Brother Figure For You

Description
A telegram channel for people who want to improve their lives.
A channel you must subscribe to for valuable short-form letters.
Follow me on other social platforms and check my services:
https://portfolioafafaf.my.canva.site/aungpaingphyo
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 8 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 11 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 2 years ago

1 Jahr, 9 Monate her

ကျွန်တော် ဒီ Telegram Channel မှာရော YouTube Channel မှာရော
ဘာ Content မှ မတင်ဖြစ်တာ တော်တော်လေး ကြာသွားခဲ့ပါတယ်။

မျှော်နေတဲ့ သူတွေရှိတာ‌ကြားရလို့
ဝမ်းသာပါတယ်။

ကျွန်တော် နေကောင်းပါတယ်။

ကျွန်တော် ရုတ်တရက် သင်္ဘာပေါ်ရောက်သွားလို့ပါ။

တချို့သိတဲ့သူတွေသိပါလိမ့်မယ်။
ကျွန်တော် YouTube channelကိုရော Telegram Channelကိုရော
သင်္ဘာလိုက်ဖို့ လုပ်ရင်းနဲ့ run နေတယ်ဆိုတာ။

လောလောဆယ်တော့ YouTube မှာ
ဗီဒီယိုအသစ်တွေတင်ဖို့ မရှိသေးပါဘူး။

Telegram မှာတော့ တခါတလေ
စာတိုလေးတွေ အားတဲ့ အချိန်
ပြန်ရေးသွားဖို့ အစီအစဉ်ရှိပါတယ်။

အားလုံးပဲ ကျန်မာရေးဂရုစိုက်ကြပါ။
အန္တရယ်ကင်းအောင် နေကြပါ။

ကျွန်တော်ပိုပြီးကောင်းတဲ့
Content တွေနဲ့ ပြန်လာခဲ့ပါမယ်။

@apphyo99

1 Jahr, 11 Monate her

ယောင်္ကျားတစ်ယောက် ဘဝမှာသာမန်ထက်ပိုပြီးအောင်မြင်ဖို့
ဆိုရင် သူ့မှာ

(၁) လိုချင်တာမရခဲ့တဲ့ ငယ်ဘဝရှိ
ဖို့လိုတယ်

(၂) ကလေးဘဝမှာ ကျန်မာရေးခြူခြာပြီး အနိုင်ကျင့်ခံ
အလှောင်ပြောင်ခံခဲ့
ရဖို့လိုတယ်။

(၃) လိုတာထက်ပိုပြီး ဂရုမစိုက်
အလိုမလိုက်တတ်တဲ့ မိဘတွေရဲ့
လက်ထဲမှာ ကြီးပြင်းခဲ့
ဖို့လိုတယ်။

(၄) သူဘယ်လောက်ပဲကြိုးစား
ကြိုးစား အစပိုင်းမှာ ကျရူံးဖို့
လိုတယ်။ ဒါမှလည်း အောက်သက်ကျေပြီး အောင်မြင်မူရဲ့ ဒဏ်ကို ပိုပြီးခံနိုင်ရည်ရှိ
လိမ့်မယ်။

(၅) သူ့နှလုံးသားကို စုတ်ပြဲသတ်
သွားအောင်ချေမွဖျက်စီးသွားမယ့်မိန်းမတစ်ယောက်
ရှိဖို့လိုတယ်။

(၆) ဘဝကပေးတဲ့ နာကျင်မူတွေကြောင့် စွဲလမ်းမူတွေအောက်မှာ
မပျက်စီးသွားအောင် ကိုယ့်ကိုကို
ထိန်းချုပ်နိုင်တဲ့ သံမဏိလို
မာကြောတဲ့ စိတ်ဓာတ်မျိုး
ရှိဖို့လိုတယ်။

@speakformen
@brotherfigureforyou

1 Jahr, 11 Monate her

ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ
Problem Solving Machine
တစ်ခုပဲ

ဦးနှောက်ဟာ သဘာဝအရ
ပြဿနာတွေကို ဖြေရှင်းရတာ
သဘောကျတယ်။

ပြဿနာ‌တွေကို ဖြေရှင်းခွင့်မရတဲ့
ဦးနှောက်ဟာလည်း သူ့ဘာသာ
ပြဿနာအသစ်တွေကို
ဖန်တီးနေလိမ့်မယ်။

အဲ့ဒီအခါ ကိုယ့်မှာ အရင်ကမရှိတဲ့
စိတ်ပိုင်းဆိုင်ရာ
ပြဿနာတွေကိုယ့်ဆီ
ရောက်လာတော့တယ်။
အထီးကျန်ခြင်းကို
စတင်ခံစားလာရတော့တယ်။

တကယ်တော့ ကျွန်တော်တို့
ဘဝမှာ ပြဿနာတွေဟာ
မရေမတွက်နိုင်အောင်
ရှိနေပြီးသားပဲ။

ဒါပေမဲ့ လူအများစုဟာ
ကိုယ့်ရဲ့ ပြဿနာတွေကို
ဦးနှောက်ကို ဖြေရှင်းခွင့်
မပေးဘဲရှောင်ထွက်သွား
လေ့ရှိတယ်။

အောင်မြင်ပြီးသား
လူအများစုဟာ ဘာ့ကြောင့်
သူတို့ရဲ့ လုပ်ငန်းတွေကို
ထက်ပြီး တိုးချဲ့နေတာလဲဆိုတော့
ပြဿနာအသစ်တွေကို
ထပ်ပြီး ဖြေရှင်းချင်တဲ့
ဦးနှောက်ရဲ့ သဘာဝကို
မလွန်ဆန်နိုင်လို့ပဲ။

တကယ်တော့သူတို့ ဟာ
ဘာအလုပ်မှမလုပ်ဘဲ
တစ်သက်လုံး အေးဆေးနေလို့
ရအောင် ချမ်းသာနေပြီးပြီ။
ဒါပေမဲ့ သူတို့ အလုပ်တွေ
ဆက်ပြီး လုပ်နေတယ်။

ပြဿနာအသစ်တွေကို
ထပ်ပြီးဖြေရှင်းနိုင်ဖို့ ကြိုးစား
နေကြတယ်။

ဥပမာ ကမ္ဘာ ပေါ်မှာအချမ်းသာဆုံးဘီလျံနာတွေဖြစ်တဲ့
Jeff Bezos တို့ Elon Musk
တို့ဟာ အာကာသကို
ခြေဆန့်ဖို့ ပြင်နေကြပြီ။
လူသားမျိုးနွယ်မဖြေရှင်းနိုင်သေးတဲ့ပြဿနာအသစ်တွေကို
ဖြေရှင်းနိုင်ဖို့ ကြိုးစား‌နေ
ကြပြီ။

သူတို့ အဲ့ဒီလိုမဖြေရှင်းနေဘူး
ဆိုလည်း ပိုက်ဆံတွေသာချမ်းသာနေပေမယ့်
ဖြေရှင်းစရာ ပြဿနာတွေ
မရှိတော့တဲ့ ဦးနှောက်ဟာ
သူတို့ကို စိတ်ဓာတ်ကျအောင်
ဖန်တီးလိမ့်မယ်။
ဒါကို သူတို့လည်း
ကောင်းကောင်းသိတယ်။

ဘဝမှာ ဖြေရှင်းစရာ
ပြဿနာတွေ မကျန်တော့တဲ့
လူတွေဟာ
ဘဝဆိုတဲ့ ဂိမ်းကို
Level အားလုံး နိုင်အောင်
ဆော့ပြီးလို့ ငြီးငွေ့သွားတဲ့
လူတွေလို့ ဖြစ်နေလိမ့်မယ်။

ကျွန်တော်တို့လို သာမန်လူတွေ
မှာတော့ ဖြေရှင်းလို့ မကုန်နိုင်တဲ့ပြဿနာတွေဟာရှိနေပြီးသားပဲ။
အရေးကြီးတာက အဲ့ဒီပြဿနာတွေကနေ ခဏခဏ ရှောင်ထွက်
မပြေးနေဖို့ပဲ။

@apphyo99
@brotherfigureforyou

1 Jahr, 12 Monate her

ချက်ချင်းရတဲ့ သာယာမူတွေဟာ
ရေရှည်မှာ ကိုယ့်အတွက် ကောင်းကျိုးမပေးဘူး

အသင့်စား ခေါက်ဆွဲထုတ်
တွေဟာ ပြုတ်စားရတာလွယ်တယ်။
ဒါပေမဲ့ ရေရှည် မှာကျန်မာရေး
ကို ထိခိုက်စေတယ်။

စီးကရက်တစ်လိပ်ဟာလည်း
မီးညှိပြီး သောက်ရတာ
လွယ်တယ်။
ဒါပေမဲ့ တစ်ချိန်မှာ ကိုယ့်ရဲ့
အဆုတ်ကို ‌လောင်ကျွမ်း
စေလိမ့်မယ်။

ကိုယ့်ကို တစ်ကယ်ချစ်တဲ့
လူတစ်ယောက်ကို
ပြစ်ပြီး အသစ်တွေ့တဲ့လူ
တစ်ယောက်နဲ့ အပျော်သဘော
အနေနဲ့ တွဲလိုက်ဖို့က
လွယ်တယ်။
ဒါပေမဲ့ တစ်ချိန်မှာ ကိုယ့်ကို
နောင်တအကြီးအကျယ်
ရစေလိမ့်မယ်။

So, don't seek instant
gratification.
Seek the pain.
Seek the suffering.
Seek the loneliness.

@apphyo99
@brotherfigureforyou

1 Jahr, 12 Monate her

ပျော်ရွင်ခြင်းဆိုတာ တစ်စုံတစ်ယောက်ဆီမှာ
ရှာဖွေရတာ မဟုတ်ဘူး
ကိုယ့်ရဲ့ အတွင်းစိတ်ထဲမှာ
ကိုယ်ပြန်ရှာဖွေရတာ

လူတစ်ယောက်ရဲ့ ပျော်ရွင်မူကို
တခြားသူတစ်ယောက်က
အမြဲတမ်းဖန်တီးပေးနိုင်ဖို့
ဆိုတာ မဖြစ်နိုင်ဘူး။
ကိုယ့်ကိုပျော်ရွင်အောင်
လုပ်ပေးဖို့အတွက်
ဘယ်သူ့ဆီမှာ မှလည်း
တာဝန်မရှိဘူး။

ကိုယ့်ဘာသာကို ‌မပျော်တတ်တဲ့
လူတစ်ယောက်ဟာ
ဘယ်သူတွေနဲ့ပဲရှိရှိ
ဘယ်နေရာပဲရောက်ရောက်
ဘယ်လို ပကာသနတွေကိုပဲ
ပိုင်ဆိုင်နေပါစေ
ပျော်ရမှာမဟုတ်ဘူး။

ဘာ့ကြောင့်လဲဆိုတော့
သူ့ရဲ့စိတ်ဟာ ပစ္စုပ္ပန်မှာ
ရှိမနေလို့ပဲ။

တကယ်တော့ ပျော်ရွင်ခြင်းဆိုတာ ကိုယ့်ရဲ့အတွင်းစိတ်ထဲမှာ
ငြိမ်းချမ်းမူကို ပြန်လည်
ရှာဖွေရတာ။

လူတစ်‌ယောက်ဟာ ကိုယ့်ရဲ့
အတွင်းစိတ်ထဲမှာ ငြိမ်းချမ်းမူကို
ပြန်လည်ရှာဖွေ နိုင်လာတဲ့အခါ
သူဘေးနားမှာ ဘယ်သူမှရှိမနေလည်း တစ်‌ယောက်တည်း
ပျော်‌နေနိုင်လိမ့်မယ်။

@apphyo99
@brotherfigureforyou

1 Jahr, 12 Monate her

Shut your mind off

ကျွန်တော်တို့ လူသားတိုင်းမှာ
ကိုယ့်ရဲ့ စိတ်ထဲ အတွေး
ပေါင်းစုံ ဝင်မလာနိုင်အောင်
ပိတ်ချထားဖို့ အချိန်တစ်ခု
လိုတယ်။

ဘာ့ကြောင့်လဲဆိုတောဘ
စိတ်ကို အနားပေးဖို့လိုတယ်။
စိတ်ဟာ သဘာဝအရ
မကောင်းတဲ့အရာတွေကို
များများတွေးတယ်။

ကိုယ့်ရဲ့စိတ်ထဲ မကောင်းတဲ့
အတွေးတွေ ဝင်မလာအောင်
တားစီးဖို့ဆိုရင်
စာရေးပါ
ပန်းချီဆွဲပါ
ကာဒီရိုလုပ်ပါ
တရားထိုင်ပါ
ယောဂလေ့ကျင့်ပါ

အဲ့ဒီလို အပြုအမူတွေဟာ
ပင်ပန်းနွမ်းနယ်နေတဲ့
ကိုယ့်ရဲ့ စိတ်ကိုအနားရစေတယ်။
နှောက်ကျိနေတဲ့ စိတ်ကို
ပြန်လည် ကြည်လင်စေတယ်။

@apphyo99
@brotherfigureforyou

2 Jahre her

ကိုယ့်ကို မယုံကြည်ခဲ့တဲ့
သူတွေကို မှားယွင်းကြောင်း
သက်သေပြပါ

ကျွန်တော်တို့ ဘဝမှာ ကိုယ့်ကို
ဘယ်သူကမှ မယုံကြည်တဲ့
အချိန်တွေနဲ့ ကြုံရနိုင်တယ်။

ကိုယ့်ရဲ့မိဘတွေအပြင်
ချစ်သူရည်းစားကပါ
ကိုယ့်အပေါ် ယုံကြည်
လေးစားမူမရှိတော့တဲ့
အခြေအနေတွေနဲ့လည်း
ကြုံရနိုင်တယ်။

အဲ့ဒီလိုအခြေအနေမျိုးမှာ
ကိုယ့်ကို ဘယ်သူမှ
မယုံကြည်လည်း ကိုယ်ကိုယ့်ကို
ယုံကြည်နေဖို့လိုတယ်။

ကိုယ့်ကိုယ့်ကိုမှ မယုံကြည်ရင်
ကိုယ့်ကို ဘယ်သူကမှ
ယုံကြည်လာမှာမဟုတ်ဘူး။

နောက်ပြီးတော့
ကိုယ်ဖောက်နေတဲ့ လမ်းအပေါ်
ယုံကြည်ချက်ထားပြီး
ဆက်လျှောက်ရဲဖို့လိုတယ်။

တကယ်တော့ ကိုယ့်ကိုကို ယုံကြည်နေရင်ရပြီ။
ကိုယ့်ကို ဘယ်သူမှ ယုံကြည်
‌နေစရာမလိုဘူး။

ဒါပေမဲ့ ကိုယ့်ကို လူတွေ
မယုံကြည် ခဲ့တဲ့
နာကျင်မူတွေ
အထင်သေးခဲ့တဲ့
နာကျင်မူတွေကို
လောင်စာတွေအနေနဲ့
သုံးစွဲရမယ်။

ကိုယ့်ကို မယုံကြည်ခဲ့တဲ့
သူတွေကို
မှားယွင်းကြောင်း
သက်သေပြရမယ်။

@brotherfigureforyou

2 Jahre her

ဒီအပတ် Weekend မှာလည်း Meet Up ရှိပါတယ်။ ဒါပေမဲ့ Free တော့မဟုတ် တော့ပါဘူး။ ဒီအပတ်လုပ်မယ့် Meet Upကိုတော့ နှစ်ရက်ခွဲပြီး တစ်နေရာစီ စီစဉ်ထားပါတယ်။ ပထမနေရာကတော့ ရန်ကုန်မြို့ထဲက Coffee ဆိုင် တစ်ခုမှာပါ။ ဒါကိုတော့ ပထမအပတ်ထဲက စာရင်းလာပေးထားတဲ့သူ တစ်ယောက်ရှိပါတယ်။…

2 Jahre her

သင်ဟာ ဖန်တီးနိုင်စွမ်း
အားကောင်းတဲ့
လူတစ်ယောက်ဆိုရင်
ရောင်းချတတ်အောင်လည်း
ကြိုးစားသင့်တယ်။

ဖန်တီးနိုင်စွမ်းအားကောင်းတဲ့
သူအများစုဟာ ‌ရောင်းချတဲ့
နေရာမှာ အားနည်းကြတယ်။

သူတို့ဟာ ဖန်တီးနေရရင်ကို
ပျော်နေကြတာ။

ခေတ်ပြိုင်တီထွင်သူနှစ်ဦးဖြစ်တဲ့
အက်ဒီဆင်နှင့် တက်စလာကို
နှိုင်းယှဉ်ကြည့်မယ်ဆိုရင်
အက်ဒီဆင်ဟာ ဖန်တီးနိုင်စွမ်း
အားကောင်းတဲ့လူတစ်ယောက်
ဖြစ်တဲ့အပြင် စီးပွားရေးအမြင်
လည်းရှိတယ်။
ရောင်းချတတ်တယ်။
ဈေးကွက်ရှာတတ်တယ်။

နီကိုလာတက်စလာကြတော့
ဖန်တီးနိုင်စွမ်းအားကောင်း
ပေမယ့် စီးပွားရေးအမြင်
အားနည်းတယ်။
အဲ့ဒီတော့ သူ့ရဲ့ တီတွင်ဖန်တီးမူ
တွေအတွက် ထိုက်တန်တဲ့
အကျိုးအမြတ်တွေကို
သူမရရှိခဲ့ဘူး။

အက်ဒီဆင်ဟာ အောင်မြင်တဲ့
စီးပွားရေးလုပ်ငန်းရှင်
တစ်ယောက်ဖြစ်လာခဲ့ပေမယ့်
တက်စလာဟာ သူ့ရဲ့
နောက်ဆုံးအချိန်တွေကို
ဟိုတယ်အခန်းတစ်ခုမှာ
တစ်ယောက်တည်း ခက်ခက်ခဲခဲ
ဖြတ်သန်းပြီး ကွယ်လွန်
သွားရှာရတယ်။

ဒါဟာ တက်စလာလို
ညဏ်ကြီးရှင်တစ်ယောက်
အတွက် သိပ်ဝမ်းနည်း
ဖို့ကောင်းတယ်။

ဒါ့ကြောင့် ကျွန်တော်တို့
အနေနဲ့လည်း ကိုယ်ဟာ
ဖန်တီးနိုင်စွမ်းအားကောင်းတဲ့
လူတစ်ယောက်ဆိုရင်
ရောင်းချတတ်အောင်လည်း
ကြိုးစားသင့်တယ်။

@brotherfigureforyou

2 Jahre, 3 Monate her

နာကျင်ခြင်းကို ခွန်အားအဖြစ်
ပြောင်းလဲပါ

၁၉၈၀ Mr Olympia ပြိုင်ပွဲအပြီး
Tom Platz တစ်ယောက်
အိမ်ပြန်လာခဲ့တယ်။
သူလေ့ကျင့်တဲ့ Gym ကိုရောက်ရောက်ချင်း သိလိုက်ရတဲ့
မြင်ကွင်းက သူ့အသည်းကို
လုံးဝကွဲကြေစေခဲ့တယ်။

နောက်ခြောက်လအတွင်း
သူလက်ထက်ဖို့ ရည်ရွယ်ထားတဲ့ သူနဲ့ စေ့စပ်ထားတဲ့
အမျိုးသမီးက သူ့ရဲ့
ကစားဖော်နဲ့ ဖောက်ပြန်
နေခဲ့တယ်။

အဲ့ဒီမြင်ကွင်းဟာ
Tom Platz အတွက်
မယုံကြည်နိုင်အောင်
ဖြစ်ခဲ့ရတယ်။
ဒီမိန်းကလေးက ဒီလောက်တောင်
ရက်စက်ပါလား။
သံယောဇဉ်ကို မထောက်ထားဘဲ
ခဏလောက်ဝေးသွားတာနဲ့
လုပ်ရက်တယ်ဆိုပြီး
ဝေခွဲမရအောင်ဖြစ်နေခဲ့တယ်။
သူ့စိတ်ထဲမှာလည်း
ဒေါသတွေ နင်ကျခြင်းတွေနှင့်
ပြည့်နှက်နေခဲ့တယ်။
အစပိုင်းမှာ ဘာမှ
မလုပ်နိုင်အောင်
သူစိတ်ဓာတ်‌တွေ ကျနေခဲ့တယ်။

သူ့ချစ်သူနဲ့ ဖောက်ပြန်သွားတဲ့
လူရဲ့ ခေါင်းကို Dumbell နဲ့ထု
သေအောင်သတ်ပြီး ထောင်ထဲ
ဝင်ဖို့ထိ ‌သူတွေးခဲ့တယ်။
ဒါပေမဲ့ သူမလုပ်ဖြစ်ခဲ့ဘူး။

အဲ့ဒီအစားသူ့ရဲ့ နာကျင်မူတွေကို
ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ
လုပ်ဆောင်တဲ့ နေရာမှာ
အသုံးချခဲ့တယ်။
သူ့ရဲ့ ပြောပုံအရ အဲ့ဒီအချိန်ဟာ
သူ့အတွက် လေ့ကျင့်ခန်းလုပ်လို့
အကောင်းဆုံး အချိန်ဖြစ်ခဲ့တယ်။

အဲ့ဒီလိုနဲ့ ၁၉၈၁ ခုနှစ် Mr Olympia ပြိုင်ပွဲမှာ Tom Platz တစ်ယောက် တတိယဆု ချိတ်ခဲ့တယ်။ သူ့ဖက်က အကောင်းဆုံးပြင်ဆင်ခဲ့ပေမယ့် Arnold ရဲ့
ကစားဖော်ဖြစ်တဲ့ Franco Columbu ကိုမကျော်နိုင်ခဲ့ဘူး။

တကယ်တော့ နာကျင်ခြင်းတွေ အသည်းကွဲခြင်းတွေ ဒုက္ခတွေဟာ ဘဝတစ်ကွေ့ကွေ့မှာ
ကျွန်တော်တို့ ကြုံကိုကြုံရမဲ့
အရာတွေပဲ။

အဲ့ဒီအရာတွေဟာ ကျွန်တော်တို့ကို ဖျက်စီးပြစ်လိုက်နိုင်သလို
ပိုပြီး တိုးတက်အောင်လည်း
အကူအညီပေးနိုင်တယ်။

အသည်းကွဲခြင်းတွေ
နာကျင်ခြင်းတွေကို
ရှောင်လွှဲဖို့ မလွယ်ပေမယ့်
ကိုယ်ဘယ်လို တုံပြန်မလဲဆိုတာ
ရွေးချယ်လို့ရတယ်။

@brotherfigureforyou

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 8 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 11 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 2 years ago