CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc? @khanthtookyaw2001
Last updated 1 month, 4 weeks ago
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 2 months, 1 week ago
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3
Last updated 2 weeks, 2 days ago
ပါမောက္ခချုပ်ဆရာတော်ကြီးအား
ဖူးမြှော်ကြည်ညိုနိုင်ပါသည်။
---------------------------------
၂၀၂၄-ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက် နေ့မှ
၂၀၂၄-ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက် နေ့အထိ
မနက် ၇:၀၀ နာရီ တစ်ကြိမ်
နေ့လည် ၁၂:၀၀ နာရီ တစ်ကြိမ်
ဝဇိရာနန္ဒသုဗောဓာရုံကျောင်းတိုက်
ဇဝနသိဒ္ဓိရပ်ကွက်၊ ဥတ္တရသီရိမြို့နယ်
ဥတ္တရသီရိဟိုတယ်ဇုံ (၂)၊ ခွါညိုပန်းဝိုင်းအနီး
ရာဇသင်္ဂဟလမ်း နှင့်
နေပြည်တော် - တပ်ကုန်း အမှတ်(၂)လမ်း
နေပြည်တော် တွင်
ပါမောက္ခချုပ်ဆရာတော်ကြီး အား
ဖူးမြှော်ကြည်ညိုနိုင်ပါသည်။
လူတစ်ယောက်အပေါ် မှာ မုန်းတီးတဲ့အတွေး ပေါ်လာရင် ဘာနဲ့ဖြေရှင်းမလဲ။
မြတ်စွာဘုရားက မေတ္တာပွားလိုက်ပါတဲ့။
သူ့အကျိုးလိုလားတဲ့ စိတ်ကို ထားနိုင်အောင် ကြိုးစားပါတဲ့။
သည်းခံခြင်း၊ ခွင့်လွှတ်ခြင်း၊ မေတ္တာထားခြင်း
ဖြင့် ကိုယ့်ရဲ့ ရင်ထဲနှလုံးထဲမှာ ပူလောင်နေတဲ့ ဗျာပါဒမီးကို ငြိမ်းပါလို့ ပြောတာ၊ ဒါက သက်ရှိမှာ မေတ္တာထားနိုင်အောင် ကြိုးစားတာ။
မေတ္တာထားဖို့ဆိုတာကလည်း လွယ်တာတော့
မဟုတ်ဘူးနော်။
အမုန်းစိတ်ဆိုတာ ဖျောက်ဖို့တော်တော်ခက်တယ်။
အမုန်းစိတ်ပြင်းထန်လာပြီ ဆိုရင်မြတ်စွာဘုရားက သုတ္တန်တစ်ခုမှာ နည်းပေးထားတယ်။
မေတ္တာပွားတဲ့။မေတ္တာပွားလို့ မရရင် ကရုဏာ
ထား။
မရရင် ကံကံ၏အကျိုးကို တွေးလိုက်။
သူလည်းသူ့ကံနဲ့သူလာတာငါလည်း ငါ့ကံနဲ့ငါလာတာ မုန်းနေရော ဘာဖြစ်မှာတုံး။
သူကံကောင်းရင် အကျိုးကြီးပွားမှာပဲ။
သူ့ကံနဲ့သူ၊ငါလည်း ငါ့ကံနဲ့ငါလို့ ကံကို တွေး
လိုက်တဲ့။
အဲဒီလိုမှ မရရင် ဘာလုပ်ရ မတုံးဆိုတော့မေ့ပစ် လိုက်တဲ့။
နောက်ဆုံးက မေ့ပစ်လိုက်တဲ့ဘယ်နည်းပဲဖြစ်ဖြစ် ပျောက်ဖို့ရာ အဓိကမဟုတ် လား။
ရင်ထဲ နှလုံးထဲမှာ ပူလောင် စေတတ်တဲ့ ဒေါသရဲ့
အတွေးတွေကိုလည်း အဲဒီ နည်းနဲ့ ဖြေ ဖျောက်ရမယ်။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
ဒါကြောင့် တရားချစ်ခင် သူတော်စင်ပရိသတ် တို့ သည်“ကံကြမ္မာရဲ့ ရုပ်ပုံလွှာ” ဆိုတာဒီဘဝမှာ ဘုန်း ကြီး တို့တစ်တွေ ရထားတဲ့ ရုပ်ပုံလွှာသည် ဘယ်သူကပေးထားတဲ့ ရုပ်ပုံလွှာတုန်း?
ကံကြမ္မာက ပေးထားတဲ့ ရုပ်ပုံလွှာတဲ့။
ကံကြမ္မာက ပေးထားတဲ့ရုပ်ပုံလွှာကို ရကြမှာဖြစ်သောကြောင့် မိမိတို့သည် ကောင်းတာလုပ်လည်း ကိုယ်နဲ့ပဲ သက်ဆိုင်တယ်၊မကောင်းတာလုပ်လည်း ကိုယ်ပဲ အမွေခံရမယ်။
ကမ္မဒါယာဒါ ကံအမွေကို အားလုံးခံကြရမှာ ဖြစ်တယ်။
ကံကြမ္မာကပေးတဲ့ ရုပ်ပုံလွှာမှာ အရုပ်ဆိုးအကျည်း တန် ဘဝမှာ အခြေအနေမကောင်းတဲ့ အနေ အထားမျိုး မရစေရအောင် အခုအချိန်ကစပြီး သတိကြီးစွာထားပြီး ကောင်းတဲ့ကံတွေ မိမိတို့သန္တာန်မှာဖြစ်အောင်အားထုတ်နိုင်ကြပါစေကုန်သတည်း။ ။
ကျေးဇူးတော်ရှင် ပါမောက္ခ ချုပ်ဆရာတော်
ဒေါက်တာ ဘဒ္ဒန္တနန္ဒမာလာဘိဝံသ
???
ဆူကြုံနိမ့်မြင့် တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ အနေအထား ရောက် သွားအောင်ဘယ်သူ ကခွဲခြားတုန်းဆိုရင် ကံက ခွဲခြား ပေးတယ်တဲ့...
သံသရာကျင်လည်နေရတဲ့ ပုဂ္ဂိုလ်တိုင်း ပုဂ္ဂိုလ်
တိုင်းဟာ အတိတ်ဘဝတွေက မိမိတို့ လုပ်ခဲ့တဲ့
ကောင်းကံ မကောင်းကံတို့ရဲ့ ကောင်းမွေဆိုးမွေတွေကိုခံယူကြရတယ်။
ထိုကံများကပေးတဲ့ ရုပ်ပုံလွှာများကို ရရှိကြတာ ဖြစ်တယ်။
လူတိုင်းလူတိုင်းဟာ တစ်ယောက်နဲ့တစ်ယောက် ရုပ် ရည်ရူပကာယ မတူဘူးဆိုတာ အဲဒီသဘောကို ဆောင် တာပါ။
ကိုယ်လုပ်ခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံဟာ တကယ့် Creator ဖန်ဆင်းရှင်အစစ်ဖြစ်တယ်။
မိမိလုပ်ခဲ့တဲ့ ကံကြမ္မာရဲ့ ပုံရိပ်တွေနဲ့ လူလာ ဖြစ် လာ ကြတယ်။
လူဖြစ်လို့ရှိရင်လဲ ပုံစံအမျိုးမျိုး ရုပ်လှတဲ့လူရှိသလို ရုပ်ဆိုးတဲ့ လူရှိတယ်။
အရပ်ထွားတဲ့လူရှိသလို အရပ်ပုတဲ့လူရှိတယ်။အသားမဲတဲ့လူရှိသလိုအသားဖြူတဲ့လူရှိတယ်။
ဒီအနေအထားတွေရဲ့ အခြေခံအကြောင်းတရားဟာ ဘယ်သူလဲလို့ဆိုရင် ကံကြမ္မာပဲ။
မိမိပြုလုပ်ခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံပဲ။
ကုသိုလ်ကံ အကုသိုလ်ကံလို့ ဆိုတာဟာအကြမ်း ဖျင်း နည်းနည်းစဉ်းစားပြီး ကြည့်မယ်ဆိုရင်စိတ် ထဲမှာဖြစ်ပေါ်တဲ့ အကုသိုလ်ကံက သုံးမျိုး၊ စိတ်ထဲမှာဖြစ်ပေါ်တဲ့ ကုသိုလ်ကံက သုံးမျိုး၊ ဒါကိုပဲ မနောကံလို့ပြောတာ။
စိတ်ထဲမှာ ဖြစ်ပေါ်လာတဲ့ကံတွေ စိတ်ထဲဖြစ်ရုံ နဲ့ပဲ ထိုကံဟာမိမိရဲ့ စိတ်အစဉ်ထဲမှာ ကိန်းဝပ်သွား တယ်တဲ့။
အကျိုးတရားကို ထုတ်လုပ်နိုင်တဲ့ စွမ်းအားတွေ ရရှိပြီးတော့သွားတယ်။
မိမိရဲ့ စိတ်သန္တာန်မှာ ဖြစ်ပေါ်လာတဲ့ အကုသိုလ်ကံ၊စိတ်နဲ့ပြုလုပ်တဲ့အကုသိုလ်ကံ သုံးမျိုးဆိုတာ ဘာတုန်းဆိုရင် အဘိဇ္စျာဗျာပါဒ မိစ္ဆာဒိဋ္ဌိ တဲ့ သုံးခုနော်။
အဘိဇ္ဈာလို့ ဆိုတဲ့စကားလုံးကပါဠိစကားလုံးဖြစ် နေတယ်။မြန်မာလိုပြောလို့ရှိရင် အဘိဇ္ဈာဆိုတာ သူ များပစ္စည်းကို ကိုယ့်ပစ္စည်းဖြစ်လိုတဲ့ လောဘစိတ်နဲ့ကြံတွေးခြင်းလို့ ဒီလိုအဓိပ္ပာယ်ရတယ်။
သူများပစ္စည်းကိုကိုယ့်ပစ္စည်းဖြစ်အောင်လုပ်ဖို့ စိတ် ကူးနေတာ ဘာနဲ့စိတ်ကူးတာတုန်း၊ လောဘနဲ့ စိတ် ကူးတာ။
အဲဒီလိုစိတ်ကူးလိုက်ရုံနဲ့ပဲ သူက ကံအရာမြောက်သွားတယ်တဲ့။အဲဒါကြောင့် မနောကံခေါ်တာ။ပါးစပ်က ထုတ် မပြောချင်နေ၊လက်နဲ့မလုပ်ချင်နေ၊ စိတ် ကူး လိုက်ရုံနဲ့ပဲအဲဒီဟာ ကံအရာမြောက်သွားတယ်။
သူများပစ္စည်းကိုကိုယ့်ပစ္စည်း ဖြစ်လိုမှုဆိုတဲ့ ကြံတွေး မှုသည် အဘိဇ္ဈာ။
နောက်တစ်ခုက ဗျာပါဒ တဲ့၊ဗျာပါဒ ဆိုတာက ပင် ကိုယ်အနေအထားက စိတ်ဖောက်ပြားနေတဲ့ အခြေ အနေ တစ်ခု။ဗျာပါဒ ဆိုတဲ့ တရားဟာ ဒေါသပဲ။သို့သော် ရိုးရိုးဒေါသမဟုတ်ဘူး။
နောက်တစ်ခုက ဘာတုန်းဆိုရင် မိစ္ဆာဒိဋ္ဌိ၊မှားမှား
ယွင်းယွင်း တွေးခေါ်မြော်မြင်မှု။
သက်ဆိုင်ရာအကြောင်းတရားခြင်း ပေါင်းစုံမိသွားတဲ့အခါ သူကလဲအကျိုးကို ထုတ်လုပ်နိုင်တယ်၊ဒါကို အကုသိုလ် မနောကံလို့ ခေါ်တာ။
မြတ်စွာဘုရားက“ကမ္မံသတ္တဝိဘဇတိ၊ယဒိဒံဟီန ပဏီတတာယ”ဆူကြုံနိမ့်မြင့် တစ်ယောက်နဲ့ တစ်ယောက် မတူညီတဲ့ အနေအထား ရောက် သွားအောင် ဘယ်သူကခွဲခြားတုန်းဆိုရင် ကံက ခွဲခြား ပေးတယ်တဲ့။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဟောခဲ့တာ။
မြတ်စွာဘုရားက ဟောတာက ရှေးရှေးက သူတော် စင် တွေ ဟောခဲ့တဲ့စကားကို တဆင့်မှတ်သားပြီးတော့ ဟောတာမျိုး မဟုတ်ဘူး။
ရှေးရှေးဘုရားတွေကနေ ဟောခဲ့တဲ့ တရားတွေကိုမှတ်သားလေ့လာပြီးတော့ ဟောတာ မဟုတ်ဘူး။
စာအုပ်စာတမ်းတွေကို ဖတ်ပြီးတော့ ဟောတာလဲမဟုတ်ဘူး။ ”
မြတ်စွာဘုရားဟောတယ်ဆိုတာဘုရားကိုယ်တိုင်
တရားဓမ္မကို ကျင့်သုံးလို့ ဒိဗ္ဗစက္ခုဆိုတဲ့ဉာဏ်ရတယ်။
ထိုဒိဗ္ဗစက္ခုနဲ့ အလားသန္တာန်တူပြီးတော့ ထိုဒိဗ္ဗစက္ခုကိုအမှီပြုပြီးတော့ ဖြစ်ပေါ်လာတဲ့ ယထာကမ္မူပဂဉာဏ်ဆိုတာရတယ်။
ကံတွေရဲ့ အကြောင်းကိုသိတဲ့ဉာဏ်ဟာ တွဲဖက် ပြီးတော့ ပါလာတယ်၊“ဒါလုပ်ရင် ဒါဖြစ်တယ်၊ ဟိုဟာ လုပ်ရင် ဟိုဟာဖြစ်တယ်” ဆိုတာသံသရာမှာလည်နေတဲ့ သတ္တဝါတွေကို ကြည့်ပြီး ဒီသတ္တဝါကတော့ဒါလုပ်လို့ ဒီရုပ်ပုံလွှာကို ရတယ်၊ဟိုသတ္တဝါက ဟိုဟာလုပ်လို့ ဟိုရုပ်ပုံလွှာကိုရတယ်ဆိုတာ မြတ်စွာဘုရားကိုယ်တိုင် မြင်တယ်။
တယ်လီဗီးရှင်းကို ကြည့်နေရသလို ကိုယ်တိုင်အသိဉာဏ်နဲ့ သိပြီးတော့ မြတ်စွာဘုရားက ဟောတာ။ရမ်းဟောတာ တစ်ခုမှမပါဘူး။
Traditionထရပ်ဒီရှင်း-အစဉ်အလာအရ ဟောတာလဲမဟုတ် ဘူး၊တစ်ဆင့်ကြားစကားကို ဟောတာလဲ
မဟုတ်ဘူး။
ကိုယ်တိုင်သိပြီးတော့ မြတ်စွာဘုရားသခင်ကိုယ် တော်မြတ်က ဟောတော်မူတာ ဖြစ်တယ်။
ယထာကမ္မူပဂဉာဏ်တော်လို့ ခေါ်တယ်။
ကံ,ကံ၏အကျိုးတွေကို ကိုယ်တိုင်သိမြင်ပြီး သတ္တဝါတွေရဲ့အနေအထားဟာ ဒီသတ္တဝါဟာ ဘာကြောင့် အခုလိုဒုက္ခရောက်နေရသလဲ ကြည့်လိုက်တဲ့အခါ သော်ဒီသတ္တဝါဟာ လွန်ခဲ့တုန်းက ဘာလုပ်ခဲ့တယ်ဆိုတာကိုအကျိုးတွေကိုကြည့်ပြီး အကြောင်းကို ရှာလိုက်တဲ့အခါမှာ သေချာ ပေါက်တွေ့တယ်။ ။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်က ဒိဗ္ဗစက္ခု
ဉာဏ်နဲ့ ကြည့်လိုက်တဲ့အခါ ဘယ်တုန်းက ဘာလုပ်ခဲ့တယ်။
ဒါကြောင့် ဒါဖြစ်နေတယ်ဆိုတဲ့ ကံရဲ့ အရိပ်
အယောင် တွေ အားလုံးကို မြတ်စွာဘုရားက ဖော် ထုတ်တာ။ဒါကို ယထာကမ္မူပဂဉာဏ် လို့ ခေါ်တယ်။
ကံအားလျော်စွာ သတ္တဝါတွေဟာ ဖြစ်ပေါ်ပြီးတော့နေရတယ်။
ကံကြမ္မာရဲ့ ရုပ်ပုံလွှာတွေအတိုင်းပဲ လူ့လောက မှာ ဖြစ်နေကြရတယ်ဆိုတာကို ပြောတာပါ။
? ယနေ့ဓမ္မမှတ်စု
▪️ကုသိုလ်မှန်သမျှဟာ မှန်ကန်ကောင်းမွန်စွာနှလုံးသွင်းမှုဆိုတဲ့ ယောနိသော မနသိကာရကိုအခြေခံတယ်။
▪️မနာလိုစိတ်မမွေးနဲ့၊ သာဓုမခေါ်နိုင်တဲ့ ဘဝ ရောက်တတ်တယ်။
ဘဝဆိုတာ…
အဆင်ပြေတဲ့အခါ ရှိတယ်။
အဆင်မပြေတဲ့အခါ ရှိတယ်။
▪️အဆင်ပြေတဲ့အခါ…
မမော်မကြွား ကုသိုလ်လုပ်ဖြစ်အောင် ကြိုးစားပါ။
▪️အဆင်မပြေတဲ့အခါ… စိတ်ဓာတ်မကျဘဲ
သည်းခံစိတ်ဖြင့် ကောင်းတာလုပ်ပြီး ကျော်ဖြတ်ပါ။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး
#ဒေါက်တာဘဒ္ဒန္တနန္ဒမာလာဘိဝံသ
???
ကိုယ်အိမ်ထောင်ပြုထားတာမဟုတ်တဲ့ အမျိုးသမီး မဟုတ်တဲ့ အမျိုးသမီးနှစ်ဆယ်ဟာ ကိုယ်နဲ့မပက်သက်ရဘူး။မပက်သက်ရတဲ့အမျိုးသမီးတွေ နဲ့ ပက်သက်မယ်ဆိုရင် ကာမေသုမိစ္ဆာစာရကံ မြောက်တယ်တဲ့။
ကာမေသုမိစ္ဆာစာရကံထိုက်တယ်။
ဒီလိုဆိုတာပေါ့။သူ့အင်္ဂါရပ်တွေ ညီသွားရင် ကာမေသုမိစ္ဆာစာရကံ မြောက်သွားတယ်။
#ပါချုပ်ဆရာတော်
အသက်ရှည်ခြင်းရဲ့အဓိကအကြောင်း...
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
အသက်ရှည်ခြင်းရဲ့ အဓိကအကြောင်းတရားက ကုသိုလ်ကောင်းမှုပဲဖြစ်တယ်။
ဘာဖြစ်လို့တုန်းဆိုရင်လူရဲ့အသက်ကို ဘယ်အရာ
က ထုတ်လုပ်ထားသလဲဆိုရင် ကုသိုလ်ကံက
ထုတ်လုပ်ထားတာ ဖြစ်တယ်။
တကယ့် မူရင်းအကြောင်းက ကုသိုလ်တရားပဲ ဖြစ်တယ်။
အဲဒီ ကုသိုလ်တရားကို အားဖြည့်ပေးဖို့ရာ ပိုပြီး တော့ အဓိကကျတယ်။
အသက်ရှည်ဖို့ရာ လူတွေက ဆန္ဒပြုကြတာ မှန် တယ်။
တစ်ဦး နဲ့ တစ်ဦး တွေ့တဲ့အခါမှာ “အသက် ရှည် ကြ ပါစေ၊အသက်ရှည်ပါစေ”နဲ့ ဆုတောင်းဆုယူ ပြုကြတယ်။
မိမိကိုယ်တိုင်လည်း “အသက်ရှည်ရပါလို၏”လို့ ဆုတောင်းကြတယ်။
ဒီတော့ အသက်ရှည်ဖို့ရာ ဒီလိုဆန္ဒပြုရုံနဲ့ဖြစ်နိုင် သလားလို့ဆိုတော့ဆန္ဒပြုမှုဟာ အကြောင်းတစ်ခု မျှသာ ဖြစ်တယ်။
တကယ် အသက်ရှည်ဖို့ရာ အတွက် ကုသိုလ် ကောင်းမှု ပြုဖို့ လိုအပ်တယ်။
ဒါဖြင့် အသက်ရှည်ဖို့ရာအတွက် ကုသိုလ်ကောင်း မှု လုပ်ရုံနဲ့ပြီးသလား၊ဆေးဝါး ဓါတ်စာတွေ မလိုအပ် ဘူးလား ဆိုတော့လိုအပ်တာပေါ့။
ဆေးဝါးဓါတ်စာ အစာအဟာရဆိုတာ အသက် ရှည်ဖို့ရာ အတွက် အထောက်အကူပြုတဲ့ အရာ တွေပဲ ဖြစ်တယ်။
လောကမှာ အကြောင်းနှစ်မျိုး ရှိတယ်။
ဖြစ်ပေါ်စေတတ်တဲ့ အကြောင်းကို“ဇနက” အကြောင်း လို့ ခေါ်တယ်။
ဒါက ထုတ်လုပ်တဲ့အကြောင်းဖြစ်တယ်။
ထုတ်လုပ်ပြီးသား တစ်ခုကို ကြာရှည် ခိုင်ခန့် အောင် ထောက်ပံ့ ကူညီတဲ့အကြောင်းကို “ဥပတ္ထမ္ဘက”အကြောင်းလို့ခေါ်တယ်။
ဒီတော့ အသက်ရှည်မှုကို အဓိကဖြစ်စေတာ က ကုသိုလ်ကံ၊အဲဒီကုသိုလ်ကံရဲ့ အကျိုးတရား ကိုမှ အခုပြောတဲ့ဆေးဝါးဓါတ်စာ ရာသီဥတုစသည်ဖြင့် မိမိတို့ရဲ့ ပြုမူနေထိုင်မှုကအစကျန်းမာအောင် နေထိုင်မှုကအစ ထောက်ပံ့ကူညီတာ။
ဒါတွေဟာ အသက်ရှည်ခြင်းအတွက် အထောက်
အကူပဲ ဖြစ်တယ်တဲ့။
လူတွေမသိ ပညာရှိများချီးမွမ်းတဲ့ အပ္ပမာဒများ သော အားဖြင့် လူတွေက အသက်ရှည်ဖို့ အတွက် လိုအပ်တယ်ဆိုတာ သိကြတယ်။
အထောက်အကူ အကြောင်းတွေ ကိုသိကြတယ်။
အသက်ရှည်ဖို့အတွက် ဆေးကောင်းဝါးကောင်း
လိုအပ်တယ်။
အစာအဟာရကောင်းကောင်း စားရမယ်၊ ရာသီ ဥတု ကောင်းတဲ့နေရာမှာ နေရမယ် ဆိုတာတွေက လူတိုင်းသိတဲ့ အရာဘဲဖြစ်တယ်။
လူတွေ မသိတဲ့ အရာကို မြတ်စွာဘုရားက
ဟောတာ။
“အသက်ရှည်မှုကို လိုလား တောင့်တမယ်ဆိုရင် ကုသိုလ်ကောင်းမှု၌ မမေ့မလျော့ခြင်းဆိုတဲ့ “အပ္ပမာဒ”တရားကို ပညာရှိများကချီးမွမ်းကြ တယ်” တဲ့။
ကုသိုလ်ကောင်းမှုကိုမမေ့ပါနဲ့ကုသိုလ်ကောင်းမှု လုပ်ပါလို့ ဆိုလိုတာဖြစ်တယ်။
ဒါကြောင့် “အပ္ပမာဒ” ဆိုတာ မြန်မာလို ပြန်တော့
မမေ့မလျော့ခြင်းတဲ့။
ကုသိုလ်ကောင်းမှုပြုဖို့ အမှတ်ရတဲ့ သတိ ကို ပြောတာပေါ့။
ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
[ကမ္ဘာပျက်တာလား ကပ်ဆိုက်တာလား]
ခုခေတ်လူတွေ မယုံမရှိကြနဲ့။
လွန်ခဲ့တဲ့နှစ်ပေါင်း၂၆၀၀ကျော်က
မြတ်စွာဘုရားဟောထားတဲ့ တရားတော်တွေဟာ ယနေ့ခေတ်လူတွေနဲ့ ကိုက်ညီနေတယ်။
အခုခေတ်လူတွေဟာ ကြမ်းတမ်းလာတယ်။
ရုပ်ဝတ္ထုတွေ အထွဋ်အထိပ်ရောက်လာတယ်။
အဏုမြူလက်နက်တွေ တိုးပွားနေတယ်။
ခါးသီးတဲ့အမုန်းတရားတွေ ပွားများလာကြတယ်။
#မြတ်စွာဘုရားက ဟောထားတယ်
တိထ္တော အာဂတောတဲ့"Terrorism ဆိုတာ ခါးသီးတဲ့အမုန်းတရားကြောင့် ဖြစ်လာတာမျိုးတဲ့
တိန္နာနိ-အစွမ်းထက်ကုန်သော
သတ္တာနိ-လက်နက်တို့ကို
ဂိတွာ-စွဲကိုင်၍ တိုက်ခိုက်လာကြလိမ့်မယ်။
အဲ့ဒီ စစ်ပွဲကြီးမှာ(၇)ရက်အတွင်း လူတွေ
သေကြေပြီး လူတွေကုန်သလောက် ဖြစ်သွားလိမ့်မယ်။
စိတ်ကောင်းရှိသူ လူအနည်းငယ်သာ ကျန်ခဲ့လိမ့်မယ်။
ကျန်ခဲ့တဲ့သူတွေဟာ အချင်းချင်း ပြန်ဆုံဆည်းတဲ့အခါ "မသေလို့ တွေ့ကြတယ်"ဆိုပြီး ဖက်ပြီးငိုကြလိမ့်မယ်။
မေတ္တာစိတ်တွေ ဖြစ်ကြမယ်။
မေတ္တာ အကြင်နာတွေ ယိုဖိတ်မှုကြောင့်
ရာသီဥတုတွေလည်း ပြန်ကောင်းလာမယ်။
သစ်ပင်တွေလည်း ပြန်ပေါက်လာကြမယ်။
လူတွေရဲ့ ရင်ထဲနှလုံးသားထဲမှာ အသိတရားတွေ ပြန်ဝင်လာမယ်။
မယုံမရှိကြနဲ့နော်..
ရင်ထဲမှာ မေတ္တာတရားကိန်းသူ ကြည်လင်အေးမြသူ ပြုံးရွှင်ဖော်ရွေသူမှာ မိတ်ဆွေများ လူချစ်လူခင် ပေါသကဲ့သို့ မေတ္တာရိပ်ကြောင့် သစ်ပင်လေးတွေလည်း ပြန်ရှင်သန်နိုင်သလို သတ္တဝါလေးတွေလည်း အချင်းချင်း ချစ်ချစ်ခင်ခင် မေတ္တာကူးစက်စွာနဲ့ အဲ့သလို မှီတင်းနေထိုင်ကြတဲ့အခါကျတော့
ကမ္ဘာကြီးဟာလည်း ပြန်လည်စိုပြေ လန်းဆန်းအသက်ဝင်လာမယ်။
အေး~ဒါဟာ ကမ္ဘာပျက်တာလားဆိုရင်
ကမ္ဘာပျက်တာတော့ မဟုတ်သေးဘူးနော် ကပ်တစ်ခုဆိုက်သွားမှာ ဒီလိုဆိုတာနော်။
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး?????
" မနာလိုစိတ် အားကြီးလာပြီ " ဆိုရင်...
ကောက်ကျစ်တတ်လာကြတယ် ။
" ကောက်ကျစ်တဲ့စိတ် အားကြီးလာပြီ " ဆိုရင်...
ယုတ်မာတတ်လာကြတယ် ။
" ယုတ်မာတဲ့စိတ် အားကြီးလာပြီ " ဆိုရင်...
ရက်စက်တတ်လာကြတယ် ။
ရက်စက်မှု အားကြီးကြီးနဲ့ လုပ်ပြီးရင်...
ကြောက်စိတ် ဝင်လာတတ်ကြတယ် ။
" ကြောက်စိတ် အားကြီးပြီ " ဆိုရင်..
အယောင်ယောင်အမှားမှား လုပ်လာကြတယ် ။
အယောင်ယောင်အမှားမှားတွေ လုပ်ရင်းနဲ့
နောက်ဆုံး ပျက်စီးကျဆုံးသွားကြတာပါပဲ ။
" ဣဿာ မစ္ဆရိယ " ဆိုတဲ့ မနာလိုဝန်တိုတဲ့စိတ်ဟာ
အမှန်တကယ် ကိုယ့်ဟာကိုယ် ဖျက်ဆီးနေတဲ့စိတ်ပါပဲ ။
" ပျက်စီးချိန်တန်လာပြီ " ဆိုရင်လည်း...
ဘယ်လိုအဆောင်၊ ဘယ်လိုယတြာမျိုးကမှ
မစွမ်းနိုင် မကယ်နိုင်တော့ဘဲ
ကျိန်းသေ ပျက်စီးကြရတော့မှာပါပဲ ။
ကျေးဇူးတော်ရှင် ပါချုပ်မောက္ခဆရာတော်
ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ
???
စိတ်ညစ်ရင် အကောင်းဆုံးကတော့ ကုသိုလ်တရားနဲ့အာရုံပြောင်းလိုက်ပါ...
°°°°°°°°°°°°°°°°°°°°°°°°°°°
#အဆိုးလောကဓံကို
ဘယ်သူမှမကြုံချင်ကြဘူး။
ဒီတော့ကြုံလာရင် စိတ်ညစ်မယ်။ပုထုဇဉ်ပဲညစ်ပေါ့။
#အေး ကိုယ့်စိတ်တိုင်းကျ စိတ်ညစ်ပြီးရင်တော့
ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ကြဖို့ပဲ။
စိတ်ညစ်စရာလည်း ညစ် တစ်နေ့တာ ကိုယ်လုပ်စရာ
ရှိတာလည်းလုပ်ပေါ့။
#အဓိက ကတော့ စိတ်ညစ်စရာရှိပေမယ့်
တစ်နေ့တာ ကိုယ်လုပ်ရမယ့် ဒါန သီလ ဘာဝနာဆိုတဲ့ ကုသိုလ်တရားအလုပ်လေးတွေ ပျက်မသွားဖို့ပဲ အရေးကြီးတယ်နော်။
#ဒီတော့ စိတ်ညစ်တဲ့အခါ အကောင်းဆုံးကတော့
ကုသိုလ်တရားနဲ့ပဲ အာရုံပြောင်းလိုက်ပါ။
#ကျေးဇူးတော်ရှင် ပါမောက္ခချုပ်ဆရာတော်
ဒေါက်တာ နန္ဒမာလာဘိဝံသ
CHANNEL H မှကြိုဆိုပါတယ်ဗျ❤️
Admin acc? @khanthtookyaw2001
Last updated 1 month, 4 weeks ago
ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot
Last updated 2 months, 1 week ago
မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@Vip_admin_3
Last updated 2 weeks, 2 days ago