မြန်မာ့ခရီးသည်

Description
သတင်းမှန်များ အတွေးမှန်များ မျှဝေခြင်း
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year, 1 month ago

KIA တပ်စခန်းကို MNDAA မှ ရှောင်တခင် ဝင်ရောက်ဖျက်ဆီးခဲ့၍ နှစ်ဖက်တပ်ဖွဲ့ဝင်များ ရိုက်ပွဲဖြစ်ကာ တင်းမာမှုများ ဖြစ်ပွားနေ

ဒီဇင်ဘာလ ၂၂

ကွတ်ခိုင်မြို့နယ်က KIA တပ်စခန်းတစ်ခုကို MNDAA မှ ရှောင်တခင် ဝင်ရောက်ဖျက်ဆီးခဲ့၍ တင်းမာမှုဖြစ်ပွါးခဲ့ကြောင်း သိရှိရပါသည်။

“ ဒီနေ့ ဒီဇင်ဘာ ၂၂၊၂၀၂၄ မနက် (၉) နာရီခွဲလောက်မှာ၊ ကိုးကန့် MNDAA ဘက်က ကားနှစ်စီးနဲ့အင်အား (၂၀) လောက်လာပြီး မုံးစီး-ပန်ယန်းခါး မှာရှိတဲ့ KIA ပြည်သူ့စစ် ( MHH ) တပ်စခန်းတစ်ခုကို လာရောက်ဖျက်ဆီးသွားပြီး KIA တပ်ဖွဲ့၀င်တစ်ဦးကို
ရိုက်နှက်ခဲ့ရာမှ အပြန်အလှန် ရိုက်ပွဲဖြစ်ပွားခဲ့ပြီး MNDAA တပ်ဖွဲ့၀င် ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

KSSM
ဒီဂျစ်တယ်နေ့စဉ်

1 year, 1 month ago
**လယ်ဝေးမြို့နယ်အတွင်းရှိသံဃာတော်များနှင့် ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်**

လယ်ဝေးမြို့နယ်အတွင်းရှိသံဃာတော်များနှင့် ဒေသခံပြည်သူများအားကျန်းမာရေးစောင့်ရှောက်
နေပြည်တော်၊ဒီဇင်ဘာ၂၂
နေပြည်တော်ကောင်စီနယ်မြေ၊လယ်ဝေးမြို့နယ်အတွင်းရှိသံဃာတော်များနှင့် ဒေသခံပြည်သူများအားယနေ့နံနက်ပိုင်းတွင် နေပြည်တိုင်းစစ်ဌာနချုပ်၊နယ်လှည့် ဆေးကုသရေးအဖွဲ့ကလယ်ဝေးမြို့၊ပျံချီကျေးရွာရှိသီရိပျံချီကျောင်းတိုက်၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင်ဆေးကုသရေးအဖွဲ့ကသံဃာတော် ၅ ပါးနှင့်ဒေသခံ ပြည်သူ၁၁၃ဦးတို့အားသွေးတိုးရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊သွားနှင့်ခံတွင်းရောဂါ၊ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ကလေးရောဂါ၊အထွေထွေရောဂါတို့နှင့်ပတ်သက်၍လိုအပ်သည့်ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက်ပေးပြီး ကျန်းမာရေးအသိပညာပေးဟောပြောဆွေးနွေးခြင်းများဆောင်ရွက်ပေးကာ ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် လူနာများအားနယ်မြေခံတပ်မတော်ဆေးရုံသို့တက်ရောက်ကုသနိုင်ရေး စီစဉ် ဆောင်ရွက်ပေးခဲ့သည်။
ယင်းသို့ဆောင်ရွက်နေမှုများကို တိုင်းမှူး ဗိုလ်ချုပ် စိုးမင်းနှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီးလိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရ

1 year, 1 month ago

ရေနံချောင်းမြို့နယ်၊ ချိုင်းကျေးရွာနေ ချိုင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲမှ လက်ထောက်အလယ်တန်း ပြကျောင်းဆရာတစ်ဦးကို PDF အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

NOM ဒီဇင်ဘာ ၂၂၊ ၂၀၂၄

မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်၊ ချိုင်းကျေးရွာနေ ချိုင်းကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲမှ လက်ထောက်အလယ်တန်း ပြကျောင်းဆရာဖြစ်သူ ဦးသက်ညိုနိုင် (၃၃) နှစ်သည် ဒီဇင်ဘာလ၂၁ ရက်နေ့ ည ၇ နာရီ ၁၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမား ၁၀ ဦးရောက်လာပြီး ရွာလယ်လမ်းမပေါ်သို့ ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးသက်ညိုနိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။

News Of Myanmar NOM

1 year, 2 months ago
ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၅ / ၁၂ / …

ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၅ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)

(အမ်းမြို့)

နံနက် ၅ နာရီအချိန်ခန့်တွင် ဆင်ခုံတိုင်လုံခြုံရေးစခန်းအား သောင်းကျန်းသူများ မှအဝေးမှလက်နက် ကြီးများဖြင့် ပစ်ခတ်လာသော‌ကြာင့် ရန်သူတည်ရှိရာနေရာများအား မိမိဘက်မှလက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊နံနက် ၇ နာရီခွဲအချိန်ခန့်က တိုင်းရုံးနှင့် ကာကင်းနေရာများအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နေ့လည် ၁၂နာရီခွဲ အချိန်ထိ နှစ်ဖက်တိုက်ပွဲ ကြိုကြား ကြိုကြား ဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
https://t.me/newsmayyu

1 year, 2 months ago
မြန်မာ့ခရီးသည်
1 year, 2 months ago
မြန်မာ့ခရီးသည်
1 year, 2 months ago
မြန်မာ့ခရီးသည်
1 year, 2 months ago
မြန်မာ့ခရီးသည်
1 year, 2 months ago
မြန်မာ့ခရီးသည်
1 year, 5 months ago

အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ မျိုးချစ်ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ ၂၀၂၄ စက်တင်ဘာလ - ၇

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်၊ မျိုးချစ်ဘုန်းတော်ကြီးသင်ပညာရေးကျောင်းရှိ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးကုသရေးအဖွဲ့က အဆိုပါကျောင်း၌ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁၄၇ ပါး၊ သာသနာနွယ်ဝင်သီလရှင် ၇၃ ပါးနှင့် ကျောင်းသား၊ ကျောင်းသူ ၂၄ ဦးတို့ကို သွေးတိုး ရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အသက်ရှူ လမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင် ရာရောဂါ၊ ကလေးရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာ ရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ကျန်းမာရေးဆိုင်ရာအသိပညာပေး ခြင်းများ ဟောပြောဆွေးနွေးကာ ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော လူနာ များအား နယ်မြေခံတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသည်။

ယင်းသို့ ဆောင်ရွက်နေမှုများကို မန္တလေးတပ်နယ်မှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 1 month ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago