုင်း၊ ကိုယ့်စာအုပ်ဖတ်ပြီးသူတို့မကောင်းကြောင်းပါလို့ စိတ်ဆိုးတာသူတို့အပိုင်း၊ အစကတည်းက ကိုယ့်ရဲ့privacyကိုယူကြည့်ကတည်းက သူတို့မှားနေပြီ။ မိဘတွေ၊ အမျိုးတွေကကြည့်တတ်တယ်ဆိုရင်လည်း မကြိုက်ကြောင်းပြောထားပါ။ လုံးဝစာအုပ်ထားလို့မဖြစ်ဘူးဆိုမှ ဖုန်းထဲမှာ ရေးပါ။
တကယ်တော့ဘယ်သူမှကိုယ့်ရဲ့အဆင်မပြေမှုတွေကို အမြဲတမ်းနားထောင်ပေးနိုင်မှာမဟုတ်ပါဘူး(ကိုယ်တောင်နားထောင်ပေးနိုင်လို့လားပဲ စဉ်းစားကြည့်လေ)။ ဒါ့ကြောင့်တစ်ယောက်ထဲလည်း အဆင်ပြေအောင်နေတတ်ဖို့လိုပါတယ်။ ဒါအတွက်စာရေးပါ။
အားလုံးပဲ THE DIFFERENT NORMIES TEAM မှ Members များကို ခနတာ နှုတ်ဆက်ခဲ့ပါတယ်ဗျာ။
Hello Everyone ဒီနေ့ကတော့ THE DIFFERENT NORMIES မှာ စာတွေကို အမြဲဝင်ရောက်ဖတ်ရှုသူတွေ အတွက်စိတ်မကောင်းစရာသတင်းလေးဆိုလဲမမှားဘူးပေါ့။
TDN CHANNEL ကို September 13,2023 မှာ Roven နှင့် Steven ပူးတွဲ တည်ထောင်ခဲ့တာဖြစ်ပြီး လက်ရှိ Subscribers 20k ထိရှာပေးခဲ့တဲ့ Founder Steven ကိုလဲ လေးစာလျက်ပါ။ လက်ရှိအနေနဲ့ ကျွန်တော်တို့ TDN TEAM မှ ADMIN တွေဟာ 10 ကျော်သက် လူငယ်တွေစုနေတာဖြစ်ပြီး ပညာရေးအခြေအနေကြောင့် ခနတာအနားယူကာ ယာယီ ပိတ်သိမ်းကြောင်း လာပြောဆိုခြင်းဖြစ်ပါတယ်။
နောက်ဆုံးစကားတွေဖြစ်တာမလို့ TDN မှာ ရှိတုန်း အမှတ်တရနဲ့ အခက်ခဲဆုံးအခြေအနေလေး တွေကိုပြောချင်ပါတယ်။ ကျွန်တော် Roven ဟာ လူတွေစိတ်ကို ထိုးသွင်းသိမြင်နိုင်တဲ့ Ability ကိုပိုင်ဆိုင်ထားပြီး Manipulation နဲ့ Dark Psychology ကိုတတ်ကျွမ်းသလို ရေးသားရတာကိုလဲ သဘောကျပါတယ်။ TDN CHANNEL မဖြစ်ခင်က Private CHANNEL လေးမှာ စာတွေရေးခဲ့ပြီး တစ်ချို့လူတွေက သဘောကျတယ်ဆိုလို့ Public CHANNEL ထောင်ကာ ဝါသနာအရ မျှဝေခဲ့ပါတယ်။ ကျွန်တော်ဆိုခဲ့တဲ့ အတိုင်း 10 ကျော်သက်တွေ ဖွဲ့စည်းထားတာလဲ ဖြစ်သလို ကျောင်းနေအရွယ်တွေလဲ ဖြစ်ပြီး ဘွဲ့ လက်မှတ်တွေ မရှိတာကြောင့် မနာလိုသူတွေကြား တိုက်ခိုက်ခံရတာပါဘဲ။ အခြေအနေတွေ ပိုဆိုးမလာခင် TDN CHANNEL မှ ဗဟုသုတများ မျှဝေနေတာကို ဒီမှာပဲ ရပ်လိုက်ကြောင်း လေးစားစွာပြောဆို ချင်ပါတယ်။
အခွင့်ထူးရှိရင် TDN ADMIN တွေစုစည်းကာ ပြန်လာဖို့ရှိပြီး မဟုတ်ရင်တော့ အခြေအနေတွေဟာ ဒီနေရာမှာ ပြီးဆုံးကြောင်း လေးစားစွာပြောဆိုလျက်ပါ။
နောက်ဆုံးအနေနဲ့ TDN ရှိ ADMIN Henry ကိုလဲ Roven မှ ထပ်ပြီး လေးစားကြောင်းပြောခဲ့ချင်ပါတယ်။
The psychology of habit
---
အချို့အချိန်တွေမှာကိုယ်တောင်သတိမမူလိုက်ဘဲလုပ်မိလိုက်တဲ့အပြုအမူတွေကိုသတိထားမိပါသလား။အလေ့အကျင့်တွေကကျွန်ုပ်တို့မကြာခဏလုပ်တောင်လေ့ရှိတဲ့အပြုအမူများဖြစ်ပြီးတစ်ခါတစ်ရံလုပ်ဖို့မစဉ်းစားမိဘဲလုပ်မိတတ်ပါတယ်။၎င်းက သွားတိုက်ခြင်းကလိုမျိူး ရိုးရှင်းသည့်အရာများမှစပြီး ဖုန်းကို မကြာခဏ စစ်ဆေးခြင်းကဲ့သို့ ရှုပ်ထွေးသည့် အပြုအမူများအထိ ပါဝင်နိုင်တယ်။ ဒါပေမယ့် အလေ့အကျင့်များကို ကျွန်ုပ်တို့ဘယ်လိုရရှိလာသလဲ၊ အလေ့အကျင့်ကို ဘယ်လိုပြောင်းလဲနိုင်မလဲ?
The science behind habits
အလေ့အကျင့်သည် ဦးနှောက်ထဲမှာ"habit loops" ဟုခေါ်သော လုပ်ဆောင်ချက်များမှတစ်ဆင့် ဖွဲ့စည်းထားသည်။ ဤလုပ်ဆောင်ချက်တွင် အဓိက အစိတ်အပိုင်း သုံးခုရှိသည်။ အစိတ်အပိုင်းများမှာ cue, routineနှင့် reward ဖြစ်သည်။
- cue: cueသည်မှာ ဦးနှောက်ကို အပြုအမူတစ်ခုကို စတင်စေသည့် အချက်ဖြစ်သည်။ ဥပမာအားဖြင့် ပျင်းရိသောခံစားချက်သည် social media appကိုဖွင့်လိုက်စေသည်။
- routine: routineသည်မှာ အပြုအမူ ဥပမာအားဖြင့် ပို့စ်များကို အောက်ဆွဲ၍ကြည့်ခြင်း သို့မဟုတ် ဗီဒီယိုများကို ကြည့်ခြင်းဖြစ်သည်။
- reward: rewardသည် သင့်အပြုအမူမှ ရရှိသော အကျိုးရလဒ်ဖြစ်သည်။ ဥပမာအားဖြင့် ဖုန်းသုံးလိုက်ခြင်းဖြင့်
အပျော်အပါးရစေခြင်း သို့မဟုတ် အပန်းပြေခြင်းကိုရရှိသည်။
အချိန်ကြာလာသည်နှင့်အမျှ ဦးနှောက်သည် cueနှင့် rewardတို့ကို ချိတ်ဆက်ကာ အပြုအမူများကို အလိုအလျောက်လုပ်ဆောင်သည့် အနေအထားသို့ ကူးပြောင်းသွားသည်။ ထို့ကြောင့်မကောင်းသော အလေ့အထများကို ဖြိုဖျက်ရန်ခက်ခဲသည်။
