Why Pay for Entertainment? Access Thousands of Free Downloads Now!

ငညို

Description
News
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago

2 months ago

တတိယအကြိမ်မြောက်
ဂျက်ဖိုက်တာ ညီနောင် ၃၅၅.အရှေ့ဖက်
အကြီး ၂.လုံးထပ်ချသံ
ကြားရပြီးနောက် အခြေနေများပြန်ငြိမ်သက်နေ၊

2 months ago
ငညို
2 months ago
ဘီးလင်းတွင် ရထားနှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းသူအမျိုးသမီး သေဆုံး

ဘီးလင်းတွင် ရထားနှင့် ဆိုင်ကယ်တိုက်မိ၍ ဆိုင်ကယ်မောင်းသူအမျိုးသမီး သေဆုံး

မတ် ၇.၂၀၂၄

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ တောင်ကလေးကျေးရွာနှင့် သဘက်ဆွဲကျေးရွာအကြား ရထား လမ်းတွင် ဆိုင်ကယ်နှင့်ရထားတိုက်မိပြီး ဆိုင်ကယ်စီးလာသည့် အမျိုးသမီးသေဆုံးသွားကြောင်း သိရသည်။

မတ်လ ၇ ရက် ယနေ့ နေ့လယ် ၁၁ နာရီ ၄၀ မိနစ်က မော်လမြိုင်-ရန်ကုန် ရထားသည် ဘီးလင်းမြို့နယ် တောင်ကလေးဘူတာနှင့် သဘက်ဆွဲဘူတာအကြား၌ ရထားလမ်းဘေးတာဘောင်မှ မောင်းနှင်လာသည့် ဆိုင်ကယ်တစ်စီးနှင့် တိုက်မိရာ ဆိုင်ကယ်မောင်းနှင်းလာသူ မအိသဲမွန်မှာ ရထားအောက်သို့ဝင်သွားပြီး အပိုင်းပိုင်းပြတ်၍ သေဆုံးသွားကြောင်း သိရပါသည်။

4 months ago
ငညို
4 months ago
ငညို
4 months ago

မြန်မာ- တရုတ်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အစွမ်းကုန် ကာကွယ်စောင့်ရှောက်သွားလိုတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ပြောကြား

နှစ်နိုင်ငံ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်ရေးကို နက်ရှိုင်းသွားစေလိုပြီး မြန်မာ-တရုတ်နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို အစွမ်းကုန်ကာကွယ်စောင့်ရှောက်သွားလိုကြောင်း ပြည်ထဲရေးဝန်ကြီးလည်းဖြစ် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ (NSPNC)ဥက္ကဋ္ဌ လည်းဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်မှုအရ သိရပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာ ဇန်နဝါရီလ ၅ ရက်နေ့က တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနဝန်ကြီး Mr. Wang Xiaohong နဲ့ အွန်လိုင်းစနစ်ကနေ တွေ့ဆုံခဲ့ရာမှာ ထည့်သွင်းပြောကြားခဲ့တာလို့ ဆိုပါတယ်။

အလားတူ Mr. Wang Xiaohong ကလည်း တရုတ်နိုင်ငံဟာ အမြဲတစေ မဟာဗျူဟာမြောက်အမြင်နဲ့ တရုတ်-မြန်မာဆက်ဆံရေးကို ရှုမြင်ဖော်ဆောင်နေကြောင်း၊ မြန်မာနိုင်ငံနဲ့အတူ နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ အရေးပါတဲ့သဘောတူညီချက်တွေကို အတူတကွအကောင်အထည်ဖော်ဆောင်ကာ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို ဘက်စုံနက်နက်ရှိုင်းရှိုင်းဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့တယ်ဆိုပြီး သံရုံးရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တရုတ်ဝန်ထမ်းတွေနဲ့ စီမံကိန်းတွေ ဘေးကင်းလုံခြုံမှုကို အာမခံပြီး တရုတ်-မြန်မာ အေးအတူပူအမျှ အသိုက်အဝန်းတည်ဆောက်မှုကို စဉ်ဆက်မပြတ်ဖော်ဆောင်သွားလိုကြောင်းလည်း Mr. Wang Xiaohong က ပြောကြားခဲ့သေးတယ်လို့ သိရပါတယ်။

4 months, 1 week ago

ရန်သူ့ယာယီLogisticsကို
ဦးစွာဖျက်ဆီးပါ💥

တာမိုးညဲကနေ ကွတ်ခိုင်ကို အကြမ်းဖက်သူပုန်တွေ
4W ယာဥ် ၄၅ စီးနဲ့ ဆင်းလာတဲ့သတင်း ဖတ်လိုက်
ရတယ်။ဟုတ်မဟုတ် မပြောနိုင်သေးပေမဲ့ တာမိုးညဲ
က မိမိတပ် တွေဆုတ်သွားခဲ့ပေမဲ့ ရန်သူဟာ လိုင်းပေါ်
မှာ သတင်းဖျောက်ထားတာ မသင်္ကာစရာပါ။သဘော
ကတော့ တာမိုးညဲ ကတဆင့် ကွတ်ခိုင်ကို ပြင်းပြင်းထန်
ထန် တိုက်ခိုက်ဖို့ အထိ တိတ်တဆိတ်
ရည်ရွယ်ထားပုံ ရပါတယ်။

လက်ရှိကာလမှာ ကွတ်ခိုင် ၊ မူဆယ် ၊ လာရှိုး တို့ကို
ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ လိုတယ်။တန်ပြန်
ထိုးစစ်ပြန်စရမဲ့ မြို့တွေဟာ ဒီမြို့တွေ ဖြစ်လို့
အပြင်းအထန်ခုခံကာကွယ်ဖို့
လိုတယ်။ဒီမြို့တွေကို လာတိုက်တဲ့ ရန်သူမှန်သမျှ
ဟာ အလောင်းတွေ တောင်ပုံ ယာပုံထပ်သွားအောင်
လက်စတုန်းချေမှူန်းပစ်ဖို့ လိုတယ်။ဒါမှ သာ
ရန်သူအင်အားချိနဲ့သွားပြီး ကျွန်တော်တို့ရဲ့
တန်ပြန်ထိုးစစ်ကို အရှိန် အဟုန်နဲ့ ဆောင်ရွက်
နိုင်မှာ ဖြစ်တယ်။

ရန်သူ ဟာ မိမိတပ်တွေလို ကျောပိုးအိတ်လွယ်
ထမ်းပိုးပြီး လမ်းလျှောက်ကာ အပင်ပမ်းခံ
စစ်မတိုက်တော့ဘူး။4W ကားတွေနဲ့ သွား
လာလှုပ်ရှားတယ်။4W ကားတွေ ပေါ်မှာ ဒရော့
ဗုံးသီးတွေ တင်တယ်။ဒရုန်းအားသွင်းဖို့ မီးစက်
တွေပါ ပါတယ်။ရိက္ခာတွေ ပါတယ်။ချက်ပြုတ်စား
သောက်ဖို့ ဂတ်စ်အိုးတွေ ထမင်းပေါင်းအိုး
တွေ အထိ ပါတယ်။ စက်သုံးဆီပါ ပါသေးတယ်။

ဆိုတော့ ရန်သူ့ 4W ကားတွေ ကို ရှာဖွေပြီး
ဗုံးကျဲချ ဖျက်ဆီးနိုင်ရင် ရန်သူရဲ့ လက်တလော
Logistics လမ်းကြောင်း ပျောက်သွားမယ်။
မောင်းသူမဲ့ ဒရုန်းတွေနဲ့ ကင်းထောက်ပြီး သူတို့
ရဲ့ 4W ယာဥ်တွေကို ဖျက်ဆီးပစ်ဖို့က လက်တလော
စစ်ပွဲရဲ့ အသက်ပဲ။ပြီးမှ ရန်သူ့ တည်နေရာတွေ
ရှာပြီး တိုက်ခိုက်နှိမ်နင်းရမယ်။

ချောင်းနှစ်ခွလို တိုက်ပွဲမှာတောင် မောင်းသူမဲ့
ဒရုန်းတွေ ထိထိရောက်ရောက် သုံးလာနိုင်ပြီ
ဆိုရင် ကွတ်ခိုင် မူဆယ် လာရှိုး တို့မှာ ဒရုန်းတွေ
ဖောဖောသီသီ ရောက်နေပြီ၊ တိုက်ခိုက်နိုင်နေပြီ
လို့ ယုံကြည်မျှော်လင့်ပါတယ်။

မနေ့က သိန္ဓီ မှာ တပ်မတော် ရဲ့ မောင်းသူမဲ့
ဒရုန်းတွေရဲ့ တိုက်ခိုက်မှု ကြောင့် ရန်သူအထိနာ
သွားတယ် ကြားလို့ ဝမ်းသာမိတယ်။

နောက်ဆုံးထပ်ပြောချင်တာက ရန်သူ ဟာ
ဘယ်မြို့ ရွာ ဘယ်စခန်း တွေ ကို ပဲ တိုက်တိုက်
သူ့ ရဲ့ ယာယီ အုပ်ချုပ်ထောက်ပံ့မှု ဌာနချုပ်
ဟာ 4W ကား အုပ်စု တွေ ဖြစ်နေလို့ အဲဒီယာဥ်
တွေ ရှာဖွေပြီး ဦးစွာဖျက်ဆီးပါလို့ ထပ်ပြော
ချင်ပါတယ်။

Crd:အောင်နိုင်သူ(ဇွဲကပင်)(30.12.23)

4 months, 1 week ago

(ခွာစစ်)

ကျွန်တော်ဗိုလ်လောင်းတုန်းက
ခွာစစ်ကို မကျက်ပါဘူး။ဒုဗိုလ်ဖြစ်လို့
သံတောင်ကြီးမှာ တပ်စုမှူးသင်တန်း
တက်တော့လည်း ချီ ၊ တိုက်၊ ခံ၊ခွာ
စစ်ကဏ္ဍကြီး ၄ရပ်အနက် ခွာစစ်ကို
လုံးဝ မကျက်ပါဘူး။ခွာစစ်ကို မကျက်ရ
တဲ့ ကျွန်တော့်ရဲ့ ခိုင်မာပြတ်သားတဲ့ ဆုံး
ဖြတ်ချက်ကတော့ ကျွန်တော်ဘယ်တော့
မှ မခွာဖူးလို့ ဆုံးဖြတ်ထားလို့ပဲ။

ဒါပေမဲ့ တပ်စုမှူးသင်တန်းဆင်းပြီးတဲ့အခါ
စာအုပ်တွေ အများကြီး ထပ်မံလေ့လာဖတ်ရှု
ခွင့်ရခဲ့တယ်။ကံကောင်ချင်တော့ တပ်ရင်းမှူး
ဥစတ တက်လို့ ဥစတ မှာ စာတမ်းတွေ
ဝိုင်းဝန်းပြုစုပေးရင်း ကျွန်တော် ခွာစစ်
ကို ထပ်မံလေ့လာခွင့်ရခဲ့ပြန်တယ်။

အထူးသဖြင့် ဗိုလ်ချုပ်ကြီး
ဆာဝီလီယံ စလင်းရဲ့ အမှတ်(၁)မြန်မာ
တပ်မကြီးရဲ့ ခွာစစ်ကို စာတမ်းပြုစုခွင့်ရ
ခဲ့လို့ တောင်ခိုးရဲ့ စစ်ညောင်းတာရှည်မြန်
မာပြည်၊မှန်ကင်းတစ်လှည့် ထင်းတစ်လှည်၊
ဂျပန်တပ်တော်မှူး ဗိုလ်ချုပ်ကြီးအီးဒါး
ရဲ့ မြန်မာပြည်ထိုးစစ်မှာ မြန်မာပြည်
မဟာမိတ်စစ်ဦးစီးချုပ် ဗြိတိန်ဗိုလ်ချုပ်
ကြီးအလဇန္ဒားနဲ့ဗိုလ်ချုပ်ကြီးဆာဝီလီ
ယံစလင်းတို့ မြန်မာပြည်ကနေ အိန္ဒိယ
ကို ခွာစစ်ဆင်ခဲ့ရပုံတွေကို ဖတ်ရှုပြီးတဲ့
အခါမှာ ခွာစစ်ကို ကျွန်တော် စိတ်ဝင်စား
လာပါတော့တယ်။

ခွဲမှူးတက်တော့ ခွာစစ်ကို ကျွန်တော် ပြန်ကျက်
ခဲ့တဲ့ အပြင် တော်တော်လေးစိတ်ဝင်စားလာမိ
တယ်။ခွာစစ် စီမံချက်ရေးတော့ သင်တန်းသား
၄၀၀ မှာ ကျွန်တော် အမှတ်အများဆုံး ရတဲ့
အထိ ခွာစစ်ကို လေ့လာခဲ့သလို ၂၀၂၀ ရွေး
ကောက်ပွဲ မတိုင်မီ က ရေးခဲ့တဲ့ နိုင်ငံရေးခွာစစ်
ဆောင်းပါး ဟာလည်း လိုင်းပေါ်မှာရော ဂျာနယ်မှာပါ တော်တော်လေးပေါက်ခဲ့ပါတယ်။

ထားပါတော့။
ပြောချင်တာ ဒီကာလ မှာ အကြောင်း
အမျိုးမျိုးကြောင့် ရှမ်းမြောက်မှာ ဆုတ်
ခွာခဲ့ရတဲ့ စခန်းတွေ၊မြို့ရွာ တွေ ရှိပါလိမ့်
မယ်။နားလည်ရမှာက ခွာစစ်ဟာ စစ်ရှူံး
လို့ ဆုတ်တာထက် တန်ပြန်တိုက်စစ်ပြန်
စဖို့ အားပြန်ယူတာ၊ပြန်လည်းစုဖွဲ့ပြင်
ဆင်တယ် ဆိုတာကို သဘောပေါက်ကြ
စေချင်တယ်။လူနဲ့မြေမှာ လူပဲ အရေး
ကြီး၊လူကို ယူပြီး မြေကို ထားခဲ့တယ်။
လူရှိနေရင် မြေကို အချိန်မရွေး ပြန်သိမ်း
နိုင်တာကို ဒုတိယကမ္ဘာစစ်မှာ မဟာမိတ်
တပ်တွေ သက်သေပြခဲ့ပြီးပါပြီ။

အင်္ဂလိပ်တွေ ခွာစစ်ဆင်သွားရတဲ့
အိန္ဒိယကနေ မြန်မာပြည်ကို တန်ပြန်
ထိုးစစ်ပြန်စခဲ့တာ အောင်မြင်ခဲ့သလို
မဟာမိတ်တွေကဥရောပ စစ်မျက်နှာ ၊
အာဖရိက စစ်မျက်နှာတန်ပြန်ထိုးစစ်နဲ့
ဂျာမန်တွေကို အနိုင်ယူ ပြခဲ့ပါတယ်။

ဒါကြောင့် စိုးရိမ်နေကြသူတွေ ကို ပြောချင်
တာ က ဆုံးရှူံးသွားတဲ့ မြေတွေကို အတိုးရော
အရင်းပါ ပြန်ယူပေးမယ်လို့ ကတိပေးတယ်။
ခေတ္တ ခွာစစ်ဆင်ခြင်း ဖြစ်လို တန်ပြန်တိုက်စစ်
မှာ သမိုင်းတွင်ရစ်စေမဲ့ ရလဒ်မျိုးကို ပြန်မြင်
ရမယ် ဆိုတာ ယုံကြည်လိုက်ပါ။

ဒီအချိန်မှာ လုပ်ထားရမှာက
ရန်သူတွေ များများကြွေပြုန်းအောင်
အင်အားချိနဲ့အောင် လုပ်ပစ်ရင်း မိမိလက်ထဲ
မှာ ရှိနေတဲ့ မြို့ရွာ တပ်စခန်းတွေ ခံစစ်တည်
ဆောက်ပြီး ရန်သူ အကျအဆုံးများအောင်
လုပ်ရမယ်။မကျအောင် ဆက်ထိန်းရမယ်။

လေ ကြောင်း ပူးပေါင်းစစ်ဆင်ရေးတွေကို
ထိရောက်အောင်မြင်အောင် လုပ်ရမယ်။

မောင်းသူမဲ့ ဒရုန်းတွေ ၊ ကင်းထောက်ဒရုန်း
တွေ ကို များများဝယ်ယူပြီး ရန်သူ အံ့ဩ
မှင်သတ်စေလောက်မဲ့ တန်ပြန် ဒရုန်း
စစ်ဆင်ရေး မျိုး ပြန်လုပ်ပါလိမ့်မယ်။

ကိုယ့် ရဲ့ တန်ပြန်ထိုးစစ် ပြန်အစမှာ
ရန်သူ က ယဲ့ယဲ့ပဲ ကျန်ပြီး ဆိုရင်တော့
ကိုယ့်ရဲ့ မုန်တိုင်းလို ထိုးစစ် တိုက်စစ်
အရှိန်အဟုန် နဲ့မြို့ ရွာ တွေ ပြန်လည်
သိမ်းယူပြပါလိမ့်မယ်။

အတိုးရော အရင်းရော
ပြန်ယူပြပါလိမ့်မယ်။

4 months, 1 week ago

အုတ်တွင်းမြို့နယ်အတွင်း
တောင်ငူမှခွဲတမ်းစားဆီရရှိသော်လည်းအဝေမတဲ့တော့တိုင်ကြားခံရ၊ထိုကိစ္စအားမည်သူကဖြေရှင်းပေးမည်နည်း။

4 months, 2 weeks ago
ငညို
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 2 days ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 5 days, 3 hours ago