Oway - အိုးဝေ

Description
Oway Magazine has played an indispensable role in the history of student movement ‌and the national independence struggle. During the Spring Revolution, Oway is published fortnightly by ABFSU & UYSU.
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 6 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 7 months, 2 weeks ago

1 month, 1 week ago

“အဖမ်းခံရသူအများဆုံးကတော့ လူငယ်တွေပေါ့။ အလုပ်သမား၊ ဈေးသည်တွေပါတယ်။ အခုက ညဘက်အိမ်တွေစစ်ပြီး ဝင်ဖမ်းတာထက် နေ့ခင်းပိုင်းမှာ လူတွေပိုပျောက်နေကြတယ်။ ၂၆ ၊ ၂၇ ၊ ၂၈ ရက်တုန်းကဆို လမ်းတွေမှာအသွားအလာကိုမရှိဘူး။ ခြောက်ကပ်နေတာပဲ” လို့ မုံရွာမြို့က ပြည်သူတဦးက ပြောပါတယ်။

ရန်ကုန်က စစ်မှုထမ်းအဖမ်းဆီးတွေကတော့ ဒဂုံမြို့သစ်လေးမြို့နယ်မှာ အဓိကဖြစ်ပါတယ်။ ဒါ့အပြင် ဆင်ခြေဖုံးနေရာတွေနဲ့ ကျူးကျော်ရပ်ကွက်တွေထဲလည်း ခဏခဏဝင်ဆွဲတယ်လို့ သိရပါတယ်။

မန္တလေးမှာကတော့ စောင့်ကြည့်ချက်တွေအရ ပြည်ကြီးတံခွန်မြို့နယ်နဲ့ ချမ်းအေးသာစံ မြို့နယ်တွေကတော့ အများဆုံးဖမ်းဆီးခံကြရပါတယ်။

မုံရွာမှာတော့ မြို့ထဲအပြင် မြို့အဝင်အထွက်ဂိတ်တွေမှာပါ သွားလာသူတွေကို စစ်မှုထမ်းအတွက် ဖမ်းဆီးနေတယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့တာဝန်ခံကပြောပါတယ်။

ဒီအခြေနေတွေကြောင့် မြို့နေပြည်သူလူထုအနေနဲ့ အိမ်ထဲက အိမ်အပြင်ထွက်ပြီး သွားဖို့လာဖို့တောင် မရဲကြ‌တော့ဘူး ဖြစ်နေပါတယ်။ မြို့ပေါ်မှာ ည ၇ နာရီနောက်ပိုင်းမှာဆို အရေးကြီးကိစ္စရှိသူတွေကလွဲပြီး လူသွားလူလာမရှိကြတော့ပါဘူး။ ညဘက်အိမ်မှာ ကိုယ့်ကို ဘယ်အချိန်လာဖမ်းမလဲ၊ ဘယ်အချိန်ကိုယ့်အလှည့်ကျမလဲဆိုတဲ့ စိတ္တဇအတွေးတွေနဲ့ ထိတ်လန့်နေကြရပါတယ်။

“ လူငယ်တွေဆို ကိုယ့်အိမ်ကိုယ်တောင်ပြန်မအိပ်ရဲကြတော့ဘူး။ ယောကျာ်းလေးဆို အရင်က ညမိုးချုပ်မှပြန်တဲ့ အကျင့်ရှိတာကိုး ။ ဒါမဲ့အခုဆို မိဘတွေလည်း သူတို့သားတွေကို အိမ်ပြန်လာပြီး မအိပ်ခိုင်းရဲတော့ဘူးပေါ့။ ဥပမာ ဧည့်စာရင်းလာစစ်တော့မယ်ဆိုတဲ့ အသံလေးကြားရင်ကို အိမ်ပြန်မလာနဲ့တော့၊ နင်တခြားနေရာမှာပဲအိပ်တော့ဆိုပြီး မှာနေရတာ” လို့ မန္တလေးမြို့ခံတဦးကပြောပါတယ်။

လက်ရှိအမျိုးသမီးတွေစစ်မှုထမ်းဖို့ခေါ်တဲ့အခြေနေနဲ့ပက်သက်လို့ ရန်ကုန်မှာ ဇန်နဝါရီလလောက်ကစလို့ စာရင်းစကောက်ပြီး လက်ရှိမှာ ၁၀ ယောက်လောက်အဖမ်းခံထားရကြောင်း RSN ကပြောပါတယ်။ မန္တလေးမှာတော့ နောက်ဆုံးကောက်ယူထားတဲ့ အချက်လက်တွေအရ စစ်မှုထမ်းအတွက် အဖမ်းခံရတဲ့ အမျိုးသမီး ၆ ဦးဝန်းကျင် ရှိပြီလို့ ဆိုပါတယ်။

အောင်စစ်ပိုင်

ပုံစာ - ရှမ်းပြည်အရှေ့ဘက်ရှိ စစ်မှုထမ်း ဒုတိယအပတ်စဉ် ဖွင့်ပွဲရောက် စစ်သားသစ်များအား တွေ့ရစဉ်/ ပြည်သူ့စစ်

1 month, 1 week ago

အဆိုးတကာ့အဆိုးဆုံးအခြေအနေရောက် စစ်မှုထမ်း လူဖမ်းပွဲကြီးများ

အောင်စစ်ပိုင် | သတင်းဆောင်းပါး | အိုးဝေစာစောင်

အခုနောက်ပိုင်း စစ်မှုထမ်းအပတ်စဉ်တွေမှာ စစ်ကောင်စီက အရှေ့ကလိုတောင် မဟုတ်တော့ဘဲ အဖမ်းအဆီးတွေကို ‌ဗြောင်ကျကျ၊ အင်တိုက်အားတိုက် လုပ်လာတာ တွေ့ရပါတယ်။ စစ်မှုထမ်းအပတ်စဉ် ၃ ၊ ၄ ၊ ၅ တုန်းက သတင်းပျံ့နှံ့မှုနည်းတဲ့ ကျေးလက်ဒေသတွေမှာတော့ သူတို့ အလိုရှိတဲ့တပ်သားသစ်အရေအတွက်ပြည့်အောင် စုဆောင်းခဲ့တယ်လို့ Burma Affairs & Conflict Study ရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့် တဖက်မှာတော့ မြို့ကြီးတွေမှာတော့ လူတွေမထိတ်လန့်အောင် လူမြင်ကွင်းမှာ အတင်းအဓမ္မ ဖမ်းဆီးတာမျိုးကို ရှောင်ခဲ့ပါတယ်။

အခုတော့ လူမြင်ကွင်းလည်း မရှောင်၊ ရန်ကုန်၊ မန္တလေးမြို့ကြီးပြကြီးတွေက လမ်းမတွေပေါ်မှာပါ ဖမ်းဆီးလာကြပါပြီ။ သူတို့စစ်မှုထမ်းခိုင်းချင်တဲ့သူကို အိမ်ထဲထိဝင်ပြီး ရိုက်နှက်ဖမ်းဆီးတာတွေကိုလည်း ပေါ်ပေါ်ထင်ထင်လုပ်လာကြပါတယ်။

၂၀၂၅၊ ဇန်နဝါရီလ ပထမအပတ်ထဲမှာတင် စစ်မှုထမ်းဖို့ ရန်ကုန်က လူပေါင်း ၁၀၀ကျော် အတင်းအဓမ္မစစ်သားစုဆောင်းခံလိုက်ရတယ်လို့ ရန်ကုန်တမြို့လုံးက စစ်ကောင်စီရဲ့ အခြေနေတွေကို ကင်းထောက်နေတဲ့ Rangoon Scout Networks က တာဝန်ခံတဦးက ပြောပါတယ်။

“လမ်းမပေါ် လိုက်ဖမ်းတာဆိုရင် စစ်ဆေးစရာရှိလို့ လိုက်ခဲ့ဆိုပြီး ကားပေါ်ဆွဲတင်သွားကြတယ်။ ဘေးကလူတွေတွေ့လို့ ဝိုင်းလာရင် တချို့ကတော့ ပြန်လွှတ်ပေးလိုက်ကြတယ်။ တချို့ကျတော့ မဆိုင်ရင် ဝင်မပါနဲ့ဆိုပြီး သေနတ်ပြပြီး ခြိမ်းခြောက်လွှတ်တယ်ဗျ။ ဧည့်စာရင်းစစ်လို့ စကားအပြောအဆို အဆင်မပြေတဲ့သူတွေဆို ပါးတွေ ၊ နားတွေရိုက်တယ်။ စစ်မှုထမ်းစာရင်းအတိုင်း အိမ်အထိလိုက်ခေါ်လို့ ငြင်းရင် တုတ်နဲ့ရိုက်တာတွေ၊ ကျဉ်စက်နဲ့တို့ပြီး ဆွဲခေါ်သွားတာတွေရှိတယ်’’ လို့လည်း တာဝန်ခံက ပြောပါတယ်။

တဖက်မှာလည်း မန္တလေးမှာ နေ့ဘက်တောင်မရှောင်ဘဲ စစ်မှုထမ်းအတွက် ဖမ်းဆီးနေကြပါတယ်။ လက်ရှိမှာ လူပြန်ရွေးဖို့အတွက် ငွေပေးပြီး ညှိဖို့တောင် မလွယ်ကူတော့ဘဲ ပါသွားရင် သတင်းအစအနတောင် လိုက်လို့မရတော့ဘူးလို့ သိရပါတယ်။

“လူက အခုအရမ်းလိုနေတော့ ငွေနဲ့တောင် သူတို့ကို ညှိလို့မရတော့ဘူး။ အရင်လိုဆင့်ခေါ်စာနဲ့ ဆင့်ခေါ်တာမျိုးတွေလည်း လုံးဝမလုပ်တော့ဘဲ အိမ်ကိုသွားတယ်။ ဧည့်စာရင်းစစ်တယ်။ အမျိုးသားတွေဆိုရင် မင်းကတော့ စစ်မှုထမ်းစာရင်းထဲပါတယ်။ တခါတည်းလိုက်ခဲ့ဆိုပြီး တန်းပြီးတော့ အစစ်အဆေး အမေးမြန်းမရှိ၊ ဆွဲခေါ်သွားတာရှိတယ်။ တချို့လူငယ်တွေ လွတ်လိုလွတ်ငြားထွက်ပြေးတာတွေရှိတယ်။ အဲလိုဆို သူတို့က အသာတကြည်မလိုက်ရင် ရိုက်နှက်ပြီးတော့ ဖမ်းခေါ်သွားတာမျိုးတွေရှိတယ်" လို့ မန္တလေးမြို့က စစ်မှုထမ်းအဖမ်းအဆီးတွေကို စောင့်ကြည့်နေတဲ့ အဖွဲ့တခုဖြစ်တဲ့ မန္တလေးသပိတ်အင်အားစုက ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။

မန္တလေးမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလနောက်ပိုင်းကနေ အခုထိဆို စစ်မှုထမ်းကြောင့်အဖမ်းခံရသူ စုစုပေါင်း ၁၀၀၀ ကျော်သွားပြီလို့ ထိုသူက ဆက်ပြောပါတယ်။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီတလတည်းမှာတင် အဖမ်းခံရသူပေါင်း ၂၃၀ ကျော်အထိ ရှိနေပြီဖြစ်ပါတယ်။

မြို့ကြီးတွေပေါ်မှာ စစ်မှုထမ်း‌ခေါ်ဖို့အတွက် စစ်သား၊ ရဲ နဲ့ စစ်ကောင်စီလက်ဝေခံ ပျူစောထီးတွေ၊ လူမိုက်တွေက ဒီလူဖမ်းပွဲတွေအတွက် ဝင်ပြီးအားဖြည့်ပေးပါတယ်။ အဲဒီလူတွေက လမ်းမပေါ်တွေမှာ လူဖမ်းဖို့ အတွက် စစ်ကားတွေ၊ အိမ်စီးကားတွေနဲ့ လှည့်လည်ကြပြီး စစ်ဆေးရေးဂိတ်တွေမှာ လူဖြန့်လှုပ်ရှားကြပါတယ်။

ပျူစောထီးတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းလူဖမ်းဖို့အတွက် အချက်လက်ပိုင်းအရလည်း အဓိက အကူအညီပေးတာ တွေ့ရပါတယ်။ ရပ်ကွက်ထဲမှာ ဘယ်အိမ်ထောင်စုကတော့ ယောကျာ်းလေးကဘယ်နှစ်ယောက်ရှိတယ်၊ ဘယ်သူကတော့ စစ်မှုထမ်းဖို့အတွက် သန်သန်မာမာရှိတယ်၊ ဘာအလုပ်လုပ်တယ်ဆိုတာမျိုး အတိအကျ သတင်းပေးတယ်လို့ မန္တလေးသပိတ်အင်အားစုတာဝန်ခံတဦးက ပြောပါတယ်။ ဒီအချက်အလက်တွေအရ စစ်သား၊ ရဲတွေက အင်အားသုံးဖမ်းလေ့ရှိပါတယ်။

အခုနောက်ပိုင်းမှာဆိုရင် သူတို့က ပျူစောထီးအဖွဲ့ဝင်တွေ အများကြီးဖွဲ့ထားတယ်။ အဲဒီအဖွဲ့ဝင်တွေကို တခါတလေကျရင် ယူနီဖောင်းပေးဝတ်ပြီးတော့ လမ်းတွေမှာစစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေ လုပ်ခိုင်းတယ်။ ဒီလိုလူတွေကို ယူနီဖောင်းတပ်ပေးလိုက်တော့ မြို့ပေါ်မှာဆိုရင် ပြည်သူတွေကို ငွေညှစ်တယ်၊ အနိုင်ကျင့်တယ်၊ မတော်တဆ ဆိုင်ကယ်ချင်းချိတ်မိရင်တောင် အဲဒီပြည်သူကို လမ်းမှာတင် တခါတည်း အဖွဲ့လိုက်ရိုက်ပစ်ခဲ့တာတွေရှိသလို၊ ညဘက်ဆို ဝင်ဆွဲတာမျိုးရှိတယ်လို့ မန္တလေးသပိတ်အင်အားစုက ပြောပါတယ်။

ဒီလိုရာချီတဲ့ လူဖမ်းပွဲကြီးတွေကြောင့် ဇန်နဝါရီလကုန်ပိုင်းလောက်ကလည်း လူသိန်းနဲ့ချီနေထိုင်တဲ့ မုံရွာမြို့ကြီးတခုလုံး ခြောက်ကပ်တိတ်ဆိတ်သွားရပါတယ်။ လကုန်ရက်ပိုင်းအတွင်းမှာတင် လူပေါင်း ၄၀၀ ကျော် ၅၀၀ လောက် စစ်သားစုဆောင်းခံလိုက်ရပါတယ်။ အသွားအလာမရှိတော့ဘဲ ဆိုင်တွေပိတ်ထားကြသလို လူတွေအိမ်ထဲကအိမ်ပြင်မထွက်ရဲလောက်တဲ့အထိ မြို့ပျက်ကြီးလို အသက်မဲ့ခြောက်ကပ်သွားခဲ့ပါတယ်။

1 month, 1 week ago

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂမှ ကိုအောင်ဆန်း၏ နှစ် ၁၁၀ ပြည့် မွေးနေ့အဖြစ် နိုင်ငံရေးသဘောတရားများ မျှဝေဆွေးနွေး

ဖေဖော်ဝါရီလ ၁၃ရက်၊ ၂၀၂၅

တနင်္သာရီမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)မှ တနင်္သာရီမြို့နယ် တနေရာတွင် ကိုအောင်ဆန်း၏ နှစ် ၁၁၀ ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကိုအောင်ဆန်း၏ သမိုင်းကြောင်းအား ဆွေးနွေးခြင်း၊ နိုင်ငံရေးသ‌ဘောတရားများ အသိပညာပေး မျှဝေဆွေးနွေးခဲ့ကြပါသည်။

သတင်းနှင့်ပြန်ကြားရေးကော်မတီ
ဗကသများအဖွဲ့ချုပ်

#ABFSU #Oway #တနကသ #တနင်္သာရီ #စာဖတ်ဝိုင်း #အောင်ဆန်း

3 months, 3 weeks ago

Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူဖို့ စဉ်းစားရင် ဒီအချက်တွေကို မဖြစ်မနေ ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ မူဝါဒဆိုင်ရာကိစ္စတွေကို စဉ်းစားရာမှာ အမျှော်အမြင်ရှိဖို့ အင်မတန်အရေးကြီးပါတယ်။ တချက်မှားတာနဲ့ တနိုင်ငံလုံး ဒုက္ခရောက်မယ့်ကိစ္စပါ။ ကိုယ်တင်မက ကိုယ့်မျိုးဆက်တွေအထိပါ ဒုက္ခရောက်မှာပါ။ အဲတာကြောင့် ပစ်ကွင်းမလွဲဖို့ လိုပါတယ်။ CDM တွေကို ဘဝပျက်အောင်လုပ်တာဟာ Non CDM တွေ မဟုတ်ပါဘူး။ တရားခံဟာ စစ်အုပ်စုပါပဲ။

နိဂုံး

ဒီဆောင်းပါးတလျှောက်လုံးမှာ ကျနော်တင်ပြခဲ့တဲ့ အချက် ၅ ချက် ရှိပါတယ်။ ဒီ ၅ ချက်ကို ဒီနေရာမှာ ပြန်လည်ဖော်ပြခွင့်ပြုပါ။

(၁) လွတ်လပ်စွာ ပညာသင်ကြားခွင့်ရှိရေးဟာ အခြေခံလူ့အခွင့်အရေးဖြစ်ပါတယ်။
(၂) ကိုယ်နဲ့ အမြင်မတူတဲ့အတွက် အမြင်မတူသူရဲ့ ပညာရေးခရီးလမ်းကို ပိတ်ဆို့တားမြစ် အရေးယူတာဟာ ဗမာပြည်က စစ်အစိုးရတွေ အစဉ်တစိုက်လုပ်ခဲ့တဲ့ အာဏာရှင်လုပ်ဟန်ဖြစ်ပါတယ်။
(၃) Non CDM ကျောင်းသားတွေဟာ တော်လှန်ရေးရဲ့ ဦးတည်ရန်သူမဟုတ်ပါဘူး။ တော်လှန်ရေးအတွက် စည်းရုံးရမယ့် ကြားလူတွေဖြစ်ပါတယ်။
(၄) ကျောင်းသားတွေ စုစည်းတည်ရှိနေတဲ့ကျောင်းဟာ ရန်သူစစ်အုပ်စုအကြောက်ဆုံးအရာတွေထဲက တခုဖြစ်ပါတယ်။ ဒါကို ဗျူဟာကျကျ ချဉ်းကပ်ရပါမယ်။
(၅) Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူတာ၊ တဆင့်နှိမ့်ဆက်ဆံတာတွေဟာ‌ အနာဂတ်ပဋိပက္ခကို သန္ဓေတည်ပေးရာရောက်နိုင်ပါတယ်။

ဒီ ၅ ချက်လုံးရဲ့ နောက်ခံစဉ်းစားချက်တွေကိုလည်း အကျယ်တင်ပြခဲ့ပြီးပါပြီ။ အချုပ်ဆိုရရင်တော့ Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူရမယ်ဆိုတဲ့ကိစ္စဟာ အင်မတန် မှားယွင်းတဲ့အတွေးအခေါ်ဖြစ်ပါတယ်။ ဒီအတွေးအခေါ်ဟာ အခြေခံလူ့အခွင့်အရေးကို သားရေကြိုးလုပ်ပစ်ချင်တဲ့ အတွေးအခေါ်ပါ။ တော်လှန်ရေးသင်ပုန်းကြီးမကျေတဲ့ မီးကျိုးမောင်းပျက် အတွေးအခေါ်ပါ။ အမျှော်အမြင် နည်းပါးလွန်းတဲ့ အတွေးအခေါ်လည်း ဖြစ်ပါတယ်။

Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူမယ့်အစား ကျနော်တို့ လုပ်သင့်တဲ့အလုပ်တွေ အများအပြား ရှိပါတယ်။ CDM ကျောင်းသားတွေကို ဘယ်လိုနည်းနဲ့ ပညာရေးအာမခံချက် ပေးနိုင်မလဲ။ CDM ကျောင်းသားတွေ စဉ်ဆက်မပြတ် ပညာသင်ကြားနိုင်အောင် ဘာတွေလုပ်ပေးလို့ရမလဲ။ CDM ကျောင်းသားတွေရဲ့ ပညာရေးအဆင့်အတန်းကို နိုင်ငံတကာက အသိအမှတ်ပြုအောင် ဘယ်လိုကြိုးစားနိုင်မလဲ။ အင်တာနက်မရတဲ့ဒေသက CDM ကျောင်းသားတွေအတွက် မြေပြင်ပညာရေးကို ဘယ်လိုအားကောင်းအောင် လုပ်နိုင်မလဲ။ CDM ကျောင်းသားတွေ တော်လှန်ရေးလုပ်ရင်း ရရှိလာတဲ့ သူတို့ရဲ့ ဖြတ်သန်းမှုအတွေ့အကြုံတွေကို ပညာအရည်အချင်းတခုအနေနဲ့ ဖြစ်အောင် ဘယ်လိုစိစစ်အသိအမှတ်ပြုနိုင်မလဲ။ စသဖြင့် CDM ကျောင်းသားတွေအတွက် လက်ရှိကာလမှာတင် အကျိုးဖြစ်စေမယ့် အလုပ်တွေ အများအပြားရှိပါတယ်။ ဒါတွေကို အားကြိုးမာန်တက်လုပ်ကြရမှာပါ။ ဒါဟာ CDM ကျောင်းသားတွေကို ဂုဏ်ပြုချီးမြှင့်ရာလည်း ရောက်ပါတယ်။ Non CDM ကျောင်းသားတွေကို ဘယ်လိုအပြစ်ပေးယူမလဲဆိုတာထက် CDM ကျောင်းသားတွေကို လက်တွေ့အားဖြင့် ဘယ်လိုချီးမြှင့်ဂုဏ်ပြုနိုင်မလဲဆိုတာကို ဝိုင်းဝန်းအဖြေရှာကြဖို့ လိုအပ်နေပါတယ်ခင်ဗျာ။

မြတ်ကို
မှတ်တမ်းနှင့်သုတေသနရေးရာကော်မတီ
ဗကသများအဖွဲ့ချုပ်

#Oway #ABFSU #UYSU #CDM #NonCDM #RevolutionaryTatics

3 months, 3 weeks ago

Non CDM စစ်တမ်း (၅)

◼️မြတ်ကို

(၅) Non CDM ကျောင်းသားတွေကို အပြစ်ပေးအရေးယူတာ၊ တဆင့်နှိမ့်ဆက်ဆံတာတွေဟာ‌ အနာဂတ်ပဋိပက္ခကို သန္ဓေတည်ပေးရာရောက်နိုင်ပါတယ်။

ပထမကမ္ဘာစစ်မှာ ဂျာမနီက စစ်ရှုံးပါတယ်။ ဒါကြောင့် စစ်နိုင်သူတွေ အလိုကျ ချုပ်ဆိုတဲ့ ဗာဆိုင်းစာချုပ်မှာ ဂျာမနီကို ပြင်းပြင်းထန်ထန် ဒဏ်ခတ်အရေးယူခဲ့ပါတယ်။ ဂျာမနီရဲ့ စီးပွားရေးရော၊ စစ်ရေးရောကို ပြန်နလန်မထူနိုင်လောက်တဲ့အထိ ဒဏ်ခတ်ခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် ချောင်ပိတ်ရိုက်တာပါပဲ။ အကျိုးဆက်အနေနဲ့ကတော့ ဂျာမန်ပြည်သူတွေရဲ့ ထွက်ပေါက်ဟာ လူမျိုးရေးအစွန်းရောက်မှု ဖြစ်လာပါတယ်။ ဒီလိုအခြေအနေကနေ ဟစ်တလာ အာဏာရလာပြီး ဒုတိယကမ္ဘာစစ်ကို စတိုက်တော့တာပါပဲ။ ဂျူးတွေကို အစုလိုက်အပြုံလိုက် သတ်တော့တာပါပဲ။ ဒီနေရာမှာ ကျနော့်ဆိုလိုရင်းက နာဇီဂျာမနီတို့ရဲ့ လုပ်ရပ်ဟာ တရားတယ်၊ မှန်ကန်တယ်လို့ အဓိပ္ပာယ်မထွက်ပါဘူး။ နာဇီတွေ ခေါင်းထောင်လာနိုင်အောင် အားပေးအားမြှောက်ပြုခဲ့တဲ့ ရေခံမြေခံတွေ ရှိနေတယ်ဆိုတာကိုပဲ ပြချင်တာပါ။

အမေရိကန်မှာလည်း လူမည်းတွေကို လူဖြူတွေထက် တဆင့်နှိမ့်ဆက်ဆံခဲ့ပါတယ်။ လူမည်းတွေဟာ သူတို့ရဲ့ အခြေခံလူ့အခွင့်အရေး‌တွေကို ကန့်သတ်ခံရပါတယ်။ စီးပွားရေးအခွင့်အလမ်းတွေလည်း အနည်းငယ်သာ ရပါတယ်။ လူဖြူတွေရဲ့ အနိုင်ကျင့်အကြမ်းဖက်မှုတွေကိုလည်း ခံခဲ့ကြရပါတယ်။ ဒါကြောင့် လူမည်းအခွင့်အရေးကို တောင်းဆိုတိုက်ပွဲဝင်တဲ့ လူ့အခွင့်အရေးလှုပ်ရှားမှုတွေ ပေါ်ပေါက်လာပါတယ်။ နောက်ဆုံးမှာ လူမည်းတွေကို တန်းတူအခွင့်အရေးပေးခဲ့ရပါတယ်။ အခုအချိန်မှာတော့ လူမည်းတွေကို တဆင့်နှိမ့်ဆက်ဆံဖို့ ကြိုးစားသူတွေဟာ အမေရိကန်လူထုရဲ့ တံထွေးခွက်ထဲမှာ ပက်လက်မျောတော့တာပါပဲ။ ဒါဟာ လမ်းကြောင်းအမှားကနေ လမ်းကြောင်းအမှန်ကို ပြောင်းရွှေ့လာတာဖြစ်ပါတယ်။ ဒီလိုဖြစ်လာအောင် တိုက်ပွဲတွေ ဆင်နွှဲခဲ့ရတာပါ။ အမေရိကန်လူထုကြားမှာ အက်ကွဲကြောင်းဟာ အင်မတန်ကြီးခဲ့ပါတယ်။ ဒီဒဏ်ကို အမေရိန်ကန်လူထုတရပ်လုံး ခံခဲ့ကြရတာပါပဲ။

ကျနော်တို့ဟာ ပဋိပက္ခတခုကို ဖြေရှင်းရင်း နောက်ပဋိပက္ခတခုကို အစပျိုးမပေးမိဖို့ အင်မတန် သတိထားရပါလိမ့်မယ်။ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဟာ လိုအပ်ပါတယ်။ အပြစ်ကျူးလွန်သူတွေကို သူတို့နဲ့ ထိုက်တန်တဲ့ပြစ်ဒဏ်ပေးတာဟာ မလုပ်မဖြစ်လုပ်ရမယ့်ကိစ္စပါ။ ဒါပေမယ့် အလွန်အကျွံမဖြစ်ဖို့တော့ သတိထားရပါမယ်။ ဆိုလိုတာက သေဒဏ်ပေးတာဟာ ထိုက်သင့်တဲ့ပြစ်ဒဏ်ဖြစ်တယ်ဆိုရင် သေဒဏ်ပေးပြီးလို့ သေသွားသူရဲ့အလောင်းကို ခေါင်းတွေ၊ လက်တွေ၊ ခြေထောက်တွေ အပိုင်းပိုင်းဖြစ်အောင် ဆက်လုပ်တာဟာ အလွန်အကျွံလုပ်ရပ်ဖြစ်ပါတယ်။ ဒါမျိုးဟာ အနာဂတ်ပဋိပက္ခအတွက် လောင်စာပါပဲ။

နောက်တချက်ကတော့ ပိုအရေးကြီးပါတယ်။ အဲတာကတော့ အပြစ်မကျူးလွန်သူတွေကို မှားယွင်းပြီး ရက်စက်စွာ အပြစ်မပေးမိဖို့ပါပဲ။ ဒီနေရာမှာ CDM ကိစ္စကို ပြန်ကောက်ချင်ပါတယ်။ CDM တွေဟာ (အထူးသဖြင့် CDM ဝန်ထမ်းတွေဟာ) အင်မတန် အနစ်နာခံခဲ့ရပါတယ်။ ဘဝပျက်လောက်တဲ့အထိ အခက်အခဲကြုံရသူတွေ ရှိပါတယ်။ တချိန်မှာ သူတို့အတွက် တရားမျှတမှု ရှာရပါမယ်။ ဒါပေမယ့် ကျူးလွန်သူကိုတော့ ရှင်းရှင်းလင်းလင်းရှိဖို့ အရေးကြီးပါတယ်။ CDM တွေကို ဘဝပျက်အောင်လုပ်သူဟာ စစ်အစိုးရဖြစ်ပါတယ်။ CDM တွေကို ဖမ်းဆီးနှိပ်စက်တာဟာ စစ်အစိုးရဖြစ်ပါတယ်။ CDM များရဲ့ နေအိမ်တွေကို ချိတ်ပိတ်တာဟာ စစ်အစိုးရဖြစ်ပါတယ်။ CDM တွေကို မြို့ပေါ်မှာ ပေါ်ပေါ်ထင်ထင်နေမရအောင် မောင်းထုတ်တာဟာ စစ်အစိုးရဖြစ်ပါတယ်။ CDM များရဲ့ စီးပွားရေးတွေကို အလွတ်မပေးစတမ်း လိုက်လံပိတ်ဆို့နေတာဟာ စစ်အစိုးရဖြစ်ပါတယ်။ CDM ကျောင်းသားတွေရဲ့ ပညာရေးအခွင့်အလမ်းတွေကို ပိတ်ဆို့တာဟာ စစ်အစိုးရဖြစ်ပါတယ်။ အလေးအနက် ထပ်ပြောရရင်တော့ CDM တွေကို ဘဝပျက်အောင်လုပ်သူဟာ စစ်အစိုးရပါပဲ။ Non CDM တွေ မဟုတ်ပါဘူး။ (Non CDM တွေထဲမှာ ရန်သူ့သတင်းပေးလုပ်သူတွေ၊ သူလျှိုဒလန်တွေ ပါနေနိုင်ပါတယ်။ သူတို့ကိုကတော့ တဦးချင်းပြစ်မှုအလိုက် သီးခြားအရေးယူရမှာဖြစ်ပါတယ်။ ဒါက တဦးချင်းကိစ္စပါ။) ပြန်ချုပ်ရရင်တော့ CDM တွေအတွက် တရားမျှတမှုကို တချိန်မှာ မရရအောင် ရှာရပါမယ်။ ကျူးလွန်သူ စစ်အစိုးရကို၊ ကျူးလွန်သူ စစ်အုပ်စုဝင်တွေကို ထိုက်တန်တဲ့ပြစ်ဒဏ် ပေးကိုပေးရပါလိမ့်မယ်။ ပစ်ကွင်းမလွဲဖို့သာ သတိထားရမှာပါ။

တဖက်မှာတော့ ကျနော်တို့ မျှော်ရည်တဲ့ အနာဂတ်ရှိပါတယ်။ ကျနော်တို့လိုချင်တဲ့ လူ့အဖွဲ့အစည်းအသစ်ဟာ ဘယ်လိုပုံစံရှိပါသလဲ။ တဦးနဲ့တဦး ရန်စောင်နေကြတဲ့ လူ့အဖွဲ့အစည်း၊ တဘက်နဲ့တဘက် မုန်းတီးတိုက်ခိုက်နေကြတဲ့ လူ့အဖွဲ့အစည်းမျိုးကိုတော့ ဘယ်သူမှ အလိုရှိကြမယ်မထင်ပါဘူး။ အသက် ၁၀ နှစ် အရွယ် Non CDM ကျောင်းသားတယောက်ကို သူငယ်တန်းမှာ ဝက်ခြံနဲ့ထားမယ်ဆိုရင် ကျနော်တို့ ကြည့်ရက်ကြပါ့မလား။ သူ့ကို နေ့တဓူဝ စာသင်ကြားပေးရမယ့် ဆရာ၊ ဆရာမတွေကရော စိတ်ကောင်းနိုင်ကြပါ့မလား။ အဲဒီကျောင်းသားရဲ့ စိတ်အခြေအနေဟာရော အကောင်းအတိုင်း ရှိနိုင်ပါဦးမလား။ ဒီထက်ပိုစဉ်းစားရမှာကတော့ သူနဲ့အတန်းတူဖြစ်မယ့် သူငယ်တန်းကျောင်းသားလေးတွေရဲ့ စိတ်ထဲမှာ ခွဲခြားဆက်ဆံမှုဆိုတာကို ထမင်းစားရေသောက်ကိစ္စလိုများ အထင်ရောက်သွားလေမလား။ ဒီလိုသာဆိုရင် ကျနော်တို့ရဲ့ အနာဂတ်ဟာ ဘယ်လိုများ ကောင်းနိုင်စရာရှိပါဦးမလဲ။

3 months, 3 weeks ago

မထိခိုက်ဖို့သာ သတိပြုရပါမယ်။

(၄။ ခ။) CDM နဲ့ Non CDM

ကျောင်းသားတွေ CDM လုပ်ပြီး ကျောင်းမတက်ခြင်းဟာ တော်လှန်ရေးကို အထောက်အကူပြုပါတယ်။ စစ်အစိုးရရဲ့ ပညာရေးယန္တရားကို အနှောက်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် CDM ပညာရေးသပိတ်ကို လက်ရှိအချိန်မှာလည်း ဆက်လက်လုပ်ဆောင်ကြတာ ကောင်းပါတယ်။ CDM ကျောင်းသား၊ ကျောင်းသူတွေကိုလည်း ထိုက်တန်တဲ့ ဂုဏ်ပြုချီးမြှင့်မှုတွေ လုပ်ပေးကြရပါမယ်။ ဒါက တပိုင်းဖြစ်ပါတယ်။

နောက်တပိုင်းကတော့ CDM မလုပ်ဘဲ ကျောင်းတက်နေကြတဲ့ ကျောင်းသားတွေ ကိစ္စဖြစ်ပါတယ်။ သူတို့ကိုလည်း အဖြူမဟုတ်ရင် အမည်းပဲလို့တော့ သတ်မှတ်လို့မဖြစ်ပါဘူး။ ရှေ့အပိုင်းမှာ ဆိုခဲ့သလိုပါပဲ။ Non CDM ကျောင်းသားတွေဟာ ကျနော်တို့ စည်းရုံးရမယ့် ကြားလူတွေ ဖြစ်ပါတယ်။ အလေးအနက် ထပ်ပြောရရင်တော့ တိုက်ပွဲနည်းနာဟာ အရောင်စုံလေ ကောင်းလေပါပဲ။ ဒါကြောင့် Non CDM ကျောင်းသားတွေနဲ့ ပတ်သတ်လာရင် စည်းရုံးရေးအခြေခံကနေ ဗျူဟာကျကျ ချဉ်းကပ်ဖို့လိုအပ်ပါတယ်။

ကျောင်သားတွေ စုစည်းတည်ရှိနေတဲ့ ကျောင်းဟာ ရန်သူစစ်အုပ်စု အကြောက်ဆုံးအရာတွေထဲက တခုဖြစ်ပါတယ်။ ဒါဟာ အင်မတန်ထင်ရှားပါတယ်။ ကျောင်းတွေကို မြို့ပြင်ထုတ်ပစ်တာ၊ အရေးတော်ပုံတခုခုဖြစ်တိုင်း၊ လူထုလှုပ်ရှားမှု တခုခုဖြစ်တိုင်း ကျောင်းတွေကို ပိတ်ပစ်တာကို ကြည့်ရင်သိနိုင်ပါတယ်။ စစ်အုပ်စု ကြောက်မယ်ဆိုရင်လည်း ကြောက်စရာပါ။ စစ်အုပ်စုရဲ့ မျက်နှာဖုံးကို ပထမဆုံး ခွာဆုတ်ပစ်တာ ကျောင်းသားတွေပါ။ အဲဒီနောက်မှာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေဟာ တက္ကသိုလ်တွေ ကျောင်းတွေထဲမှာ အစဉ်အဆက် အလျှိုအလျှို ပေါ်ထွက်ခဲ့ကြတာပါပဲ။ ဒါကြောင့် စစ်အုပ်စုဟာ ကျောင်းသားတွေကို တစုတစုတည်း ရှိမနေနိုင်အောင် အမြဲကြိုးစားပါတယ်။ အင်မတန်ဖိနှိပ်တဲ့ ကျောင်းစည်းကမ်းတွေ၊ အဆောင်စည်းကမ်းတွေ ထုတ်ထားပါတယ်။

ဒီရက်ထဲမှာပဲ ရွှေပြည်သာမြို့နယ်က အခြေခံပညာကျောင်းသားတယောက်ဟာ မင်းအောင်လှိုင်ကို စော်ကားတဲ့ တစ်တော့ဗီဒီယိုတင်လို့ဆိုပြီး အဲဒီကျောင်းသားနဲ့ အခြားကျောင်းသား သုံးယောက်လောက်ကို ကျောင်းခန်းထဲအထိ ဝင်ဖမ်းပါတယ်။ ၂၀၂၄ နှစ်စပိုင်းလောက်မှာလည်း အသံတိတ်သပိတ်လုပ်လို့ဆိုပြီး အင်းစိန် GTI က ကျောင်းသားအချို့ကို ကျောင်းရှေ့မှာပဲ ရိုက်နှက်ဖမ်းဆီးသွားပါတယ်။ Non CDM ကျောင်းသားတွေထဲမှာလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ရပ်တည်ချက်ရှိသူတွေ ရှိနေတယ်ဆိုတာကို ဒီဖြစ်ရပ်တွေကနေ ကျနော်တို့ မြင်တွေ့နိုင်ပါတယ်။ တပြိုင်တည်းမှာပဲ ဒါဟာ တစုံလုံးဆိုင်ရာ အခြေအနေမဟုတ်ဘူးဆိုတာကိုလည်း ကျနော်တို့ သတိပြုရပါမယ်။ Non CDM ကျောင်းသားအများစုဟာ စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေကို တော်လှန်ဖို့ ကြောက်ရွံ့နေကြတယ်ဆိုတာဟာ လက်ရှိပကတိအခြေအနေဖြစ်ပါတယ်။ လက်ရှိမှာ ဒီလိုအခြေအနေဖြစ်ပေမယ့် Non CDM ကျောင်းသားတွေကြားမှာ အနာဂတ်ဖြစ်တန်ချေတွေ ကိန်းအောင်းနေတယ်ဆိုတာကိုလည်း ကျနော်တို့ မြင်အောင်ကြည့်ရပါလိမ့်မယ်။ ဒါကို စစ်အုပ်စုက အင်မတန်ကြောက်ပါတယ်။ ဒါကြောင့်ပဲ ဘာမဟုတ်တဲ့ ကိစ္စလေးတွေကိုတောင် ဆတ်ဆတ်ထိမခံဘဲ ဖမ်းဆီးပြနေတာပါ။ ဒါကို ကျနော်တို့က ဗျူဟာကျကျ ချဉ်းကပ်ဆောင်ရွက်ရပါမယ်။ အရေအတွက်ကနေ အရည်အချင်းကို ရောက်အောင် တဖြည်းဖြည်းလုပ်ယူကြရပါလိမ့်မယ်။ ဘယ်လိုလုပ်ဆောင်သင့်တယ်ဆိုတဲ့ နည်းနာအသေးစိတ်ကိုတော့ ဒီနေရာမှာ ဆွေးနွေးဖို့ မရည်ရွယ်ပါဘူး။ ခွင့်လွှတ်ကြစေလိုပါတယ်။

အဓိကကတော့ တိုက်ပွဲနည်းနာကို အဖြူမဟုတ်ရင် အမည်းပဲလို့ သတ်မှတ်မရဘူးဆိုတာရယ်၊ ရန်သူ့အခြေအနေနဲ့ မိမိအခြေအနေကို မှန်မှန်ကန်ကန် သုံးသပ်ပြီး တိုက်ပွဲပုံစံမျိုးစုံကို သင့်တော်သလို ကျင့်သုံးရမယ်ဆိုတာရယ်ပါပဲ။ Non CDM ပြဿနာကို ကိုင်တွယ်ဖြေရှင်းရာမှာ ကျနော်တို့ဟာ ဗျူဟာကျကျ ချဉ်းကပ်ဖို့လိုအပ်နေပါတယ်ခင်ဗျာ။

မြတ်ကို
မှတ်တမ်းနှင့်သုတေသနရေးရာကော်မတီ
ဗကသများအဖွဲ့ချုပ်

#Oway #ABFSU #UYSU #CDM #NonCDM #RevolutionaryTatics

3 months, 3 weeks ago

ICC ဝရမ်း ထုတ်ခံရမယ့် စစ်ခေါင်းဆောင်ကိုဖမ်းဖို့ ကြိုးစားမယ်လို့ NUGနဲ့ လူမျိုးစုအဖွဲ့ ၃ဖွဲ့ကြေညာ

ဒီဇင်ဘာ ၁၊ အိုးဝေ

လူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့စစ်ရာဇဝတ်မှုတွေနဲ့နိုင်ငံတကာကဖမ်းဝရမ်းထုတ်ခံရတော့မယ့် တရားခံ ဗိုလ်ချုပ်မင်းအောင်လှိုင်ကို ဖမ်းဆီးဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကရင်အမျိုးသားအစည်းအရုံး ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ၊ ချင်းအမျိုးသားတပ်ဦး တို့က မနေ့ညကပူးတွဲထုတ်ပြန်ထားပါတယ်။

ပူးတွဲထုတ်ပြန်ချက်ထဲ အချက် ၇ ချက်လောက်ပါဝင်တဲ့အနက် ဗိုလ်ချုပ်မင်းအောင်လှိုင်ကိုဖမ်းမယ့်အချက်အပြင် နောက်ထပ် အဓိက ၃ ချက်‌လောက်ပါဝင်ပါသေးတယ်။

ပထမတချက်ကတော့ အိမ်နီးချင်းနိုင်ငံတွေ ၊ အာဆီယံနဲ့ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက စစ်အုပ်စုကိုတနည်းနည်းနဲ့ဆက်ဆံနေကြတာဟာ စစ်ရာဇဝတ်မှုကိုအားပေးအားမြှောက်လုပ်ရာကျတယ်ဆိုပြီး သတိပေးထားတာပါ။

နောက်တချက်ကတော့ မြန်မာ့တပ်မ‌တော်သားတွေအနေနဲ့ စစ်ရာဇဝတ်တရားခံရဲ့လက်အောက်ခံအနေနဲ့ ရှေ့မဆက်ကြဘဲ ပြည်သူလူထုကို အကျိုးပြုတဲ့ တပ်မတော်အဖြစ် ရပ်တည်သွားကြဖို့ စည်းရုံးဖိတ်ခေါ်ထားတာပါ။

နောက်တချက်ကတော့ အရင်ကဗမာပြည်က ရိုဟင်ဂျာလူမျိုးတွေအပေါ်ကျူးလွန်ခဲ့တဲ့စစ်ရာဇဝတ်မှုတွေနဲ့အလားတူ လက်ရှိ စစ်တပ်ကပြည်သူလူထူအပေါ်ကျူးလွန်နေတဲ့ လူသားမျိုးနွယ်ဆန့်ကျင်ရာဇဝတ်မှုတွေကိုလည်း ဖော်ထုတ်ပြီး ICC နဲ့ ICJ တို့မှာ နိုင်ငံတကာဥပဒေအရအရေးယူနိုင်အောင်ကြိုးစားသွားမယ်လို့ဖော်ပြထားပါတယ်။

နိုင်ဝင်ဘာ ၂၇ရက်နေ့ ညနေပိုင်းက စစ်ခေါင်းဆောင်ကို ဖမ်းဝရန်းထုတ်ဖို့ လျှောက်ထားလိုက်ပြီးဖြစ်ကြောင်း ICC ရဲ့ရှေ့နေချုပ် Karim A.A. Khan KC ကတရားဝင်ထုတ်ပြန်ကြေညာထားပါတယ်

#Oway #ABFSU #UYSU

3 months, 4 weeks ago

၁၇ ရက်ကြာ ထိုးစစ်အပြီး တောင်ကုတ်မြို့ကို AA ထိန်းချုပ်

နိုဝင်ဘာ ၂၉၊ အိုးဝေ

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းတွေကို ၁၇ ရက်ကြာ ထိုးစစ်ဆင်အပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တယောက်မှ မရှိတော့ဘဲ မြို့တခုလုံးကို ထိန်းချုပ်လိုက်ပြီလို့ အာရက္ခတပ်တော် (AA) က ဒီကနေ့ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ သတင်းထုတ်ပြန်လာပါတယ်။

တောင်ကုတ်မြို့ပြင်ပရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုကို ၁၇ ရက်အတွင်း သိမ်းပိုက်ရရှိခဲ့ပြီးနောက် နိုဝင်ဘာလ ၂၄ ရက်နေ့မှာတော့ တောင်ကုတ်မြို့တခုလုံးကို AA က အလုံးစုံ ထိန်းချုပ်နိုင်ခဲ့တာပါ။

တောင်ကုတ်မြို့သိမ်းတိုက်ပွဲအဖြစ် AA က စစ်ကောင်စီတပ်စခန်း ၁၀ ခုကို နိုဝင်ဘာလ ၄ ရက်မှ ၂၀ ရက်နေ့အတွင်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တောင်ကုတ်မြို့ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ပြီးနောက်မှာတော့ စကခ ၅ တပ်မဌာနချုပ်နဲ့ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ ၃၄၆ နဲ့ ခမရ ၅၄၄ တပ်ရင်းဌာနချုပ် စခန်းတွေကို AA က တပြိုင်နက်တည်း တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

တောင်ကုတ်မြို့ကို AA မထိန်းချုပ်နိုင်ခင်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မြို့အတွင်းက ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူတာ၊ ဖျက်ဆီးတာ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတို့ကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ တောင်ကုတ်မြို့အတွင်း ကျန်ရှိ‌နေတဲ့ ပြည်သူတွေကို ဘေးလွတ်ရာကို ပြောင်းရွှေ့ပေးနေပြီး တိုက်ပွဲပြင်းထန်နေချိန်ကို အခွင့်ကောင်းယူကာ ခိုးယူနေတဲ့ သူခိုးတွေကို လိုက်လံရှာဖွေပြီး ဖမ်းဆီးအရေးယူသွားမယ်လို့ AA က ဆိုပါတယ်။

အာရက္ခတပ်‌တော်က သိမ်းပိုက်ဖို့ ကျန်ရှိနေတဲ့ မြို့တွေကို တမြို့မကျန် ဆက်လက်သိမ်းယူနိုင်ရေး ကြိုးပမ်းနေသလို မောင်တောမြို့က လက်ကျန် နခခ ၅ စခန်းကိုလည်း အပြီးသတ် သိမ်းပိုက်ရယူနိုင်ရေး ထိုးစစ်ဆင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ရခိုင်ပြည်နယ်မှာ တကျော့ပြန်တိုက်ပွဲ တနှစ်ကျော်ကာလအတွင်း ချင်းပြည်နယ် ပလက်ဝ‌ဒေသ အပါအဝင် ပေါက်တော၊ ကျောက်တော်၊ မြေပုံ၊ မြောက်ဦး၊ မင်းပြား၊ပုဏ္ဏားကျွန်း၊ ရမ်း‌ဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ သံတွဲနဲ့ တောင်ကုတ်မြို့တို့ကို အာရက္ခ‌တပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။

ဓာတ်ပုံ - AA Info Desk

4 months ago

အားလုံး ပူ‌ပေါင်းပါဝင်ဖို့ လိုပါတယ်။

ကိုးကား - BBC

ကေတို

ပုံစာ - သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားရေးအဖွဲ့မှ COP29 ညီလာခံအား ဆန့်ကျင်ဆန္ဒပြ

4 months ago
Oway - အိုးဝေ
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 6 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 7 months, 2 weeks ago