Thang Deih Tuang

Description
Independent Journalist/Analyst from Myanmar🇲🇲.

https://linktr.ee/thangdeihtuang
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year ago

A quick question, is it too late to learn piano from scratch at the age of 30 ? Can someone give me advice? Not intending to be a pro tho’..

1 year ago

Happy Valentine’s Day!

ချစ်ရတဲ့သူတွေနဲ့ပျှော်ရွှင်ကြပါစေလို့ ဆန္ဒပြုပါတယ်။

1 year ago

အာဏာသိမ်းတာ (၄) နှစ်မြောက်ပြည့်တဲ့နေ့မှာ ဆုံးရှုံးနစ်နာခဲ့ရတာတွေကို ကိန်းဂဏန်း၊ အချက်အလက်နဲ့တကွ ချပြလို့ရသမျှ ချပြတာမြင်တော့ ဆုံးရှုံးနစ်နာမှု အင်မတန်ကြီးမားလွန်းပြီး ရင်နာစရာကောင်းလှပါတယ်။
ပိုဆိုးတာက ဘယ်ကိန်းဂဏန်း၊ ဘယ်အချက်အလက်ကမှ ဖော်ပြလို့မရတဲ့ နစ်နာဆုံးရှုံးမှုတွေ အများကြီး ရှိပါသေးတယ်။ ဒါတွေကို အမေ့လျှော့ခံ သို့မဟုတ် ဒုတိယနေရာမှာပဲ အမြဲဖော်ပြလေ့ရှိပေမဲ့ သူတို့ရဲ့ အကျိုးဆက်တွေက သားစဉ်မျိုးဆက် ကျန်ရစ်အုံးမှာဖြစ်တယ်။
ဉပမာ။ ။အာဏာရှင်နဲ့ အတူပါလာတဲ့ ကိုယ်ကျင့်တရား ကျဆုံးမှု (moral decline) တွေ။ အမျိုးမျိုးသော အကြမ်းဖက်မှုများကြောင့် ရရှိခဲ့တဲ့ ကလေး လူကြီး လူငယ်တွေရဲ့ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေ။ အသက်ရှင်ကျန်ရစ်ခဲ့ပေမဲ့ ချစ်ရတဲ့ မိသားစုဝင်တွေ လူနဲ့မတူအောင် သတ်ဖြတ်ခံရလို့ ဝမ်းနည်းပူဆွေးရတဲ့ စိတ်ဒဏ်ရာတွေ။ ငွေရေးကြေးရေး အဆင်မပြေတော့လို့ အရင်လို မသာယာတော့တဲ့ မိသားစုတွေ။ မိစားစု မသာယာတော့လို့ အဆိပ်သင့်တဲ့ လူမှုအသိုင်းအဝိုင်းတွေ။ သန်းနဲ့ချီပြီး အနာဂတ် နိုင်ငံတော်ကို လှပအောင် ဖန်တီးလာမဲ့ လူငယ်တွေရဲ့ ပညာရေးအိပ်မက် နဲ့ စီးပွားရေး အိပ်မက်တွေ။
ဒါတွေက ကိန်းဂဏန်း၊ အချက်အလက်အရ တွက်ဆလို့မရပေမဲ့ ကြီးမားတဲ့ ဆုံးရှုံးမှုတွေပါ။ အထူးသဖြင့် one event တွေမဟုတ်ဘဲ ခေတ်အဆက်ဆက် ကျန်ရစ်ရမဲ့ နစ်နာဆုံးရှုံးမှုတွေဖြစ်တယ်။
တိုင်းပြည်ကောင်းစားဖို့ ခေါင်းဆောင်တွေ တော်တာနဲ့ မလုံလောက်ဘူး။ စိတ်ထားပြည့်ဝပြီး လူကောင်းတွေ လိုအပ်တယ်။ လူကောင်းတွေ မွေးထုတ်ဖို့ ပတ်ဝန်းကျင်ကောင်းတွေလိုအပ်တယ်။ ပတ်ဝင်းကျင်ကောင်းရဖို့ နွေးထွေးတဲ့ မိသားစုရှိဖို့ လိုအပ်တယ်။ အဲ့လိုမိသားစုရှိလာဖို့ တစ်ဦးချင်းစီရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကအရေးကြီးတယ်။
နောက်ဆုံးတော့ ကမ္ဘာကြီးကို လည်ပတ်နေတာ ကျွန်တော်တိ့လူသားတွေရဲ့ ဦးနှောက်/ စိတ်ဓတ်တွေပဲမဟုတ်ဘူးလား။ ဒီလောက် စိတ်ဓာတ်တွေ ယိုယွင်းပျက်စီးကြရင် တိုင်းပြည် ပြန်ကောင်းလာဖို့ မျိုးဆက် ဘယ်နှစ်ဆက်လောက် ကျွန်တော်တို့ ထပ်စောင့်ရအုံးမလဲ။

1 year, 2 months ago
နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC)ရဲ့ လက်ရှိရှေ့နေ (Prosecutor) Karim …

နိုင်ငံတကာ ရာဇ၀တ်ခုံရုံး (ICC)ရဲ့ လက်ရှိရှေ့နေ (Prosecutor) Karim A. A. Khan KC က မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် ကို ဖမ်းဝရမ်းထုတ်ဖို့ ဒီကနေ့ လျှောက်ထားလိုက်ပါတယ်။ (တရားဝင်ဖမ်းဝရမ်းထုတ်တာမဟုတ်သေးပါဘူး). https://www.facebook.com/share/18M3hBgn3W/

1 year, 2 months ago
မဟာတန်းတက်ဖို့ ကျောင်းသား အယောက် (၅၀) အထိပညာသင်ဆုပေးအပ်ချီးမြှင့်မယ်လို့ နယ်သလန်နိုင်ငံရှိ …

မဟာတန်းတက်ဖို့ ကျောင်းသား အယောက် (၅၀) အထိပညာသင်ဆုပေးအပ်ချီးမြှင့်မယ်လို့ နယ်သလန်နိုင်ငံရှိ University of Twente တက္ကသိုလ်က လျှောက်လွှာခေါ်ယူနေပါတယ်။
မြန်မာနိုင်ငံအပါအဝင် ဉရောပနိုင်ငံမဟုတ်တဲ့ နိုင်ငံတကာကျောင်းသားတွေလျှောက်လို့ရပါတယ်။ လူတစ်ယောက်ကို တစ်နှစ် € 3,000 - € 22,000 ကြား ထောက်ပံံ့ပေးမှာပါ။. https://www.facebook.com/share/p/19hf78TtBf/

1 year, 2 months ago
မြန်မာလူငယ် တော်တော်များများ ရလေ့ရှိတဲ့ Chiangmai တက္ကသိုလ်ကဘွဲ့ကြို (Bachelor) …

မြန်မာလူငယ် တော်တော်များများ ရလေ့ရှိတဲ့ Chiangmai တက္ကသိုလ်ကဘွဲ့ကြို (Bachelor) အတန်းတက်ရောက်ဖို့ ပညာသင်ဆုအပြည့်ပါ။
Bachelor ပညာသင်ဆုဖြစ်တဲ့အတွက် ကျူရှင်ခ၊ အသွားအပြန် လမ်းစရိတ်အပြင် နေ/စားစရိတ်ကိုပါ ၄ နှစ်တာကာလပတ်လုံး ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ MORE INFO: https://www.facebook.com/share/p/19SykE8xqh/

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago