Myo Taw NEWS Channel

Description
News & Media
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 8 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 11 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 2 years ago

1 Jahr, 7 Monate her
တင်းမာလာနေတဲ့ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး

တင်းမာလာနေတဲ့ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/17Cx40mVAAo

အိန္ဒိယအစိုးရဟာ အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်က နေရာ ၅ နေရာမှာ ခြံစည်းရိုးကာရံမှုတွေ ဆောင်ရွက်ဖို့ ကြိုးစားနေတယ်လို့ ဘင်္ဂလားဒေ့ရှ်ဘက်က စွပ်စွဲခဲ့ပြီးတဲ့နောက်ပိုင်းမှာ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား နယ်စပ်တင်းမာမှုတွေ မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

1 Jahr, 7 Monate her
ပေါက်ခေါင်းနဲ့ ပေါင်းတည်မှာ အဖမ်းအဆီးကြမ်းနေလို့ ပွဲရုံတွေ ပိတ်ထားရတယ်လို့ဆို

ပေါက်ခေါင်းနဲ့ ပေါင်းတည်မှာ အဖမ်းအဆီးကြမ်းနေလို့ ပွဲရုံတွေ ပိတ်ထားရတယ်လို့ဆို
ဇန်န၀ါရီ ၁၅
ပဲခူးတိုင်း ပေါက်ခေါင်းနဲ့ ပေါင်းတည် မြို့တွေမှာ အခုရက်ပိုင်းအတွင်း စစ်မှုထမ်းအတွက် စစ်ကောင်စီက လူငယ်တွေကို ပွဲရုံတွေထဲအထိ အတင်းအကြမ်း ဖမ်းဆီးတာတွေ လုပ်နေတာကြောင့် ပွဲရုံ၊ အလုပ်ရုံတွေ ပိတ်ထားရတယ်လို့ စုံစမ်းသိရှိရပါတယ်။
ပြီးခဲ့တဲ့ ဇန်န၀ါရီလ (၁၃) ရက်နေ့က ပေါက်ခေါင်းမြို့ သီတဂူစမ်းလေး ဘုန်းကြီးကျောင်းနားက ဆန်ပွဲရုံထဲ ၀င်ပြီး လူငယ် ၄ ဦးကို ဖမ်းဆီးသွားပြီး ပေါက်ခေါင်းမြို့ မကျီးပင်ကျေးရွာမှာလည်း ပဲစင်းငုံရောင်းတဲ့ လူငယ်တစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
"ကျတော်တို့ဆီမှာ ဒီနေ့ကစပြီး စက်ရုံ၊ ပွဲရုံတွေ အကုန် ပိတ်လိုက်ကြပြီ။ ရွာဘက်က အလုပ်သမားတွေလည်း မလာရဲကြတော့ဘူး။ အရင်က ညပိုင်းတွေပဲ ဆွဲတော့ နေ့ပိုင်းအလုပ်လုပ်လို့ ရသေးတယ်။ အခုက နေရော၊ ညပါ ဆွဲနေတော့ အလုပ်သမားတွေလည်း မလာရဲကြတော့ဘူး"လို့ ပွဲရုံ၀န်ထမ်းတစ်ဦးက မြို့တော်ကို ပြောပါတယ်။
လက်ရှိမှာ ပေါက်ခေါင်းမြို့က ပွဲရုံ၊ အလုပ်ရုံတွေ ပိတ်ထားရလို့ မြို့ပေါ်ရပ်ကွက်နဲ့ လမ်းတွေမှာ လူသွားလူလာ အရင်ကထက်နည်းလာပြီး စပါးနဲ့ပဲ ရောင်းလိုသူတွေ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။
လက်ရှိ စစ်ကောင်စီဖမ်းဆီးထားတဲ့ သူတွေကိုတော့ ပေါက်ခေါင်း ထွေအုပ်ရုံးမှာ ခဏထားပြီး ရွှေတောင်မြို့က တပ်ထဲကို ပို့ဆောင်မှာဖြစ်တယ်လို့လည်း စုံစမ်းသိရှိရပါတယ်။
ပေါင်းတည်မြို့မှာလည်း ပြီးခဲ့တဲ့ ဇန်န၀ါရီ ၇ ရက်နေ့က အသက် ၂၀ ၀န်းကျင် လူငယ် ၂ ဦးကို စစ်ကောင်စီက စစ်မှုထမ်းအတွက် အကြုံးဝင်တယ်လို့ ဆိုပြီး လမ်းမှာ ဖမ်းဆီးသွားပါသေးတယ်။
ဖမ်းဆီးခံရ သူတွေရဲ့ မိသားစု၀င်တွေဟာ ငွေ ကျပ်သိန်း ၈၀ နဲ့ လိုက်ရွေးခဲ့ရပြီး ဇန်န၀ါရီ ၉ ရက်နေ့မှာ ဒုတိယအကြိမ် ထပ်ဖမ်းဆီးတာ ခံရတဲ့သူလည်း ရှိနေတယ်လို့ ဆိုပါတယ်။
"မိသားစုက ကျပ်သိန်း ၈၀ နဲ့ လာထုတ်ကြလို့ လွှတ်ပေးတာမှန်ပေမဲ့ လူအစားထိုးဖို့ လူရှာမပေးလို့ ပြန်ဖမ်းတာလို့ ပြောတယ်။ ပေးထားတဲ့ သိန်း ၈၀ ကိုလည်း ပြန်မပေးဘူး။ လူအစားထိုး ၂ ယောက် လာပေးမှ သူ့သားတွေ ပြန်လွှတ်ပေးမယ်ဆိုပြီး ဖမ်းတာ”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပဲခူးတိုင်း ပေါင်းတည်နဲ့ ပေါက်ခေါင်းမြို့တွေက ကျေးရွာတွေမှာ သားသမီးရှိတဲ့ တောင်သူတွေဟာ စစ်ကောင်စီကို တစ်လ ကျပ်နှစ်သိန်း ထောက်ပံ့ရသူတွေ ရှိသလို တစ်လကို နှစ်သောင်းကျပ် ထောက်ပံ့ရတဲ့ သူတွေလည်းရှိနေတယ်လို့ စုံစမ်းသိရှိရပါတယ်။
မြို့တော်
Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews
#myotawnpt
#myotaw

1 Jahr, 7 Monate her
လူကြီးရပ်ကွက်တွေသာ မီးပျက်နည်းပြီး သာမန်ရပ်ကွက်များမှာ တစ်နေ့မှ ၂ နာရီလောက်ပဲ …

လူကြီးရပ်ကွက်တွေသာ မီးပျက်နည်းပြီး သာမန်ရပ်ကွက်များမှာ တစ်နေ့မှ ၂ နာရီလောက်ပဲ လျှပ်စစ်မီးရနေ

ဇန်နဝါရီ ၁၅

မကွေးတိုင်း၊ မကွေးမြို့က ရပ်ကွက်တစ်ချို့မှာ လျှပ်စစ်မီးတန်းတူညီမျှမရဘဲ လျှပ်စစ်မီးရတဲ့ လူကြီးရပ်ကွက်တွေက ၂၄ နာရီမှာ ၅ နာရီလောက်သာ မီးပျက်ပေမယ့် မီးမရတဲ့ရပ်ကွက်တွေမှာ တစ်နေ့ကို ၂ နာရီပဲ မီးလာလို့ ဒေသခံတွေ အခက်တွေ့နေကြတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေအရ စုံစမ်းသိရှိရပါတယ်။

"လျှပ်စစ်မီးလာတာက တစ်မြို့လုံး အတူမဟုတ်ဘူး။ လာတဲ့နေရာတွေကျ တစ်နေ့ကို ၂၄ နာရီမှာ ၅ နာရီလောက်ပဲ ပျက်တယ်။ လူကြီးရပ်ကွက်တွေတော့ မီးလာတယ်နဲ့ ပြောကြတယ်။ မီးမလာတဲ့ရပ်ကွက်တွေကျ တစ်နေ့ကို ၂ နာရီလာပြီး ၄ နာရီပျက်တယ်။ ပျက်ချင်တဲ့အချိန်တော့ ပျက်နေတာပဲ။ တခါတလေ ခဏလာပြီး ပျက်တယ်" လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

မကွေးမြို့ပေါ်က ရပ်ကွက်တစ်ချို့မှာ ခုနောက်ပိုင်း လျှပ်စစ်မီးမလာတာတွေ အခြေနေဆိုးဆိုးရွားရွား ဖြစ်နေပြီး မနက် ၁ နာရီလောက်ကစ မီးလာ‌ပြီး ၅ နာရီလောက်ဆို ပျက်တဲ့အပြင် နေ့ခင်း ၁ နာရီမှ ပြန်လာတယ်လို့ သိရပြီး တခါတလေ ညနေဘက်မှ မီးပြန်လာတာလို့ ဒေသတွင်း သတင်းအရင်းမြစ်တွေက ပြောပါတယ်။

"မီးက ချက်ချိန်ပြုတ်ချိန် အလုပ်လုပ်ချိန် မီးမလာပဲ လူတွေအိပ်နေတဲ့အချိန် မနက်စောစော ၁ နာရီလောက်ဆို လာပြီ။ အဲ့အချိန်မှ ရေထတင်ရတယ် ဘယ်လိုမှ ချက်ပြုတ်ဖို့ အဆင်မပြေဘူး။ တခါတလေ ထမင်းတစ်အိုးကို မကျက်ဘူး။ မီးလာရင် ဆက်တိုက်အမြန်လုပ်ရတယ် ရေတင်ရ၊ ဖုန်းအားသွင်းရ၊ တခါတလေ နာရီဝက်လောက်နဲ့ မီးကပျက်၊ မီးသွေးနဲ့ပဲ ချက်ပြုတ်နေရတယ် "လို့ ဒေသခံတစ်ဦးက မြို့တော်ကို ပြောပါတယ်။

မကွေးမြို့အပါအဝင် တစ်ခြားမြို့နယ်တော်တော်များများမှာ လျှပ်စစ်မီးပျက်တောက်မှုတွေ ဆိုးရွားစွာဖြစ်နေပြီး ၄ နာရီလာ ၄ နာရီပျက်စနစ်ကနေ ဒီဇင်ဘာလကစပြီး တစ်နေ့တာအတွင်း မီးလာချိန်က ၂ နာရီလာ ၄ နာရီပျက်မယ်လို့ သိရပေမယ့် မီးက ပျက်ချင်တဲ့ချိန် ပျက်နေတဲ့အတွက် ဒေသခံတွေ အခက်တွေ့နေရတယ်လို့ သိရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

1 Jahr, 7 Monate her
အမြောက်တပ် အမတ ၃၄၉ ကို DPLA တိုက်ခိုက်တဲ့ …

အမြောက်တပ် အမတ ၃၄၉ ကို DPLA တိုက်ခိုက်တဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/Y4ZREcdkJMA

မြို့တော်

1 Jahr, 7 Monate her
ကာလတန်ကြေး သိန်း ၇၀၀ ခန့် တန်ဖိုးရှိတဲ့ ဆေးဝါးတွေကို …

ကာလတန်ကြေး သိန်း ၇၀၀ ခန့် တန်ဖိုးရှိတဲ့ ဆေးဝါးတွေကို ကားနဲ့တိုက်ယူသွားတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရ

ဇန်နဝါရီ ၁၄

မကွေးတိုင်း၊ ချောက်မြို့နယ်မှာ ယနေ့ ဇန်နဝါရီလ ၁၄ ရက်နေ့ မနက် ၈နာရီဝန်းကျင်ခန့်က လင်းတကိုင်းတိုက်နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်ပေါင်းစုတွေက တိုက်ခိုက်ခဲ့တယ်လို့ Chauk Guerrilla Force က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။

"စကစ စစ်ကြောင်းက လင်းတကိုင်းတိုက်နယ်က ကျေးရွာအတွင်းကို စစ်ကြောင်းထိုးလာတယ်။ အဲ့လို စစ်ကြောင်းထိုးလာတဲ့အချိန်မှာ ကျနော်တို့ တော်လှန်ရေးတပ်တွေက အရင်ဆုံး ပြည်သူတွေကို ကယ်ထုတ်ခဲ့တယ်" လို့ Chauk Guerrilla Force တာဝန်ခံ ကိုပိုင်က မြို့တော်ကို ပြောပါတယ်။

မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ၆၀ မမ လက်နက်ကြီး ၈ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီ စစ်ကြောင်းက မနက် ၁၁ နာရီ မိနစ် ၃၀ လောက်မှာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်များအရ သိရပါတယ်။

"စကစ တွေက ပထမဆုံး ပြည်သူနေအိမ် ၃လုံးကို မီးရှို့တယ်၊ ပြီးတော့ သူတို့က လင်းတကိုင်းက ထွက်ခွာတယ်၊ ထွက်ခွာပြီးတော့ လင်းတကိုင်းတိုက်နယ်ဆေးရုံက ဆေးဝါးတွေကို စကစ တွေက ကား ၆ စီးလောက်နဲ့ တိုက်သွားတယ်။ ကာလတန်ကြေး သိန်း ၇၀၀ ဖိုးလောက်ရှိတယ် ယူသွားတာ။ အဲ့ဒါနဲ့ပဲ ကျနော်တို့က စကစ တွေ သွားရာလမ်းကြောင်းအတိုင်း စကစ စစ်ကြောင်းကို တိုက်ခိုက်ခဲ့တာ" လို့ Chauk Guerrilla Force တာဝန်ခံ ကိုပိုင်က မြို့တော်ကို ပြောပါတယ်။

တိုက်ခိုက်မှုကို Chauk Guerrilla Force(C.G.F)နဲ့ ချောက်မြို့နယ်တော်လှန်ရေးတပ်ပေါင်းစုများက ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တိုက်ခိုက်မူအတွင်း စကစတွေ ထိခိုက်သေဆုံးမှုကိုတော့ အတိအကျ မသိရသေးဘူးလို့ စုံစမ်းသိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁ ရက်နေ့ကလည်း ချောက်မြို့နယ် ကတောက်ချောင်းကျေးရွာအနီး၊ ကုန်းကြီးပျူစောထီးရွာမှာ စကစ တွေ ရောက်ရှိနေတဲ့သတင်း ကြိုတင်ရရှိတဲ့အတွက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စကစအများအပြား ထိခိုက်သေဆုံးမှုရှိတယ်လို့ ဒေသတွင်း သတင်းအရင်းမြစ်တွေအရ သိရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

1 Jahr, 7 Monate her
ဇန်နဝါရီလ ဒုတိယပါတ်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး …

ဇန်နဝါရီလ ဒုတိယပါတ်အထိ စစ်ကောင်စီတပ်ဖွဲ့ဝင်စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး အလင်းဝင်ရောက်

ဇန်နဝါရီ ၁၄

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်းများသို့ ဆက်သွယ်ကာ ဇန်နဝါရီလ ဒုတိယပါတ်အတွင်း စစ်သားနဲ့ ရဲ ၂၉ ဦး အလင်းဝင်ရောက်မှု အခြေအနေကို သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဇန်နဝါရီလ ၂ ရက်နေ့မှာ ဆောမြို့မရဲစခန်းက ရဲတပ်သား ၁ ဦး ဂန့်ဂေါခရိုင် တပ်ရင်း(၂) ထံကို G-3 ၁ လက်၊ ၇.၆၂ ကျည် ၅၀ တောင့်၊ ကျည်အိမ် ၂ ခုတို့နဲ့အတူ အလင်းဝင်ရောက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၆ ရက်နေ့မှာ ဆောမြို့မရဲစခန်းမှ လောင်းရှည်တိုက်နယ် ရဲစခန်းသို့ ထွက်လာတဲ့စစ်ကြောင်းက စစ်ကောင်စီအဖွဲ့ဝင် ၅ ဦးဟာလည်း MA-1 ၁ လက်၊ MA-3 ၁ လက်၊ ၅.၅၆ ကျည် ၄၃၂ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ MA ကျည်ဘောက် ၉ ခုတို့နဲ့အတူ ဂန့်ဂေါခရိုင် တပ်ရင်း (၃)နဲ့(၅) ထံကို အလင်းဝင်ရောက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၇ ရက်နေ့ နံနက်ပိုင်းမှာ ဘီးလင်းမြို့နယ် လဂွန်းပျိုစခန်းမှ စစ်ကောင်စီတပ်သား ၁၆ ဦး ဟာလည်း ၈၀မမ ၁ လက်၊ ၆၀မမ ၁ လက်၊ စက်လက် ၁လက်၊ စနိုက်ဘာ ၁ လက်၊ MA-1 ၇ လက်၊ MA-2 ၁ လက်၊ MA-13 ၁ လက်၊ MA-4 ၁ လက်တို့နဲ့အတူ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံကို အလင်းဝင်ရောက်လာခဲ့ကြောင်း၊ ဇန်နဝါရီလ ၉ ရက်နေ့မှာ မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦး ဟာလည်း G-3 ၁ လက်၊ ကျည် ၃၄၉ တောင့်၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်ဘောက် ၂ ခုတို့နဲ့အတူ ဂန့်ဂေါခရိုင် တပ်ရင်း(၃) ထံကို အလင်းဝင်ရောက်ခဲ့ကြောင်း၊ ထိုနေ့မှာပဲ ပခုက္ကူခရိုင်၊ ပခုက္ကူ မြို့နယ်၊ မြစ်ခြေ မြို့ BPI မွေးမြူရေးစခန်းမှ တပ်သား ၂ ဦးဟာလည်း MA-1 ၂ လက်၊ အီနာဂါ ဗုံးသီး ၁ လုံး၊ နာနတ်သီးဗုံး ၂ လုံး၊ ၅.၅၆ ကျည် ၁၆၆ တောင့်၊ ပို့ကျည် ၅ တောင့်၊ ကျည်အိမ် ၁၀ ခုတို့နဲ့အတူ ပခုက္ကူခရိုင် တပ်ရင်း(၈) ထံကို အလင်းဝင်ရောက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၀ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ရှိမ္မကားကျေးရွာမှာ ယာယီအ‌ခြေပြုနေတဲ့ ဗိုလ်ကြီး အေးမျိုးထွန်းဦးစီးတဲ့ ခမရ(၁၃)က ပြည်သူ့စစ်တပ်သား ၂ ဦးဟာလည်း MA-1 ၂ လက်၊ ၅.၅၆ ကျည် ၄၆၀ တောင့် တို့နဲ့အတူ ရွှေဘိုခရိုင် တပ်ရင်း(၂) ထံကို အလင်းဝင်ရောက်ခဲ့ကြောင်း၊ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ အမှတ်(၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း အပတ်စဉ်(၅) သင်တန်းဆင်း ခမရ (၅၅၉) မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သား ၂ ဦးဟာလည်း MA-1 ၁ လက်၊ MA-3 ၁ လက်၊ ၅.၅၆ ကျည် ၁၇၅ တောင့်၊ ကျည်ဘောက် ၆ ဘောက် ၊ လက်ပစ်ဗုံး ၁ လုံးတို့နဲ့အတူ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ်(၃)၊ ဗျူဟာ(၃၃) ဒေါနတပ်ရင်းထံကို လက်နက်တွေနဲ့အတူ အလင်းဝင်ရောက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဇန်နဝါရီလ ဒုတိယပါတ်အထိ အလင်းဝင်ရောက်လာသူများထံမှ MA-1 ၁၃ လက်၊ MA-2 ၁ လက်၊ MA-3 ၃ လက်၊ MA-4 ၁ လက်၊ G-3 ၂ လက်၊ MA ကျည်ဘောက် ၂၉ ဘောက် ၊ စနိုက်ဘာ ၁ လက်၊ စက်လက် ၁ လက်၊ ၈၀မမ ၁ လက်၊ ၆၀မမ ၁ လက်၊ လက်ပစ်ဗုံး ၁၀ လုံး၊ ၇.၆၂ ကျည် ၅၇၄ တောင့်၊ ၅.၅၆ ကျည် ၁၀၅၈ တောင့်၊ ပို့ကျည် ၅ တောင့်၊ အီနာဂါဗုံးသီး ၁ လုံးတို့ သိမ်းဆည်း ရရှိခဲ့တယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

1 Jahr, 7 Monate her
အသေခံ မတိုက်ဘဲ ထွက်ပြေးလာလို့ဆိုပြီး စစ်သားနဲ့ မိသားစု၀င်တွေကိုပါ အချုပ်ချထားတဲ့ …

အသေခံ မတိုက်ဘဲ ထွက်ပြေးလာလို့ဆိုပြီး စစ်သားနဲ့ မိသားစု၀င်တွေကိုပါ အချုပ်ချထားတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/OW4j2YjGs1Y

မြို့တော်

1 Jahr, 7 Monate her
ဖားကန့် မှာ နွံကန်ပြိုကျပြန်လို့ ၁၂ ယောက်ထပ်မနည်း သေဆုံးပြီး …

ဖားကန့် မှာ နွံကန်ပြိုကျပြန်လို့ ၁၂ ယောက်ထပ်မနည်း သေဆုံးပြီး ပျောက်ဆုံးသူ မရေတွက်နိုင်သေး

ဇန်နဝါရီ ၁၃

ဇန်နဝါရီ ၁၃ ရက်နေ့ မနက်ပိုင်းက ကချင်ပြည်နယ် ဖားကန့်မှာ နွံကန်ပြိုကျမှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်အတွင်း လူသေဆုံးမှုနဲ့ ပျောက်ဆုံးမှုတွေရှိပြီး နေအိမ် ၅၀ ခန့် နွံထဲ နစ်မြုပ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ စပေါ့ကျေးရွာမှာ ဒီကနေ့ မနက် ၁ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ ရုပ်အလောင်း ၁၂ လောင်း ရှာဖွေရရှိထားသလို ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“ရုပ်အလောင်း ၁၂ လောင်းက လူကြီးက ၉ ယောက်နဲ့ ကလေးက ၃ ယောက်ပါတယ်။ ကျောက်တူးဖော်နေတဲ့ အချိန်မှာ ဖြစ်သွားတာပေါ့။ အဲဒီလုပ်ကွက်ထဲမှာ အဲဒီအချိန် အလုပ်သမား အယောက် ၃၀ ဝန်းကျင်လောက် ရှိတယ်ပြောတယ်။ ကုမ္ပဏီလုပ်ကွက် (ဒေသအခေါ် ရတနာအဓိပတိ) လုပ်ကွက်မှာ နွံကန်ပေါက်သွားတာပါ။ သေဆုံးသူကတော့ ဒီထက်များနိုင်တယ်။ စပေါ့ကျေးရွာ၊ ရပ်ကွက် (၃) က အိမ်တွေကိုလည်း ရွံ့နွံတွေ ဖုံးအုပ်သွားတယ်။ ခန့်မှန်းခြေ အိမ်အလုံး ၅၀ လောက်ရှိမယ်” လို့ သူက ပြောပါတယ်။

ပေါက်ကျခဲ့တဲ့ နွံကန်ဟာ အခု ၂၀၂၅ ခုနှစ်၊ ကျောက်စိမ်းတူးဖော်ရေးရာသီချိန်ကာလမှာ ရေကန်အတွင်း မြေစာဖို့ခဲ့ရာမှ မြေစာဝိတ်ပိပြီး ပေါက်ကျခဲ့ရခြင်းဖြစ်တယ်လို့ ကယ်ဆယ်ရေးလုပ်ဆောင်ရာမှာ ပါဝင်သူတစ်ယောက်က ပြောတာကို ကိုးကားပြီး မီဒီယာတချို့က ဖော်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့ကလည်း မှော်စီစာကျေးရွာ၊ အောင်သာယာရပ်ကွက်ရှိ ဒေသအခေါ် တင်အောင်ကြိုင်မြေစာပုံ ပြိုကျခဲ့မှုကြောင့် မြေစာသွန်တဲ့ ကား ၂ စီးနဲ့ ကျောက်ရှာဖွေသူ ၁၀ ယောက်ထက်မနည်း ရေကန်အတွင်း ပြုတ်ကျ ပျောက်ဆုံးမှု ဖြစ်ပွားခဲ့ပါသေးတယ်။

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်နေ့ကလည်း ဖားကန့်မြို့နယ်၊ အေးမြသာယာအုပ်စု၊ မနမှော်က ကျောက်စိမ်းတူးတဲ့ လုပ်ကွက်ဟောင်းမှာ မြေပြိုမှု ဖြစ်ပွားခဲ့ပြီး ရေမဆေးကျောက် ရှာဖွေသူ အယောက် ၃၀ ကျော် သေဆုံးခဲ့ရပါတယ်။

၂၀၂၀ ခုနှစ်၊ ဇူလိုင်လတုန်းကလည်း ဝှေခါကျေးရွာက ကျောက်စိမ်းလုပ်ကွက် ကမ်းပါးပြိုကျမှုမှာလည်း ရေမဆေးကျောက်ရှာဖွေသူ ၁၇၀ ကျော် နွံနစ်သေဆုံးခဲ့ပြီး အသေအပျောက်အများဆုံး ဖြစ်ခဲ့ပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

1 Jahr, 7 Monate her
အလင်းဝင်လာတဲ့ ရဲတပ်သားကို ပြည်သူတွေက သပြေပန်းတွေနဲ့ ကြိုဆို

အလင်းဝင်လာတဲ့ ရဲတပ်သားကို ပြည်သူတွေက သပြေပန်းတွေနဲ့ ကြိုဆို

ဇန်နဝါရီ ၁၃

မကွေးတိုင်း ထီးလင်းမြို့ပေါ်မှာရှိတဲ့ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက ရဲတပ်သားတစ်ဦးဟာ ဇန်နဝါရီလ ၁၁ ရက်နေ့က YRA ထီးလင်းထံကို ချိတ်ဆက်ကာ အလင်းဝင်လာခဲ့တယ်လို့ မြို့တော်မှ စုံစမ်းသိရှိရပါတယ်။

အဆိုပါ အလင်းဝင်လာတဲ့ ရဲတပ်သားကို YRA ထီးလင်းရဲ့ ရဲဘော်များအပါအဝင် ပြည်သူအများအပြားက သပြေပန်းများနဲ့အတူ နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြတယ်လို့ သိရပြီး အလင်းဝင်လာတဲ့ ရဲတပ်သားကိုလည်း သွားလိုတဲ့ လွတ်မြောက်နယ်မြေထိ ရောက်အောင် ပို့ဆောင်ပေးထားတယ်လို့ သိရှိရပါတယ်။

"အလင်းဝင်လာတဲ့ သူက လက်နက်မပါလာတော့ စိတ်အားငယ်နေတာ။ သူအားရှိသွားအောင် သေချာပြင်ဆင်ပြီး ကြိုဆိုလိုက်တဲ့ သဘောပါပဲ။ လက်နက်မပါပေမယ့် ဆက်စပ်ပစ္စည်းတွေ အများကြီးပါလာပါတယ်။ ကျွန်တော်တို့ဘက်ကလည်း တတ်နိုင်သလောက် ထောက်ပံ့မှုတွေ ပေးခဲ့ပါတယ်'' လို့ ရဲဘော်တစ်ဦးက မြို့တော်ကို ပြောပါတယ်။

ထီးလင်းမြို့ပေါ်မှာ ရဲတပ်သားတွေ အလင်းဝင်ရောက်မှု များပြားနေတဲ့အတွက် ရဲတပ်သားတွေ လက်နက် ဖြုတ်သိမ်းခံထားရတာကြောင့် လက်နက်ယူဆောင်လာနိုင်ခြင်း မရှိပေမယ့် MA ကျည် ၁၈၆ တောင့်၊ စကားပြောစက် ၁ လုံး၊ လက်ပစ်ဗုံး ၁ လုံး နဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။

လက်နက်နဲ့ အလင်းဝင်လာသူတွေကို တော်လှန်ရေးအင်အားစုတွေက ဂုဏ်ပြုငွေတွေ ချီးမြှင့်ပေးတယ်လို့ သိရှိရပြီး စကစ လက်အောက်ခံတွေဟာ လက်နက်နဲ့တကွ အလင်းဝင်လိုသူတွေ များပြားနေတာကြောင့် ထီးလင်းမြို့ပေါ်က ရဲနဲ့ ပျူစောထီး အများစုဟာ လက်နက်ဖြုတ်သိမ်းခြင်း ခံထားရတယ်လို့ သိရှိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက် မနက်ပိုင်းကလည်း ထီးလင်းမြို့မှာရှိတဲ့ စကစ တပ်စွဲထားရာ နေရာတွေကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးအလုံးရေ ၅၀ ကျော်နဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ သိရှိရပြီး ထီးလင်းမြို့ကို စွန့်ခွာကာ ပြည်သူအများအပြား မြို့ပြင်ကို ထွက်လာနေကြတယ်လို့ မြို့တော်မှ စုံစမ်းသိရှိရပါတယ်။

မြို့တော်

Facebook Page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/@MyoTaw
Telegram Channel - https://t.me/myotawnews

#myotawnpt
#Myotaw

1 Jahr, 7 Monate her
တိုက်ပွဲများပြင်းထန်နေချိန် စစ်ခေါင်းဆောင်က ဘဲငန်းတွေ အစာကျွေးနေတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ …

တိုက်ပွဲများပြင်းထန်နေချိန် စစ်ခေါင်းဆောင်က ဘဲငန်းတွေ အစာကျွေးနေတဲ့ သတင်းနဲ့အတူ မြို့တော်ရဲ့ နေ့စဉ်သတင်း တင်ဆက်မှု

၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့ သတင်းများ နားဆင်နိုင်ပါပြီ

Youtube မှာ ကြည့်ရှုရန် >>> https://youtu.be/l2E76RcdLyQ

မြို့တော်

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 8 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 11 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 2 years ago