Infinite Entertainment, Zero Cost: Get Your Free Books, Music, and Videos Today!

Eleven Media Group

Description
https://www.facebook.com/pg/ElevenMediaGroup

https://www.instagram.com/elevenmediagroup

https://www.youtube.com/elevenwebtv11
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 days, 3 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 6 days, 23 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month ago

1 month ago
Eleven Media Group
1 month ago
Eleven Media Group
1 month ago
Eleven Media Group
3 months ago

ခန်းယူနစ်မြို့ရှိ စစ်ဘေးရှောင်များခိုလှုံရာ ကုလသမဂ္ဂဒုက္ခသည်စခန်း တိုက်ခိုက်ခံရပြီး လူကိုးဦး သေဆုံးသွားသည့်ဖြစ်ရပ်ကို အမေရိကန်က ပြစ်တင်ရှုတ်ချ

စစ်ဘေးရှောင်များ ခိုလှုံနေသည့် ကုလသမဂ္ဂဒုက္ခသည်စခန်းကို ဇန်နဝါရီ ၂၄ ရက် တိုက်ခိုက်မှုအတွင်း တင့်ကား ကျည်ဆန်ထိမှန်သဖြင့် လူကိုးဦးသေဆုံးခဲ့ပြီး ၇၅ ဦး ဒဏ်ရာရခဲ့သည်ဟု ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီ UNRWA ၏ ဂါဇာအကြီးအကဲ သောမက်စ်ဝှိုက်က ပြော ကြားသည်။ သေဆုံးသူအရေအတွက် တိုးလာနိုင်သည်ဟု UNRWA အကြီးအကဲဖီး လစ်လာဇာရီနီက ပြောကြားခဲ့သည်။

အမေရိကန်ပြည်ထောင်စုက ယင်းတိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချခဲ့သည်။ အရပ်သားများကို အကာအကွယ်ပေးရမည်ဖြစ်ပြီး ကုလသမဂ္ဂအဆောက်အအုံများကို အကာအကွယ်ပေးရမည့် သဘောသဘာဝကို လေးစားရမည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီ်းဌာန ပြောရေးဆိုခွင့်ရှိသူ ဗီးဒန့်ပါတယ်က ပြောကြားခဲ့သည်။

■ Read More - - - >>> https://news-eleven.com/article/287519

Eleven Media Group Co., Ltd

ခန်းယူနစ်မြို့ရှိ စစ်ဘေးရှောင်များခိုလှုံရာ ကုလသမဂ္ဂဒုက္ခသည်စခန်း တိုက်ခိုက်ခံရပြီး လူကိုးဦး သေဆုံးသွားသည့်ဖြစ်ရပ်ကို အမေရိကန်က…

ဇန်နဝါရီ ၂၅ ရက်တွင် အစ္စရေး လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်စစ်ဆင်ရေးများသည် ဂါဇာကမ်းမြောင်ရှိ ခန်းယူနစ်မြို့ကို စူးစိုက်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်တိုက်ခိုက်မှုများတွင် ခန်းယူနစ်၌ ဖွင့်ထားသော ကုလသမဂ္ဂဒုက္ခသည် စခန်းတစ်ခုသည် တင့်ကားမှပစ်သောလက်…

3 months ago

ပီတာလင်ဂျာရွန်ရတ် ရွေးကောက်ပွဲဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းမရှိဟု ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဆုံးဖြတ်

ပြုပြင်ပြောင်းလဲရေးဝါဒီ နိုင်ငံရေးခေါင်းဆောင် ပီတာလင်ဂျာရွန်ရတ်သည် နိုင်ငံရေးလောကမှ ပိတ်ပင်ခံရနိုင်သည့် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုဆိုင်ရာ အမှုအတွက် အပြစ်မရှိကြောင်း ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့ပြီး လွှတ်တော်အမတ်ရာထူးကို ပြန်လည်အပ်နှင်းခဲ့သည်။

အသက် ၄၃ နှစ်အရွယ် ပီတာသည် တိုးတက်ပြောင်းလဲရေးဝါဒီ Move Forward (ရှေ့သို့ချီ) ပါတီကို ဦးဆောင်ကာ ယမန်နှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲအများဆုံး ရရှိခဲ့သော်လည်း ဇူလိုင်လတွင် လွှတ်တော် အမတ်အဖြစ်မှ ဆိုင်းငံ့ခံခဲ့ရပြီး ဝန်ကြီးချုပ် ရာထူးအတွက် ရွေးကောက်ခံရန် ကြိုးပမ်းမှုသည်လည်း ပယ်ချခံခဲ့ရသည်။

■ Read More - - - >>> https://news-eleven.com/article/287515

Eleven Media Group Co., Ltd

ပီတာလင်ဂျာရွန်ရတ် ရွေးကောက်ပွဲဆိုင်ရာဥပဒေကို ချိုးဖောက်ခြင်းမရှိဟု ထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး ဆုံးဖြတ်

ပြုပြင်ပြောင်းလဲရေးဝါဒီ နိုင်ငံရေးခေါင်းဆောင် ပီတာလင်ဂျာရွန်ရတ်သည် နိုင်ငံရေးလောကမှ ပိတ်ပင်ခံရနိုင်သည့် ရွေးကောက်ပွဲဥပဒေ ချိုးဖောက်မှုဆိုင်ရာ အမှုအတွက် အပြစ်မရှိကြောင်း ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံးက ဆုံးဖြတ်ခဲ့ပြီး လွှတ်တော်အမတ်ရာထူးကို ပြန်လည်အပ်နှင်းခဲ့သည်။

3 months ago

■ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတိုးမြှင့်ရန် ဂျပန်စီးပွားရေးခေါင်းဆောင်များ ပါဝင်သည့်ကိုယ်စားလှယ်အဖွဲ့ တရုတ်သို့ ရောက်ရှိနေ

စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ တိုးမြှင့်ရန် ဂျပန်စီးပွားရေးနယ်ပယ်မှ ခေါင်းဆောင် ၂၀၀ ခန့် ပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ယခုသီတင်းပတ်ထဲတွင် တရုတ်သို့ရောက်ရှိ လာခဲ့သည်။

နှစ်နိုင်ငံဆက်ဆံရေးကို တင်းမာစေသည့် ပထဝီဝင်နိုင်ငံရေး အားပြိုင်မှုများရှိ နေစဉ် လေးနှစ်ကျော်အတွင်း အဖွဲ့ဝင်အများ အပြားပါဝင်သည့် ကိုယ်စားလှယ်အဖွဲ့ တ ရုတ်သို့ ပထမဆုံးအကြိမ် လာရောက်ခြင်းဖြစ် သည်။

ဂျပန်စီးပွားရေး ကိုယ်စားလှယ်အဖွဲ့ သည် ၁၉၇၅ ခုနှစ်မှစ၍ တရုတ်သို့ နှစ်စဉ်လာ ရောက်ခဲ့သော်လည်း COVID-19 ကပ်ရောဂါ ကာလတွင် တရုတ်က တင်းကျပ်သော ရောဂါ ထိန်းချုပ်ရေးမူဝါဒများ ချမှတ်ကာ နယ်နိမိတ် များကို ပိတ်ထားခဲ့သည့်အတွက် ယင်းခရီးစဉ် များ ရပ်ဆိုင်းသွားခဲ့သည်။

တရုတ်သို့ရောက် ရှိနေသည့် ဂျပန်စီးပွားရေး ကိုယ်စားလှယ်အ ဖွဲ့သည် တရုတ်ဝန်ကြီးချုပ်လီချန်နှင့် တွေ့ဆုံ မည်ဖြစ်သည်။

ဂျပန်ကိုယ်စားလှယ်အဖွဲ့တွင် သြဇာကြီးမားသည့် ဂျပန်စီးပွားရေးဖက်ဒရေး ရှင်းဥက္ကဋ္ဌ မာဆာခါဇု တိုခုရလည်း ပါဝင် ကြောင်း သိရသည်။

ဂျပန်က ပင်လယ်ထဲသို့ ရေဒီယိုသတ္တိကြွရေများ စွန့်ထုတ်ခြင်း၊ ဂျပန် နိုင်ငံသားများ သူလျှိုလုပ်မှုသံသယဖြင့် ဖမ်း ဆီးခံရခြင်းနှင့် ဂျပန်က တရုတ်သို့ အဆင့်မြင့် ချစ်ပ် ထုတ်လုပ်သည့် ကိရိယာတင်ပို့ခြင်း ကို ကန့်သတ်ခဲ့ခြင်းကြောင့် ကမ္ဘာ့ဒုတိယနှင့် တတိယ စီးပွားရေးအင်အားအကြီးဆုံး နှစ်နိုင် ငံအကြား တင်းမာနေခဲ့သည်။

Ref: Reuters

3 months, 1 week ago
ပင်လယ်နီအတွင်းရှိ အခြေအနေများကို အနီးကပ်စောင့်ကြည့်နေကြောင်း တရုတ် ပြောကြား

ပင်လယ်နီအတွင်းရှိ အခြေအနေများကို အနီးကပ်စောင့်ကြည့်နေကြောင်း တရုတ် ပြောကြား

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးနှင့်စစ်ပွဲဖြစ်ပွားနေသည့် ပါလက်စတိုင်းတို့နှင့် စည်းလုံးမှုရှိကြောင်း ပြသသည့်အနေဖြင့် ဟူရ်သီသူပုန်များက ပင်လယ်နီအတွင်းရှိ သင်္ဘောများကို ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် ပင်လယ်နီအတွင်း ဖြစ်ပွားနေသည့် အခြေအနေများကို မလွတ်တမ်း အနီးကပ်စောင့်ကြည့်နေသည်ဟု တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဘုံအကျိုး စီးပွားများအပါအဝင် ဒေသတွင်းလုံခြုံရေးနှင့် တည်ငြိမ်ရေး၏အလုံးစုံအကျိုးစီးပွားများကို တိုးတက်စေရန် လုပ်ဆောင်ကြလိမ့်မည်ဟု မျှော်လင့်ကြောင်း တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဟီယာတုန်းက ဇန်နဝါရီ ၁၈ ရက်တွင် ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်ဆင်ဟွာ သတင်းအေဂျင်စီက ဖော် ပြခဲ့သည်။

Read More - - - >>> https://news-eleven.com/article/287225

3 months, 1 week ago
မန္တလေးမြို့တွင် တစ်နှစ်ကျော်ကြာ ပိတ်သိမ်းထားသည့် ပုဂ္ဂလိကဆေးရုံနှစ်ရုံ ပြန်လည်ဖွင့်လှစ်

မန္တလေးမြို့တွင် တစ်နှစ်ကျော်ကြာ ပိတ်သိမ်းထားသည့် ပုဂ္ဂလိကဆေးရုံနှစ်ရုံ ပြန်လည်ဖွင့်လှစ်

၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်မှစတင်ကာ ဆေးရုံလုပ်ငန်းလိုင်စင်များ ပယ်ဖျက်ပိတ်သိမ်းထားသည့် မန္တလေးမြို့ရှိ ပုဂ္ဂလိကဆေးရုံ သုံးရုံအနက် ယခုပြန်လည်ဖွင့်လှစ်ခဲ့သည့် ဆေးရုံနှစ်ရုံမှာ သိပ္ပံလမ်း ၆၅ လမ်းနှင့် ၆၆ လမ်းကြားရှိ မြို့တော်ဆေးရုံနှင့် ၃၄ လမ်း၊ ၇၈-၇၉ ကြားရှိ ကံ့ကော်ဆေးရုံတို့ဖြစ်ပြီး ယခုကဲ့သို့ ဆေးရုံပြန်လည်ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ မြို့တော်ဆေးရုံ၏ Facebook Page မှ ပိုမိုကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှုများနှင့်အတူ မြို့တော်ဆေးရုံကို ဇန်နဝါရီ ၁၈ ရက်မှစ၍ ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်ဟု ထုတ်ပြန်ခဲ့သည်။

■ Read More - - - >>> https://news-eleven.com/article/287228

3 months, 1 week ago
စစ်ပွဲတွင် ယူကရိန်းက ရုရှားကို မနိုင်ပါက ယင်းသည် ဥရောပအတွက် …

စစ်ပွဲတွင် ယူကရိန်းက ရုရှားကို မနိုင်ပါက ယင်းသည် ဥရောပအတွက် အဆုံးသတ်မကောင်းနိုင်ဟု လစ်သူယေးနီးယား နိုင်ငံခြားရေးဝန်ကြီး သတိပေး

