Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

kokhant(#kk)

Description
Advertising
We recommend to visit

Last updated 4 weeks, 1 day ago

Информационное агентство Vesti.Az 
Website: https://vesti.az
Contact: @BOTAPAGroup

E-mail: news@vesti.az

Last updated 1 month, 2 weeks ago

Kanal Zyrtarë!

Last updated 2 days, 13 hours ago

3 weeks, 6 days ago
နေပြည်တော်သင်္ကြန်မှာ

နေပြည်တော်သင်္ကြန်မှာ
ကိုရီးယားက K-pop အဆိုရှင်များအပြင်
ရုရှားက လူငယ်အနုပညာရှင် အဖွဲ့များပါ
ဖျော်ဖြေမည်။

4 weeks, 1 day ago

မန္တလေးတွင် ရဲအယောင်ဆောင်ကာ ရွှေပန်းတိမ်အား ဓါးပြဝင်တိုက်သည့်အဖွဲ့အား ဖမ်းဆီးရမိ

ပြီးခဲ့သည့် မတ်လ (၂၈) ရက်က မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ် ၊ ၂၂ လမ်းနှင့် ၈၉ လမ်းထောင့်ရှိ " လင်းလက်ဝါ" ရွှေပန်းတိမ်အား ရဲအယောက်ဆောင်ကာ ဝင်ရောက် ဓါးပြတိုက်လုယက်ခဲ့သူ တစ်စုကို ဖမ်းဆီးရမိပြီဖြစ်ကြောင်း နစက က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဓါးပြဝင်တိုက်သည့် လူတစ်စုသည် မတ်လ (၂၈) ရ က် ညနေ (၅) နာရီတွင် ရဲတပ်ဖွဲ့ဝင်များ အသွင်ယူ ဝတ်စားထားပြီး ဧည့်စာရင်းစစ်ရန်နှင့် လူများစစ်ဆေးရန်ရှိကြောင်း ပြောဆို၍ အိမ်ရှင်များအား တွန်းထိုးရိုက်နှက်ပြီး နေအိမ် အပေါ် ထပ်ရှိ အခန်းများအား လိုက်လံပြသခိုင်းကာ နေအိမ်တတိယထပ်ရှိ ရွှေထည်ပစ္စည်းများထားသည့် မီးခံ သေတ္တာအား ဖွင့်ခိုင်း၍ အဆိုပါမီးခံသေတ္တာအတွင်းမှ ရွှေထည်ပစ္စ ည်းမျိုးစုံ အလေးချိန်(၂) ပိသာခွဲခန့်၊ ကာလတန်ဖိုးငွေကျပ်သိန်း(၁)သောင်းကျော်ခန့်အား လုယက်ယူဆောင် သွားခဲ့သ ဖြင့် တရားခံများဖမ်းဆီးရမိနိုင်ရေး အောင်မြေသာစံမြို့ နယ်၊ အမှတ်(၅)မြို့မရဲစခန်းတွင် ရာဇသတ်ကြီး ပုဒ်မ ၃၉ ၄/၁၁၄ ဖြင့် အမှုဖွင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

1 month ago

လိင်ပိုင်းဆိုင်ရာ မေးခွန်းများဖြင့် အင်တာဗျူးလုပ်ခဲ့သည့်အပေါ် ဝေဖန်မှုများ မြင့်တက်

ရန်ကုန်၊ ဧပြီ ၄
Facebook လူမှုကွန်ရက်တွင် Nyein Chan Htet Aung - WISE အမည်ဖြင့် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ မေးခွန်းများမေးမြန်း၍ ရုပ်သံဖော်ပြခဲ့သည့်အပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိသည်။
Nyein Chan Htet Aung ၏ "၁၈နှစ်အောက် မကြည့်ရ [Street Interview]" တွင် မေးမြန်းထားသည့် မေးခွန်းများအပေါ် ဝေဖန်မှုများ မြင့်တက်လျက်ရှိပြီး ထိုသို့သော လုပ်ဆောင်မှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများက အရေးယူနိုင်ခြင်း ရှိမရှိ ဆက်သွယ်မေးမြန်းကြသည်။
ထိုသို့ မဖွယ်မရာမေးခွန်းများ မေးမြန်းတင်ဆက်သူကို စပွန်ဆာပေးထားသူများလည်း ရှိသည်။ Nyein Chan Htet Aung ၏ စာမျက်နှာတွင် မိန်းခလေးများအား သူနှင့် လိင်ဆက်ဆံမလားဟု လိုက်လံမေးမြန်းထားသည့် ရုပ်သံကို ပြန်လည် ဖြုတ်ချသွားခဲ့သည်။
Nyein Chan Htet Aung ၏ လုပ်ဆောင်ချက်အပေါ် အရေးယူဆောင်ရွက်၍ ရ/မရ ဟူသည် ရုပ်သံရိုက်ကူးထုတ်လုပ် ဖြန့်ချိမှု စိစစ်ဆောင်ရွက်သူများနှင့် အဓိက သက်ဆိုင်ပါသည်။
ပြန်ကြားရေးဝန်ကြီးဌာန၏ အသိပေးကြေညာချက်တွင် တေးသီချင်းဗွီဒီယိုများ ရိုက်ကူးထုတ်လွှင့် ပြသမှုနှင့် ပတ်သက်၍ ဆင်ဆာမူဝါဒတွင် ကာမရာဂလှုံ့ဆော်မှုများ ပါဝင်မှုမရှိစေရေး  အသိပေးထုတ်ပြန်ထားသည်။ ဆင်ဆာမူဝါဒများကို ရိုက်ကူးထုတ်လွှင့် ပြသမှုများဆောင်ရွက်ပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်မည်ဟု ဆိုသည်။

#News

1 month ago
နေပြည်တော်လေဆိပ်နှင့် ဇေယျာသီရိမြို့နယ် ဝန်းကျင်သို့ပျံသန်း ဝင်ရောက်လာသော ဒရုန်းများအား ပစ်ချဟန့်တား

နေပြည်တော်လေဆိပ်နှင့် ဇေယျာသီရိမြို့နယ် ဝန်းကျင်သို့ပျံသန်း ဝင်ရောက်လာသော ဒရုန်းများအား ပစ်ချဟန့်တား
နေပြည်တော်၊ ဧပြီ ၄

1 month ago

အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများတိုက်ဖျက်ရေးအတွက် မြန်မာ -တရုတ် နှစ်နိုင်ငံတရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်သည်။
( MWDပြည်တွင်းရုပ်သံ/ရုက္ခစိုး/  9:27 PM 1/4/2024 )

1 month, 1 week ago
3 months ago
kokhant(#kk)
3 months ago

ဇန်နဝါရီလအတွင်း အကြမ်းဖက်သမား ၁၀၀၀ ကျော် ဖမ်းဆီးရမိ

MNP ၊ ဖေဖော်ဝါရီ ၂
ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် NUG အကြမ်းဖက်အဖွဲ့၏ လက်ပါးစေ PDF အကြမ်းဖက်အဖွဲ့များနှင့် တိုင်းရင်းသားလက်နက်ကိုင်အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်လျက်ရှိရာ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလအတွင်း အကြမ်းဖက်သမား ၁၀၀၀ ကျော် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးတွင် အကြမ်းဖက်နှိမ်နင်းမှုများ ဆောင်ရွက်နေရပြီး ဇန်နဝါရီလအတွင်းက အကြမ်းဖက်သမား အသေဖမ်းဆီးရမိမှု (၉၅၃)ဦးနှင့် အရှင်ဖမ်းဆီးရမိမှု (၁၀၀)ဦး ရှိပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ (၃)ဦး ရှိကြောင်း သိရသည်။
အကြမ်းဖက်သမားများထံမှ လက်နက်ခဲယမ်းများ ဖမ်းဆီးရမိမှုတွင် လက်နက်ငယ်(၇၄၈)လက်၊ လက်နက်ကြီး (၅၀)လက်၊ ကျည် (၁၁၄၅၈၁)တောင့်၊ ဗုံးသီး (၂၈၀)လုံး၊ မိုင်း (၅၄၁)လုံး၊ ဆက်စပ်ပစ္စည်းများ၊ အကြမ်းဖက်သမားများ အသုံးပြုသည့် ဆိုင်ကယ် နှင့် ကားများ ဖမ်းဆီးရမိခဲ့သည်။

မြန်မာနေရှင်နယ်ပို့စ်

3 months, 1 week ago

“ကာ/လုံက ဘာထူးလို့လဲ”
------------
ကာ/လုံက ဘာထူးလို့လဲ ဆိုပြီး ပြောနေကြတာ အတွေ့များလို့ပါ။ မြို့နယ်ပေါင်း ၃၀ ကျော်လောက်ကို ဘယ်ဘက်ကမှ အုပ်ချုပ်ရေး ယန္တရားတွေနဲ့ တရားဥပဒေစိုးမိုးမှုတွေ မတည်ဆောက်နိုင်တဲ့ အခြေအနေမှာ ကာ/လုံ သက်တမ်းတိုးစရာလမ်းတစ်ခုတည်း ရှိနေတာ အထူးအဆန်း မဟုတ်ပါဘူး။ ဒါပေမယ့် သက်တမ်းမတိုးခင်အချိန်တုန်းက ကာ/လုံခေါ်ပြီး ကြားဖြတ်အစိုးရ ပုံစံမျိုးဖွဲ့နိုင်တယ်ဆိုတဲ့ အသံတွေလည်း ပြည်သူတွေ ကြားထဲမှာ “သို့လော့၊ သို့လော” ဖြစ်ခဲ့တယ်။ သန်းကောင်စာရင်းကိစ္စရှိနေတာရယ်၊ သာမန် မဟုတ်တဲ့  အခြေအနေတွေ ကြောင့် ဒီလိုမျိုးမဖြစ်နိုင်ဘူးလို့ ကြိုတင်ကောက်ချက် ချမိသလိုပဲ  ပုဒ်မ ၄၂၅ ကို အသုံးချပြီး နစကရဲ့ သက်တမ်းကို (၆)လထပ်ပြီး အသက်သွင်းခဲ့တာ တွေ့ရတယ်။ ဒါပေမယ့် ခုရေးပြချင်တဲ့အကြောင်းအရာတွေက ကာ/လုံမှာ ဆွေးနွေးခဲ့ကြတဲ့ တိုင်းပြည်ရဲ့ ပကတိ အခြေအနေတွေကို ဒေတာမှတ်တမ်း အဖြစ် ရှင်းပြချင်ရုံသပ်သပ်သာ ဖြစ်တယ်ဆိုတာ သိထားစေချင်တယ်။
------
မနေ့က ကျင်းပတဲ့ ကာ/လုံမှာ လက်ရှိဖြစ်နေတဲ့ စစ်ပွဲတွေနဲ့ ပတ်သက်ပြီး တိုင်းရင်းသား EAOs တွေရဲ့အခြေအနေတွေကို အကုန်ရှင်းပြခဲ့တာ တွေ့ရတယ်။ အထူးသဖြင့် MNDAA ရဲ့ စစ်ဘုရင်ဝါဒ အသက်သွင်းမှုတွေ၊ TNLA ရဲ့ ပြည်နယ်အဆင့် ထပ်တိုးရလိုမှုတွေ၊ AA ရဲ့ အပစ်အခတ်ရပ်စဲရေးသဘောတူ ညီချက်တွေ ဖောက်ဖျက်ပြီး စစ်ပွဲစတင်မှုတွေနဲ့ KNU ရဲ့ အကြမ်းဖက်အားပေးကူညီမှုဆိုတဲ့ ကိစ္စရပ်တွေက လူတိုင်း သိပြီးသား အရာတွေဖြစ်လို့ ထွေထွေထူးထူး ရေးမပြလိုတော့ဘူး။ အွန်လိုင်းလောင်းကစားကိစ္စကို အပြီးတိုင်ရှင်းလင်း မယ်ဆိုတဲ့ ထုတ်ပြန်ချက်မျိုးကို ကာ/လုံမှာ  တရားဝင်ချပြလာပြီဖြစ်လို့ မြဝတီ ဘက်မှာလည်း စစ်ဘောင် ပိုပြီး ကျယ်လာလိမ့်မယ်လို့တော့ အကြမ်းဖျဉ်းခန့်မှန်းမိတယ်။
------
(၃)နှစ်တာကာလအတွင်း လူအသက်ဆုံးရှုံးမှု ပမာဏ
------
ဘာပဲဖြစ်ဖြစ် ဒီနေ့ဟာ နစက အစိုးရရဲ့ အာဏာထိမ်းသက်တမ်းကာလ ၃ နှစ်ပြည့်တဲ့   နေ့ ဖြစ်တယ်။ ဒီ ၃ နှစ်တာ ကာလထဲမှာ ဝမ်းနည်းစရာအကောင်းဆုံးကတော့ ရဟန်း/သံဃာ ၇၇ ပါး၊ သီလရှင် ၂ ပါး၊ ပြည်သူ ၅၆၇၇နဲ့ နိုင်ငံဝန်ထမ်း ၁၁၂၄ ဦးအထိ သေဆုံးခဲ့လို့ စုစုပေါင်း ၃ နှစ်အတွင်းမှာ လူပေါင်း ၆၈၈၀ ဦးအထိ သေဆုံးခဲ့တာတွေ့ရတယ်။ နိုင်ငံပိုင်အဆောက်အဦတွေဆိုရင်လည်း ဆက်သွယ်ရေးတာဝါတိုင် ၅၅၉ ခု၊ ကျန်းမာရေး အဆောက်အဦ ၅၃ ခု၊ ဘာသာရေးအဆောက်အဦ ၆၆ လုံး၊ လမ်းတံတား ၁၄၈၇  နဲ့ စာသင်ကျောင်းပေါင်း ၆၇၀ ထိ ဖျက်စီးခြင်းခံခဲ့ရတယ်လို့ တွေ့ရတယ်။ နိုင်ငံရေး အယူအဆ ကွဲလွဲမှုကနေ လက်နက်ကိုင်လမ်းစဉ်အထိ ဖြစ်ခဲ့တဲ့ ဒီ နိုင်ငံရေး ပြဿနာ ထဲမှာ ၂၀၂၃ ဩဂုတ်ကနေ ၂၀၂၄ ဇန် အထိ ၅ လတာ ကာလအတွင်းမှာ ပြည်သူ ၅၂၀ သေဆုံးခဲ့တာဖြစ်လို့ လ ၁ လအတွင်းမှာ ပြည်သူအယောက် ၁၀၀ ကျော် သေဆုံးတယ် ဆိုတဲ့ သဘောမျိုး တွေ့ရတယ်။ ဆိုတော့...ဒါတွေဟာ နိုင်ငံ့အတွက်တော့ ကြောက်ခမန်းလိလိ သေဆုံးနှုန်းဖြစ်ပါတယ်။
----------------
နောက်တစ်ခုကတော့ လက်ရှိ ပါတီတွေရဲ့ ရပ်တည်မှု အနေအထားဖြစ်ပါတယ်။ UEC ရဲ့ နည်းဥပဒေတွေ ထွက်ပေါ်လာပြီးတဲ့နောက်မှာ ပြန်လည်လျှောက်ထားတဲ့ ပါတီ  ၅၀ ရှိပြီး အသစ်လျှောက်ထားတဲ့ ပါတီ ၁၅ ပါတီ ရှိတာမို့ စုစုပေါင်း ၆၅ ပါတီ စာရင်းရှိ ဖြစ်ပါတယ်။ ပြန်လည်လျှောက်ထားခြင်းမရှိတဲ့ ပါတီ ၄၀ ကတော့ မှတ်ပုံတင်စာရင်းကနေ အဖျက်ခံရပြီး ဖြစ်ပါတယ်။ ၆၅ ပါတီထဲက ၄၇ ပါတီကို မှတ်ပုံတင်ခွင့်ပြုခဲ့ပြီး ကျန်တာကို တော့ ဆက်လက်စစ်ဆေးဆဲအနေအထားဖြစ်ပါတယ်။ ကြားထဲမှာ ၂ ပါတီကတော့ ခေါင်းဆောင်းပိုင်းအပြောင်းအလဲဖြစ်ခဲ့လို့ ပယ်ဖျက်ခွင့်လျှောက်ထားခဲ့တာမို့ လက်ရှိ တည်ဆဲနိုင်ငံရေးပါတီက ၄၅ ပါတီဖြစ်ပါတယ်။
-----------
မှန်းဆ သုံးသပ်ချက်
------------
ပြည်သူ့ကာကွယ်ရေးစနစ်နဲ့ ပြည်သူ့လုံခြုံရေးစနစ်ကို မဖြစ်မနေ အကောင်အထည်ဖော် ဖို့ လိုအပ်နေပြီလို့ပဲ တွေးမိပါတယ်။ ပြည်လုံးကျွန်သန်းကောင်စာရင်းကောက်ယူနိုင်ဖို့ ၂၀၂၄ ဟာ  နစကအတွက် နောက်ဆုံး TARGET နှစ်ပါပဲ။ ဒီတစ်နှစ်ထဲမှာ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်ရေးကို မလုပ်နိုင်ဘူးဆိုရင် ရွေးကောက်ပွဲလည်း ပိုပြီး ဝေးသွားမယ့် အနေအထား ဖြစ်ပါတယ်။ ပိုဆိုးတာက အပေါ်မှာ တွက်ပြထားသလိုပဲ (၁)လကို ပြည်သူ အယောက် (၁၀၀)ကျော် ထပ်သေပေးရဦးမယ့် အနေအထားဖြစ်ပါတယ်။

(နရီမိုး)

5 months ago
ဒီတစ်ခါရောဘာတွေထူးခြားအုန်းမှာလဲ

ဒီတစ်ခါရောဘာတွေထူးခြားအုန်းမှာလဲ

We recommend to visit

Last updated 4 weeks, 1 day ago

Информационное агентство Vesti.Az 
Website: https://vesti.az
Contact: @BOTAPAGroup

E-mail: news@vesti.az

Last updated 1 month, 2 weeks ago

Kanal Zyrtarë!

Last updated 2 days, 13 hours ago