Voice of Muslim

Description
Voice of Muslim in Rakhine
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 weeks, 2 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 month, 4 weeks ago

3 months, 1 week ago

AA အဖွဲ့မှ မောင်တောက မွတ်ဆလင်တွေပိုင် အိမ်မွေးတိရိစ္ဆာန်များ/ အိမ်အသုံးအဆောင်ပစ္စည်းများအား ခိုးယူပြီး၊ ဖုန်းတွေသိမ်းကာ သတင်းအမှောင်ချနေ

မောင်တော၊ ဇူလိုင် ၄

မောင်တောတွင် စစ်ဘေးရှောင်ရတဲ့ မွတ်ဆလင်ကျေးရွာသားတချို့ နေရပ်ပြန်ခွင့်ရခဲ့သော်လည်း ထားခဲ့ရတဲ့ ဆန်အိတ်၊ကျွဲများ၊ နွားများ၊ကြက်များ၊ဆိတ်များ အပြင် အိမ်တွင်းအသုံးအဆောင်များ အကုန်လုံးနီးပါး ပျောက်ဆုံးနေပါတယ်။ ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့က လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို သတင်းအမှောင်ချရန်နဲ့ သက်သေတွေ ဖျောက်ဖျက်ရန်အတွက် စစ်ဘေးရှောင်ပြည်သူတွေထဲက ရခိုင်တွေရဲ့ ဖုန်းတွေကိုမသိမ်းဘဲ မွတ်ဆလင်တွေရဲ့ဖုန်းတွေ ကိုသာ သိမ်းနေတယ်လို့လည်း ဒေသခံများထံမှ သိရပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက AA မောင်းထုတ်ခံရမှုကြောင့် တိမ်းရှောင်ပေးခဲ့ရတဲ့ မောင်တောမြို့နယ်က ပေါင်းဇားကျေးရွာ၊ လှဘော်ဇားကျေးရွာ၊ ပန်းတောပြင်ကျေးရွာ၊ ညောင်းချောင်းကျေးရွာ၊ သိဟိုဌ်ကျွန်းကျေးရွာ၊ မြို့ဦးရပ်ကွက်နဲ့ လသာရပ်ကွက်အပိုင် ဂုံးနားရွာ၊ ဘာဆူဖာရွာ၊ လသာအောက်ရွာ တို့အနက် ပေါင်းဇားနဲ့လှဘော်ဇားကျေးရွာ (၂) ခုမှ ဒေသခံ မွတ်ဆလင်တွေကို ပြီးခဲ့တဲ့အပတ်တွင် AA က မူလနေထိုင်ရာ ရွာတွေကို ပြန်ခွင့်ပြုခဲ့ပြီး ကျန် ရပ်ကွက်ကျေးရွာသားတွေကို ရွာတွေကို ပြန်ခွင့် မပြုသေးဘူးလို့သိရပါတယ်။

အထက်ပါ ရပ်ကွက်ကျေးရွာတွေ အားလုံးမှာ AA က စစ်စခန်းချပြီး စစ်တပ်ကိုတိုက်ခိုက်ဖို့ မွတ်ဆလင် ရွာသားတွေ ရွာကို စွန့်ခွာနေစဉ်မှာပဲ AA တပ်ဖွဲ့ဝင်တွေက ဝင်ရောက်နေရာယူခဲ့တာ ဖြစ်ပါတယ်။

ဒေသခံမွတ်ဆလင်တစ်ဦးမှ "AA က မွတ်ဆလင်ရွာတွေကို (၂)လကျော်ကြာ ထိန်းချုပ်ထားခဲ့ပြီး ပေါင်းဇားနဲ့လှဘော်ဇားကျေးရွာသားတွေကို ရွာပြန်ခွင့်ပြုလိုက်လို့ ပြန်တဲ့အခါ ကျနော်တို့ ထားရစ်ခဲ့ရတဲ့ ဆန်အိတ်၊ ဆိုလာပြား၊ဘတ္တရီ၊ ဆိုက်ကယ်၊ ကား၊ ကျွဲ၊ နွား၊ ကြက်၊ဆိတ်များအပြင် အိမ်သုံးပစ္စည်းတွေ မီးဖိုချောင်သုံး အိုးခွက်ပန်းကန်တွေကအစ ဘာဆိုဘာမှ မရှိတော့ပါဘူး။ အားလုံးနီးပါး ပျောက်ဆုံးနေပါတယ်။ကျွန်တော်တို့ ထွက်မသွားခင်က ဘာမှမဖြစ်ပါဘူး အားလုံး သူတို့ ကြည့်ရှုပေးထားမယ်လို့ ပြောခဲ့ပါတယ်။ အခု ပြန်ရောက်တော့ ဘာမှ မကျန်တော့ပါဘူး။ ဒါအပြင် ကျန်ရပ်ကွက်ကျေးရွာတွေ ဖြစ်တဲ့ ပန်းတောပြင် ကျေးရွာ၊ ညောင်းချောင်းကျေးရွာ၊ သိဟိုဌ်ကျွန်းကျေးရွာ၊ မြို့ဦးရပ်ကွက်နဲ့ လသာရပ်ကွက်အပိုင် ဂုံးနားရွာ၊ ဘာဆူဖာရွာ တို့က မွတ်ဆလင်ရွာသားတွေ အဝတ်တစ်ထည်နဲ့ အသက်လုထွက်ပြေးရပြီး ရွာမှာ ထားခဲ့ရတဲ့ ကျွဲ၊ နွား၊ ဆိတ်များအပြင် အိမ်တွင်း အသုံးအဆောင်များ အကုန်လုံးနီးပါး ပျောက်ဆုံးနေပါတယ်။အချို့ စပါးတွေထားခဲ့တယ်၊ ဆန်တွေ ထားခဲ့တယ်၊ ကျွဲ၊ နွား၊ ဆိတ် ထားခဲ့ရတယ်၊ အဲ့တာတွေ ဘာတခုတော့မှ မရှိတော့တဲ့အပြင် အိမ်သုံးပစ္စည်းတွေ မီးဖိုချောင်သုံး အိုးခွက်ပန်းကန်တွေကအစ ဘာဆိုဘာမှ မရှိတော့ပါဘူး။ AA က ၄ မိုင်ရပ်ကွက်ကသူတွေနဲ့ပေါင်းပြီး ပိုင်ဆိုင်မှု အားလုံးနီးပါးကို ဖောက်ထွင်းခိုးယူဆောင်သွားပါတယ်"ဟု ပြောသည်။

ပြီးခဲ့တဲ့ မေလ ၁၈ရက်နေ့ ဘူးသီးတောင်ဖြစ်စဉ်ကြောင့် ထွက်ပြေးရတဲ့ မွတ်ဆလင် စစ်ဘေးရှောင်တွေဆီက ရာနဲ့ချီတဲ့ လက်ကိုင်ဖုန်းတွေ၊‌ေရွှများကို AA က သိမ်းဆည်ထားသလို ဇွန်လ ၂၆ရက်နေ့ မောင်တော ရွှေဇားရွာက ထွက်ပြေးရတဲ့ စစ်ဘေးရှောင် မွတ်ဆလင်တွေဆီကလည်း ရာနဲ့ချီတဲ့ လက်ကိုင်ဖုန်းတွေကို သိမ်းဆည်းထားပါတယ်။AA ထိန်းချုပ်ထားတဲ့နေရာတွေက မွတ်ဆလင်တွေအနေနဲ့လည်း လက်ကိုင်ဖုန်း သုံးစွဲလို့ မရသလို ဖုန်းတွေတွေ့ရင် ဖုန်းဆက်တာမိရင် ဖုန်းသိမ်းတာအပြင် AA တပ်ဖွဲ့ဝင်တွေက အော်ဟစ် ကြိမ်းမောင်းတာတွေ၊ ဖမ်းဆီးနှိပ်စက်တာတွေ လုပ်နေပါတယ်။

"လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို သတင်းအမှောင်ချဖို့ သက်သေတွေ ဖျောက်ဖျက်ဖို့ အတွက် AA ဖုန်းသိမ်းနေတာပါ။ ဖုန်းရှိရင် အခြေအနေအမှန်တွေကို သတင်းမီဒီယာဆီ ပြောလို့ရမယ်။ လက်ကိုင်ဖုန်းတွေမှာပါတဲ့ ကင်မရာတွေနဲ့ အခင်းဖြစ်အခြေအနေတွေကို မှတ်တမ်းတင်နိုင်တယ်။ ဒါမျိုးတွေကို ရှောင်လွှဲဖို့ လက်ဦးမှုအနေနဲ့ ဖုန်းတွေကို သိမ်းပစ်နေတာဖြစ်တယ်။ AA စစ်ဆင်ရေးလုပ်ခဲ့တယ် ရခိုင်ပြည်နယ်ထဲက အခြားနေရာတွေက မွတ်ဆလင် မဟုတ်တဲ့ အခြားလူမျိုးတွေဆီကနေ AA ဖုန်းသိမ်းတဲ့ ဖြစ်စဉ် မတွေ့ရပါဘူး။ စစ်ဘေးရှောင်မွတ်ဆလင်တွေအနေနဲ့ သူတို့ကြုံတွေ့နေရတဲ့ အခြေအနေတွေကို ဆက်သွယ်ပြောဆိုဖို့ ဖုန်းတွေ သိမ်းဆည်းခံထားရတာကြောင့် အခက်အခဲဖြစ်နေတယ်။ AA ဒီမှာလုပ်နေတာတွေရဲ့ အဖြစ်အမှန်တွေကို ပြင်ပက မသိနိုင်အောင်လို့ စစ်ဘေးရှောင်ပြည်သူတွေထဲ မွတ်ဆလင်တွေရဲ့ဖုန်းတွေကိုသာ AA သိမ်းပြီး လူ့အခွင့်အရေးချိုးဖောက်ခံရတာတွေကို သတင်းအမှောင် ချရန်နဲ့ သက်သေတွေ ဖျောက်ဖျက်ရန်အတွက် ဒီလိုလုပ်နေတာ"လို့ ဒေသခံတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။

3 months, 1 week ago

#BreakingNews
မောင်တောမြို့နယ်မြောက်ပိုင်းနှင့်တောင်ပိုင်းရှိ ကျေးရွာအသီးသီးမှ ရခိုင်အစွန်းရောက် AAအကြမ်းဖက်အဖွဲ့ရဲ့အတင်းအဓမ္မတပ်သားသစ်စုဆောင်းခြင်းခံခဲ့ရတဲ့ မွတ်ဆလင် လူငယ်များ ထွက်ပြေးသွားတာကြောင့် သူတို့ရဲ့မိဘတွေကို အေအေက မတရားဖမ်းဆီးချုပ်နှောင်ထားတယ်လို့ သိရပါတယ်။

3 months, 1 week ago

#BreakingNews
AA က ဒရုန်းနဲ့ ဗုံကြဲတိုက်ခိုက်မှုကြောင့် မြို့ပေါ်နေ ဆယ်ကျော်အရွယ် မွတ်ဆလင် ၂ ဦး ပွဲချင်းပြီး သေဆုံး၊ တချို့ဒဏ်ရာရ
=========================

ယနေ့ ဇူလိုင်လ ၂ ရက်နေ့၊ မွန်းလွဲပိုင်း ၂ နာရီခန့်က ရခိုင်ပြည်နယ် မောင်တောမြို့၊ မြို့ပေါ် နေရာတချို့တွင် ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့မှ တမင်ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မြို့ပေါ်နေ ဆယ်ကျော်အရွယ် မွတ်ဆလင် ၂ ဦး ပွဲချင်းပြီး သေဆုံးပြီ တချို့ဒဏ်ရာရခဲ့ကြောင်း၊ နွားတစ်ကောင်လည်း သေဆုံးသွားခဲ့ကြောင်း သိရှိရ ပါတယ်။

မွတ်ဆလင်များနေထိုင်ရာ မောင်တော မြို့ပေါ်ရှိ ဗလီကြီးခြံအတွင်း ၁လုံး၊ ရပ်ကွက် ၄ အပိုင် ဇော်ဟိရ်အာမောတ်(ကွယ်လွန်)ရဲ့ နေအိမ်ပေါ်တွင် ၁ လုံး၊စာကြည့်တိုက်နားက ရေကန်ကြီးရှေ့တွင် ၁ လုံး၊ ပန်းခြံရှေ့တွင် ၁ လုံး၊ မောင်တောပြည်သူဆေးရုံရဲ့ တောင်ဖက် ဗိုလ်မှူးရွာ(မွတ်ဆလင်ရွာ) ရှိ တံတားနား ၁ လုံး၊ စုစုပေါင်း ၅ လုံးကို AA တပ်ဖွဲ့ဝင်တွေက အမှတ် (၃) ရပ်ကွက်အပိုင် ဝိမလရွာနဲ့ မြို့ဦးရွာတွေဖက်မှ ဒရုန်းတွေ ပျံသန်းလာပြီး လူနေရပ်ကွက်ပေါ် နေရာအသီးသီးတွင် တမင်ရည်ရွယ်ချက်ရှိရှိ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ယခုလို သေဆုံးဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်တယ်လို့ ဒေသခံများထံမှ ကြားသိရပါတယ်။

အဆိုပါတိုက်ခိုက်မှုအတွင်း မောင်တောပြည်သူဆေးရုံရဲ့ တောင်ဖက် ဗိုလ်မှူးရွာရှိ တံတားနား ဗုံး ၁ လုံးကျရောက်မှုကြောင့် စက်ဘီးစီးနေတဲ့ ဆယ်ကျော်အရွယ် မွတ်ဆလင် လူငယ်ရဲ့ ဗိုက်ကွဲအူမထွက်ပြီး ၁ ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊ ရပ်ကွက် (၄) အပိုင် ဇော်ဟိရ်အာမောတ်(ကွယ်လွန်)ရဲ့ နေအိမ်ပေါ်တွင် ဗုံးတစ်လုံးကျရောက်ပေါက်ကွဲမှုကြောင့် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ တခြားကလေးငယ် ၂ ဦး လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တဲ့အပြင် စာကြည့်တိုက်နားက ရေကန်ကြီးရှေ့တွင် မွတ်ဆလင် တချို့ အသေးစား ဒဏ်ရာရရှိပြီး နွားတစ်ကောင်လည်း သေဆုံးခဲ့တယ်လို့သိရပါတယ်၊

မောင်တောမြို့၊ မြို့မတောင်ရပ်ကွက် အမှတ် (၂)ရှိ ရိုဟင်ဂျာဘာဇာရ်ဈေးရှေ့မှာရှိနေတဲ့ မွတ်ဆလင် ကလေးငယ်တစ်ယောက်လည်း မနေ့က ဇူလိုင်လ ၁ ရက်နေ့ ညနေ ၅ နာရီခန့်မှာ ကျည်ဆံထိမှန်ပြီး ခေါင်းမှာပြင်းထန်စွာဒဏ်ရာရခဲ့ကာ ဆေးကုသမှုမခံယူနိုင်ဘဲ စိုးရိမ်စရာအခြေအနေမှာရှိနေပါတယ်။

မွတ်ဆလင်များအား ပစ်မှတ်ထားပြီး အကြမ်းဖက်တိုက်ခိုက်မှုများ ပြုလုပ်နေသည့် ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့အနေဖြင့် ဒီမနက် ရွှေဇားကျေးရွာ အုပ်စု ဂိုန္နားရွာမှာနေထိုင်သည့် မွတ်ဆလင်တစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်ခဲ့တာကြောင့် ခြေထောက်မှာ သေနတ်ကျည်ထိမှန်းပြီး ဒဏ်ရာ ရရှိ ခဲ့တယ်လို့ ဒေသခံများထံမှသိရပါတယ်။

5 months, 1 week ago

ကျောက်တော်မှ မွတ်ဆလင်ဈေးဆိုင်တစ်ဆိုင်အား ဓားပြတိုက်ခံရ၊ ဓားပြခံရသူအား AA အကြမ်းဖက်အဖွဲ့မှ တရားပြန်ဆွဲ

မေ ၄ ရက်၊ VOM

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ဧပြီလ၊ ၂၉ ရက်နေ့ နေ့လည် ၂ နာရီခန့်က ကျောက်တော်မြိုနယ်၊ ထောင်တောင်ကျေးရွာရှိ မွတ်ဆလင်လူမျိုး အဒူမာဂျောတ် ပိုင်ဆိုင်သည့် ကုန်စုံဆိုင်သို့ ရှမ်းရွာမှ AA အကြမ်းဖက်အဖွဲ့အတွက် ဆက်ကြေးကောက်ပေးနေသည့် ရခိုင်သား ၃ ဦး ရောက်ရှိလာကာ စျေဝယ်ဟန်ဆောင်ပြီး အချိုရည်နှင့်ကွမ်းယာ စားသောက်ပြီး ငွေမရှင်းသည့်အပြင် ဆိုင်ရှင်၏ ငွေထုတ်ကိုပါ ဓားပြတိုက် ယူဆောင်သွားခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဓာပြတိုက်ယူဆောင်ချိန် ဆိုင်ပိုင်ရှင်နှင့် ရုန်းရင်းဆန်ခတ်ဖြစ်ပြီး ဓားပြတိုက်သူများမှ ဓားဖြင့်လှမ်းထိုးပြီး ထွက်ပြေးခဲ့သည့်အတွက် ဆိုင်ပိုင်ရှင်နဖူး၌ ဒဏ်ရာရရှိခဲ့ကြောင်း၊ ဓားပြများထွက်ပြေးသွားချန် အော်ဟစ်အကူအညီတောင်းခံသဖြင့် ရွာသားများမှ ဝိုင်းဝန်းဖမ်းဆီးခဲ့ပြီး AA အဖွဲ့ထံသို့ သွားရောက်အပ်နှံခဲ့ကြောင်းနှင့် AA အကြမ်းဖက်အဖွဲ့ တရားရေးတာဝန်ခံဆိုသူမှ “ရခိုင်မြေလာပြီး ရခိုင်လူမျိုးကို ဒီလိုဖမ်းဆီးလို့ရလား”ဟုဆိုကာ ဓားပြတိုက်ခံရသည့် ဆိုင်ပိုင်ရှင် မွတ်ဆလင်လူမျိုးအား အပြစ်ပေးတရားယူရန် အမှုဖွင့်ထားကြောင်း ဒေသခံမမွတ်ဆလင်များထံမှ သိရှိရသည်။

မွတ်ဆလင်များအား အကြမ်းဖက်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်နေသည့် AA အကြမ်းဖက်အဖွဲ့အနေဖြင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စသည့်မြို့နယ်များတွင် နေထိုင်သည့် မွတ်ဆလင်များပိုင်ဆိုင်သည့် ဆေးဆိုင် ၊ ကုန်စုံဆိုင်၊ လက်ဖက်ရည်ဆိုင်၊ ကွမ်းယာဆိုင်နှင့် အခြားမည်သည့်ဆိုင်မဆို အနည်းဆုံးတစ်သိန်းကျပ်မှ ၅သိန်းကျပ်အထိလည်းကောင်း၊ နောက်တွေလာဂျီ၊ ဘေးတွဲ၊ လိပ်ချေ၊ အိမ်စီးကား၊ လူစီးကား၊ ထွန်းစက်၊ ဘုတ်၊ စက်လှေ၊ ဆန်စက်၊ ဆီစက်၊ အမှုန့်ကြိတ်စက် မည်သည်စက်မဆို အနည်းဆုံးတစ်သိန်းကျပ်မှ ၅သိန်းကျပ်အထိ လည်းကောင်း အတင်းအဓမ္မတောင်းယူနေပြီး မပေးသူများအား ဖမ်းဆီးနှိပ်စက်ခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။
ထိုအပြင် အဆိုပါမြို့နယ်များရှိ မွတ်ဆလင်ကျေးရွာ(သို့)ရပ်ကွက်များမှ တစ်ရွာလျှင် ၁၀ ဦးနှုန်း ၎င်းတို့ထဲမဝင်မနေရ ခေါ်ယူနေကြောင်း၊ ၎င်းတို့အတွက် လစာများအား ကျေးရွာ/ရပ်ကွက်များမှ ပေးရမည်ဟု ခြိမ်းခြောက်ပြောဆိုထားသည့် အတွက် အဆိုပါနေရာများတွင်နေထိုင်ကြသည့် မွတ်ဆလင်များအနေဖြင့် နေ့စဉ်စိုးရိမ်ထိတ်လန့်စွာ နေနေကြရကြောင်း၊ ၎င်းတို့ထောက်ခံစာဖြင့် မြိုနယ်ကျော် သွားလာရာတွင် မြောက်ဦးမြိုအဝင် ငွေတောင်ပေါက်တံတာအလွန်ဂိတ်၌ ဘင်ဂလီကုလားဟူဆိုသော ခွဲခြားသံများဖြင့် စစ်ဆေးခြင်း၊ ထောက်ခံစာမပြနိုင်လျင် ဖမ်းဆီးငွေညှစ်ခြင်းများ ပြုလုပ်နေကြောင်း သိရှိရသည်။
https://t.me/voiceofmuslim2024

Telegram

Voice of Muslim

Voice of Muslim in Rakhine

ကျောက်တော်မှ မွတ်ဆလင်ဈေးဆိုင်တစ်ဆိုင်အား ဓားပြတိုက်ခံရ၊ ဓားပြခံရသူအား AA အကြမ်းဖက်အဖွဲ့မှ တရားပြန်ဆွဲ
5 months, 2 weeks ago
**မွတ်ဆလင်များအားအကြမ်းဖက်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်နေသည့် AA အဖွဲ့မှ မွတ်ဆလင် …

**မွတ်ဆလင်များအားအကြမ်းဖက်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ ဆက်တိုက်ပြုလုပ်နေသည့် AA အဖွဲ့မှ မွတ်ဆလင် လူငယ် ၃၅ ဦးအား အတင်းအဓမ္မဖမ်းဆီးသွား

မေ ၂ ရက်၊ VOM**

5 months, 2 weeks ago

**ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့မှ မွတ်ဆလင်လူမျိုးများအပေါ် အကြမ်းဖက်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ ပိုမိုပြုလုပ်လာ

မေ ၁ ရက်၊ VOM**

ဧပြီလ ၃၀ ရက်နေ့နံနက်ပိုင်းက ဘူးသီးတောင်မြိုနယ်အတွင်းရှိ ရွက်ညိုတောင်ရွာ၊ ဘဂုံးနာ(မူရာဖာရာ)ကို ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့ဝင်များ ရောက်ရှိလာကြောင်း၊ ARSA ၊ ARA ရှိသည်ဟု အကြောင်းပြချက်ဖြင့် ရွာသားတွေအိုးမဲ့အိမ်မဲ့ဖြစ်စေရန် တမင်ရည်ရွယ်ချက်ရှိရှိ အတင်းအဓမ္မ ရွေ့ပြောင်းခိုင်းခဲ့ကြောင်း၊ မထွက်ပေးသည့် မွတ်ဆလင်ရွာသား ပြီးတော့ ၁၀၄ ဦးကို အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်သွားပြီး ရွာသားအချို့အား ရက်ရက်စက်စက် သတ်ဖြတ်သွားကြောင်းနှင့် ရွာသားများထွက်ခွာသည့်အချိန်၌ ရွာရှိ မော်တော်ဆိုင်ကယ်များ၊ ပစ္စည်းများကို လုယက်ယူဆောင်သွားခဲ့ကြောင်း ဒေသခံမွတ်ဆလင်များထံမှ သိရှိရသည်။

ထိုအပြင် ပေါက်တောမြိုနယ်အတွင်းရှိ မွတ်ဆလင် ကျေးရွာ ၆ ရွာမှ ကျေးရွာတစ်ရွာလျှင် တစ်လလျှင် မြန်မာငွေကျပ် ၃၃ သိန်း ကောက်ခံနေပြီး မွတ်ဆလင်လူငယ်များကိုလည်း AA တွင် အတင်းအကြပ် တာဝန်ထမ်းဆောင်ခိုင်းနေကြောင်း ငွေပေးခြင်းနှင့် တာဝန်ထမ်းဆောင်ခြင်းများ မပြုလုပ်ပါက ဖမ်းဆီးသတ်ဖြတ်ခြင်းများရှိနေကြောင်း သိရှိရသည်။
Photo - ဧပြီလ ၃၀ ရက်နေ့နံနက်ပိုင်းက ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့၏ လူမျိုးတုံးသတ်ဖြတ်ခြင်းခံခဲ့ရသည့် ဘူးသီးတောင်မြို့မှ မွတ်ဆလင်တစ်ဦး
https://t.me/voiceofmuslim2024/22?single

Telegram

Voice of Muslim

ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့မှ မွတ်ဆလင်လူမျိုးများအပေါ် အကြမ်းဖက်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ ပိုမိုပြုလုပ်လာ

**ရခိုင်အစွန်းရောက် AA အကြမ်းဖက်အဖွဲ့မှ မွတ်ဆလင်လူမျိုးများအပေါ် အကြမ်းဖက်မှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ ပိုမိုပြုလုပ်လာ
5 months, 2 weeks ago
Voice of Muslim
5 months, 2 weeks ago
Voice of Muslim
5 months, 3 weeks ago

အသတ်ခံရသူများမှာ_၁။မော်လဝီ-ဆော်အိဒ်
၂။အဒုလ်အာမိန်
၃။အာဘုလ်ကာလာမ်
၄။အီဆာလာမ် နှင့်
၅။အာယာစ် တိုဖြစ်ကြသည်။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 3 weeks, 2 days ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 month, 4 weeks ago