ယူကရိန်းက ရုရှားကို မနိုင်ပါက ရုရှားအောင်ပွဲက ဥရောပအတွက် အဆုံးသတ်ကောင်းလိမ့်မည်မဟုတ်ဟု လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီး ဂါဘရီရယ်လီ ယက်စ်လန်းစ်ဘာဂျစ်က ဇန်နဝါရီ ၁၈ ရက်တွင် အေအက်ဖ်ပီကို ပြောကြားခဲ့ပြီး ရုရှားကို ယူကရိန်းတွင် ထိန်းထားနိုင်ဖွယ်ရာမရှိဟု ၎င်းက သတိပေးခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံရှိ ဆွစ်အယ်လ်ပိုင်း အပန်းဖြေစခန်း ဒါးဗို့စ်တွင် ကျင်းပလျက်ရှိသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်၏ ဘေးဆွယ် အခမ်းအနားတစ်ခုတွင် လစ်သူယေးနီးယားနိုင်ငံခြားရေးဝန်ကြီးက အထက်ပါအတိုင်း ပြော ကြားခဲ့ခြင်းဖြစ်ပြီး အဆိုပါဖိုရမ်တွင် ယူကရိန်း၌ ဖြစ်ပွားနေသော စစ်ပွဲအကြောင်းသည် ဆွေးနွေးမှုများကို လွှမ်းမိုးထားသည်။

ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်းစကီးသည် ဖိုရမ်ကို ကိုယ်တိုင်တက်ရောက်ခဲ့သည်။ ယူကရိန်းအတွက်နောက်ထပ် စစ်ရေးအကူအညီများ ရရှိရေးရန်သမ္မတဇယ်လန်းစကီးသည် ဖိုရမ်ကို တက်ရောက်လာခြင်းဖြစ်သည်။

Read More - - - >>> https://news-eleven.com/article/287226

3 months, 2 weeks ago

နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင်ပြီးနောက် မော်ဒိုက်၏ အခြေခံ အဆောက်အအုံ ကဏ္ဍအတွက် ပံ့ပိုးမည်ဟု တရုတ် ကတိပြု

မဟာဗျူဟာကျသော အိန္ဒိယသမုဒ္ဒရာထဲမှ ကျွန်းစုနိုင်ငံဖြစ်သည့် မော်ဒိုက်နှင့်ဆက်ဆံရေး အဆင့်မြှင့်တင်ခဲ့ပြီးနောက် မော်ဒိုက်၏ အခြေခံအဆောက်အအုံကဏ္ဍအတွက် ရန်ပုံငွေ ထောက်ပံ့ပေးမည်ဟု တရုတ်က ဇန်နဝါရီ ၁၁ ရက်တွင် ကတိပြုခဲ့သည်။

တရုတ် နှင့် အိန္ဒိယတို့၏ အပြိုင်အဆိုင် သြဇာလွှမ်းမိုးနိုင်ရေး ကြိုးပမ်းမှုများကြားတွင် မော်ဒိုက်သမ္မတ ရွေးကောက်ပွဲကို စက်တင်ဘာ ၃၀ ရက် က ကျင်းပခဲ့ပြီး မိုဟာမက်မူအစ်ဇူသည် သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရသည်။

၎င်းက တရုတ်နှင့် ဆက်ဆံရေးခိုင်မာအောင် တည်ဆောက်ကာ နိုင်ငံထဲမှ အိန္ဒိယတပ်ဖွဲ့ဝင်များကို ဖယ်ရှားမည်ဟု ကတိပြုထားသည်။

■ Read More - - - >>> https://news-eleven.com/article/286861

Eleven Media Group Co., Ltd

■ နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင်ပြီးနောက် မော်ဒိုက်၏ အခြေခံ အဆောက်အအုံ ကဏ္ဍအတွက် ပံ့ပိုးမည်ဟု တရုတ် ကတိပြု

မဟာဗျူဟာကျသော အိန္ဒိယသမုဒ္ဒရာထဲမှ ကျွန်းစုနိုင်ငံဖြစ်သည့် မော်ဒိုက်နှင့်ဆက်ဆံရေး အဆင့်မြှင့်တင်ခဲ့ပြီးနောက် မော်ဒိုက်၏ အခြေခံအဆောက်အအုံကဏ္ဍအတွက် ရန်ပုံငွေ ထောက်ပံ့ပေးမည်ဟု တရုတ်က ဇန်နဝါရီ ၁၁ ရက်တွင် ကတိပြုခဲ့သည်။  တရုတ် နှင့် အိန္ဒိယတို့၏ အပြိုင်အဆိုင် သ…

နှစ်နိုင်ငံဆက်ဆံရေး အဆင့်မြှင့်တင်ပြီးနောက် မော်ဒိုက်၏ အခြေခံ အဆောက်အအုံ ကဏ္ဍအတွက် ပံ့ပိုးမည်ဟု တရုတ် ကတိပြု
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 3 days, 3 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@enjoy_admin_official_bot

Last updated 6 days, 23 hours ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ👇👇
@sithuaung2006

Last updated 1 month ago