How to change a habit
အလေ့အထတစ်ခုကို ပြောင်းလဲခြင်းသည် ခက်ခဲပေမယ့် မဖြစ်နိုင်ခြင်းမဟုတ်ပါ။ အဓိကက cueကို သိရှိရန်နှင့် routineကို အလေ့အကျင့်အသစ်၊ ကျန်းမာသော အပြုအမူဖြင့် အစားထိုးရန်ဖြစ်သည်။ ဥပမာအားဖြင့် ပျင်းရိသောခံစားချက်သည် သင့်ကို ဖုန်းကြည့်ရန် စတင်စေလျှင်(အမိန့်လျှင်)၊ထိုအရာကို စာဖတ်ခြင်း သို့မဟုတ် လမ်းလျှောက်ခြင်းဖြင့် အစားထိုးပါ။
အလေ့အကျင့်ကို အလေ့ကျင့်ခြင်းအားဖြင့် အမြဲတမ်း rewardကို ရယူနိုင်ပြီး (ဥပမာအားဖြင့် အပန်းဖြေခြင်းကဲ့သို့) ဦးနှောက်ကို ဖြည်းဖြည်းချင်းအောင် အလေ့အကျင့်တစ်ခု ပျိုးထောင်နိုင်ရန်လေ့ကျင့်နိုင်သည်။
Conclusion
အလေ့အကျင့်များသည် ကျွန်ုပ်တို့၏ နေ့စဉ်ဘဝတွင် အရေးကြီးသော အခန်းကဏ္ဍ တစ်ခုအဖြစ် ပါဝင်သည်။ ၎င်းတို့ကို နားလည်ပြီး ပြောင်းလဲရန် သင်ယူခြင်းဖြင့် ကျွန်ုပ်တို့၏ နေ့စဉ်လှုပ်ရှားမှုများကို ထိန်းချုပ်နိုင်ပြီး ကောင်းမွန်သော ဘဝပုံစံကို ရရှိစေပါသည်။
Whoever doesn't give a reaction is a gay.
English or Spanish?
Psychology of colors
အရောင်တွေရဲ့စိတ်ပညာက လူ့အပြုအမူ၊စိတ်ခံစားမှုများနှင့် သိမြင်မှုများကို အရောင်တွေက ဘယ်လို သက်ရောက်သလဲဆိုတာကို လေ့လာခြင်းဖြစ်တယ်။ အရောင်မျိုးစုံက ကွဲပြားသော တုံ့ပြန်မှုများကို ဖြစ်ပေါ်စေတတ်ပြီး ယင်းတုံ့ပြန်မှုများသည် ယဉ်ကျေးမှု၊ ကိုယ်ပိုင်အတွေ့အကြုံများနှင့် အခြေအနေတို့အပေါ် မူတည်နိုင်သည်။
အရောင်စိတ်ပညာအတွင်း အဓိကအကြောင်းအရာများ:
အများဆုံးတွေ့လေ့ရှိရတဲ့အရောင်တွေရဲ့သက်ရောက်မှုများ:
အနီရောင်:
- စိတ်ခံစားမှုများ: စိတ်အားထက်သန်မှု၊ စိတ်လှုပ်ရှားမှု၊ အချစ်၊ ဒေါသ။
- ရုပ်ပိုင်းဆိုင်ရာသက်ရောက်မှုများ: နှလုံးခုန်နှုန်းတိုးစေပြီး အရေးပေါ်သော စိတ်ခံစားမှုကို ဖန်တီးသည်။
- အသုံးပြုမှုများ: အာရုံစိုက်စေရန်၊ အစာစားချင်စိတ်ဖြစ်စေရန်၊ သတိပေးရန်။
အပြာရောင်:
- စိတ်ခံစားမှုများ: ငြိမ်းချမ်းမှု၊ ယုံကြည်မှု၊ တည်ငြိမ်မှု၊ ဝမ်းနည်းမှု။
- ရုပ်ပိုင်းဆိုင်ရာသက်ရောက်မှုများ: သွေးပေါင်ချိန်ကျစေပြီး တည်ငြိမ်မှုကို ဖန်တီးသည်။
- အသုံးပြုမှုများ: သက်ဆိုင်သော အစည်းအရုံးများတွင် ကျွမ်းကျင်မှုနှင့် ယုံကြည်စိတ်ချရမှုကို ဖော်ပြရန်။
အဝါရောင်:
- စိတ်ခံစားမှုများ: ပျော်ရွှင်မှု၊ ယုံကြည်မှု၊ စွမ်းအင်၊ သတိပေးမှု။
- ရုပ်ပိုင်းဆိုင်ရာသက်ရောက်မှုများ: စိတ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုကို အားဖြည့်သည်။
- အသုံးပြုမှုများ: သတိပေးရန်၊ အာရုံစိုက်စေရန်။
အစိမ်းရောင်:
- စိတ်ခံစားမှုများ: သဘာဝ၊ တိုးတက်ကြီးထွားမှု၊ သဟဇာတဖြစ်မှု၊ မနာလိုမှု။
- ရုပ်ပိုင်းဆိုင်ရာသက်ရောက်မှုများ: စိတ်ဖိစီးမှုလျော့ကျစေပြီး စိတ်ငြိမ်သက်မှုမှုကို ဖြစ်ပေါ်စေသည်။
- အသုံးပြုမှုများ: ကျန်းမာရေးနှင့် ပတ်သက်သော အရာများတွင် အသုံးပြုသည်။
အမည်းရောင်:
- စိတ်ခံစားမှုများ: အာဏာ၊ ဂုဏ်သိက္ခာ၊ ဆန်းပြားမှု၊ ဝမ်းနည်းကြေကွဲမှု(သေသူအတွက်)။
- ရုပ်ပိုင်းဆိုင်ရာသက်ရောက်မှုများ: အတင်းအကျပ်စိတ်ထိခိုက်စေခြင်း၊ခြိမ်းခြောက်ခြင်းဖြစ်စေနိုင်သည်။
- အသုံးပြုမှုများ: အဆင့်မြင့် အမှတ်တံဆိပ်များနှင့် ဖက်ရှင်တွင် အသုံးပြုသည်။
အဖြူရောင်:
- စိတ်ခံစားမှုများ: သန့်ရှင်းမှု၊ ရိုးရှင်းမှု၊ သန့်စင်မှု၊ ဗလာ။
- ရုပ်ပိုင်းဆိုင်ရာသက်ရောက်မှုများ: နေရာလွတ်(space)များဖြစ်ပေါ်စေပြီးပိုးသတ်ထားကဲ့သို့ခံစားရခြင်း။
- အသုံးပြုမှုများ: ဆေးဘက်ဆိုင်ရာနှင့် ရိုးရှင်းသော အပြင်အဆင်များတွင် အသုံးပြုသည်။
ခရမ်းရောင်:
- စိတ်ခံစားမှုများ: တော်ဝင်ဆန်မှု၊ ဆန်းပြားမှု၊ ယုံကြည်သက်ဝင်မှု၊ မှော်ဆန်မှု။
- ရုပ်ပိုင်းဆိုင်ရာသက်ရောက်မှုများ: ဖန်တီးမှုနှင့် စိတ်ကူးစိတ်သန်းဖြစ်စေသည်။
- အသုံးပြုမှုများ: အလှကုန်နှင့် အဆင့်မြင့်ကုန်စည်များတွင် အသုံးပြုသည်။
လိမ္မော်ရောင်:
- စိတ်ခံစားမှုများ: စိတ်အားထက်သန်မှု၊ ပူနွေးမှု၊ စွမ်းအင်၊ သတိပေးမှု။
- ရုပ်ပိုင်းဆိုင်ရာသက်ရောက်မှုများ: စားချင်စိတ်နှင့် လှုပ်ရှားမှုကို အားဖြည့်သည်။
- အသုံးပြုမှုများ: အစာနှင့် သောက်စရာများကို စျေးကွက်တင်ရင်း သတိပေးရန် အလုပ်လုပ်စေသည်။
မီးခိုးရောင်:
- စိတ်ခံစားမှုများ: ညီမျှမှု၊ ဆင်ခြေဖုံးမှု၊ ကျန်းမာရေး၊ တရားမျှတမှု။
- ရုပ်ပိုင်းဆိုင်ရာသက်ရောက်မှုများ: တည်ငြိမ်စေသော်လည်း အလွန်ပြင်းထန်လျှင် စိတ်ညစ်စေတတ်သည်။
- အသုံးပြုမှုများ: ပရော်ဖက်ရှင်နယ်နှင့် မော်ဒန်ဒီဇိုင်းများတွင် အသုံးပြုသည်၊ တည်ငြိမ်မှုနှင့် ညီမျှမှုကို ရှာဖွေသည်။
ရွှေရောင်:
- စိတ်ခံစားမှုများ: ငွေကြေးကြွယ်ဝမှု၊ အောင်မြင်မှု၊ အလွန်အမင်းခမ်းနားမှု။
- ရုပ်ပိုင်းဆိုင်ရာသက်ရောက်မှုများ: ထုတ်ကုန်တစ်ခုသို့မဟုတ် ပတ်ဝန်းကျင်တစ်ခုကို ပိုမိုချီးမွမ်းစေသည်။
- အသုံးပြုမှုများ: အဆင့်မြင့်ထုတ်ကုန်များ၊ ဆုတံဆိပ်များ၊ အမှတ်တံဆိပ်များတွင် အသုံးပြုသည်။
ငွေရောင်:
- စိတ်ခံစားမှုများ: မော်ဒန်ပြည်နယ်၊ ခမ်းနားမှု၊ ညီမျှမှု၊ နည်းပညာမြင့်။
- ရုပ်ပိုင်းဆိုင်ရာသက်ရောက်မှုများ: ထုတ်ကုန်များနှင့် ဒီဇိုင်းများကို ပိုမိုခမ်းနားစေသည်။
- အသုံးပြုမှုများ: အီလက်ထရောနစ်ပစ္စည်းများ၊ လက်ဝတ်ရတနာများတွင် အသုံးပြုသည်။
စကားပြောရင်းနဲ့တချက် အရင်ကသူနဲ့ကျွန်တော်နဲ့ သိခဲ့ကျပြီး ကျွန်တော့်စီမှာ ဒီအကြောင်းတွေလာမေးလေ့ရှိကြောင်းပြောပါတယ်။(ကျွန်တော့် fan ဆိုလဲ မမှားဘူးပေါ့ဗျာ) ကျွန်တော်တိုက်ခိုက်တာတောင် ကျွန်တော့်ကို မုန်းတဲ့ပုံစံ မတွေ့မိဘဲ ကျွန်တော့်စိတ်ကလဲ လက်ခံနေတာကြောင့် ပြိုင်ဘက်စိတ်မထားဘဲ Slide လုပ်နည်း အခြေခံတွေနဲ့ ကျွန်တော်ရဲ့ အတွေးအခေါ်တွေကို ပြောပြခဲ့ပါတယ်။
နောက်ပြီး ဒါကတော့ သူ့ Channel လေးပါဗျ။တိုက်ခိုက်တာတောင် ရန်လိုစိတ် မရှိသလို ဘာသာရေးလဲ လိုက်စားတာကြောင့် ကိုယ်ပိုင် Idea နဲ့တင်တဲ့ဟာတွေကလဲ ကောင်းမွန်တဲ့အရာ နဲ့ အကြောင်းတွေဖြစ်မယ်လို့ ယုံကြည်မိပါတယ်။
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago