ကိုထင် (ခ) လင်းမြတ်

Description
ဟိုဟို သည်သည် ဒီမှာပွါးတော့မယ်။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 7 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 8 months, 2 weeks ago

2 months, 3 weeks ago
ကိုထင် (ခ) လင်းမြတ်
2 months, 3 weeks ago
ကိုထင် (ခ) လင်းမြတ်
2 months, 3 weeks ago

ဂါဇာ

ဂါဇာဆိုတာဟာ တနှစ်ပတ်လုံးမြေထဲပင်လယ်ရာသီဥတုရှိတဲ့အရပ်။ အမေရီကန်ပြည်ထောင်စုမှာဆိုရင် ကလီဖိုးနျားပြည်နယ် လော့ဇ်အန်းဂျလစ်ဇ်တို့ ဆန်ဒီယေးဂိုတို့ရဲ့ရာသီဥတုနဲ့တောင်ဆင်တူပါသတဲ့။ ဒါကတော့ ဂါဇာရဲ့အလှတရားပေါ့။

“ဂါဇာကိုအမေရီကန်ကလက်လွှဲယူပြီး ပြန်လည်ထူထောင်ရေးလုပ်မယ်၊ ပါလက်စတိုင်းတွေကတော့ အီဂျစ်နဲ့ဂျော်ဒန်ကိုထွက်ခွါပေးရမယ်” ဆိုတဲ့ သမ္မတထရမ့်ပ်စကားကတော့အတော်လွန်ပါတယ်။ အေးလေ၊ ဒါကလည်း ပရမ်းပတာပြောတတ်တဲ့သူ့ရဲ့စရိုက်အရ အရိုးစွဲနေတဲ့စတန့်တွေထဲကတခုဘဲပေါ့။ အာရပ်တွေကြီးစိုးနေခဲ့တဲ့အရပ်ထဲမှာ အစ္စရေးနိုင်ငံကိုဇွတ်ထူထောင်ခဲ့တဲ့ ၁၉၄၈ ကနေဒီနေ့အထိ ပြဿနာတွေကငြိမ်းချမ်းမသွားသေးဘူး။ ဒီလောက်တောင်ပြဿနာတွေများရတဲ့ကြားထဲ ထရမ့်ပ်ရဲ့ဒီစကားဟာ မဆုံးနိုင်တဲ့အမုန်းတရားနဲ့စစ်မီးလျှံကိုမွေးယူခြင်းသက်သက်သာဖြစ်လာလိမ့်မယ်။ ပထမသက်တမ်းတုန်းကလည်း ဂျေရုူဆလင်ကိုမြို့တော်အဖြစ်ဇွတ်အသိအမှတ်ပြုခဲ့ပြီးပြီ။ တကယ်ဆို ဂျေရူဆလင်မ်ဟာ ဂျူး၊ ခရစ်ယာန် နဲ့ အစ္စလာမ် ဘာသာတရားသုံးခုလုံးနဲ့သက်ဆိုင်တဲ့မြို့။ ဒါကြောင့် ကျင့်ဝတ်သိက္ခာအရမလုပ်ရမယ့်အလုပ်ကို လုပ်ခဲ့ခြင်းသာဖြစ်တယ်လို့ဘဲပြောရလိမ့်မယ်။

နောက်တခုက တရားသောနည်းလမ်းကိုအသုံးပြုပြီးတော့ အစ္စရေးဟာ ဂါဇာကိုဘယ်တုန်းကမှမပိုင်ခဲ့ဖူးဘူး။ စစ်ရေးကျူးကျော်မှုတွေကိုတော့လာမပြောနဲ့ပေါ့။ UN အကြောင်းလည်းလာမပြောပါနဲ့။ UN ဟာ ၁၉၁၄ မှာဖွဲ့ခဲ့တဲ့နိုင်ငံပေါင်းချုပ်အသင်းရဲ့ New Version သာဖြစ်တယ်။ ကော့ကေရှန်တွေထင်တိုင်းမွှေချင်လို့ cover ယူထားတဲ့အဖွဲ့အစည်းတခုသက်သက်ပါဘဲ။ အခု ဗမာပြည်၊ အစ္စရေး-ပါလက်စတိုင်း နဲ့ ဆူဒန်ကိစ္စတွေထဲ ဘယ်နေရာမှာမှစောက်သုံးမဝင်တာလက်တွေ့ပါဘဲ၊ ကော့ကေရှန်အကျိုးစီးပွါးမှမပါတာလေ။ ဒါကြောင့် ဂါဇာဟာအစ္စရေးတောင်မပိုင်တာပါဆိုမှတော့ အမေရီကန်ဆိုဝေလာဝေးပေါ့။ ထရမ့်ပ်လုပ်ပုံဟာ ပွဲဆူအောင်လုပ်တဲ့လုပ်ကွက်တခုထက်ဘာမှမပိုဘူး။ အကျိုးဆက်အနေနဲ့ သက်ကြီးရွယ်အိုတွေ လူမမယ်ကလေးတွေ ကြားကနေအချောင်သေကြရဦးမှာ။ ငယ်ငယ်က စူးအီဇိုက်လုပ်ပြီး ဘော်ရ်ကုံးတွေခွဲကြတာမြင်ရရင် “ငှယ် … ဒီကလော်ရ်ကားတွေဆိုးလှချည်လား” ဆိုတဲ့အမြင်သာရှိခဲ့ဖူးတာ။ အခုကျတော့ “အေ့လေ တရားမျှတမှုကို ဘယ်သူတောင်းစားကမှလာမပေးလေတော့ ရှင်နေလည်းမထူးတော့ပြီမို့ အသက်ကိုရင်းပြီး ကိုယ့်ရပ်တည်ချက်နဲ့ဆန္ဒကိုဖော်ပြတယ်” လို့သာသတ်မှတ်လိုက်တော့တယ်။ ကိုယ့်အသက်ကိုတောင်မနှမြောတဲ့အထိနာကျည်းရတယ်ဆိုတဲ့အဆင့်ဟာ အဆုံးစွန်ဆုံးဖြစ်သွားပြီကိုး။

ဒီကမ္ဘာဟာ လူတွေထက် ဉာဏ်ရည်နဲ့နည်းပညာအဆမတန်မြင့်မားတဲ့ Alien တွေလာအုပ်ချုပ်မှသာ ငြိမ်းချမ်းရေးဆိုတာဖြစ်လာတော့မှာပါ။ ခုအတိုင်းကတော့ ဂိတ်လွန်ဖျင်တဆုံးယားကြသူတွေကြောင့် ငြိမ်းချမ်းရေးဆိုတာဟာ ရေမှာအရုပ်ရေးသလိုသက်သက်ပါဘဲလေ ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

5 months, 1 week ago

ဘဝမှာ ISO Certified QMS တွေထဲ၊ Audit တွေထဲ၊ Recertification တွေထဲ၊ Annual Review တွေထဲပါဝင်ပါတ်သက်ခဲ့ရဖူးခဲ့ပေမယ့် ဒီတကြိမ်ဟာအမြိုင်ဆုံး အားအရဆုံးပါဘဲ။ Management ကယုံကြည်မှုအပြည့်နဲ့ CEO ကိုယ်တိုင်စာထုတ်ပြီး “Management Representative” အဖြစ်တရားဝင်ခန့်ထားပေးခဲ့ပါတယ်။ ကိုယ်တိုင်လည်း QMS ကြီးတခုလုံးကိုထမ်းပိုးပေးထားတဲ့ SOP တွေအားလုံးရဲ့ ၉၀% ကျော်ကိုတယောက်ထဲရေးခဲ့ပါတယ်။ Umbrella SOP အခုလေးဆယ်ရှိပါတယ်။ Trade SOP အခုနှစ်ရာကျော်ရှိပါတယ်။ Work Instruction & Forms တထောင့်နှစ်ရာကျော်ရှိပါတယ်။ အဖွဲ့အစည်းဟာ ၁၉၈၅ ကထည်းကထူထောင်ခဲ့ပြီး အရင်ကတည်းက BS Standard နဲ့လာခဲ့တာမို့ ဖရိမ်အကြမ်းရှိပြီးသားပါ။ ဒါဟာအတော့ကိုအထောက်အကူရတဲ့အချက်ပါဘဲ။ တနှစ်ခွဲအတွင်း ISO Training အခုသုံးရာကျော်ဆောင်ရွက်ပေးခဲ့ပါတယ်။ Internal Audit နှစ်ကြိမ်၊ External Audit နှစ်ကြိမ် မှာ Audit Team တွေနဲ့ပူးပေါင်းဆောင်ရွက်ပြီး နှိုက်နှိုက်ချွတ်ချွတ်အစစ်ဆေးခံပေးခဲ့ပါတယ်။ Audit အဝင်ခံရတဲ့ကာလတွေဟာ စိတ်ဖိစီးမှုအပြင်းထန်ဆုံးအချိန်တွေပါဘဲ။ ဘယ်လောက်ကောင်းအောင်ဘဲလုပ်ထားလုပ်ထား ချွေးပျံဖွယ်ရာမေးခွန်းတွေကတော့ရှောင်မရခဲ့ပါဘူး။ ကိုယ်ညံ့ရင် ကိုယ့်အဖြေတွေ၊ တင်ပြပုံတွေဟာ အဖွဲ့အစည်းရဲ့ရောင်ပြန်ဖြစ်သွားမှာမို့ အတော်လေးကိုကြိုးစားခဲ့ရပါတယ်။ အဖွဲ့အစည်းတိုင်းဟာဘုရားလောင်းတွေနဲ့ဖွဲ့စည်းထားခြင်းမဟုတ်တာမို့ စုန်းပြူးဝန်ထမ်းတွေကလည်းတပိုင်တနိုင်ဒုက္ခပေးကြပါသေးတယ်။ ဒါတွေကတော့ MR တယောက်ရဲ့ဖြတ်သန်းမှုတစေ့တစောင်းပါ။

ချုပ်ရရင် နိုင်ငံတကာကိုထိုးဖောက်မယ့်ထုတ်ကုန်ပစ္စည်းတခုဒါမှမဟုတ်အများကိုရည်ရွယ်ရင် ISO Certified QMS ဟာမရှိမဖြစ်လောက်ကိုအရေးကြီးပါတယ်။ အဖွဲ့အစည်းကိုတော့ ISO အပြီးနောက်တဆင့်အနေနဲ့ Product Quality အတွက် Six Sigma Project တွေလုပ်မယ်လို့တင်ပြထားပါတယ်။ အဲ … ၂၀၂၅ မှာ Project အတွက် Budget တွေချပေးခဲ့မယ်ဆိုရင်ပေါ့လေ ….. ။ ။

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

5 months, 1 week ago

အိုင်ဆိုနဲ့ကျနော် ***(တော်လှန်ရေးနဲ့မဆိုင်ပါ၊ မဖတ်လိုကကျော်သွားပါ။)

ဒီနှစ်အောက်တိုဘာကုန်ခါနီးကတည်းက အလုပ်ထဲမှာ Vibes ကောင်းကောင်းတွေရနေခဲ့တယ်။ အထူးသဖြင့် အိုင်ဆို (ISO) လက်မှတ်ယူဖို့ သုံးရက်ဆက်စာရင်းစစ် (Audit) ဝင်တဲ့အချိန်မှာ ပြဿနာကြီးကြီးမားမားမရှိလိုက်ဘဲနဲ့ အောင်အောင်မြင်မြင်ပြီးဆုံးသွားခဲ့ခြင်းလိုမျိုးပေါ့။ အဖွဲ့အစည်းဟာ Biochemical Engineering အလုပ်တွေလုပ်တာမို့ လိုအပ်ချက်တွေဟာ ပုံမှန် QMS ထက်ပိုမိုကျယ်ပြန့်ခဲ့ပါတယ်။ ဒီကြားထဲမှာ Management ရဲ့ညွှန်ကြားချက်နဲ့ ဆောင်ရွက်ဆဲလုပ်ငန်းစဉ်ကို Quarter သုံးခုစာလောက်ရပ်ထားပေးလိုက်ရသေးတာမို့ အစအဆုံးကြာမြင့်ချိန်ဟာ (၁၈) လလောက်ရှိသွားခဲ့ရတယ်ပေါ့လေ။ အခုတော့ အဖွဲ့အစည်းလည်းလက်မှတ်ရ၊ ကိုယ့်ခေါင်းပေါ်ကဝန်ထုပ်ဝန်ပိုးလည်းပေါ့ပါးသွားခဲ့ပြီပေါ့။ ISO certified QMS အကြောင်းသိလိုသူတွေ၊ လက်မှတ်ရယူလိုသူလုပ်ငန်းရှင်တွေအတွက် အတိုင်းအတာတရပ်အထိသိမြင်နိုင်ကြရန်အလို့ငှါတို့ထိရေးသားမှာမို့ ဒီပိုစ့်ကို knowledge sharing လုပ်တဲ့စာစုလို့ မှတ်ယူနိုင်ကြပါတယ်။

နိုင်ငံကြီးတွေဟာ သူတို့တိုင်းပြည်ထဲကကုန်ထုတ်လုပ်ငန်းများကို စည်းစနစ်တကျစံသတ်မှတ်ချက်များနဲ့အညီ နိုင်ငံတကာကလက်ခံလာစေဖို့ကြိုးပမ်းလေ့ရှိကြပါတယ်။ အဲသလိုကြိုးပမ်းတဲ့အခါမှာသူတလူငါတမင်းဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ ခိုင်မာတဲ့အဖွဲ့အစည်းတွေတည်ထောင်ပြီး နိုင်ငံကိုကိုယ်စားပြုစေပါတယ်။ အမေရီကန်ပြည်ထောင်စုမှာတော့ စံသတ်မှတ်ချက်များနဲ့သက်ဆိုင်လာရင် ANAB (ANSI National Accreditation Board) ဆိုတဲ့အဖွဲ့အစည်းက ဒီတာဝန်ကိုဆောင်ရွက်ပေးပါတယ်။ ဒီအဖွဲ့ဟာ IAF (International Accreditation Forum) လို့အမည်ရတဲ့နိုင်ငံတကာအဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီးအလုပ်လုပ်ပါတယ်။ တနည်းအားဖြင့် စံသတ်မှတ်ချက်တွေနဲ့ပါတ်သက်ပြီး ကမ္ဘာလုံးလွမ်းခြုံချိတ်ဆက်ထားတဲ့ကွန်ယက်ကြီးပေါ့လေ။ (ဒါကြောင့်မျက်မှောက်ခေတ်ကမ္ဘာကို ရွာတခုလိုတင်စားကြတာပါ။ ကကျိုးကကြောင်လုပ်တဲ့ကောင်တွေကို သပိတ်မှောက်၊ ပိတ်ဆို့၊ အရေးယူတာမျိုးလုပ်လာရင် အဲသလိုအလုပ်ခံရတဲ့တိုင်းပြည်ဟာ အကျဉ်ခံရသလိုဖြစ်တာကြောင့် အင်မတန်နစ်နာရတတ်တာမျိုးဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာကနေ ကိုယ့်တိုင်းပြည်ကိုအရေးယူတာမျိုးမခံရအောင်လို့ အုပ်ချုပ်သူအစိုးရများဟာ လိမ္မာရေးခြားရှိဖို့ အလွန်အရေးကြီးပါတယ်။ ဤသည်ကား စကားချပ်ပါလေ။) ဥပမာအားဖြင့် ကျနော့အဖွဲ့အစည်းကိုလက်မှတ်ပေးဖို့အတွက် IAF ပဋိဉာဉ်တွေ၊ စံသတ်မှတ်ချက်တွေနဲ့ညီ-မညီ ANAB အသိအမှတ်ပြု Audit Firm တခုခုကစစ်ဆေးအတည်ပြုပေးရတယ်ပေါ့။ ဒါက လက်မှတ်ချပေးတဲ့လုပ်ငန်းရဲ့သဘောသွားပါ။

ကျနော့ရဲ့အဖွဲ့အစည်းအနေနဲ့လက်မှတ်လိုချင်ပါတယ်၊ ဘာလို့လည်းဆိုတော့ လုပ်ငန်းရဲ့ Reputation ကောင်းဖို့ပါ။ “ဟေ့ … ငါ့ကုမ္ပဏီ QMS က ISO Certified ကွာ့” ဆိုရင် Quality နဲ့ပါတ်သက်ပြီးစျေးကွက်ထဲမယ် လက်မထောင်နိုင်ပါတယ်။ စရိတ်အပိုင်းကျတော့ အပြင် Consultant အဖွဲ့တွေငှါးရင် ဒေါ်လာလေးငါးသောင်းကုန်မယ်၊ Internal-External Audit တွေအတွက်ကလည်း တသောင်းခွဲနှစ်သောင်းလောက်ကသွားဦးမှာဆိုတော့ စျေးတွက်ကောင်းတဲ့ Management အနေနဲ့ ကျနော့ကိုခန့်လေသတည်းပေါ့။ ISO အတွက်လည်းသုံးလို့ရမယ်၊ တကယ့် QMS အစစ်ကိုလည်းထောင်နိုင်မယ်၊ QMS ကိုစောင့်မယ့်ကောင်လည်းရသွားမယ်၊ အခြားဝန်ထမ်းတွေအတွက်လည်း ISO Training အတွက်ပူစရာမလိုဘူး၊ ကုမ္ပဏီရဲ့ Process & Product Quality တွေအတွက်လည်းစဉ်ဆက်မပြတ်အကြံဉာဏ်တွေရမယ်၊ Client Visit တွေဆိုလည်း QMS နဲ့ပါတ်သက်လာရင် ‘ဂတုံးလာစမ်း ငါတို့ကိုယ်စား မင်းပွါးပေတော့’ ဆိုပြီးခိုင်းလို့ရပါသေးတယ်။ ဒါကတော့ အဖွဲ့အစည်းဖက်ကရခဲ့တဲ့အကျိုးအမြတ်ပေါ့လေ။ လိုချင်တဲ့အနေအထားရသည်အထိ ဂတုံးရစ်တဲ့ဒဏ်ကို Trade Employee တွေခံရတာကတော့ မဖြစ်မနေပေးဆပ်ရတဲ့အရင်းအနှီးတွေထဲကတခုပေါ့။

5 months, 1 week ago

ဗျူဟာ *
ကိုးကန့်ခေါင်းဆောင်ကိုစိနကဖမ်းတယ်လား??? လွယ်လွယ်လေး၊ ကိုးကန့်အဖွဲ့အနေနဲ့ NUG နဲ့ပေါင်းပြီးတိုက်ပွဲကိုဆက်၊ စိနကိုလှန်ပြလိုက်ကြ !!!!!

လေးစားလျက်
ကိုထင် (ခ) လင်းမြတ်

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 4 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 7 months, 1 week ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 8 months, 2 weeks ago