News Of Myanmar NOM

Description
News Of Myanmar Official Channel.

WhatsApp Link: https://whatsapp.com/channel/0029VaJEk7V47XeKJVKwfr3S
We recommend to visit

Bugun.uz нашрининг расмий Telegram-канали

Таҳририят: @bugunuzaloqabot
РокНаПа: @bugunuzreklama

Last updated 1 year ago

Welkom bij het officiĂŤle FVD-kanaal op Telegram! Meld je aan om op de hoogte te blijven van het laatste nieuws, acties en events.

Lid worden van Forum voor Democratie? Dat kan al vanaf slechts 25 euro per jaar. Ga naar fvd.nl/word-lid!

Last updated 10 months, 3 weeks ago

Kanaal van Brecht Arnaert

Last updated 1 year, 2 months ago

10 months, 3 weeks ago

အင်းစိန်တွင် ကား​ပေါ်၌အသတ်ခံထားရ​​သော အမျိုးသားအ​လောင်း​တွေ့

NOM ဇန်နဝါရီ ၇၊ ၂၀၂၅

အင်းစိန်မြို့နယ်၊တညင်းကုန်းရပ်ကွက်၊စက်မှုဇုန်(၄)၊ကင်းဝန်မင်းကြီးလမ်း​ပေါ်တွင်ရပ်ထား​သောကားတစ်စီး​ပေါ်၌ဇန်နဝါရီ လ၇ ရက်နံနက်၁၁း၃၅နာရီအချိန်ကဓါးဖြင့်ထိုးသတ်ခံထားရ​သောအမျိုးသားအ​လောင်းတစ်​လောင်း​တွေ့ရှိ​ကြောင်းသိရသည်။
ဦး​ရွှေဘင်လမ်းဘက်မှဆိပ်ကမ်းသာလမ်းဘက်သို့ဦးတည်ရပ်ထား​သောYGN 5 9J/1265ဒိုင်ဟတ်စုကား​ပေါ်တွင်တညင်းကုန်း​စျေး၊ရုံ(၂)၌ကုန်စိမ်း​ရောင်း​သော​ဇော်မျိုးနိုင်(​ခေါ်)အညာသားသည်ဝဲဗိုက်ထိုးသွင်းဒဏ်ရာတစ်ချက်၊ယာလည်ပင်းထိုးသွင်းပြတ်ရှဒဏ်ရာတစ်ချက်ဖြင့်​သေဆုံး​နေသည်ကို​တွေ့ရသဖြင့်အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့နှင့်မှုခင်းတပ်ဖွဲ့ပူး​ပေါင်းကာလူသတ်တရားခံဖမ်းမိ​ရေး​ဆောင်ရွက်​နေ​ကြောင်းသိရသည်။

News Of Myanmar NOM

10 months, 3 weeks ago

လျှပ်စစ်မီး ကိစ္စက လုပ်စရာ ၄ ချက်ပဲ ရှိပါတယ်။ ပထမအချက်က နဂိုကတည်းက ပြည့်မှီအောင်မလုပ်နိုင်ခဲ့တဲ့၊ တနည်းအားဖြင့် လုံလောက်အောင် မထုတ်နိုင်သေးတဲ့ ပကတိ အခြေအနေကို ပြည်သူဆီ ချပြပေးလိုက်ပါ။ ဒါနဲ့ ဆက်စပ်ပြီး အကြမ်းဖက်တွေ ဖျက်ဆီးခဲ့လို့ ပျက်စီးရတဲ့ ဆုံးရှုံးမှုစာရင်းကို စာရွက်နဲ့ ကြေညာချက်ထုတ်ပြန်တာထက် စာရင်းဇယားနဲ့တကွ ရုပ်သံနဲ့ပါ ထွက်ရှင်းပြလိုက်ပါ။ ခုဟာက ဝေဖန်သံတွေ ညံလာမှ ထွက်ထွက်ရှင်းတာက အစိုးရ ပုံရိပ် ကျပါတယ်။

ဒုတိယအချက်ကတော့ လက်ရှိ ပြည်ထောင်စု အစိုးရ လက်လှမ်းမမှီတော့တဲ့ ဒေသတွေကို လျှပ်စစ်ပေးတာ ရပ်လိုက်ပါ။ ဒါနဲ့တပြိုင်နက်တည်း ငွေပေးရင် လျှပ်စစ်ခိုးသွယ်ပေးတဲ့ ဝန်ထမ်းတွေကိုလည်း စိစစ်ပြီး အရေးယူပါ။ ရပ်ကွက်တွေမှာ ဝန်ထမ်းနဲ့ပေါင်းပြီး လျှပ်စစ်ခိုးသွယ်နေတဲ့ အကျင့်ပျက် ပြည်သူတွေကိုလည်း ဖော်ထုတ်အရေးယူကြပါ။

တတိယအချက်ကတော့ ရေတိုကာလ ဘယ်လို အဖြေရှာမလဲဆိုတာ အကြံပြုကြပါ။ လျှပ်စစ်မီးဟာ MSME နဲ့ပါ နွယ်တဲ့ကိစ္စဖြစ်လို့ အရေးကြီးပါတယ်။ တခြား ကဏ္ဍတွေ ဘယ်လို တိုးတက်နေပါစေ ...ပြည်သူတွေရဲ့ စား၊ဝတ်၊နေရေး အဆင်မပြေရင် အစိုးရဟာ အဆဲ ခံ အစိုးရ ဖြစ်နေမှာပါပဲ။

နောက်ဆုံးအချက်ကတော့ ....သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှု အနည်းဆုံး ဖြစ်အောင်နဲ့ ပြည့်ဖြိုးမြဲ ရေအားလျှပ်စစ်တွေကို ဘယ်လို အမြန်ဆုံး တည်ဆောက်နိုင်မလဲ ဆိုတာ ပညာရှင်တွေနဲ့ ညှိနှိုင်း တိုင်ပင်ကြည့်ကြဖို့ပါပဲ။ ဥပမာ ရေစီးအားကောင်းတဲ့ သံလွင်မြစ် နေရာမျိုး။ သေချာတာကတော့ ရာထူးနဲ့ အခွင့်အရေး ယူထားပြီးရင် အကုန်လုံးက နို့သက်ခံ စို့နေလို့မရပါဘူး။ ဘယ်နေရာက ယိုပေါက်ရှိနေသလဲ ဆိုတာ အဆင့်လိုက် တာဝန်ခံရပါ့မယ်။ အဆင့်လိုက်တာဝန်ယူရပါ့မယ်။

(နရီမိုး)

10 months, 3 weeks ago

အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့၏ (IOSA) လက်မှတ် သက်တမ်းတိုး ကြောင်း MAI ကြေညာ
NOM၊ဇန်နဝါရီ ၇၊၂၀၂၅
အပြည်ပြည်ဆိုင်ရာမြန်မာလေကြောင်း (MAI) သည် ကမ္ဘာ့လေကြောင်းပို့ဆောင်ရေးကဏ္ဍတွင် အမြင့်ဆုံးသတ်မှတ်ချက်ဖြစ်သည့် အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့ IATA ၏ လုပ်ငန်း ဆိုင်ရာအရည်အသွေးစစ်ဆေးမှုအစီအစဉ် (IOSA) လက်မှတ်အား သက်တမ်းတိုးခြင်း ဆောင်ရွက်ပြီးစီးကြောင်း ကြေညာခဲ့သည်။
၂၀၁၂ ခုနှစ်ကတည်းကပင် IOSA လက်မှတ်ရရှိထားသည့် လေကြောင်းလိုင်းတစ်ခုအနေဖြင့် ယခု သက်တမ်းတိုးဆောင်ရွက်မှုသည် MAI ၏ အထူးကောင်းမွန်သည့် ပျံသန်းရေးဆိုင်ရာလုပ်ငန်း ဆောင်ရွက်ချက်နှင့် ခရီးသည်များဘေးအန္တရာယ်ကင်းရှင်းရေးအတွက် အားထုတ်ကြိုးပမ်းမှုများအပေါ် မီးမောင်းထိုးပြလိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
IOSA program သည် ၄င်း၏ လေကြောင်းပို့ဆောင်ရေး ဘေးအန္တရာယ်ကင်းရှင်းလုံခြုံမှုဆိုင်ရာ တင်းကျပ်သည့်စစ်ဆေးအကဲဖြတ်မှုများကြောင့် ကမ္ဘာတစ်ဝှမ်းလုံးမှ အသိအမှတ်ပြုထားသည့် program တစ်ခုဖြစ်ကြောင်း၊ IOSA သည်လေကြောင်းလိုင်းတစ်ခု၏ ပျံသန်းမှုဆိုင်ရာလုပ် ငန်းကဏ္ဍအား လုံးအပေါ်တွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာစီမံခန့်ခွဲမှုစနစ်၊ အရည်အသွေးထိန်း သိမ်း မှုနှင့် လုပ်ငန်းလည်ပတ်ခြင်းဆိုင်ရာစီမံခန့်ခွဲမှုတို့ကို စစ်ဆေးအကဲဖြတ်ရန်ပုံစံရေးဆွဲ ထားသည့် ကမ္ဘာလုံးဆိုင်ရာ လုပ်ငန်းစံနှုန်းတစ်ခုဖြစ်ကြောင်း သိရသည်။
အပြည်ပြည်ဆိုင်ရာလေကြောင်းပို့ဆောင်ရေးအဖွဲ့(IATA) အဖွဲ့ဝင်လေကြောင်းလိုင်းအားလုံးသည် ၄င်းတို့၏ မြို့ပြလေကြောင်းဆိုင်ရာ အမြင့်ဆုံးစံသတ်မှတ်ချက်များနှင့်အညီ ဆောင်ရွက်နေကြောင်း စစ်ဆေးအကဲဖြတ်မှုကို နှစ်နှစ်လျှင်တစ်ကြိမ် ခံယူရမည်ဖြစ်ပြီး အဆိုပါသတ်မှတ်ချက်သည် အဖွဲ့ဝင် တိုင်းအတွက် မဖြစ်မနေလိုက်နာရမည့် အချက်ဖြစ်ကြောင်း သိရသည်။

1 year, 1 month ago
News Of Myanmar NOM
1 year, 1 month ago
မရမ်းကုန်းမြို့နယ်၊ ဓနသိဒ္ဓိလမ်းရှိ ရေခဲချောင်းစက်ရုံ မီးလောင်မှု ဖြစ်ပွား

မရမ်းကုန်းမြို့နယ်၊ ဓနသိဒ္ဓိလမ်းရှိ ရေခဲချောင်းစက်ရုံ မီးလောင်မှု ဖြစ်ပွား
NOM၊အောက်တိုဘာ၂၂၊၂၀၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ ဓနသိဒ္ဓိလမ်းရှိ ရေခဲချောင်းစက်ရုံတွင်အောက်တိုဘာ ၂၂ ရက် နံနက် ၆း၀၃နာရီ အချိန်၌မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ကြောင့် လူနှင့် တိရိစ္ဆာန် ထိခိုက်မှု တစ်စုံတစ်ရာ မရှိခဲ့သော်လည်း စက်ရုံတစ်ရုံလုံးနီးပါး မီးလောင်ကျွမ်းခဲ့ရပြီး ထိခိုက်ပျက်စီးဆုံးရှုံးမှုနှင့် မီးလောင်မှုအကြောင်းရင်းကို မီးသတ်တပ်ဖွဲ့မှ ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

1 year, 1 month ago
News Of Myanmar NOM
1 year, 1 month ago

​အောက်တိုဘာလ၁၅ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁​။ ဘရာဇီးလ်တွင်ကျင်းပမည့်G20ထိပ်သီးအစည်းအ​ဝေးသို့ရုရှားသမ္မတပူတင်တက်​ရောက်လာပါကဖမ်းဆီး​ပေးပါရန်ယူကရိန်း​ရှေ့​နေချုပ်ရုံးကဘရာဇီးလ်ကို​တောင်းဆိုလိုက်သည်။
၂။အစ္စ​ရေးဝန်ကြီးချုပ်​နေတန်ယာဟုကလက်ဘနွန်ရှိကုလငြိမ်းချမ်း​ရေးတပ်ဖွဲ့များကိုဓါတုလက်နက်ဖြင့်မတိုက်​ကြောင်းရုပ်သံထုတ်လွှင့်ငြင်းဆို​သော်လည်းအစ္စ​ရေးတင့်ကားနှစ်စီးသည်ကုလတပ်စခန်းအတွင်းဝင်​ရောက်ကာကုလစစ်သည်များကိုစခန်းမှထွက်ခွာသွားရန်ဖိအား​ပေးခဲ့ကြ​ကြောင်းကုလတပ်​ပြော​ရေးဆိုခွင့်ရှိသူကသတင်းထုတ်ပြန်သည်။
၃။အိန္ဒိယသည်​ကော်မရှင်နာမင်းကြီး​ရော့စ်အပါအဝင်က​နေဒါသံတမန်၆ဦးကိုလာမည့်စ​နေ​နေ့​နောက်ဆုံးထားပြီးတိုင်းပြည်မှထွက်ခွာရန်နှင်ထုတ်လိုက်သည်။
၄။ဗင်နီဇွဲလားနိုင်ငံဥပ​ဒေချုပ်တားရက်ဆက်ဘ်ကဘရာဇီးလ်သမ္မတနှင့်ချီလီသမ္မတသည်အ​မေရိကန်ဗဟို​ထောက်လှမ်း​ရေးCIA၏​အေးဂျင့်များဖြစ်​ကြောင်းစွပ်စွဲလိုက်သည်။
၅။အစ္စ​ရေးကအီရန်၏နျူကလီးယား​နေရာများနှင့်​​ရေနံမြေများကိုတိုက်ခိုက်မည်မဟုတ်ပဲအီရန်စစ်တပ်ကိုသာတိုက်ခိုက်မည်ဖြစ်ပြီးအ​မေရိကန်​ရွေး​ကောက်ပွဲပြုလုပ်မည့်နိုဝင်ဘာလ၅ရက်မတိုင်မီတိုက်ခိုက်နိုင်​ကြောင်းဝါရှင်တန်ပို့စ်က​ဖော်ပြလိုက်သည်။

1 year, 1 month ago

စစ်ပွဲနဲ့ပတ်သက်လာရင် တပ်စိတ်အဆင့်ရှိတဲ့ စခန်းတောင် မကျစေချင်ဘူး။

စခန်းတခု ကျရင် မှီခိုရတဲ့သူတွေလည်း ဒုက္ခများတယ်။ တကယ်တိုက်နေရတဲ့ စစ်သည်တွေလည်း စိတ်ဓာတ်ကျတယ်။ စစ်သားဆိုတာ စစ်မြေပြင်မှာ နဖူးတွေ့ ၊ ဒူးတွေ့ကြုံရရင် လက်နက်၊ခဲယမ်းပဲ အဓိက မျှော်လေ့ရှိတယ်။ ဒါတွေမှာ မရဘူးဆိုရင်၊ စစ်ကူတွေမှ မပို့နိုင်တော့ရင် ဘယ်လောက်ခံစစ်ကောင်းကောင်း မလွယ်နိုင်ဘူး။ ဒါက ခံစစ်အခြေခံ သဘောတရားပဲ။

ခွာ စစ်ဆိုတာက စစ်ကဏ္ဍကြီး ၄ ရပ်ထဲမှာ တခု အပါအဝင် ဖြစ်တယ်ဆိုပေမယ့်....ထစ်ကနဲ ရှိလာရင် အချိန်တိုင်း ဆုတ်ပေးနေရတဲ့ effect က သီပေါတစ်ခုတည်းမဟုတ်ဘူး။ မောင်တော နခခ ၅ တင်မကဘူး။ တောင်ခမ်းအတွက် မကဘူး။ တပြည်လုံးက တပ် တွေကိုပါ ရိုတ်ခက်မှု ကြီးမားတယ်။

စစ်သတင်းနဲ့ပတ်သက်ရင် သိပ်အများကြီး မရေးချင်ဘူး။ မောင်ထောင်းကြီး၊ မဲနယ်တောင် တွေဟာ အမ်းမြို့အတွက် ခံစစ်စည်းပဲ။ သီပေါကလည်း အချိန်တော်တော်ကြာတဲ့အထိ ခံစစ်ပြင်ခဲ့ပြီးပြီ။ တောင်ခမ်းကလည်း ကွမ်လုံ ရက် ၄၀ ဆိုတဲ့ အတိတ်သမိုင်းကိုလည်း ကျော်ဖြတ်ခဲ့ပြီးပြီ။ ဒီတိုင်းသာ ရှေ့ဆက်သွားရင် ကချင်အထူးဒေသ (၁) လည်း မလွယ်ဘူး။

တကယ်တော့ အညာဒေသမှာ PDF ဘယ်နှစ်ယောက်သေတာ၊ UG ဘယ်နှစ်ယောက်ဖမ်းမိတာတွေ စိတ်မဝင်စားပါဘူး။ KIA ကို မထိန်းနိုင်ရင် ကချင်နဲ့ စစ်ကိုင်းက ပြဿနာ။ ပလောင် မထိန်းနိုင်ရင် မန္တလေးနဲ့ ပြင်ဦးလွင်က ပြဿနာ။ ကိုးကန့်မှ မထိန်းနိုင်ရင် ရှမ်းမြောက် က ပြဿနာ။ ခဲကျရာ နေရာထက် ခဲလာရာ လမ်းကြောင်း ကသာ အဓိက ပြဿနာ ဖြစ်မယ်ထင်ပါတယ်။

(နရီမိုး)

1 year, 1 month ago

ဒဂုံဆိပ်ကမ်းတွင်အမျိုးသမီးတစ်ဦးကိုငါးရက်ချုပ်​နှောင်ပြီးရိုက်နှက်ခဲ့​သောရပ်ကွက်အုပ်ချုပ်​ရေးမှူးနှင့်သံဃာတစ်ပါးအပါအဝင်ရှစ်ဦးအားအမှုဖွင့်
NOM၊​အောက်တိုဘာ၁၅၊၂၀၂၄

ဒဂုံမြို့သစ်​တောင်ပိုင်းမြို့နယ်တွင်​နေထိုင်သည့်အမျိုးသမီးတစ်ဦးအားဒဂုံဆိပ်ကမ်းမြို့နယ်ရှိရာဇဂြိုဟ်ပရိယတ္တိ၊စာသင်တိုက်တွင်(၂)ရက်၊အမှတ်(၆၁)ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးတွင်(၃)ရက်ချုပ်​နှောင်ပြီးရိုက်နှက်ခဲ့သဖြင့်ကာယကံရှင်အမျိုးသမီးတွင်ဒဏ်ရာများရရှိပြီးဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းသို့​အောက်တိုဘာလ၁၄ရက်ညတွင်လာ​ရောက်တိုင်တန်းခဲ့​ကြောင်းသိရသည်။
ဒဂုံ​မြို့သစ်​တောင်ပိုင်းမြို့နယ်၊(၆၆)ရပ်ကွက်၊အင်းဝအိမ်ယာ​နေ​ဒေါ်သန်းသန်းအားလွန်ခဲ့​သော၇လကဘုန်းကြီး​ကျောင်းတွင်အတူနေခဲ့ဘူးသူ​ဒေါ်စန်းစန်းခိုင်ကအောက်တိုဘာလ
၉ရက်တွင်ဖုန်းဆက်ပြီး​ကျောင်းတွင်ပြသနာတက်​နေသဖြင့်လာရန်​ခေါ်ခဲ့​ကြောင်း၊​ဘုန်းကြီး​ကျောင်း​ရောက်ချိန်တွင်တိုက်အုပ်ဘုန်းကြီးဦးသူရဓမ္မကခိုးယူသွာ​သော​ရှေး​ဟောင်းပစ္စည်းများပြန်​ပေးရန်နှင့်မ​ပေးကသတ်ပစ်မည်ဆိုကာဆွမ်းစား​ဆောင်​အောက်တွင်(၂)ရက်ချုပ်​နှောင်ထားပြီးအမည်မသိအမျိုးသမီးသုံးဦးက​စောင့်ကြပ်ကြောင်း၊​အောက်တိုဘာလ၁၁ရက်တွင်ဘုန်းကြီးဦးသူရဓမ္မ၊ဦးသာလှထွန်းနှင့်အမည်မသိအမျိုးသမီးနှစ်ဦးမှ​ဒေါ်သန်းသန်းကိုအမှတ်(၆၁)ရပ်ကွက်အုပ်ချုပ်​ရေးမှူးရုံးသို့​ခေါ်သွားပြီးဘုန်းကြီး​ကျောင်းမှပစ္စည်းများကို​ဒေါ်သန်းသန်းခိုးယူ​ကြောင်း​ပြောပြီးထားခဲ့​ကြောင်း၊ရပ်ကွက်အုပ်ချုပ်​ရေးမှူးဦးတင်​မောင်​ဆွေက​ဒေါ်သန်းသန်းကိုဆဲဆိုကာရုံးရှိအခန်းတစ်ခုတွင်သုံးရက်ပိတ်​လှောင်ထား​ကြောင်း၊ထိုသို့ပိတ်​လှောင်ထားစဥ်ရပ်ကွက်အုပ်ချုပ်​ရေးမှူးနှင့်အမည်မသိအမျိုးသားနှစ်ဦးက​ကော်​ရေပိုက်ဖြင့်ဝိုင်းဝန်းရိုက်နှက်သဖြင့်ဝဲ/ယာလက်​မောင်းညိုမဲဒဏ်ရာ၊ဦး​ခေါင်း​နောက်​ပေါက်ပြဲဖူး​ယောင်ဒဏ်ရာ၊ညာ​ခြေသလုံးညိုမဲဒဏ်ရာ၊ဝဲ​ပေါင်ရင်းညိုမဲဒဏ်ရာ၊​ကျောကုန်းညိုမဲဒဏ်ရာများရခဲ့​ကြောင်း၊ထို့​ကြောင့်​ဒေါ်သန်းသန်းကမိမိကိုပစ္စည်းခိုးသည်ဟုစွပ်စွဲကာဆဲဆိုခြိမ်း​ခြောက်ခြင်း၊ရိုက်နှက်ခြင်း၊(၅)ရက်မတရားချုပ်​နှောင်ထားခြင်းများအတွက်ဘုန်းကြီးဦးသူရဓမ္မ၊ရပ်ကွက်အုပ်ချုပ်​ရေးမှူးဦးတင်​မောင်​ဆွေ၊ဦးသာလှထွန်းနှင့်အမည်မသိအမျိုးသမီးသုံးဦး၊အမည်မသိအမျိုးသားနှစ်ဦးတို့ကိုအ​ရေးယူ​ပေးပါရန်ဒဂုံဆိပ်ကမ်းမြို့နယ်ရဲစခန်းသို့​အောက်တိုဘာလ
၁၄ရက်တွင်လာ​ရောက်တိုင်တန်းခဲ့သည်။
ရဲစခန်းက(ပ)၄၈၃၊၂၀၂၄၊ရာဇသတ်ကြီးပုဒ်မ၂၉၄၊၃၄၃၊၃၂၃၊၅၀၆/ ၁၀၄ဖြင့်​အောက်တိုဘာလ၁၄ရက်ည၁၁း၃၀နာရီတွင်အမှုဖွင့်ပြီးတရားခံများကိုဖမ်းဆီးရန်​ဆောင်ရွက်​နေ​ကြောင်းသိရသည်။

1 year, 1 month ago

​အောက်တိုဘာလ၉ရက်နိုင်ငံတကာသတင်းတိုများ
NOM
၁။အ​မေရိကန်နိုင်ငံအိုကလာဟိုးမားတွင်​နေထိုင်​​သောအာဖဂန်နစ္စတန်အမျိုးသားတစ်ဦးကိုအ​မေရိကန်သမ္မတ​ရွေး​ကောက်ပွဲ​နေ့တွင်အကြမ်းဖက်တိုက်ခိုက်ရန်ကြံစည်မှုဖြင့်ဖမ်းလိုက်သည်။
၂။လက်ဘနွန်အစိုးရကအစ္စ​ရေးသည်​ဘေရွတ်မြို့​တော်​တောင်ပိုင်းကိုအကြီးအကျယ်ဖျက်ဆီး​နေ​ကြောင်း​ကြေညာသည်။
တစ်ချိန်တည်းတွင်အစ္စ​ရေးဝန်ကြီးချုပ်ကလက်ဘနွန်ကိုဂါဇာကဲ့သို့အလုံးစုံဖျက်ဆီးပစ်မည်ဟုခြိမ်း​ခြောက်လိုက်သည်။
၃။ထိုင်းအလုပ်သမားဝန်ကြီးကစက်တင်ဘာလ၅ရက်မှ​အောက်တိုဘာလ၂ရက်အတွင်း​လုပ်ငန်းခွင်နေရာ​ပေါင်း၈၄၄​နေရာကိုစစ်​ဆေးခဲ့ရာတရားမဝင်အလုပ်သမား၂၇၇၇၇၀ကိုဖမ်းဆီးရမိ​ကြောင်း​ကြေညာသည်။
၄။ထရမ့်၏စီးပွား​ရေးလုပ်ငန်းကဗီယက်နမ်တွင်​ဒေါ်လာ၁.၅ဘီလီယံရင်းနှီးမြှုတ်နှံပြီး​ဂေါက်ကွင်း​ဆောက်မည်ဟု​ကြေညာသည်။
၅။​မြောက်ကိုးရီးယားစစ်တပ်သည်ယူကရိန်းပဋိပက္ခတွင်ရုရှားဖက်မှဝင်​ရောက်တိုက်ခိုက်ရန်အ​ခြေအ​နေရှိ​ကြောင်း​တောင်ကိုးရီးယားကာကွယ်​ရေးဝန်ကြီးက​ပြောသည်။

We recommend to visit

Bugun.uz нашрининг расмий Telegram-канали

Таҳририят: @bugunuzaloqabot
РокНаПа: @bugunuzreklama

Last updated 1 year ago

Welkom bij het officiĂŤle FVD-kanaal op Telegram! Meld je aan om op de hoogte te blijven van het laatste nieuws, acties en events.

Lid worden van Forum voor Democratie? Dat kan al vanaf slechts 25 euro per jaar. Ga naar fvd.nl/word-lid!

Last updated 10 months, 3 weeks ago

Kanaal van Brecht Arnaert

Last updated 1 year, 2 months ago