Myanmar International News

Description
Sharing of Myanmar & International News
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 9 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 2 years ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 2 years, 1 month ago

1 year, 9 months ago
Myanmar International News
1 year, 9 months ago
Myanmar International News
1 year, 9 months ago
အယ်ဘေးနီးယားတွင် Tik Tok အသုံးပြုမှုကို တစ်နှစ်ထက်မနည်း ပိတ်ပင်

အယ်ဘေးနီးယားတွင် Tik Tok အသုံးပြုမှုကို တစ်နှစ်ထက်မနည်း ပိတ်ပင်

အယ်ဘေးနီးယားအစိုးရက ၂၀၂၅ခုနှစ် နှစ်စပိုင်းမှ စတင်ကာ Tik Tok အသုံးပြုမှုကို တစ်နှစ်ထက်မနည်း ပိတ်ပင်သွားမည်ဟု ဝန်ကြီးချုပ်အီဒီရာမာက ဒီဇင်ဘာ ၂၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ် ။

တီရာနာမြိုတွင် ဆရာများ၊ မိဘများနှင့် စိတ်ကျန်းမာရေး ဆရာဝန်များနှင့် တွေ့ဆုံစဉ် ရာမာက လူမှုမီဒီယာ TikTokသည် ရပ်ကွက်ပြည်သူများ၏ လူမိုက်ဖြစ်ကြောင်းပြောပါတယ် ။

“ကျွန်တော်တိုတွေအနေနဲ့ ဒီလူမိုက်ကို ရပ်ကွက်တွေထဲကနေ တစ်နှစ်လောက် မောင်းထုတ်လိုက်ရ အောင်”ဟု ရာမာက ဆိုပါတယ် ။

အစိုးရအနေဖြင့် ကျောင်းသားများ၏ ပညာရေးနှင့်ကလေးများ၏ ၀ါသနာပါသည့် လမ်းကြောင့်တစ်လျှောက် မိဘများက ပံ့ပိုးကူညီပေးသည့် အစီအစဉ်များကို စတင်သွားမည်ဟု ၎င်းက ထပ်မံ ပြောကြားခဲ့ပါတယ် ။
#News

1 year, 9 months ago
Myanmar International News
1 year, 9 months ago
Myanmar International News
1 year, 9 months ago
Myanmar International News
2 years ago

တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ် ပိုမိုအားကောင်းလာနိုင်

သင်္ချာပုံစံပြုမော်ဒယ်လ်များ၏ ခန့်မှန်းချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အပူပိုင်းမုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာနိုင်ကာ ၂၀-၉-၂၀၂၄ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသများသို့ ဖြတ်ကျော်နိုင်ပြီး စက်တင်ဘာ ၂၀ ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်းဒေသများသို့ စတင်ဖြတ်ကျော် ရောက်ရှိနိုင်သည်။ အဆိုပါ အပူပိုင်းမုန်တိုင်းငယ်၏ အကြွင်းအကျန်တိမ်တိုက်များနှင့် လေပွေလှိုင်းသည် မြန်မာနိုင်ငံသို့ ဖြတ်ကျော်ပြီးနောက် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် လေဖိအားနည်းရပ်ဝန်းအဖြစ်သို့ ပြန်လည်အစပျိုး အားကောင်းလာနိုင်သည်။

အဆိုပါ ဖြတ်ကျော်လာနိုင်သည့် လေပွေလှိုင်း၏အရှိန်ကြောင့် စက်တင်ဘာ ၂၁ ရက်မှ ၂၅ ရက်အတွင်း နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး အချို့ဒေသများတွင် ဒေသအလိုက် မိုးကြီးခြင်းများ၊ နေရာကွက်၍ မိုးကြီးခြင်းများ၊ လေပြင်းတိုက်ခတ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။

ယခုအချိန်တွင် အပူပိုင်းမုန်တိုင်းငယ်သည် ဗီယက်နမ်နိုင်ငံ ကုန်းတွင်းပိုင်းဒေသများသို့ ဖြတ်ကျော်ခြင်းမရှိသေးပါသဖြင့် ခန့်မှန်းချက်များအားလုံးသည် တိုင်းထွာသည့်အချိန်၊ အသုံးပြုသည့် Data နှင့် ခန့်မှန်းတွက်ချက်သည့် မော်ဒယ်လ်တို့အပေါ်မူတည်၍ မုန်တိုင်းရွေ့လျားမည့် လမ်းကြောင်း အမျိုးမျိုးပြောင်းလဲနေပါသည်။ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနအနေဖြင့် အချိန်နှင့်တပြေးညီ တွက်ချက်ရရှိသည့် ခန့်မှန်းချက်များကို ဆက်လက်ထုတ်ပြန်ပေးသွားမည် ဖြစ်သည်။

သို့ဖြစ်ပါ၍ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ လျှပ်တစ်ပြက်ရေကြီးခြင်းနှင့် မြေပြိုခြင်း စသည့် သဘာဝဘေးအန္တရာယ်များ ဖြစ်ပေါ်နိုင်ပါသဖြင့် ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့် မြေပြိုမှုအန္တရာယ်နှင့် မြစ်ငယ်၊ ချောင်းငယ်များအနီးတွင် နေထိုင်ကြသူများအနေဖြင့် ရေကြီး၊ ရေလျှံမှုများကို ကြိုတင်သတိပြု ရှောင်ရှားနိုင်ပါရန်နှင့် ပြည်တွင်းရေကြောင်းသွားလာရေးနှင့် လေကြောင်းပျံသန်းရေးအနေဖြင့်လည်း ကြိုတင်သတိပြုနိုင်ပါရန် သတိပေးနှိုးဆော်အပ်ပါသည်။

မိုး/ဇလ

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 9 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 2 years ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 2 years, 1 month ago