Mi So Korean Language Class

Description
Education
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 month ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 month, 2 weeks ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက ?
@sithuaung2006

Last updated 2 months, 1 week ago

4 days, 13 hours ago

Horror Movie

1 week ago

သဲတို့ရေ ဒီနေ့နှစ်ပုဒ်တင်ပေးလိုက်ပါတယ်ရှင်

1 week ago

Verb + 았/었/였구나 싶자
ရှေ့စာကြောင်းရဲ့ အကြောင်းအရာကို တွေးလိုက်မိသည်နှင့် နောက်စာကြောင်းမှာ အခြေအနေတစ်ခုကပ်လိုက်လာတာကိုဖော်ပြရာတွင် အသုံးပြုသည်။
(အရှေ့စာကြောင်းရဲ့ခံစားချက် )
Noun + 구나

Eg.
(1) 앞으로 만날 수도 없겠구나 싶자 눈물이 저절로 나온다.
ရှေ့လျှောက် ထပ်မတွေ့ရတော့ဘူးဆိုတဲ့အတွေးက
မျက်ရည်ကို အလိုလိုကျစေတယ်။

(2) 한국에 가족없이 혼자구나 싶자 갑자기 외로워진다.
ကိုရီးယားမှာ မိသားစုမရှိဘဲ တစ်ယောက်တည်းပါလားဆိုတဲ့အတွေးက ရုတ်တရတ် အထီးကျန်လာတယ်။

(3) 말을 잘못했구나 싶자 그녀에게 미안한 마음이 생겼어요.
စကားမှားသွားပါလားဆိုတဲ့အတွေးနဲ့ သူမ့ကို အားနာစိတ်ဖြစ်သွားခဲ့တယ်

#Misokoreanlanguageclass

1 week, 2 days ago
1 week, 3 days ago

?Horror Movie?

1 week, 4 days ago

는김에  Vs 는길에
ဒီနေ့မှာ သူတို့နှစ်ခုရဲ့ အသုံးပြုပုံ ခြားနားချက် အနည်းငယ်ကိ​ု ရှင်းပြပေးသွားပါမယ်ရှင်။

နှစ်ခုစလုံးဟာကြိယာနှင့် တွဲဆက်ပြီး အပြုအမူ တစ်ခုကို လုပ်နေရင်းနဲ့ ၊ လုပ်နေရာက အခြားအပြုအမူ တစ်ခု (  တစ်ခုထက်ပိုသော အပြုအမူ ) များကို လုပ်ဆောင်သည် ဟု အဓိပ္ပာယ် ရပါတယ်။

ပထမဆုံးအနေနဲ့
"는김에 " အကြောင်းကို အရင် ပြောပြပေးပါမယ်
အပြုအမူ တစ်ခုကို လုပ်တယ်။ ထို အပြုအမူလုပ်လက်စနဲ့ အခြားအပြုအမူ ကို တစ်လက်စတည်း ဆက်လုပ်တယ်။ သို့သော် သူသည် သူ သွားရောက်ရန်  လုပ်ဆောင်ရန် ရည်ရွယ်ထားသော နေရာတွင်မှာမှ အဆင်ပြေပြီး လုပ်ဆောင်ရ လွယ်ကူသော လမ်းကြုံ ​ေသာ နေရာတူမျိုးတွင် အဓိက အသုံးပြုခြင်းမျိုး ဖြစ်ပါတယ်။

ဉပမာ အနေဖြင့်

백화점에 가는 김에 백화점에서 아르바이트를 하는 친구를 만났어요.
ကုန်တိုက်ကို သွားလက်စနဲ့ ကုန်တိုက်မှာ အချိန်ပိုင်း အလုပ်လုပ်နေတဲ့ သူငယ်ချင်းနဲ့ တွေ့ခဲ့တယ်။
( သူ ကုန်တိုက်ကို သွားဖို့ ရည်ရွယ်ထားပြီးသား အခြေအနေဖြစ်ပြီး ထို ကုန်တိုက်တွင် အလုပ်လုပ်နေသော သူငယ်ချင်းအား အဆင်ပြေသဖြင့် သွား၍ တွေ့ခဲ့ခြင်း ဖြစ်ပါတယ် )

편의점에 가는 김에 커피 좀 사다가 주세요.
စတိုးဆိုင်ကို သွားလက်စနဲ့ ကော်ဖီလေးပါ ဝယ်လာပေးပါ။
( စတိုးဆိုင်ကို သွားမလို့ လုပ်ထားတဲ့သူကို တစ်လက်စတည်း လမ်းကြုံ အဲ့နေရာမှာ ရနိုင်တဲ့ ကော်ဖီကို မှာလိုက်ခြင်း ဖြစ်ပါတယ်)

시장에 가는 김에 저녁에 먹을 과일도 샀어요.
စျေးကို သွားလက်စနဲ့ ညနေမှာ စားဖို့ သစ်သီးတွေကိုလည်း ဝယ်ခဲ့တယ်။
( စျေးသွားရင်းနဲ့ ထို စျေးမှာ ရနိုင်တဲ့ သစ်သီးတွေကို တစ်လက်စတည်းဝယ်ယူခဲ့ခြင်း ဖြစ်ပါတယ်)

ကဲ.....
ဒီလောက်ဆို  "는김에 "အကြောင်း သိလောက်အြီထင်ပါတယ်။
ဆက်လက်ပြီး "는길에 " အကြောင်း ရှင်းပြပေးသွားပါမယ်။

" 는길에"
" 는김에 " လိုပဲ အပြုအမူတစ်ခုကို လုပ်ရင်းကနေ တစ်ခြား အပြုအမူကို ဆက်လုပ်သည် ဟု အဓိပ္ပာယ် ရပါတယ်။ ခြားနားချက်ကတော့ သူသည် သွားရောက်ရန် သို့မဟုတ်  လုပ်ဆောင်ရန် ရည်ရွယ်ထားသော နေရာမရောက်ခင် လမ်းတစ်ဝက်မှာ အခြားအပြုအမူ တစ်ခုကို မမျှော်လင့်ဘဲ လုပ်ဆောင်မိခြင်း သို့မဟုတ်  လမ်းသင့်၍  သွားရောက်ခဲ့ခြင်းမျိုး ဖြစ်ပါတယ်။

ဉပမာ အနေဖြင့်

명동에 가는 길에 친구를 만났어요.
မြောင်းဒုံကို သွားတဲ့လမ်းမှာ သူငယ်ချင်းနဲ့ တွေ့ခဲ့တယ်။
( မြောင်းဒုံကို သွားနေတဲ့ လမ်းမှာ မြောင်းဒုံကို မရောက်ခင် လမ်းတစ်ဝက်က တစ်ခြားတစ်နေရာမှာ သူငယ်ချင်းနဲ့ တွေ့ဆုံခဲ့ရမျိုး ဖြစ်ပါတယ်၊ မြောင်းဒုံကိုမရောက်​သေးခင် ကြားကာလ)

병원에 가는 길에 아이스크림을 샀어요.
ဆေးရုံကို သွားတဲ့လမ်းမှာ ရေခဲမုန့် ဝယ်ခဲ့တယ်။
( ​​ဆေးရုံကို သွားဖို့ ရည်ရွယ်ထားတဲ့ လမ်းမှာ ရေခဲမုန့်ကို ဝင်ဝယ်ခဲ့ခြင်းမျိုး ဖြစ်ပါတယ် ၊ ဆေးရုံ မရောက်သေးခင် ကြားကာလ )

서울에 가는 길에 김 선생님을 만났어요.
ဆိုးလ်ကို သွားတဲ့လမ်းမှာ ဆရာဂင်နဲ့ တွေ့ဆုံခဲ့တယ်။
( ဆိုးလ်ကို မရောက်ခင် လမ်းမှာ ဆရာဂင်နဲ့ တွေ့ဆုံခဲ့ခြင်းမျိုး ဖြစ်ပါတယ် )

သတိထားရမှာကတော့
" 가다 "နှင့် တွဲဖက်လျှင်  " 는김에 "နှင့် " 는길에 "
သည် ကွာခြားမှု မသိသာသော်လည်း
" 는길에 " သည်
" 공부하다 " " 일하다 " " 운동하다 " လိုမျိုး ကြိယာတွေနဲ့ တွဲဖက်အသုံးပြုလိုပါက

공부하다 = 공부하러 가는 길에
일하다 = 일하러 가는 길에
운동하다 = 운동하러 가는 길에
ဟူ၍ ပြောင်းလဲ အသုံးပြုရပါမယ်။

ကျေးဇူးတင်ပါတယ်ရှင်

#Misokoreanlanguageclass

2 months, 3 weeks ago

?Horror Movie?

2 months, 4 weeks ago
Mi So Korean Language Class
2 months, 4 weeks ago

끝나다 VS 끝내다
ကြိယာများ ဖြစ်ကြပြီး ပြီးဆုံးသည် လို့အဓိပ္ပါယ်ရပါတယ်။ သိူ့သော် အသုံးပြုပုံ မတူတာမို့ ရှင်းပြပေးသွားပါမယ်။

? 끝나다
끝나다 ကတော့ Obj မပါသော ဝါကျများနှင့် ကိုယ်မလုပ်လည်း သူ့အလိုလို ပြီးဆုံးသွားတဲ့ ကိစ္စတွေမှာ အသုံးပြုပါတယ်။

이/가 끝나다 လို့အလွယ်မှတ်လည်း ရပါတယ်။

Eg.
(1) 점심시간이 끝났어.
နေ့လည်စာ စားချိန် ပြီးသွားပြီ
(ကိုယ် မလုပ်လည်း သူ့အလိုလိုပြီးသွားတဲ့ကိစ္စပါ)

(2) 여름이 끝났어.
နွေရာသီ ကုန်ဆုံးသွားပြီ။
( ကိုယ် မလုပ်လည်း သူ့အလိုလို ဖြစ်သွားတဲ့ကိစ္စပါ)

? 끝내다
끝내다 ကတော့ Obj ပါဝင်သော ဝါကျများနှင့် ကိုယ်ပြုလုပ်မှ ပြီးဆုံးသွားမယ့်ကိစ္စတွေမှာ အသုံးပြုပါတယ်။

을/를 끝내다 လို့လည်း အလွယ်မှတ်လို့ ရပါတယ်။

Eg.
(1) 저는 숙제를 다 끝냈어요.
ကျွန်တော် အိမ်စာတွေ အကုန်လုပ်ပြီးပြီ။
(အိမ်စာ ဆိုတဲ့Obj လည်းပါဝင်ပြီး ကိုယ်ကိုယ်တိုင် ပြုလုပ်မှ ပြီးတဲ့ကိစ္စပါ )

(2) 일을 끝낼 때까지 기다려 주세요.
အလုပ်ပြီးတဲ့အထိ စောင့်ပေးပါ။
( အလုပ်ဆိုတဲ့ Obj လည်း ပါဝင်ပြီး ကိုယ်ကိုယ်တိုင် ပြုလုပ်မှ ​ပြီးမယ့် ကိစ္စပါ )

ကျေးဇူးတင်ပါတယ်?

သင်တန်းလေးတွေလည်း စုံစမ်းနိုင်ပါတယ်ရှင်

#Misokoreanlanguageclass

3 months ago

기 때문에 VS 으니까 / 니까 နှစ်ခုစလုံးဟာ အကြောင်းအရင်းကိုပဲ ဖြစ်ဖြစ် အကြောင်းပြချက်တစ်ခုခုကို ညွှန်ပြတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။
သို့သော် နှစ်ခုစလုံးဟာ ( 인사말 ) နှုတ်ဆက်တဲ့ စကားတွေမှာ အသုံးပြုလို့မရပါဘူး။

만나기 때문에 반가워요.
만나니까 반가워요. 

아/어/여서 ကို အသုံးပြုပြီး
( 만나서 반가워요 ) လို့သာ ရေးလို့ရပါမယ်။

ထပ်ပြီးတော့

? 기 때문에
အမိန့်ပေး စေခိုင်းတဲ့အခါမျိုးနဲ့ ပြောသူ နားထောင်သူက အပြုအမူတစ်ခုခုကို အတူတူလုပ်ကြတဲ့ အခါမျိုးမှာ အသုံးပြုလို့မရပါဘူး။

အတိတ်ကာလပြ နဲ့ အနာဂတ်ကာလပြ ဖြစ်တဲ့ ( 았 / 겠 ) တို့ရဲ့အနောက်မှာ အသုံးပြုပြီး
စိတ်ခံစားချက် သို့မဟုတ် အခြေအနေတစ်ခုနဲ့ ပတ်သတ်တဲ့ အကြောင်းပြချက်တွေမှာ အသုံးပြုလို့ ရပါတယ်။

Example

(1) 영화가 너무 슬프기 때문에 울었어요.
   ရုပ်ရှင်က အရမ်း ဝမ်းနည်းစရာကောင်းတဲ့အတွက်
ငိုခဲ့တယ်။
( စိတ်ခံစားချက်ကို ဖော်ပြတာပါ )

(2) 음식이 짰기 때문에 많이 먹지 못했어요.
အစားအသောက်တွေက ငံတဲ့အတွက်ကြောင့် အများကြီး မစားခဲ့ဘူး။
( အတိတ်ကာလကို ဖော်ပြတာပါ )

(3) 천둥이 치기 때문에 무섭습니다.
      မိုးခြိမ်းတဲ့အတွက်ကြောင့် ကြောက်တယ်။
( စိတ်ခံစားချက်ကို ဖော်ပြတာပါ)

? 으나까/니까
အမိန့်ပေး စေခိုင်းတဲ့အခါမျိုးနဲ့ ပြောသူ နားထောင်သူက အပြုအမူတစ်ခုခုကို အတူတူလုပ်ကြတဲ့အခါမျိုးမှာ အသုံးပြုလို့ ရပါတယ်။

အတိတ်ကာလပြနဲ့ အနာဂတ်ကာလပြ ဖြစ်တဲ့ ( 았 / 겠 ) တို့ရဲ့ အနောက်မှာ အသုံးပြုလို့ မရပါဘူး။

စိတ်ခံစားချက် သို့မဟုတ် အခြေအနေတစ်ခုနဲ့ ပတ်သတ်တဲ့ အကြောင်းပြချက်တွေမှာ အသုံးပြုလို့ မရပါဘူး။

Example

(1) 비가 오니까 다음에 가자.
        မိုးရွာနေလို့ နောက်မှ သွားရအောင်
(အမိန့်ပေးစေခိုင်းခြင်းနှင့် အတူတူပြုလုပ်ကြမယ်ဆိုတဲ့ သဘောမျိုးပါ )

(2) 여기는 공공장소니까 떠들지 마라.
     ဒီနေရာကတော့ အများပြည်သူပိုင်နေရာမို့ မဆူညံပါနဲ့။
( အမိန့်ပေးစေခိုင်းတဲ့ သဘောမျိုးပါ )

(3) 옷은 많으니까 신발을 사 주세요.
    အကျီတွေက များနေပြီမို့လို့ ဖိနပ် ဝယ်ပေးပါ။
( အမိန့်ပေးလိုတဲ့ သဘောမျိုးပါ)

ကျေးဇူးတင်ပါတယ်ရှင်။

သင်တန်းလေးလည်း စုံစမ်းနိုင်ပါတယ်ရှင်။ ??

#Misokoreanlanguageclass

We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc? @khanthtookyaw2001

Last updated 1 month ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 1 month, 2 weeks ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက ?
@sithuaung2006

Last updated 2 months, 1 week ago