CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc👉 @khanthtookyaw2001
Last updated 3 Wochen, 6 Tage her
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 1 Monat, 1 Woche her
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006
Last updated 2 Monate her
What Comes After Love (2024) Description :
=================
ပေါ့ပါးသွက်လက်ပြီး ပျော်ပျော်နေတတ်တဲ့ ကိုရီးယားမလေး ချွဲဟုန်းတစ်ယောက်… တိုကျိုမှာ ကျောင်းသွားတက်ရင်း အာအိုခီဂျွန်ဟိုဆိုတဲ့ ကောင်လေးနဲ့ ချစ်ကြိုက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း သူတို့နှစ်ယောက်ကြားက မတူညီတဲ့ နောက်ခံ ယဉ်ကျေးမှုတွေ၊ အလေ့အထတွေကြောင့် နားလည်မှုလွဲကြပြီး နောက်ဆုံးမှာ လမ်းခွဲခဲ့ပါတော့တယ်။
ဟုန်းနဲ့ ပြတ်ပြီး နောက်ငါးနှစ်အကြာမှာ ဂျွန်ဟို ဆိုးလ်ကိုရောက်လာတဲ့အချိန်… တည်ငြိမ်ပြီး ရင့်ကျက်သွားတဲ့ ချွဲဟုန်းနဲ့ အခုထိ မမေ့နိုင်သေးတဲ့ ဂျွန်ဟိုတို့ နှစ်ယောက်သားပြန်တွေ့ကြတဲ့နောက် ခံစားချက်တွေပေါ်လာဦးမလား ဒါမှမဟုတ် အချစ်သစ်ကိုယ်စီနဲ့ပဲ ရှေ့ဆက်သွားမလားဆိုတာကို စောင့်မျှော်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါရစေ။ ဇာတ်လမ်းအညွှန်းကို Alice မှရေးသားထားပါတယ်။
. ထုတ်လွှင့်သည့်နေ့ : Fridays ...
. MMSub ထွက်ချိန် : 00:00PM နောက်ပိုင်း...
. စုစုပေါင်းအပိုင်း : ၆ ပိုင်း...
. Network : COUPANG TV..
𝙲𝚑𝚊𝚗𝚗𝚎𝚕 𝙻𝚒𝚗𝚔 -
👉https://t.me/+4WY9JiQ3Ygw3NDdl ———————————
-ဇာတ်လမ်းအညွှန်း- ဂျူအွန်းဟို ( Shin Hyesun ) ဟာ လုပ်သက် ၁၄ နှစ်ရှိပြီဖြစ်ပေမဲ့ လူသိပ်မသိတဲ့ သတင်းကြေညာသူတစ်ယောက် ဖြစ်ပါတယ်။ သူ့ရည်းစားဟောင်းဖြစ်တဲ့ ဂျောင်ဟျွန်းအို ( Lee Jinwook ) ကတော့ အလုပ်ဝင်ဝင်ချင်းမှာတင် နာမည်ကြီးလာခဲ့တဲ့ နာမည်ကျော် သတင်းကြေညာသူတစ်ယောက်ပါ။
အချိန်အကြာကြီးတွဲခဲ့တဲ့ သူတိုနှစ်ယောက်ဟာ အကြောင်းအမျိုးမျိုးကြောင့် လမ်းခွဲလိုက်ပြီးတဲ့နောက်မှာတော့ ဂျူအွန်းဟိုဟာ နှလုံးသားထဲက စိတ်ဒဏ်ရာတစ်ခုကြောင့် ဂျူဟယ်ရီလို ခေါ်တဲ့ နောက်ထပ် personality တစ်ခု ပေါ်ထွက်လာပါတော့တယ်။
. ထုတ်လွှင့်သည့်နေ့ : Mondays & Tuesdays...
. MMSub ထွက်ချိန် : 00:00PM နောက်ပိုင်း...
. စုစုပေါင်းအပိုင်း : ၁၂ ပိုင်း...
. Network : ENA..
Channel Link-
👉https://t.me/+LDdbnun2pzozZDc1
———————————
Dongbang Yoo-Bin (Kim Dong-Wook) ဆိုသူဟာ ရုပ်ချောပြီး ဥာဏ်ကောင်းတဲ့အပြင် အားကစားဘက်မှာလည်း ထူးချွန်ပြီး
ချို့ယွင်းချက်ရယ်လို့မရှိတဲ့ လူတစ်ယောက်ဖြစ်တဲ့အပြင် နိုင်ငံရပ်ခြားက နာမည်ကြီးတက္ကသိုလ်တစ်ခုမှာ စာသင်ကြားပေးတဲ့
ပါမောက္ခ တစ်ယောက်လည်း ဖြစ်ပါတယ်။ လူတော်တစ်ယောက်ဖြစ်တာကြောင့် သူ့ကို တက္ကသိုလ်ရဲ့ ဌာနအကြီးအကဲတစ်နေရာမှာ အလုပ်လုပ်ပေးဖို့အတွက် ကမ်းလှမ်းလာခဲ့ပေမဲ့ အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး မွေးရပ်မြေ ကိုရီးယားကိုပြန်လာကာ ဆုန်းဝန်းရဲစခန်းမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ ၂ ရဲ့ ခေါင်းဆောင်အဖြစ်နဲ့ စေတနာ့ဝန်ထမ်းဝင်လုပ်ပါတော့တယ်။
ဂျူဒိုကစားသမားဟောင်းဖြစ်ပြီး ဘူဒိုဇာဆိုတဲ့ နာမည်ပြောင်ရှိတဲ့ Mu Joong-Ryeok (Park Ji-Hwan)၊ နိုင်ငံ့ကိုယ်စားပြု သေနတ်ပစ်သမားဟောင်းဖြစ်တဲ့ Jung Jung-Hwan (Seo Hyun-Woo)၊ အဖွဲ့ရဲ့ တစ်ဦးတည်းသော မိန်းကလေးစုံထောက်ဖြစ်ပေမဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ မလိုက်ဖက်လောက်အောင် ကြမ်းတမ်းပြီး ခေါင်းမာတာကြောင့် ဒေါသအိုးလို့အခေါ်ခံရတဲ့ Seo Min-Seo (Park Se-Wan) နဲ့ အဖွဲ့ရဲ့ အငယ်ဆုံးစုံထောက်တစ်ဖြစ်လဲ အမှားအများဆုံးလုပ်တတ်တဲ့ လူသစ်လေး Jang Tan-Sik (Lee Seung-Woo) တို့က အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ ၂ ရဲ့
အဖွဲ့ဝင်တွေဖြစ်လာပါတော့တယ်။
ဒီလိုနဲ့ပဲ တော်တတ်လွန်းတဲ့ အဖွဲ့ခေါင်းဆောင် Dongbang Yoo-Bin ဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးအဖွဲ့ ၂ ရဲ့ ပင်ကိုစရိုက်တွေမတူကြတဲ့ အဖွဲ့သားတွေနဲ့ တွေ့ဆုံဖို့ဖြစ်လာပြီး စိတ်ဝင်စားစရာကောင်းတဲ့အမှုတွေကို အလွဲတွေနဲ့ ဘယ်လိုဖြေရှင်းသွားကြမလဲဆိုတာ စောင့်မျှော်ရှုစားပေးပါဦးနော်။ (အညွှန်းကိုတော့ Su Sandi မှ ရေးသားထားပါတယ်။)
. ထုတ်လွှင့်သည့်နေ့ : Wednesdays...
. MMSub ထွက်ချိန် : 00:00PM နောက်ပိုင်း...
. စုစုပေါင်းအပိုင်း : ၂၀ ပိုင်း...
. Network : D+..
𝙲𝚑𝚊𝚗𝚗𝚎𝚕 𝙻𝚒𝚗𝚔 -
👉https://t.me/+AT8RutsUt7pjOWJl ———————————
ဇာတ်လမ်းအကျဉ်းအနေနဲ့ကတော့.. ချွဲဆောင်းဟျိုနဲ့ ဘယ်ဆော့ရူတိုက အသက် (၄)နှစ်အရွယ်ကတည်းက စတင်သိကျွမ်းခင်မင်လာခဲ့ကြတဲ့ ငယ်ပေါင်းသူငယ်ချင်းတွေပါ.. တက္ကသိုလ်ဘွဲရပြီးနောက်ပိုင်း ကိုယ်စီ ကိုယ်ပိုင်လမ်းကို လျှောက်ကြတဲ့အခါမှာ ချွဲဆောင်းဟျိုကတော့ ကိုးရီးယားမှာ ထူးချွန်တဲ့ဗိသုကာပညာရှင်ဖြစ်လာပြီးတော့ “အင်”လိုခေါ်တဲ့ ဗိသုကာအလုပ်ရုံကို ဦးစီးလုပ်ကိုင်ပါတယ် ..
ဆောင်းဟျိုကတော့ ဉာဏစွမ်းရည်ပြည့်စုံသည်သာမကဘဲ ရူပါလည်း ဖြောင့်ပြီး အကျင့်စရိတ္တလည်း ကောင်းမွန်သူတစ်ဦးပါ .. ဘယ်ဆော့ရူကတော့ “ကျောင်းနေပျော်၍ စာတော်ရမယ်” ဆိုတဲ့ဆောင်ပုဒ်အတိုင်း ကျောင်းစာထူးချွန်ပေမဲ့လည်း ပျော်ပျော်နေတတ်တဲ့ ငမွှေစိန်လေးပါ .. ဘွဲ့ရပြီးနောက်ပိုင်း နိုင်ငံခြားကုမ္ပဏီကြီးတစ်ခုမှာ ရာထူးကြီးနဲ့ဝင်လုပ်ရင်း နောက်ပိုင်းအလုပ်ထွက်ကာ အမိနိုင်ငံကို ပြန်ရောက်လာတဲ့အခါမှာတော့ ငယ်ပေါင်းဖော်ကြီးဆောင်းဟျိုနဲ့ ပြန်ဆုံမိကြပါတော့တယ်….
ငယ်ငယ်ကတည်းက တပူးပူးတတွဲတွဲနဲ့ တကျက်ကျက်ရန်ဖြစ်နေခဲ့ကြတဲ့ ကလေးနှစ်ယောက်ဟာ လူကြီးအဖြစ်နဲ့ပြန်ဆုံကြချိန်မှာ တကျက်ကျက်ရန်ဖြစ်ရင်းကနေ တစ်ရစ်ပြီးတစ်ရစ် အချစ်နှောင်ကြိုးတွေ ဘယ်လိုချည်မိကြမလဲဆိုတာကို Romatic-Comedy ပီပီ ဟာသအနှောလေးတွေနဲ့ရင်ခုန်ကြည့်ရှုရမှာပါ ပရိသတ်ကြီးတို့ရေ… ချွဲဆောင်းဟျိုအဖြစ် Jung Hae In နဲ့ ဘယ်ဆော့ရူအဖြစ် Jung So Min တို့အပြင် Kim Ji Eun (Branding In Seongsu, Longing for You) သာမက တခြားသောအနုပညာရှင်များစွာပါဝင်ထားပါတယ်
. ထုတ်လွှင့်သည့်နေ့ : Saturdays & Sundays...
. MMSub ထွက်ချိန် : 00:00PM နောက်ပိုင်း...
. စုစုပေါင်းအပိုင်း : ၁၆ ပိုင်း...
. Network : TVN...
??????? ???? -
?https://t.me/+Q5Y_3LPrnbdhZDI9
———————————
ဉာဏ်ရည်ထက်မြက်ပြီး ပညာရေးမှာထွန်းပေါက်တဲ့ ဂိုဂျောင်အူးတစ်ယောက် SAT စာမေးပွဲဖြေပြီးတဲ့နောက်မှာ စိတ်ပြေလက်ပျောက်ခရီးတစ်ခုကိုထွက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီခရီးစဥ်မှာပဲ သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲနဲ့ ဂိုဂျောင်အူးတစ်ယောက် သာမန်ကျောင်းသားဘ၀ကနေ လူသတ်သမားတစ်ယောက်အဖြစ်ပြောင်းလဲသွားခဲ့ရပြီး ထောင်ဒဏ်၁၀နှစ်ကျခဲ့ပါတော့တယ်။
၁၀နှစ်ကြာပြီး ထောင်ကလွတ်လာတဲ့အချိန်မှာတော့ သာမန်ဘ၀လေးတစ်ခုမှာပဲ အေးဆေးနေတော့မယ်လို့ဆုံးဖြတ်ခဲ့ပေမဲ့လည်း ထိုအချိန်မှစပြီး ဆက်တိုက် သူ့အနီးနားပတ်၀န်းကျင်မှာ ထူးဆန်းတဲ့ အမှုကိစ္စတွေ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာပါတော့တယ်။ အဲဒီကနေတစ်ဆင့် စုံထောက် နိုဆန်းချောလ်နဲ့ သိကျွမ်းသွားခဲ့ရပြီး နှစ်ယောက်အတူတူ ထူးဆန်းတဲ့အမှုကိစ္စတွေကို ဖြေရှင်းရာမှ လွန်ခဲ့တဲ့၁၀နှစ်က အမှုကိစ္စကပါ ရောထွေးပတ်သတ်နေတာကို သိသွားခဲ့တဲ့အခါမှာတော့…
. ထုတ်လွှင့်သည့်နေ့ : Fridays & Saturdays...
. MMSub ထွက်ချိန် : 00:00PM နောက်ပိုင်း...
. စုစုပေါင်းအပိုင်း : ၁၄ ပိုင်း...
. Network : MBC...
??????? ???? -
?https://t.me/+FULthLuzb6Q4MWJl
———————————
Choi Jin Hyeok က အောင်မြင်တဲ့ ရှေ့နေတစ်ယောက်ဖြစ်ပြီး သူ့မှာ Ha Eun Jun ဆိုတဲ့ ဇနီးနဲ့ Choi Seon Hui ဆိုတဲ့ မွေးစားသမီးလေးတစ်ယောက်ရှိပါတယ် မိသားစုကို အရမ်းချစ်ပြီး အောင်မြင်ကျော်ကြားတဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ဖခင် မိသားစုကိုပဲ အချိန်တွေပုံအောပေးထားပြီး သမီးအတွက် ဘာမဆိုလုပ်နိုင်တဲ့ မိခင်
ကျောင်းမှာ ထိပ်တန်းကျောင်းသူစာရင်းထဲ ဝင်တဲ့ သမီး ဒီ ၃ ယောက်ကတော့ အစစအရာရာ ပြည့်စုံပြီး ပျော်ရွှင်ဖွယ်မိသားစုလေးကို ပိုင်ဆိုင်ထားကြတဲ့ မိသားစုလေးပေါ့
ဒါပေမဲ့ တစ်နေ့မှာ သမီးဖြစ်သူက သူငယ်ချင်းဖြစ်သူရဲ့ လူသတ်မှုမှာ ပါဝင်မိသွားပြီး သွေးတွေပေကျံနေတဲ့ အဝတ်အစားတွေနဲ့ အိမ်ကို ပြန်လာပြီးနောက် မိသားစုအချင်းချင်း သံသယတွေဝင်ပြီး အရာရာ ပြောင်းလဲသွားပါတော့တယ်
သူတို သိပ်ချစ်ရတဲ့ သမီးဖြစ်သူကို ကာကွယ်ပေးပြီး အရင်လို ပြီးပြည့်စုံပြီး ပျော်ရွှင်ဖွယ်မိသားစုလေးဖြစ်အောင် ပြန်ဖန်တီးနိုင်ကြမလား ဒါမှမဟုတ် သူတိုမိသားစုရဲ့ အမှန်တရားပေါ်ပေါက်သွားမလား …အဲဒီအပြင် ဒီလူသတ်မှုကြောင့် သူငယ်ချင်းတွေကြားထဲမှာရော ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို သည်းထိပ်ရင်ဖိုစွာနဲ့ စိတ်ဝင်စားဖွယ် ကြည့်ရှုရမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ် ဇာတ်လမ်းအညွှန်းကို Htoo Htoo Aung မှ ရေးသားပေးထားပါတယ်
. ပြသသည့်နေ့ : Wednesdays & Thursdays...
. MMSub ထွက်ချိန် : 00:00PM နောက်ပိုင်း...
. စုစုပေါင်းအပိုင်း : ၁၂ ပိုင်း...
. Network : KBS2 ...
??????? ???? -
?https://t.me/+LDdbnun2pzozZDc1
———————————
တောင်ကိုရီးယားရဲ့ အချမ်းသာဆုံး အလွှမ်းမိုးနိုင်ဆုံး မိသားစုကြီးနဲ့ အပြိုင်ဖိုက်ရမယ့် မိန်းမငယ်လေးသုံးယောက်… ?????? ?????
Poster မြင်ကတည်းက အားလုံးစောင့်မျှော်နေကြတဲ့ ညီအစ်မ သုံးယောက်ကားလေး လာပါပြီ။ မိန်းမသုံးယောက်ကား(Penthouse)တိုင်း ပါပြီး၊ ဝင်ရှိလိုက်ရမှ ကျေနပ်တဲ့ ဦးဦးဂျူဒန်းထယ်ကို လွမ်းနေကြတဲ့သူတွေ အတွက် အလွမ်းပြေကြည့်လိုရပါပြီ!!
{All Of Us Are Dead ထဲက မင်းသမီးလေး} Oh In-Hye (Park Ji-Hu)က ညီအစ်မသုံးယောက်ထဲမှာ အငယ်ဆုံးဖြစ်ပြီး၊ ပန်းချီဆွဲတဲ့နေရာမှာ မွေးရာပါ ပါရမီပါတဲ့ သူဖြစ်ပါတယ်၊ နာမည်ကြီး အနုပညာကျောင်းကြီးမှာ တက်ရောက် နေတဲ့ အထက်တန်းကျောင်းသူလေးဖြစ်တဲ့အပြင် အစ်မနှစ်ယောက် အရမ်း အချစ်ခံရတဲ့ အချစ်ခံညီမလေးဖြစ်ပါတယ်။
Oh In-Kyung (Nam Ji-Hyun) ကတော့ အလတ်မလေးဖြစ်ပြီး သတင်း ဌာနမှာ စိတ်အားထက်သန်၊ အလုပ်ကြိုးစားတဲ့ သတင်းထောက်မလေးဖြစ် ပါတယ်။ဘယ်အရာမဆို မှန်ကန်တာကိုပဲ ကြိုက်တဲ့အတွက် သူတစ်ပါးကို လိမ်ညာလှည့်စားခိုးယူပြီး ပိုက်ဆံရှာရတာ မနှစ်သက်တဲ့သူပါ။ သူသတင်း ထောက်ဖြစ်ဖြစ်ချင်းမှာပဲ လျှိဝှက်ဆန်းကြယ်တဲ့အမှုတစ်ခုနဲ့ ကြုံတွေ့ရပါ တော့တယ်။
အကြီးဆုံးအစ်မဖြစ်တဲ့ Oh In-Joo (Kim Go-Eun) ကတော့ ဆင်းရဲတဲ့ ပတ်ဝန်းကျင်မှာ ကြီးပြင်းလာခဲ့ရပြီး၊ ဘဝကိုခက်ခက်ခဲခဲ ရုန်းကန်နေရတဲ့သူပါ။ သူ့ညီမလေးတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖိုအတွက် ပိုက်ဆံက အရေး အကြီးဆုံးလို ခံယူထားတာပေါ့နော်။ သူများတွေလို အေးဆေးတဲ့ ၊ ဘာကိုမှ မပူပန်ရတဲ့ သာမန်ဘဝလေးမှာ နေဖိုက သူ့အိပ်မက်ပါပဲ။ ဒါပေမဲ့ In Joo တစ်ယောက် သူတို ညီအစ်မသုံးယောက်ရဲ့ ဘဝကိုပြောင်းလဲသွားစေမယ့် အမှုတစ်ခုကို ရင်ဆိုင်လိုက်ရတဲ့အခါ….
“ကျွန်မတို ညီအစ်မ သုံးယောက် အပူအပင်မရှိ
ချောချောမွေ့မွေ့နေသွားတော့မှာ”
ယော်ရောဘွန်းတိုကို အသည်းခွဲသွားတဲ့ TvN ရဲ့ “Alchemy of Souls” အပြီး နေရာမှာ အစားလာတဲ့ ကားလေးဖြစ်ပြီး အမိုက်စား Casts တွေနဲ့အတူ လောင် ရမလား ငိုရမလား ပျော်ရမလားဆိုတာ… စနေ တနင်္ဂနွေနေ့တိုင်း စောင့်မျှော် ကြည့်ရှုနိုင်ပါပြီ။
(ဒီစီးရီးရဲ့ အညွှန်းကို Khaing Khin မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေး သူများကတော့ CM Team မှဖြစ်ပါတယ်။)
??????? ???? -
?https://t.me/+Lia1uqDpGo5mZGFl———————————
No Yong-Won က ကိုရီးယားရဲ့အတော်ဆုံး စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်သလို သူမရဲ့ခင်ပွန်းဖြစ်သူ Choi Jae-Jin ကလည်း နာမည်ကြီး ခွဲစိတ်ဆရာဝန်တစ်ဖြစ်လဲ ကြင်နာတတ်တဲ့ ဖခင်ကောင်းတစ်ယောက်ပဲဖြစ်ပါတယ်။
Mystery ဝတ္ထုစာရေးဆရာမဖြစ်တဲ့ ယောက္ခမဖြစ်သူရဲ့ ဆတ်ဆတ်ထိမခံတတ်တဲ့စိတ်ကြောင့် ယောက္ခမနဲ့ ချွေးမကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောထားမတိုက်ဆိုင်မှုတွေကလွဲရင် Yong-Won ရဲ့ဘဝက ပျော်ရွှင်စရာအတိပါပဲ။
ဒီလိုမျိုး အလုပ်မှာသာမက ကိုယ်ပိုင်ဘဝကလည်း အထင်ကြီးစရာကောင်းလှတာကြောင့် လူတိုင်းရဲ့အားကျခြင်းကို ခံရတဲ့သူမဟာ တစ်နေ့မှာတော့ သူမရဲ့ပြီးပြည့်စုံလှတဲ့ခင်ပွန်းကLee Se Na ဆိုတဲ့ ပဟေဠိဆန်တဲ့မိန်းကလေးနဲ့ ဖောက်ပြန်နေတာကို သိသွားပါတော့တယ်။
ထိုမိန်းကလေး ဝင်ရောက်ပတ်သတ်လာပြီးနောက်မှာပဲ သူမရဲ့မိသားစုဟာ အမည်မသိသူတစ်ဦးထံမှ ခြိမ်းခြောက်ခြင်းခံလာရတဲ့အတွက် မတည့်အတူနေ ယောက္ခမဖြစ်သူနဲ့ ပူးပေါင်းပြီး သူမရဲ့မိသားစုကို အန္တရာယ်တွေကနေ ကာကွယ်ဖို့ဖြစ်လာပါတော့တယ်။
ဒီစီးရီးမှာ ဖောက်ပြန်တဲ့ ယောက်ျားကို ဘယ်လိုလက်စားပြန်ချေမလဲ..။ ခြိမ်းခြောက်ခံရတဲ့မိသားစုကို ယောက္ခမနဲ့ချွေးမ နှစ်ယောက်ပေါင်းပြီး ဘယ်လိုကာကွယ်သွားမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။
. ပြသသည့်နေ့ : Fridays & Saturdays...
. MMSub ထွက်ချိန် : 00:00PM နောက်ပိုင်း...
. စုစုပေါင်းအပိုင်း : ၁၂ပိုင်း...
. Network : MBC...
====================
??????? ???? -
?https://t.me/+FULthLuzb6Q4MWJl
———————————
CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc👉 @khanthtookyaw2001
Last updated 3 Wochen, 6 Tage her
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 1 Monat, 1 Woche her
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006
Last updated 2 Monate her