Eleven Media Group

Description
https://www.facebook.com/pg/ElevenMediaGroup

https://www.instagram.com/elevenmediagroup

https://www.youtube.com/elevenwebtv11
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year, 1 month ago
■ မြန်မာစာပေလောကတွင် ထင်ရှားကျော်ကြားသည့် အငြိမ်းစား မြန်မာစာ ပါမောက္ခ …

■ မြန်မာစာပေလောကတွင် ထင်ရှားကျော်ကြားသည့် အငြိမ်းစား မြန်မာစာ ပါမောက္ခ ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ရုတ်တရက် ကွယ်လွန်

အငြိမ်းစား မြန်မာစာ ပါမောက္ခ ဆရာကြီးမောင်ခင်မင် (ဓနုဖြူ) ကွယ်လွန်ခဲ့ကြောင်း သမီးဖြစ်သူ မသူသူနွယ်အေးက လူမှုကွန်ရက် စာမျက်နှာမှတစ်ဆင့် အသိပေး ထားသည်။

မြန်မာစာပေလောကတွင် ထင်ရှားသည့် စာရေးဆရာကြီး တစ်ဦးဖြစ်သည့် ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) မှာ ဇန်နဝါရီ ၂၇ ရက် ည ၁၂ နာရီခွဲက ရုတ်တရက် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။

ဆရာကြီး မောင်ခင်မင် (ဓနုဖြူ) ကို ၁၉၄၂ ခုနှစ် ဇန်နဝါရီ ၂ ရက် ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူ မြို့နယ်တွင် မွေးဖွားခဲ့ပြီး အမည်ရင်းမှာ ဦးခင်အေး ဖြစ်သည်။

ကွယ်လွန်ချိန်တွင် အသက် ၈၅ နှစ်ရှိပြီဖြစ်သည့် ဆရာကြီးမှာ ၂၀၀၂ ခုနှစ်တွင် ဝန်ထမ်းအဖြစ်မှ အငြိမ်းစားရယူခဲ့ပြီး ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူး ဆောင် စာပေပါရဂူဘွဲ့ ချီးမြှင့်ခဲ့သည်။

ဆရာကြီးသည် ၁၉၅၉ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းကို မြန်မာစာ၊ သင်္ချာ ဂုဏ်ထူးများဖြင့် အောင်မြင်သည်။ မြန်မာတစ်နိုင်ငံလုံးတွင် မြန်မာစာ အမှတ် အများဆုံးဖြင့် အောင်မြင်သည့်အတွက် ငွေတာရီရွှေတံဆိပ်နှင့် လှသမိန်ရွှေတံဆိပ် ချီးမြှင့်ခြင်းခံရသည့်အပြင် တက္ကသိုလ်ပညာသင်ဆုကိုလည်း ရရှိသည်။ ၁၉၆၃ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဝိဇ္ဇာ(အထွေထွေဂုဏ်ထူး) ဘွဲ့ရသည်။ ၁၉၆၃ ခုနှစ်တွင် ပုသိမ်ကောလိပ်၊ မြန်မာစာဌာန၌ နည်းပြအဖြစ် စတင်အမှုထမ်းသည်။ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်၊ ဂျပန်နိုင်ငံတွင် မြန်မာစာ ဧည့်ပါမောက္ခအဖြစ် ၁၉၉၇ ခုနှစ်မှ ၁၉၉၉ ခုနှစ်အထိ တက္ကသိုလ် မြန်မာစာဌာန၊ ပါမောက္ခဌာနမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ဆရာကြီး၏ ထင်ရှားသော စာအုပ်များမှာ စကားပြေသဘောတရား၊ စကားပြေ အတတ်ပညာ (၁၉၇၉)၊ ပြည်သူ့အတွက် မြန်မာစကားပြေ (၁၉၈၅)၊ မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ (၁၉၉၀၊ ၁၉၈၇ စာပေဗိမာန်စာမူဆု၊ သုတပဒေသာ ဝိဇ္ဇာ ပထမဆု)၊ မြန်မာဘာသာစကား ပညာရှင်များနှင့် ဘာသာစကားအမြင်(၁၉၉၂ )၊ မေတ္တာနှလုံးသားပုံရိပ်များ (၁၉၉၇)၊ စာပေသမုဒ္ဒရာ၌ လက်ပစ်ကူးခြင်း(၁၉၉၇)၊ စကားသမုဒ္ဒရာ၊ စာသမုဒ္ဒရာ(၁၉၉၇)၊ တစ်သံ နှစ်သံ သုံးလေးသံ(၂၀၀၀)၊ သုတေသနလက်စွဲ(၂၀၀၁)၊ နှစ်လေးဆယ် ဘဝမှတ်တိုင်များ(၂၀၀၂၊ အမျိုးသားစာပေဆု၊ စာပဒေသာဆု)၊ အစရှိသည့် စာအုပ်များကို ရေးသားခဲ့သည်။

Website Link - - - >>> https://news-eleven.com/article/299729

1 year, 1 month ago

ဇန်နဝါရီ ၂၈ ရက်နေ့ နံနက်ပိုင်းသတင်းအစီအစဉ် ( နံနက် ၇ နာရီခွဲတိုက်ရိုက်ထုတ်လွှင့်မှု )

- တိပိဋကဓရ တိပိဋကကောဝိဒ ၁၇ ပါးမြောက် ဆရာတော် ထွက်ပေါ်လာ
- ထားဝယ်မြို့နယ်၊ အရှေ့တောဒေသရှိ ဝကုန်းကျေးရွာဒေသခံတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ပြတ်ဒဏ်ရာ ရရှိ
- ပို့ကုန်တန်ချိန်အပေါ်မူတည်၍ ဝယ်ယူစုဆောင်းခဲ့သည့် အရန်ဆန်များကို ကဏ္ဍခြောက်ခုသို့ ၂၀၂၄ ခုနှစ်အတွင်း ဆန်အိတ်ရေ တစ်သိန်းနီးပါးရောင်းချထား
- ထရန့်က WHO ကို ပြန်လည်ဝင်ရောက်ရန် စဉ်းစားမည်ဟု ပြောကြား
- COVID-19 ကပ်ရောဂါသည် သဘာဝအလျောက် ပေါ်ပေါက်လာခြင်းထက် ဓာတ်ခွဲခန်းမှ ယိုစိမ့်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း စီအိုင်အေ ပြောကြား

1 year, 1 month ago
Eleven Media Group
1 year, 1 month ago
အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်တို့ မြန်မာ့အရေး ဆွေးနွေး

အာဆီယံအတွင်းရေးမှူးချုပ်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန်တို့ မြန်မာ့အရေး ဆွေးနွေး

အာဆီယံအတွင်းရေးမှူးချုပ်ဒေါက်တာကာအိုကင်ဟွန်းနှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏မြန်မာနိုင်ငံဆိုင်ရာအထူးသံတမန် ဂျုလီဘစ်ရော့တို့သည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသော အခြေအနေကိုဖြေရှင်းရန် ဇန်နဝါရီ ၂၁ ရက်တွင် ထိထိရောက်ရောက် ဆွေးနွေးခဲ့သည်ဟု အာဆီယံက ထုတ်ပြန်ခဲ့သည်။

၎င်းတို့၏‌ဆွေးနွေးမှုသည် အာဆီယံ၏လူသားချင်းစာနာမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများကို အထောက်အကူပေးရာတွင်လည်းကောင်း၊ အာဆီယံ၏ဘုံသဘောတူညီချက်ငါးရပ်ကို အကောင်အထည်ဖော်ရာတွင် တိုးတက်မှုရရှိစေရန်လည်းကောင်း၊ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေး၊ဒေသတွင်း ပြည်သူများ၏သုခတို့ကို အားပေးရန်လည်းကောင်း ပူးပေါင်းဆောင်ရွက်မှု၏ အရေးကြီးပုံကို မီးမောင်းထိုးပြနေသည်ဟု ထုတ်ပြန်ချက်တွင် အာဆီယံက ဖော်ပြခဲ့သည်။

■Ref:ASEAN
■Photo:ASEAN

■Website Link >>>https://news-eleven.com/article/299577

1 year, 1 month ago

ဇန်နဝါရီ ၂၂ ရက် ညပိုင်း သတင်အစီအစဉ် (ည ၈ နာရီ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု)

■ ပင်စင်စားဝန်ထမ်းများအတွက် စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေးကော်မတီက တစ်ဦးလျှင် ဆီသုံးပိဿာနှုန်းဖြင့် စတင်ရောင်းချ
■ ဇန်နဝါရီလ တတိယ ၁၀ ရက်ပတ်အတွင်း စစ်ကိုင်းတိုင်းအထက်ပိုင်း၊ တနင်္သာရီ၊ ကချင်၊ ချင်း၊ မွန်နှင့် ရှမ်းပြည်နယ်တို့တွင် ခုနစ်ရက်မှ ၁၀ ရက်ခန့် နံနက်ပိုင်း၌ မြူထူများဆိုင်းနိုင်
■ မဂ္ဂနီကျု ၆ ဒသမ သုည ရှိသော မြေငလျင် ထိုင်ဝမ်တွင် လှုပ်သွားခဲ့သဖြင့် လူ ၂၇ ဦး ဒဏ်ရာရရှိ
■ ဂါဇာက အစ္စရေးအတွက် ခြိမ်းခြောက်မှု ထပ်မဖြစ်လာစေရဟု နေတန်ရာဟုက ကြုံးဝါးထားပြီး ဟားမာ့စ်အဖွဲ့ကမူ ဂါဇာ ပြန်လည်ဦးမော့လာမည်ဟု ဆို
■ ဘရိုက်တန်အား ရှုံးနိမ့်ပြီးနောက် အာမိုရင်မ် ဒေါသပေါက်ကွဲခဲ့ပြီး အဝတ်လဲခန်းမှ တီဗွီကို ပျက်စီးစေခဲ့

1 year, 1 month ago

■ ကမ္ဘောဒီးယား အမျိုးသားဥယျာဉ်တွင် ရှားပါး တောရိုင်းတိရစ္ဆာန်မျိုးစိတ်များ တွေ့ရှိ

ကမ္ဘောဒီးယားနိုင်ငံ၏ အမျိုးသားဥယျာဉ်တွင် ရှားပါး တောရိုင်းတိရစ္ဆာန်မျိုးစိတ်များကိုတွေ့ရှိခဲ့ကြောင်း သဘာဝပတ်ဝန်ကျင် ထိန်းသိမ်းရေးပညာရှင်များက ဇန်နဝါရီ ၂၂ ရက်တွင် ပြောကြားခဲ့သည်။

Virachey အမျိုးသား ဥယျာဉ်အတွင်းနှစ်အနည်းငယ်ကြာ အချိန်ယူပြုလုပ်ခဲ့သည့် လေ့လာမှုစစ်တမ်းတွင် ကမ္ဘောဒီးယားနိုင်ငံအတွင်း တစ်ခါမျှ မတွေ့ခဲ့ရဖူးသည့် မျိုးသုဉ်းပျောက်ကွယ်မှုအန္တရာယ်နှင့်ရင်ဆိုင်နေရသည့် တိရစ္ဆာန်မျိုးစိတ်များလည်းပါဝင်သည်။

ထို ရှားပါး တောရိုင်းတိရစ္ဆာန်မျိုးစိတ်များ အတွင်း သင်းခွေချပ်များမှအစ ဦးချိုကြီးမားသည့် ချေများအဆုံး မျိုးစိတ်အများအပြားကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယား၏ အရှေ့မြောက်ပိုင်းဒေသ လာအို၊ ဗီယက်နမ်တို့နှင့် နယ်စပ်ချင်းထိနေသည့် ဒေသရှိ ဟက်တာ ၄၀၅၀၀၀ ကျယ်ဝန်းသည့် ထိုဥယျာဉ်ကြီးထဲတွင် လေ့လာမှုအတွက် ကင်မရာ ၁၅၀ ကျော်ကို တပ်ဆင်ထားခဲ့ခြင်းဖြစ်သည်။

စုစုပေါင်း ရှားပါးတိရစ္ဆာန်မျိုးစိတ် ၈၉ မျိုးကိုတွေ့ရှိခဲ့ပြီး ၎င်းတို့အနက် ခြေသလုံးနီ မျောက်မျိုးစိတ်၊ Sunda သင်းခွေချပ်မျိုးစိတ်၊ ခန္ဓာကိုယ်ပေါ်တွင် တိမ်တိုက်များကဲ့သို့ အကွက်များပါသည့် ကျားသစ်မျိုးစိတ်၊ dhole တောခွေးမျိုးစိတ်၊ ပသျှူးဝက်ဝံမျိုးစိတ်တို့ကဲ့သို့ ကမ္ဘာတစ်ဝန်း မျိုးသုန်းပျောက်ကွယ်မည့် အခြေအနေနှင့်ရင်ဆိုင်နေရသည့် မျိုးစိတ်ပေါင်း ၂၀ ခန့်ပါဝင်ကြောင်း လေလာရေးအဖွဲ့ဖြစ်သည့် Fauna & Flora အဖွဲ့က ပြောကြားခဲ့သည်။

■ Ref:AFP

1 year, 4 months ago
Eleven Media Group
1 year, 4 months ago
ဘန်ကောက်မှ ချင်းရိုင်သို့ မောင်းနှင်လာသည့် ဘတ်စ်ကားနဲ့ တွဲကား တိုက်မိပြီး …

ဘန်ကောက်မှ ချင်းရိုင်သို့ မောင်းနှင်လာသည့် ဘတ်စ်ကားနဲ့ တွဲကား တိုက်မိပြီး ၄၅ဦးဒဏ်ရာရရှိ

ထိုင်းနိုင်ငံ ရာပြည်နယ် ဆွန်ခရိုင်တွင် နိုဝင်ဘာ ၅ ရက် နံနက်ပိုင်းက ဘန်ကောက်မှ ချင်းရိုင်သို့ ဦးတည်မောင်းနှင်လာသော ခရီးသည်တင် ဘတ်စ်ကားနှင့် တွဲကားတိုက်မိပြီး ခရီးသည် ၄၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဘန်ကောက်မှချင်းရိုင်သို နိုဝင်ဘာ၄ရက်နေ့ညက ထွက်ခွားလာသည့် အဆိုပါ ဘတ်စကားတွင် ခရီးသည်နှင့် ဝန်ထမ်းအပါအဝင် ၄၇ ဦးတင်ဆောင်လာပြီး နိုဝင်ဘာလ ၅ရက် နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က အမြန်လမ်း ၁၀၃ တွင် ဖြစ်ပွားခဲ့ကြောင်း အမြန်လမ်း ဦးစီးဌာနမှ သိရသည်။

ခရီးသည်ပိုဆောင် ရေး အဲယားကွန်းဘတ်စ်ကားသည် ခရီးသည်နှင့် အမှုထမ်း ၄၇ ဦး တင်ဆောင်ခဲ့သည်။ တနင်္လာနေ့ညတွင် မြိုတော်မှ ထွက်ခွာခဲ့ပြီး ၎င်း၏ နောက်ဆုံးခရီးမှာ ချင်းရိုင်ပြည်နယ် ချန်ဆန်ခရိုင်ဖြစ်သည်။

■Website Link >>> https://news-eleven.com/article/297171

1 year, 4 months ago
Eleven Media Group
1 year, 4 months ago
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago