အဖိုးေလးးး🇲🇲

Description
Advertising
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 3 hours ago

1 month, 2 weeks ago

တိုက်ပွဲသတင်းထုတ်ပြန်ချက်
မတ်လ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။
=======================

ကချင်ပြည်နယ်

ဆွမ်ပရာဘွမ်စခန်း၏ တောင်ဘက်သို့ နေရာ ၂ နေရာမှ KIA နှင့် အကြမ်းဖက် အင်အား ၆၀ ဦးခန့် လက်နက်ကြီး၊ လက်နက်ငယ်၊ Drop Bomb များဖြင့် ၁ ကြိမ်၊ ရန်သူအင်အား(စိစစ်ဆဲ) အဖွဲ့က Drop Bomb ဖြုတ်ချတိုက်ခိုက်ခြင်းများ ဆောင်ရွက်လာခဲ့သဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့။

ကယားပြည်နယ်

ဖားဆောင်းမြို့နယ် ထူးချောင်းစခန်း တစ်ဝိုက် နယ်မြေရှင်းလင်းစဉ် KNPP/KNDF နှင့် PDF ပူးပေါင်းအင်အား ၁၅၀ ဦးခန့်က လက်နက်ကြီး/ငယ်များ၊ Drop Bomb ဖြုတ်ချတိုက်ခိုက်သဖြင့် အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့။

မိမိဘက်မှ ထိခိုက်မှုမရှိဘဲ အကြမ်းဖက်သောင်းကျန်းသူများ ထိခိုက်ကျဆုံးများစွာဖြင့် ဆုတ်ခွာထွက်ပြေးသွားခဲ့။ အတည်ပြုဆဲ သတင်းများအရ သေဆုံးဒဏ်ရာ ရသူများအား ထူးချောင်းအရှေ့ဘက် ကြိုးတံတား ဟောင်းဘက်သို့ ပြန်လည်သယ်ဆောင်သွားကြောင်း သိရှိရ။

ကရင်ပြည်နယ်

ဖာပွန်မြို့ နယ်မြေခံတပ်ရင်းသို့ နေရာ ၂ နေရာမှ KNLA တပ်မဟာ(၅) ၊ ရင်း(၁၀၂) နှင့် PDF ပူးပေါင်းအင်အား ၁၀၀ ဦးခန့်က ရှော့တိုက်ဒုံး၊ Drop Bomb များဖြင့်ပစ်ခတ်တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားခဲ့။

ကော့ကရိတ်မြို့၊ တောင်ပေါ်ကျောင်းသို့ KKO(ခွဲထွက်)နှင့် PDF ပူးပေါင်းအင်အား ၅၀ ဦး ခန့်က ၂ ကြိမ်၊ ချောင်းဦးစေတီသို့ အင်အား ၃၅ ဦးခန့်က ၁ ကြိမ်၊ မြို့မဘုရားသို့ အင်အား ၃၀ ဦးခန့်က ၁ ကြိမ် လာရောက်ပစ်ခတ်သဖြင့် ပြန်လည်ပစ်ခတ်ခဲ့။

သင်္ကန်းညီနောင် နယ်မြေခံတပ်ရင်းတစ်ဝိုက် နယ်မြေရှင်းလင်းစဉ် KNLA တပ်မဟာ ၆ ၊ ရင်း ၂၇ နှင့် အကြမ်းဖက်ပူးပေါင်း ၁၂၀ ဦးခန့်က စတင်ပစ်ခတ်တိုက်ခိုက်သဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ရာ တပ်ရင်း ဌာနချုပ်ကို လာရောက်တိုက်ခိုက်ခဲ့သည့် KNLA အဖွဲ့များဆုတ်ခွာ ထွက်ပြေးသွား။

တနင်္သာရီတိုင်း

ဘုတ်ပြင်းမြို့နယ် ချောင်းသာစူးကျေးရွာတစ်ဝိုက် အကြမ်းဖက်များ ခိုအောင်းနေကြောင်း သတင်းအရ သွားရောက်ရှင်းလင်းစဉ် အကြမ်းဖက်အင်အား ၁၀ ဦးခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့။

လက်လုပ်ရီမုမိုင်း ၁ လုံး၊ ရီမု ၁ ခု၊ ဆိုလာပြား ၁ ချပ်၊ ဓာတ်ခဲ ၆ လုံး၊ ဒီတိုနေတာ ၄၀ ခု၊ ဆိုင်ကယ်ဘက်ထရီ ၃ လုံး၊ လက်လုပ်ခြေနင်းခလုတ် ၆ ခု၊ ဝါယာကြိုး ၂ ခွေ၊ အိုင်ကွန်တိုင် ၃ ချောင်း သိမ်းဆည်းရမိ။

#တိုက်ပွဲသတင်းစုံ
https://t.me/naywin331

1 month, 2 weeks ago

တိုက္ပြဲသတင္းထုတ္ျပန္ခ်က္
မတ္လ ၂၄ ရက္၊ ၂၀၂၄ ခုႏွစ္။
=======================

ကခ်င္ျပည္နယ္

ဆြမ္ပရာဘြမ္စခန္း၏ ေတာင္ဘက္သို႔ ေနရာ ၂ ေနရာမွ KIA ႏွင့္ အၾကမ္းဖက္ အင္အား ၆၀ ဦးခန႔္ လက္နက္ႀကီး၊ လက္နက္ငယ္၊ Drop Bomb မ်ားျဖင့္ ၁ ႀကိမ္၊ ရန္သူအင္အား(စိစစ္ဆဲ) အဖြဲ႔က Drop Bomb ျဖဳတ္ခ်တိုက္ခိုက္ျခင္းမ်ား ေဆာင္ရြက္လာခဲ့သျဖင့္ ျပန္လည္ပစ္ခတ္ တိုက္ခိုက္ခဲ့။

ကယားျပည္နယ္

ဖားေဆာင္းၿမိဳ႔နယ္ ထူးေခ်ာင္းစခန္း တစ္ဝိုက္ နယ္ေျမရွင္းလင္းစဉ္ KNPP/KNDF ႏွင့္ PDF ပူးေပါင္းအင္အား ၁၅၀ ဦးခန႔္က လက္နက္ႀကီး/ငယ္မ်ား၊ Drop Bomb ျဖဳတ္ခ်တိုက္ခိုက္သျဖင့္ အျပန္အလွန္တိုက္ပြဲျဖစ္ပြားခဲ့။

မိမိဘက္မွ ထိခိုက္မႈမရိွဘဲ အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ထိခိုက္က်ဆံုးမ်ားစြာျဖင့္ ဆုတ္ခြာထြက္ေျပးသြားခဲ့။ အတည္ျပဳဆဲ သတင္းမ်ားအရ ေသဆံုးဒဏ္ရာ ရသူမ်ားအား ထူးေခ်ာင္းအေရ႔ွဘက္ ႀကိဳးတံတား ေဟာင္းဘက္သို႔ ျပန္လည္သယ္ေဆာင္သြားေၾကာင္း သိရိွရ။

ကရင္ျပည္နယ္

ဖာပြန္ၿမိဳ႔ နယ္ေျမခံတပ္ရင္းသို႔ ေနရာ ၂ ေနရာမွ KNLA တပ္မဟာ(၅) ၊ ရင္း(၁၀၂) ႏွင့္ PDF ပူးေပါင္းအင္အား ၁၀၀ ဦးခန႔္က ေရွာ့တိုက္ဒံုး၊ Drop Bomb မ်ားျဖင့္ပစ္ခတ္တိုက္ခိုက္သျဖင့္ တိုက္ပြဲျဖစ္ပြားခဲ့။

ေကာ့ကရိတ္ၿမိဳ႔၊ ေတာင္ေပၚေက်ာင္းသို႔ KKO(ခြဲထြက္)ႏွင့္ PDF ပူးေပါင္းအင္အား ၅၀ ဦး ခန႔္က ၂ ႀကိမ္၊ ေခ်ာင္းဦးေစတီသို႔ အင္အား ၃၅ ဦးခန႔္က ၁ ႀကိမ္၊ ၿမိဳ႔မဘုရားသို႔ အင္အား ၃၀ ဦးခန႔္က ၁ ႀကိမ္ လာေရာက္ပစ္ခတ္သျဖင့္ ျပန္လည္ပစ္ခတ္ခဲ့။

သကၤန္းညီေနာင္ နယ္ေျမခံတပ္ရင္းတစ္ဝိုက္ နယ္ေျမရွင္းလင္းစဉ္ KNLA တပ္မဟာ ၆ ၊ ရင္း ၂၇ ႏွင့္ အၾကမ္းဖက္ပူးေပါင္း ၁၂၀ ဦးခန႔္က စတင္ပစ္ခတ္တိုက္ခိုက္သျဖင့္ ေလေၾကာင္းပစ္ကူယူ၍ ျပန္လည္ပစ္ခတ္ခဲ့ရာ တပ္ရင္း ဌာနခ်ဳပ္ကို လာေရာက္တိုက္ခိုက္ခဲ့သည့္ KNLA အဖြဲ႔မ်ားဆုတ္ခြာ ထြက္ေျပးသြား။

တနသၤာရီတိုင္း

ဘုတ္ျပင္းၿမိဳ႔နယ္ ေခ်ာင္းသာစူးေက်းရြာတစ္ဝိုက္ အၾကမ္းဖက္မ်ား ခိုေအာင္းေနေၾကာင္း သတင္းအရ သြားေရာက္ရွင္းလင္းစဉ္ အၾကမ္းဖက္အင္အား ၁၀ ဦးခန႔္ႏွင့္ တိုက္ပြဲျဖစ္ပြားခဲ့။

လက္လုပ္ရီမုမိုင္း ၁ လံုး၊ ရီမု ၁ ခု၊ ဆိုလာျပား ၁ ခ်ပ္၊ ဓာတ္ခဲ ၆ လံုး၊ ဒီတိုေနတာ ၄၀ ခု၊ ဆိုင္ကယ္ဘက္ထရီ ၃ လံုး၊ လက္လုပ္ေျခနင္းခလုတ္ ၆ ခု၊ ဝါယာႀကိဳး ၂ ေခြ၊ အိုင္ကြန္တိုင္ ၃ ေခ်ာင္း သိမ္းဆည္းရမိ။

#တိုက္ပြဲသတင္းစံု
https://t.me/naywin331

1 month, 2 weeks ago

ကော့ဘိန်းစခန်းဟုသိရပါတယ်

အလစ်အငိုက် မဟုပ်ပါ

ရန်သူဟာ ဘုရားပွဲ ရှင်လောင်းလှည့်သလို ကားတန်ကြီးနဲ့ စီကားသိုက်မြိုက်စွာ လာတိုက်တာပါ

လာတိုက်မယ်လို့ လည်း ခနတိုင်း လိုင်းပေါ်တင်တာတွေ့နေရပါတယ်

ကော့ကရိတ် ဂွင်မှာ
4 Wheels တွေ နဲ့ Double cab တွေ နောက် ခန်း အ မိုး မ ပါ ပက် လက် ကား တွေ နဲ့ ‌သ င်္ကြန် ရေ ပက် ခံ ထွက် သ လို သွား နေ တာတောင် ခြုံ ခို ဖြတ် တောက်နိုင်စွမ်းမရှိခြင်းကြောင့်
ကော့ဘိန်းရဲစခန်း ကျသွားပါပြီ

သူတို့ ဘက်က သတင်းတွေမှာတော့ တဖ၀ ၁၀ ဦးလောက် လက်နက်ချ အလံဖြူထောင်တယ်လို့ ရေးနေကြပါတယ် =

ကိုယ့်ဘက်က
စစ်ရေးသတင်းတွေမှာတော့
စစ်ကူတွေ အပြင်းချီတက်သွားတယ်လို့တော့ ရေးနေကြတာပဲ

နောက်ဆက်တွဲ ဘာဆက်ဖြစ်မလည်းတော့ မသိရသေးပါဘူး

၂၅ ၃ ၂၀၂၄
#Kyawminthu
https://t.me/naywin331

1 month, 3 weeks ago

.
☯️

မနက်ကတောင်ရေးလိုက်သေးတယ်
(၃) ရက်ဆက်တိုက်ကျတယ်၊ အချိန်တန် ပြန်တက်ပါလိမ့်မယ်လို့၊

$ 2147 အထိကျပြီး $ 2163 အထိ ပြန်တက်တယ်၊ မြန်မာမှာတော့ ( 41.7 ) သိန်းကနေ (41.3) သိန်းကို ကျသွားတယ်၊ တမျိုးကြီးပဲနော်၊

ဘာဖြစ်သလဲဆိုရင်.... မရှိလို့လာရောင်းသူတွေခင်မြာ အနိမ့်ဈေးနဲ့ ရောင်းရလို့နစ်နာသွားရတာပေါ့၊ လူလယ်ကြီးတွေက (41.3) နဲ့ အရောင်းအဝယ်ဘယ်လုပ်ကြပါမလဲ။

အဓိကက $ တန်ဘိုးပဲ၊ $ တန်ဘိုး 3700 ကို 1850 အထိချနိုင်ရင် ရွှေဈေးလဲ သိန်း (၂၀) အထိ အလိုလိုကျသွားပါလိမ့်မယ်၊

#NZL
https://t.me/naywin331

1 month, 3 weeks ago

.
☯️

Trump သမ္မတကာလမှာ ဒုတိယသမ္မတအဖြစ်နဲ့ မှိန်းနေလာခဲ့ပြီး၊ အခုတော့ ထရမ့်သမ္မတ ပြန်ဖြစ်ဖို့ သူမထောက်ခံပါဘူးလို့ သစ္စာမဲ့ စကားကိုဆိုချေပြီ၊

ကြိုတာ မကြိုက်တာကို လက်ခံနိုင်ပါတယ်
ဒါပေမဲ့ အခုလို ဆရာနစ်နာစေမဲ့စကားမျိုးတော့မပြောသင့်ဘူး၊ သူက VP တာဝန်ထမ်းဆောင်ခဲ့သူဆိုတော့ သူ့စကားတခွန်းက အားပါတယ်၊ မကြိုက်ရင်တောင် ဘာမှမပြောပဲ ခပ်မဆိပ်နေသင့်တာပေါ့၊ အခုလိုအာချောင်တာ မကောင်းဘူး၊ မြန်မာလိုပြောရရင် ဒါ ခင်ပွန်းကြီး (၁၀) ပါးကို စော်ကားတာပဲ၊ ကံ ကြီးထိုက်မဲ့သူပါ၊

တော်တော်ရွံစရာကောင်းတဲ့သူပဲ။

#NZL
https://t.me/naywin331

1 month, 3 weeks ago

"မာန နှင့် ဂါရဝ"
~~
#မာနဆိုတာ
အယုတ်တရား၊
အထက်တက်ချင်လို့ ဖက်ပြိုင်ကာမှ
အောက်ရပ်အပါယ်ဘုံကို သွားနေတာ မာနကြောင့်။

သူတော်ကောင်း ကြီးများကတော့
ကိုယ့်ကိုယ်ကို အထူးပင်နှိမ့်ချထားတတ်ကြပါတယ်။ နှိမ့်ချလေလေ အထက်ရောက်လေလေဗျ။ သူတော်ကောင်းကြီးတွေကို ခေါင်းပေါ်တင်ထားရတယ် မဟုတ်လား။

အလောင်းတော် သုမေဓာရသေ့ဟာ
သူ့ကိုယ်သူ နှိမ့်ချ၊

ဒီပင်္ကရာ ဘုရားခြေတော်ရင်း
ဦးခေါင်းဝပ်စင်း ကိုယ်နဲ့ တံတားခင်းပေးပြီးတော့ ဘုရားရဟန္တာကြီးများ နင်းလျှောက်သွားကြပါဆိုပြီး
သူ့ ကိုယ်သူ လှူခဲ့တာ....။

ဒီနေ့ ဂေါတမဗုဒ္ဓမြတ်စွာဘုရားအဖြစ်နဲ့
လူ နတ် ဗြဟ္မာ သတ္တဝါအားလုံးက ခေါင်းပေါ်တင်
ကိုးကွယ်နေကြပြီ မဟုတ်လား။

အဲဒါ မာနကြောင့်လား၊ ဂါရဝကြောင့်လား။
ဂါရဝကြောင့်ပါဘုရား။
ဂါရဝေါစ နိဝါတောစ
ရိုသေနှိမ့်ချခြင်းသာ သူတော်ကောင်း လက္ခဏာပါ။

(၁၉၉၇ ခုနှစ်၊ နတ်တလူတောရ ဩဝါဒ)
သုဝဏ္ဏသျှမ်စာစဉ်
မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီး
🙏🙏🙏🙏🙏🙏🙏🙏🙏🙏
https://t.me/naywin331

1 month, 4 weeks ago

Mar 12

သတင်းကောင်း

ဘီဂျီအက်ဖ်က မင်းသားကြီး ‌ဗိုလ်ချစ်သူက တပ်မတော် ဖက်ပဲ ဆက်လက်ရပ်တည်သွားမယ်တဲ့။

အလှူခံပြီး စစ်တိုက်နေရတဲ့ တာပေါတို့ လက်ပြတ်တို့ကို မမြင်ချင်တော့ဘူးဆိုပဲ။

#ပေတိူး

မီဒီယာ
https://t.me/naywin331

2 months ago

လူသယ်ဆောင်နိုင်တဲ့ ပခုံးထမ်းဒုံး တနည်းအားဖြင့် Man-portable air-defense systems (MANPADS or MPADS) လို့ ခေါ်တဲ့ ဝေဟင်ပစ်ဒုံးကျည်တွေကို လက်နက်ကိုင်တပ် တွေက ဒီရက်ပိုင်းမှာ ထုတ်ပြလာခဲ့တာတွေ့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီလက်နက် အကြောင်းအရာနဲ့ ပတ်သက်ပြီး အနည်းငယ် သိနားလည်စေဖို့ မျှဝေပေးလိုက်ပါတယ်။
----
MANPADS ဒုံးတွေကို ၁၉၅၀ ခုနှစ်လောက်က စပြီး တီထွင်ခဲ့တယ်။ အလွယ်တကူ ရွှေ့ပြောင်း သယ်ဆောင်နိုင်သလို အကွာအဝေးအားဖြင့် အမြင့်ပျံမဟုတ်တဲ့ စစ်ဘက်လေ ယာဉ်တွေကို ပစ်ချနိုင်စွမ်းရှိလို့ အတော်အသင့် အသုံးဝင်တဲ့ လေကြောင်းပစ် လက်နက် တစ်ခု ဖြစ်ခဲ့တယ်။ အမေရိကန်အပါအဝင် ရုရှား၊ အီရန်နဲ့ နိုင်ငံပေါင်း (၂၅) နိုင်ငံလောက်က ဒီလက်နက်တွေကို တွင်တွင်ကျယ်ကျယ်အသုံးပြုကြတာ တွေ့ရတယ်။ ဒုံးကျည်ရဲ့အလျား ဟာ ၅ ပေ၊ ၆ ပေခန့်ရှိသလို အရွယ်အစားပေါ်မူတည်ပြီး အလေးချိန်မှာလည်း ကွာဟ ချက်ရှိတယ်။ ပျှမ်းမျှအားဖြင့် အလေးချိန်ပေါင် ၄၀ ခန့်ရှိပြီးတော့ ၆ မိုင်အကွာမှာ ပစ်မှတ်ကို စပြီး ခြေရာခံနိုင်တာတွေ့ရတယ်။ ဒါပေမယ့် ၆၁၀၀ မီတာ( ပေ ၂၀၀၀၀) အထက် ယာဉ်တွေကိုတော့ ချိမ်းခြောက်နိုင်စွမ်းရှိမှာ မဟုတ်ဘူး။
----
၁၉၆၀ တဝိုက်မှာပေါ်ပေါက်ခဲ့တဲ့ ပထမ မျိုးဆက်တွေထဲမှာ MANPADS၊ ဆိုဗီယက် 9K32 Strela-2 နဲ့ တရုတ် HN-5 တွေက ထင်ရှားတယ်။ အနီအောက်ရောင်ခြည်သုံး ဒုံးတြွေဖစ်လို့ ပစ်မှတ်အပူလှိုင်းကို ရှာဖွေပြီး တိုက်ခိုက်ရတဲ့ လက်နက်တွေလည်းဖြစ် တယ်။ ဒုတိယမျိုးဆက်တွေကတော့ U.S. Stinger၊ ဆိုဗီယက် Strela-3 နဲ့ Chinese FN-6 ဆိုပြီး ပေါ်ထွက်လာခဲ့တယ်။ တတိယမျိုးဆက်မှာတော့ ပြင်သစ် Mistral၊ ဆိုဗီယက် 9K38 Igla နဲ့ US Stinger B တွေ အပါအဝင် စတုတ္ထမျိုးဆက်တွေမှာတော့ အမေရိကန် FIM-92 Stinger Block 2၊ Russian Verba၊ Chinese QW-4၊ Indian VSHORAD နဲ့ ဂျပန် Type 91 ဝေဟင်ပစ်လက်နက်တွေက ထင်ရှားတဲ့ ဒုံးလက်နက်တွေ ဖြစ်လာခဲ့ကြတယ်။ ဒီအဆင့်မြင့်လက်နက်တွေမှာ အနီအောက် ရောက်ခြည်သုံး အဆင့်မြင့် အာရုံခံစနစ် တွေလည်း ပါဝင်လာခဲ့သလို လေယာဉ်ကနေ ဖြန့်ကျက် ထုတ်လွှတ်တဲ့ အပူလှိုင်း နှုန်းတွေကိုလည်း ခွဲခြားသိမြင်နိုင်တဲ့ အာရုံခံ စနစ်တွေ ပါဝင်ခဲ့တာ တွေ့ရတယ်။
---
MANPADS ဒုံးတွေဟာ တစ်ဦးချင်း သယ်ဆောင်နိုင်တဲ့ ပခုံးထမ်းဒုံးတြွေဖစ်လို့ သယ်ဆောင် ရတာ ပေါ့ပါးတယ်လို့ ယူဆလို့ရတယ်။ ရန်သူတွေအနေနဲ့ ရွေ့လျားကား တွေပေါ်မှာ အလွယ်တကူတင်ဆောင်ပြီး ပစ်ခတ်နိုင်တာတွေ့ရတယ်။ တည်ဆောက်ပုံအရ "gripstock လို့ခေါ်တဲ့ အပစ်ခလုတ်၊ တခါသုံး ဘက်တ္ထရီနဲ့ ဒုံးကျည်တစ်ခု ပါဝင်တဲ့ Launch Tube တစ်ခု ပါဝင်တယ်။ သာမန်အားဖြင့် အမျိုးအစား ၃ မျိုးခွဲပြီး သတ်မှတ်ကြတယ်။ ပထမ တစ်ခုက လေယာဉ်ရဲ့ အင်ဂျင် အပူစနစ်ကို နောက်ယောင်ခံလိုက်ပြီး တိုက်ခိုက်တဲ့ စနစ်၊ ဒုတိယ တစ်ခုက Command Line-of-Sight (CLOS)စနစ်ကို အသုံးပြုပြီး ရေဒီယို လမ်းညွှန်မှုနဲ့ တိုက်ခိုက်တဲ့ စနစ်၊ နောက်ဆုံး စနစ်ကတော့ လေဆာရောင်ခြည် အသုံးပြုပြီး ပစ်မှတ်ကိုတိုက်ရိုက်တိုက်ခိုက်စေတဲ့ စနစ်တွေပဲဖြစ်တယ်။
---
MANPADS ရဲ့ အဓိက အားနည်းချက်ကတော့ အမြင့်ပျံ လေယာဉ်တွေကို တိုက်ရိုက် ထိမှန်နိုင်ဖို့ မရှိဘူး။ အထူးသဖြင့် ကင်းထောင်လေယာဉ်တွေနဲ့ အမြင့်ပျံ တိုက်လေယာဉ် တွေကို ဒီလက်နက်နဲ့တိုက်ခိုက်နိုင်မှာ မဟုတ်သလို အနီအောက်ရောင်ခြည်သုံး ပဲ့ထိန်းဒုံးကျည်ရန်က ကာကွယ်ဖို့ တန်ပြန်အစီအမံ (အပူလှိုင်း) ပါတဲ့ခေတ်မီတိုက် လေယာဉ်တွေ အတွက် ဒီဒုံးတွေဟာ ထိရောက်မှု ရှိမှာ မဟုတ်ဘူး။ အကွာအဝေးအားဖြင့် ပေ ၂၀၀၀၀ အောက်လျော့တဲ့ မြန်နှုန်းမြင့်မဟုတ်တဲ့ ယာဉ်တွေကိုသာ တိုက်ရိုက် တိုက်ခိုက်နိုင်မှာဖြစ်တယ်။ တန်ဖိုး အနေနဲ့ မှောင်ခိုဈေးကွက် မှာတော့ အမေရိကန်ဒေါ်လာ တသိန်းပတ်ခြာလည်လောက် တန်ဖိုးကျ သင့်တာ တွေ့ရသလို ထိမ်းသိမ်းထားသိုမှုအပိုင်းမှာလည်း ကန့်သတ်ချက်တွေရှိလို့ အများကြီး သိုလှောင်နိုင်ဖို့ ခက်တာတော့တွေ့ရတယ်။ ဖြစ်နိုင်တာကတော့ သတင်းလက်ဦးမှုရတဲ့ ဖြစ်စဉ်မျိုးမှာ ကြိုတင်စောင့်ကြိုတိုက်ခိုက်တာမျိုးကလွဲရင် ထူးထူးခြားခြား ချိမ်းခြောက်နိုင်မှု ရှိမယ် မထင်ပါဘူး။
---
နောက်ဆုံးအချက်ကတော့ ဒီလက်နက်တွေရဲ့ လားရာဟာ ထိုင်းနိုင်ငံမှာ ကျင်းပပြီးစီးခဲ့တဲ့ ‘မြွေဟောက်စစ်ဆင်ရေး’ရဲ့ အကြွင်းအကျန်တွေပါပဲ။

#(နရီမိုး)
https://t.me/naywin331

2 months ago

လူသယ္ေဆာင္ႏိုင္တဲ့ ပခံုးထမ္းဒံုး တနည္းအားျဖင့္ Man-portable air-defense systems (MANPADS or MPADS) လို႔ ေခၚတဲ့ ေဝဟင္ပစ္ဒံုးက်ည္ေတြကို လက္နက္ကိုင္တပ္ ေတြက ဒီရက္ပိုင္းမွာ ထုတ္ျပလာခဲ့တာေတြ့ရတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဒီလက္နက္ အေၾကာင္းအရာနဲ႔ ပတ္သက္ၿပီး အနည္းငယ္ သိနားလည္ေစဖို႔ မ်ွေဝေပးလိုက္ပါတယ္။
----
MANPADS ဒံုးေတြကို ၁၉၅၀ ခုႏွစ္ေလာက္က စၿပီး တီထြင္ခဲ့တယ္။ အလြယ္တကူ ေရႊ့ေျပာင္း သယ္ေဆာင္ႏိုင္သလို အကြာအေဝးအားျဖင့္ အျမင့္ပ်ံမဟုတ္တဲ့ စစ္ဘက္ေလ ယာဉ္ေတြကို ပစ္ခ်ႏိုင္စြမ္းရိွလို႔ အေတာ္အသင့္ အသံုးဝင္တဲ့ ေလေၾကာင္းပစ္ လက္နက္ တစ္ခု ျဖစ္ခဲ့တယ္။ အေမရိကန္အပါအဝင္ ရုရွား၊ အီရန္နဲ႔ ႏိုင္ငံေပါင္း (၂၅) ႏိုင္ငံေလာက္က ဒီလက္နက္ေတြကို တြင္တြင္က်ယ္က်ယ္အသံုးျပဳၾကတာ ေတြ့ရတယ္။ ဒံုးက်ည္ရဲ့အလ်ား ဟာ ၅ ေပ၊ ၆ ေပခန႔္ရိွသလို အရြယ္အစားေပၚမူတည္ၿပီး အေလးခ်ိန္မွာလည္း ကြာဟ ခ်က္ရိွတယ္။ ပ်ွမ္းမ်ွအားျဖင့္ အေလးခ်ိန္ေပါင္ ၄၀ ခန႔္ရိွၿပီးေတာ့ ၆ မိုင္အကြာမွာ ပစ္မွတ္ကို စၿပီး ေျခရာခံႏိုင္တာေတြ့ရတယ္။ ဒါေပမယ့္ ၆၁၀၀ မီတာ( ေပ ၂၀၀၀၀) အထက္ ယာဉ္ေတြကိုေတာ့ ခ်ိမ္းေျခာက္ႏိုင္စြမ္းရိွမွာ မဟုတ္ဘူး။
----
၁၉၆၀ တဝိုက္မွာေပၚေပါက္ခဲ့တဲ့ ပထမ မ်ိဳးဆက္ေတြထဲမွာ MANPADS၊ ဆိုဗီယက္ 9K32 Strela-2 နဲ႔ တရုတ္ HN-5 ေတြက ထင္ရွားတယ္။ အနီေအာက္ေရာင္ျခည္သံုး ဒံုးေတျြဖစ္လို႔ ပစ္မွတ္အပူလိႈင္းကို ရွာေဖြၿပီး တိုက္ခိုက္ရတဲ့ လက္နက္ေတြလည္းျဖစ္ တယ္။ ဒုတိယမ်ိဳးဆက္ေတြကေတာ့ U.S. Stinger၊ ဆိုဗီယက္ Strela-3 နဲ႔ Chinese FN-6 ဆိုၿပီး ေပၚထြက္လာခဲ့တယ္။ တတိယမ်ိဳးဆက္မွာေတာ့ ျပင္သစ္ Mistral၊ ဆိုဗီယက္ 9K38 Igla နဲ႔ US Stinger B ေတြ အပါအဝင္ စတုတၴမ်ိဳးဆက္ေတြမွာေတာ့ အေမရိကန္ FIM-92 Stinger Block 2၊ Russian Verba၊ Chinese QW-4၊ Indian VSHORAD နဲ႔ ဂ်ပန္ Type 91 ေဝဟင္ပစ္လက္နက္ေတြက ထင္ရွားတဲ့ ဒံုးလက္နက္ေတြ ျဖစ္လာခဲ့ၾကတယ္။ ဒီအဆင့္ျမင့္လက္နက္ေတြမွာ အနီေအာက္ ေရာက္ျခည္သံုး အဆင့္ျမင့္ အာရံုခံစနစ္ ေတြလည္း ပါဝင္လာခဲ့သလို ေလယာဉ္ကေန ျဖန႔္က်က္ ထုတ္လႊတ္တဲ့ အပူလိႈင္း ႏႈန္းေတြကိုလည္း ခြဲျခားသိျမင္ႏိုင္တဲ့ အာရံုခံ စနစ္ေတြ ပါဝင္ခဲ့တာ ေတြ့ရတယ္။
---
MANPADS ဒံုးေတြဟာ တစ္ဦးခ်င္း သယ္ေဆာင္ႏိုင္တဲ့ ပခံုးထမ္းဒံုးေတျြဖစ္လို႔ သယ္ေဆာင္ ရတာ ေပါ့ပါးတယ္လို႔ ယူဆလို႔ရတယ္။ ရန္သူေတြအေနနဲ႔ ေရြ့လ်ားကား ေတြေပၚမွာ အလြယ္တကူတင္ေဆာင္ၿပီး ပစ္ခတ္ႏိုင္တာေတြ့ရတယ္။ တည္ေဆာက္ပံုအရ "gripstock လို႔ေခၚတဲ့ အပစ္ခလုတ္၊ တခါသံုး ဘက္တၴရီနဲ႔ ဒံုးက်ည္တစ္ခု ပါဝင္တဲ့ Launch Tube တစ္ခု ပါဝင္တယ္။ သာမန္အားျဖင့္ အမ်ိဳးအစား ၃ မ်ိဳးခြဲၿပီး သတ္မွတ္ၾကတယ္။ ပထမ တစ္ခုက ေလယာဉ္ရဲ့ အင္ဂ်င္ အပူစနစ္ကို ေနာက္ေယာင္ခံလိုက္ၿပီး တိုက္ခိုက္တဲ့ စနစ္၊ ဒုတိယ တစ္ခုက Command Line-of-Sight (CLOS)စနစ္ကို အသံုးျပဳျပီး ေရဒီယို လမ္းၫႊန္မႈနဲ႔ တိုက္ခိုက္တဲ့ စနစ္၊ ေနာက္ဆံုး စနစ္ကေတာ့ ေလဆာေရာင္ျခည္ အသံုးျပဳျပီး ပစ္မွတ္ကိုတိုက္ရိုက္တိုက္ခိုက္ေစတဲ့ စနစ္ေတြပဲျဖစ္တယ္။
---
MANPADS ရဲ့ အဓိက အားနည္းခ်က္ကေတာ့ အျမင့္ပ်ံ ေလယာဉ္ေတြကို တိုက္ရိုက္ ထိမွန္ႏိုင္ဖို႔ မရိွဘူး။ အထူးသျဖင့္ ကင္းေထာင္ေလယာဉ္ေတြနဲ႔ အျမင့္ပ်ံ တိုက္ေလယာဉ္ ေတြကို ဒီလက္နက္နဲ႔တိုက္ခိုက္ႏိုင္မွာ မဟုတ္သလို အနီေအာက္ေရာင္ျခည္သံုး ပဲ့ထိန္းဒံုးက်ည္ရန္က ကာကြယ္ဖို႔ တန္ျပန္အစီအမံ (အပူလိႈင္း) ပါတဲ့ေခတ္မီတိုက္ ေလယာဉ္ေတြ အတြက္ ဒီဒံုးေတြဟာ ထိေရာက္မႈ ရိွမွာ မဟုတ္ဘူး။ အကြာအေဝးအားျဖင့္ ေပ ၂၀၀၀၀ ေအာက္ေလ်ာ့တဲ့ ျမန္ႏႈန္းျမင့္မဟုတ္တဲ့ ယာဉ္ေတြကိုသာ တိုက္ရိုက္ တိုက္ခိုက္ႏိုင္မွာျဖစ္တယ္။ တန္ဖိုး အေနနဲ႔ ေမွာင္ခိုေဈးကြက္ မွာေတာ့ အေမရိကန္ေဒၚလာ တသိန္းပတ္ျခာလည္ေလာက္ တန္ဖိုးက် သင့္တာ ေတြ့ရသလို ထိမ္းသိမ္းထားသိုမႈအပိုင္းမွာလည္း ကန႔္သတ္ခ်က္ေတြရိွလို႔ အမ်ားႀကီး သိုေလွာင္ႏိုင္ဖို႔ ခက္တာေတာ့ေတြ့ရတယ္။ ျဖစ္ႏိုင္တာကေတာ့ သတင္းလက္ဦးမႈရတဲ့ ျဖစ္စဉ္မ်ိဳးမွာ ႀကိဳတင္ေစာင့္ႀကိဳတိုက္ခိုက္တာမ်ိဳးကလြဲရင္ ထူးထူးျခားျခား ခ်ိမ္းေျခာက္ႏိုင္မႈ ရိွမယ္ မထင္ပါဘူး။
---
ေနာက္ဆံုးအခ်က္ကေတာ့ ဒီလက္နက္ေတြရဲ့ လားရာဟာ ထိုင္းႏိုင္ငံမွာ က်င္းပၿပီးစီးခဲ့တဲ့ ‘ေႁမြေဟာက္စစ္ဆင္ေရး’ရဲ့ အႂကြင္းအက်န္ေတြပါပဲ။

#(နရီမိုး)
https://t.me/naywin331

2 months ago

Mar 7

ယနေ့ သင်္ကန်းညီနောင်မှာတပ်မှ ပစ်ထုတ်လိုက်တဲ့ လက်နက်ကြီးကြောင့်-

ခုညနေ ယူနီဖောင်းအမည်းဝတ် အမျိုးသမီးတစ်ယောက် အမျိုးသားတက်တူးနဲ့ ပြည်သူသုံးယောက် စုစုပေါင်း
၄ ယောက်သေတယ်လို့ သိရှိရ။
ညနေ ၃း၂၅နာ၇ီက သင်္ဃန်းညီနောင် ၃၅၅ အနားက တောစပ်ကိုလေယာဉ်နဲ့ လာကျဲနေပါတယ်။
အထိအခိုက်တော့မသိ၇။

March 7(03:25)pm

#ပေတိုးမီဒီယာ
https://t.me/naywin331

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 2 weeks, 1 day ago

Last updated 1 month, 3 weeks ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 4 days, 3 hours ago