ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago
သီတင်းကျွတ်ပြီဆိုတော့ ဟိုကဒီက နီးစပ်ရာ ကန်တော့ကြ။ မုန့်ဖိုးတောင်းကြပေါ့။ ကျူးကိုလဲ ကန်တော့သူကန်တော့ မုန့်ဖိုးတောင်းသူ တောင်းပေါ့။
ကျူးဖက်က တခွန်းပဲ ပြန်ပြောမိတယ်။ ရန်ကွမ်းတော်လှန်အင်အားစုတွေ ကြွေးကြော်တဲ့အတိုင်း “ကျွတ်မနေနဲ့ ကြုံး” ပဲ။
သီတင်းကျွတ်၊ တန်ဆောင်တိုင် ဒို့အိမ်လေးလဲ မြိုင်မြိုင်ဆိုင်ဆိုင် လုပ်မနေနဲ့။
ပန်းတိုင် မပျောက်နဲ့။ မျက်ခြေမပြတ်နဲ့။ အာဏာရှင် အကြမ်းဖက်သမားတွေ လက်အောက်မှာ သီတင်းကျွတ်လဲ အလကား။ တန်ဆောင်မုန်းလဲ ရင်ခုန်စရာမရှိ။ ဘာတွေမျှော်လင့်နေကြမှာလဲ။
နာရီမိနစ်စက္ကန့်မလပ် အာဏာရှင် စမုံတုံးရေး ဒို့အရေးပဲ။ ပြက္ခဒိန်ပေါ်က အခါကြီးရက်ကြီးတွေဆိုတာ အောင်ပွဲရမှ ဝှဲချီးကျင်းပရမယ့်ဟာတွေ။
အဓိက နဲ့ သာမညနဲ့ ကွဲကြရအောင်ပါ ဒို့ရွာသားတွေ။
စကားမစပ် ပြောရရင်
မြနန္ဒာ ကိုယ်ရှိန်သတ်လို့ ဘာဖြစ်လဲ။
ကီယာက မေခတကျော ကြိတ်နေတာပဲ။
ကေနုနဲ့ ပီဒက်တွေက လေးကေ့ကော်ဗျုဟာကုန်း တက်သိမ်းပစ်တယ်လေ။
ဒါပဲလေ။ဒါပဲပေါ့။
တော်လှန်ရေးက တစုတဖွဲ့
အပေါ် တည်မှီထားတာမှ မဟုတ်ဘဲ။
လိုရင်းကိုသာ အာရုံစိုက်ကြ။ ဒီခရီးအတော်နီးနေပီ။
ကျွတ်မနေနဲ့ ကြုံးကြ။
ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (တော်လှန်ရေးသာပထမ၊ တော်လှန်ရေးသာ ဒုတိယ၊ တော်လှန်ရေးသာ အရာရာ ကဏ္ဍ)
မုတ္တမတွေ ဒီရက်ပိုင်း နေလို့မှကောင်းရဲ့လား၊ အိပ်လို့ပျော်ရဲ့လား သွားချောင်းမိတယ်။ “တပ်မတော်အတွက် ဆုတောင်းပေးကြပါ” တဲ့။ “တောင်ခမ်းကျရင် တောင်လှေကားလဲ စမုံတုံးပီ” တဲ့။ ကယ်ပါ ယူပါ တစာစာနဲ့ ချောင်ဖုံးတို့ဂိုဏ်း မျက်နှာစုံညီ အစည်းအဝေး လုပ်နေသလား အောက်မေ့ရတယ်။
ရည်မွန်စကီးလို သူတို့ဘတ်ဘတ်ကို မြေပြင်ဆင်းခိုင်းနေတဲ့သူတွေလဲ ဒုနဲ့ဒေး။ ဖွတ်ကို မိကျောင်းရေခြုံပြီး မြစ်ထဲ လွှတ်ဖို့ ကြံနေကြတာ။ လေလည်ဖုန်ထများ အချဉ်မှတ်လို့။ ဘယ်သူတေတေ၊ ငကြင်မာပြီးရော မဟာဗျူဟာတဖက်ကမ်းခတ်တတ်ထားတာ။ မြေပြင်ဝေးလို့
ဖင်ထိုင်ခုံကို ဆင်ကော်နဲ့ကပ်ထားတာ။ ဆင်းပါလိမ့်မယ် အားကြီးကြီး။
လေကတော့ မေလ်တန် တောင် အဖိုးခေါ်ရမယ်။ လ-က်န-က်ကိုင် တောင်းဆိုမှုတွေ နားထား။ ဆက်ပြီး အကြ-ဖမ်း ဖ-က်ပြမယ်တဲ့။ ကြိမ်းချက်က။ ဆွမ်းစားတောင် မီပါ့မလားဘဲ။ အပျိုကြီး မြို့တက်ဈေးဝယ်တဲ့အချိန် ကောက်ရိုးပုံထဲ ဝင်ပုန်းပြီး ဒို့ ၂ ယောက် ခိုးရာလိုက်သွား
ပါပြီ သတင်းလွှင့်တာမျိုးကမှ ယုံချင်စရာကောင်းအုံးမယ်။
ဘယ်သူက သူ့ကို အဖက်လုပ် တောင်းဆိုနေလို့လဲဟင်။ အင်စီအေ ထိုးထားတဲ့ လက်ကျန်အဖွဲ့တွေ ဆိုတာကလဲ ကျီးနဲ့ဖုတ်ဖုတ်။ အဲဒါ တောင်မှ ဒီဖက်နဲ့ ဆက်ဆံရေးဘောင်ချဲ့လာတဲ့ အဖွဲ့တချို့ ရှိလာလို့ ဂျပုခမျာ ဟန်ကိုယ့်ဖို့ စမာန်တင်းပြတဲ့သဘော။
ဒါဘေမက်.......
ဆွန်ဇူးက ပြောဖူးတယ် မဟုတ်လား။ တို-က်ပွဲ တခုမှာ ရန်သူ့အကြောင်းကို သိရင် တဝက် နိုင်ပြီးသားတဲ့။ ကိုယ့်အကြောင်းလဲ သိတယ်- ရန်သူ့အကြောင်းလဲ သိတယ်ဆိုရင်တော့ အက်တိုက်ပွဲက မနိုင်စရာမရှိဘူးတဲ့။ ဆိုတော့ ဒင်းတို့အကြောင်းလဲ မျက်ခြေပြတ်လို့တော့
ဘယ်ဖြစ်မလဲ နော့။
အောင်မှေး (မုတ္တမ) ရဲ့ တယု-တ်ပြည်သွားတောလား ဖတ်မိလိုက်ကြသေးလား။ လေလည်ဖုန်ထကို သာေ-ကာ က ၁၀၀စီစီထိုးပေးမယ် ဆိုတဲ့အကြောင်းလေ။ မင်ဂါချိန်ကျရောက်ပြီမို့ ရွေးဂေါက်ပွဲလုပ်ပါတော့တဲ့။ တုတု စစ်စစ် ဖြစ်အောင်သာလုပ်။ ခါးကိုင်တွန်းပေးဖို့ အဆင်
သင့်ပဲတဲ့။ မဟုတ် တယု-တ် အကြောင်း သိပြီးသားဆိုဘေမက် အောင်မှေး ဖော်ကောင်လုပ်တော့ သေချာသထက် သေချာသွားတာပေါ့။
ဒင်းတို့ ဘယ်သို့ဘယ်ပုံ ကလိမ်စေ့ငြမ်းဆင်မယ်ဆိုတာပါ ရေမနစ်၊ ရိုက် မ စ-စ်ရဘဲ အကုန်ပြောသွားတာ။ နယ်မြေတွေ ဘယ်လောက်ဆုံး ဆုံး ရွေးဂေါက်ပွဲ လုပ်လို့ရတယ်တဲ့။ မြို့နယ်တွေ ပေါင်းပစ်မှာတဲ့။ တမြို့နယ်ချင်း လိုက်မလုပ်တော့ဘဲ မြို့နယ်ကြီးတခု အဖြစ်ပေါင်းစု။ အက် မြို့နယ်ကြီးထဲမှာမှ ဒင်းတို့နည်းနည်းစိုးမိုးမှုရှိတဲ့နေရာလေးပဲ ရွေးဂေါက်ပွဲကို ကွက်လုပ်။ အက်က ရလာတဲ့ ရလဒ်ကို ကျန်မြို့နယ်တွေ အကုန်လွှမ်းခြုံတဲ့ ရလဒ်ဖြစ်စေတဲ့။ လျော့တော့ မတွက်လေနဲ့။
ပြောသေးတယ်။ လွှတ်တော်ခေါ်ဖို့ ကိုယ်စားလှယ် ၃ ပုံ ၁ ပုံပဲ လိုတာတဲ့။ ထိုင်ခုံစေ့မလိုပါဘူးတဲ့။ ေ-ခွးလေ ေ-ခွးလွင့် တင် အစိတ်သား ရှိပြီးသားမို့ ၃ ပုံ ၁ ပုံ ပြည့်ဖို့ဆိုတာ အသာလေးတဲ့။ အကြံပက်စက် ခေါဘဏီလောက်မှ ဇောက်မနက်တဲ့ အထာတွေ။
ဒါကြောင့် ရန်သူအကြောင်းလဲ သိ။ ကွကိုယ်လဲ သိကြ။ လမ်းချင်းတူလို့ လူချင်းတွေ့ကြတယ်။ တွေ့သာနဲ့ တွဲသတ်နေတာတွေလဲ လျော့သင့်ပါပီ။
ဖောင်ပိတ်သတင်း- ဒေါ်စိန်အေး ေ-ခွးလေ ေခွးလွင့် သားဖောက်ခြံ တွက်ချက်မကိုက်လို့ အသက်ကန့်သတ်ချက် တိုးမဆုံးဘူးတဲ့။ ဘယ်လောက် တိုးတိုး လျှောက်လွှာတင်သူမရှိလို့ ဂိန်နေသတဲ့။ ေ-သမယ့်အပတ်မှ စ-စ်ထဲလိုက်မိဒယ် ဆိုတဲ့ စကားပုံက အလကားမှ မဟုတ်ဘဲ။ သဘောပေါက်။
ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (ညောင်သီးလဲစား၊ လေးညှို့သံလဲ နားစွင့်ကြကဏ္ဍ)
လေလည်ဖုန်ထ ဒီနေ့အူပြတဲ့ မိန့်ခွန်းနားထောင်ပြီး ရီချင်တာ အောက်နှစ်လုံး နာလွန်းလို့ ဒမှာရေခဲကပ်နေရတယ်။ အဲ့ကောင် ကွကိုယ် မှန်ထောင်ပြီး ပြောနေသလိုပဲ။ အရူးပြော အရူးယုံအဆင့်ထက် လယ်ဗယ်က အတော်မြင့်သွားပြီ။ ဖျာသည်နဲ့ နှိုင်းရင်တောင် ဖျာသည်ဖက်က သ န တယ်၊ လာမနှိုင်းနဲ့လို့ ပြောခံရမယ့် ကောင်။
ပီဒက်တွေက ဆေးချပြီး စ-စ် တို-က်နေကြတာတဲ့။ သောက်ပု အက်လို ဟောင်လိုမှ မဆုံးသေးဘူး။ ရည်မွန်စကီးက ဒမက်ကြည့်။ မင့် ဒပဲ့တွေဆီက ဖမ်းမိထားတာ အပုံလိုက်ဆိုပြီး မီးရှို့ပြလိုက်တယ်။ ခေါဘဏီတောင် မီးဟပ်ပြီး ဖုဋ်တလင်းဖြစ်နေလောက်ပြီ။ အိမ်ရောက်ရင် လှန်လှောစစ်ကြည့်လိုက်အုံး။
ဒါဘေမက် မကြောက်ပါနဲ့ ခင်လောရယ်။ ဗိုလ်ရည်မွန် ပလဘ ဆင်းတာ ရေချိုးမလို့ နေမှာဘာ။ အဟင်းဟင်း။
ပြောသာ ပြောရတာ။ မြောက်မြန်မာခြမ်းသားတွေ ရည်မွန်စကီး ခြေစင်္ကြာဖြန့်တဲ့ပုံတွေမြင်ပြီး ထိုင်ရမလို၊ ထရမလိုနဲ့ စမြင်းတစ်နေကြသတဲ့။ခပ်တွေးထဲ ဂယက်က အတော်ကြီးဆိုပဲ။ လဖက်ခြောက်ကို လက်ညှိုးထိုးပြပြီး ငတို့ ဘတ်ဘတ်လဲ မုံရွာရောက်နေတာပါကွ ကြွယ်ရအောင်ကလဲ ဟိုကဖြင့် ခါမိခါဇေလက်ချက်နဲ့ ေ-သ လား ရှင်လားတောင် မသေချာ။
လဖက်ခြောက်ကြီး ဘယ်သွား
+++မုံရွာသွား
မုံရွာက ဘာပါ
+++ဒရုန်းရာကြီးပါ
မကြာခင် ခပ်တွေးထဲက ခလေးတွေ အာ့လိုရွတ်ရင်း ဆော့ကြမှာ မြင်ယောင်မိသေး။
ဒါနဲ့ ရည်မွန်စကီး ခရီးစဉ် ဒါ့ပုံထဲမှာ မီးလောင်နေတဲ့ ၃ ထပ်တိုက် တလုံးတွေ့မိတယ်။ ပလဘ ရဲ စခန်းဖြစ်မယ်။ အစိုးရအဆက်ဆက် ထရံစုတ်နဲ့ နေရတဲ့ ရဲလိုင်းခန်းတွေကို အမေစု အစိုးရလက်ထက် ဘတ်ဂျက်တွေပုံအောချပေးပြီး အဲလိုတိုက်ခန်းတွေ ဆောက်ပေးခဲ့တာ မနည်းမနော။
ပြည်သူ့ဘဏ္ဍာနဲ့ လူလိုသူလို နေခဲ့ရပေမယ့် အာဏာရှင်နောက်ဆွဲ ခွေးမြီးကောက် ကျ-ည်တောက်စွပ်တွေ။ အရေးရယ် အကြောင်းရယ် ပြန်တိုက်ရတဲ့အခါ ပိုခက်တာပဲ အဖတ်တင်။ ထရံစုတ်နဲ့ပဲ တန်တဲ့ေကာင်တွေ။
ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (ရည်မွန်စကီး 2:0 ပုစကီး ကဏ္ဍ)
ဘေးအိမ်က ယုတ်ယုတ်အကြောင်း အာရုံတွေထွေပြားနေချိန် ကီယာက သူ့အလုပ်သူလုပ်နေတာ အတော်ခရီးရောက်နေပါ့။ အခုန တင်ပဲ ပန်ဝါကို သိမ်းလိုက်ပြန်ပတဲ့။ အက်ရှေ့မှာ ချီဗွေ၊ ဆော့လော် အပီဆော်ထားပြီးပီ။ အကိုထွင်းကလဲ ဗျာဒိတ်ပေးတော်မူထားတဲ့အတိုင်း ဋင်လဋ်အူးကို တက်ကြိတ်နေလေရဲ့။ တင်နီလာအေးကလဲ ခံလှန်ရေး ၂၃ကို နှာနုဖြတ်ရိုက်ပြီး ရတနာဂီရိပို့လိုက်ပီ။
တချို့ကိစ္စတွေက ခံစားသူစိတ်ကြိုက်တွေ။ ဒီတော်လှန်ရေးကို အတ္တနောမတိတွေနဲ့ ဇွတ်ကျားချဉ်းကပ်ပြီး ရှုံးနေပီ ရှုံးနေပီ ကုန်းအော် နေကြတာ။
Everything has the bright side and the dark side!
တချို့တွေက သိပ်မှောင်လွန်းလှတယ်။ ငတို့ ဒီလမ်းကို စလျှောက်ခဲ့တဲ့ Day-1 ကစလို့ ငတို့အင်အား ပြုန်းတီးသွားတာ တခုမှ မရှိသေးဘူး။
အစက ပါခဲ့တဲ့ EROs တွေ အခုထိ နောက်ကြောင်းပြန်လှည့်သွားတာ တဖွဲ့မှ မရှိသေးဘူး။ တာထွက်ကတည်းက ပါလာတဲ့ တိုင်းရင်းသား တော်လှန်ရေးအင်အားစုတွေ တဖွဲ့မှ ပဲ့ထွက်သွားတာ မရှိဘဲ ခိုင်ခိုင်ကျည်ကျည် ရှေ့ဆက်နေကြတယ်။
ဤတော်လှန်ရေးသည် အမှန်တရားဖက်တွင် ရှိသောကြောင့် ထပ်တိုးရောက်ရှိလာသူအပေါင်း အားအင်ဖြစ်ပါစေ ဆိုသကဲ့သို့ နောက်တိုး အဖွဲ့တွေပဲ ဝင်လာမစဲ တသဲသဲ ပဲလေ။ ဥပမာ မွန်ပြည်သစ်-AD ။
တလောကပဲ အေဘီက နုကြည်နဲ့ စာနဲ့ပေနဲ့ နိုင်ငံရေး၊ စစ်ရေး၊ ဘဏ္ဍာရေး ပူးပေါင်းဆောင်ရွက်ပါမယ်လို့ လက်မှတ်ထထိုးတယ်။ အက်မတိုင်ခင်ကတည်းက အတူနေကြတာ လူတကာသိပေမယ့် အရှေ့ခုနှစ်အိမ်၊ အနောက်ခုနှစ်အိမ် ပေါင်းဖက်တော့မယ် အကြောင်း၊ ကြေညာ မောင်းခတ်တာလို့ ဆိုရမယ်။
အများသိပ်မသိကြသေးတဲ့ အာပလာဆီယံ ဆွေးနွေးပွဲမှာ RC2S ခေါင်းကိုင်ဖခင်ကိုယ်တိုင် တက်သတဲ့။ အက်ပွဲမှာ RC2S တင်မက ကျန်တဲ့ တော်လှန်ရေးအင်အားစု အားလုံးက ကြင်စိုးကိုချေးမှုန်းကြ လို့ သံပြိုင်ဟစ်ကြွေးခဲ့ကြသတဲ့။
သာကောကတော့ မျှော်လင့်ထားတော်မူတဲ့အတိုင်း စိတ်ကောက်တော်မူပြီး မကြွရောက်တော်ဘူးတဲ့။ မတက် ပဒက်ပေါ့။
ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးမယ်လို့ ကြွေးကြော်ထားသူများအဖို့ မလွမ်းသင့်သလို မလွမ်းလောက်ပါဘူး။ ကိုယ့်ကြမ္မာကို ဖန်တီးမယ်ဆိုပြီး အနောက်မျှော်၊ အရှေ့မျှော်လုပ်နေလို့မှ မရတာပဲဟာကို။
အရပ်ဆယ်မျက်နှာကို မေတ္တာပို့တာတော့ ပို့ရမှာပေါ့။ သို့သော် ကိုယ့်ဝမ်းနာ
ကိုယ်သာသိ။ လက်သည်အားကိုးတာထက် ကွကိုယ်ညှစ်ရမှာက အဓိက။
တချို့လက်သည်တွေက သန္ဓေတည်စ ဖက်ဒရယ် ဆိုတာလေးကို သံချွန်မီးဖုတ်ထိုးမယ်ဆိုတဲ့ အကြံဆိုးနဲ့။
မြင်ရသလောက် ကြားရသမျှပြောရရင် ငတို့နွေဦးအင်အားစုအားလုံး တာထွက်ကတည်းက အဲ့လိုင်းကနေ ဖယ်ခွါ၊ သွေဖည်၊ U-Turn ပြန်ကွေ့သွားတာ တဖွဲ့မှ မရှိသေးဘူး။ ကရင်၊ ကယား၊ ကချင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းတင်မက ကိုးကန့်၊ တအာင်း၊ ဓနု၊ ပလောင်၊ ပအိုဝ်းတွေပါမကျန် တိုးလို့သာ ပါဝင်၊ ဆင်နွှဲနေကြတာ အများသိ။
ဒါတွေက သရုပ်သကန်၊ အဟုတ်အမှန်တွေ။ အပိုမဟုတ်တဲ့ လူတကာသိတဲ့ နဂိုရ်အဟုတ်တွေ။
ဒီလိုပြောလို့ ကိုယ့်ဖက် ပေါင်သေးကြောင်းတွေလဲ ရှိပါ့ဗျား။ အခုထိ ညီညွတ်ရေးနဲ့ အသက်ရှည်ရှည်ခင်ခင်မင်မင် ရှေးကထက် ပိုလို့ ချစ်ကြမယ် ဆိုတာထက်........ လမ်းချင်းတူလို့ လူချင်းတွေ့ကြတာ....... တွေ့တာနဲ့ တွဲသတ်တော့တာပဲ...... ဆိုတာတွေလဲ ဘယ်နည်းမလဲ။
အမယ် အားလုံးကတော့ ပြောသဗျ။ ပြည်သူသာ အဓိက တဲ့။
ကျူးက မှတ်တမ်းတင်ထားသနော်။ ပြည်သူသာ အဓိက ဆိုတဲ့ စကားကို ဘယ်သူက ဘယ်နေရာမှာ ဘယ်တုံးက ဘယ်နှစ်ကြိမ်ပြောခဲ့သလဲဆိုတာ။
နှုတ်ခမ်း ၂လွှာကြားကနေ လျှာအရိုးမရှိတိုင်း နှစ်နှစ်ကာကာ မရှိဘဲ ပြောခဲ့လို့ကတော့ ဘောင်ချာတင်မက အကြေးပါလှန်စုတ်ပစ်ကြစို့။
ခုတော့ ဒါတွေ မပြောသေးပါပု။ မပြောသေးပါပု ဆိုပေမင့် မပြောတော့ဘူးလို့တော့ မဆိုလို။ မဆိုလိုဘူးဆိုပေမင့် ပြောသင့်ရင်တော့ ပြောကြရအောင်နော်။
ဟို ဂျပေါင်ကုကတော့
"မွေးလဲ မွေးခဲတယ်။ မွေးလဲ အဖတ်တင်ခဲတယ်။ အဖတ်တင်လဲ အကျိုးပေးခဲတယ်။ အကျိုးပေးလဲ ခဏပဲ။ ပေးတဲ့အကျိုးကလဲ ဆိုးကျိုး"
ဆိုတဲ့ကောင်မို့ အပြတ်သာနှံကြပါစို့လား။ အာရုံမများကြနဲ့ အာရုံများရင် နေ့ဆွမ်းလွတ်တတ်တယ်...... သဘောပါလား။
ဆို့စ်-ကျူးလိပေါင် သတင်းစဉ် (ဒို့လမ်းကို ဒို့ဆက်လျှောက်ကြမယ်- ကဏ္ဍ)
“မျောက်လောင်းလေးအဖေ ထောင်ထဲရောက်နေ” ဆိုပဲ။ ထွဋ်ကြီး အဖော်ရတာပေါ့။ နို့မို့ ပျင်းနေရှာမှာ။ ကြင်စိုးက ဈေးခွေးပါဆို။ သူစိမ်းသူကျက် ရွေးတာမှ မဟုတ်ဘဲ။ မဲမဲမြင် ထိုးဟောင် အကုန်ပတ်ကိုက်တာ သူ့ဝသီ။ ငရွှေလည်း ဘာမှမတတ်နိုင်။ လာခဲ့အုံး ခေါ်တာ တောင် ကြင်စိုးက အိုင်အမ်ပရစ်တီးဘီးဇီး အားသေးပုဆိုပြီး ဇာစ်ဖြုတ်ပြတာ ၃/၄ ခါ မို့ ငရွှေခမျာ့ တံတွေးမျိုချနေရသတဲ့။
ဒီတလော ခေါင်းကြီးပိုင်းသတင်းဖြစ်နေတာက “လ နဲ့ သ ကြား” အစည်းအဝေးမှတ်တမ်း။ မြနန္ဒာတို့တသိုက် မဟုတ်တယုတ်ဖိအား ဘယ်လောက်တောင် ရှိသလဲဆိုတာ ပြည်သူသိခွင့်ရတာ အမြတ်ပေါ့။ “မိုင်နိမ်းအစ်စ် ယုတ်၊ သောက်ကျင့်ယုတ်” ဆိုတဲ့အထာ။
ငတို့က သိပြီးသား။ ကြားမိသလောက် အဲ့မှတ်တမ်း ဒီဖက်က လိခ်တာ မဟုတ်ဘူးတဲ့။ ယုတ်ယုတ်တို့ဖက်က ပေါက်ထွက်လာတာတဲ့။ ဖြစ်နိုင်တာ ၂ ချက်လောက် အနည်းဆုံး ရှိပေမပေါ့။
ပထမတချက်က မင်းတို့မိရမ္မာတွေ ဘောပဲ- ငါ့ကစားကွက်အတိုင်း ကစားကြ- မဟုတ်ရင် ထမင်းတလုတ်၊ ဒုတ်တချက်ပဲ ဆိုတဲ့ မက်စိ ပေးချင်တာ။
နောက်တချက်က ကီယာနဲ့ ဝ ကို ပွဲတည်ပေးတာ။ ဗခက အင်ဘန်လကို ဝ ဖက်က ကွယ်ရာမှာ ဒီလိုတောင် အတင်းတုတ်သနော်ဆိုတဲ့ အထာ။ ကီယာက ယုတ်ယုတ်ကို ပြန်မပြောနားမထောင်လုပ်နေလို့ တင်းနေတာလဲ ပါသပေါ့။
ယုတ်ယုတ်အကြောက်ဆုံးက နွေဦးအင်အားစုတွေအားလုံး ခဏတဖြုတ်ဖြစ်ဖြစ် ညီညွတ်သွားမှာကိုပဲ။ ဥပါဒန္တုပြရရင် ပိုက်လိုင်းကြီးပေါ့။အဲတာကြီးက ဒီဖက်မှာ အမွေဆိုင်။
အကိုထွင်းတို့က Entry Point ကိုင်ထားတယ်။ တင်နီလာအေးနဲ့ မြောက်ပိုင်းအဖွဲ့တွေက Exit Point ကို ထိန်းထားတာ။ အလယ်ခေါင် အပိုင်းက မန်း၊ မကွေး ပြည်မအင်အားစုတွေရဲ့ လက်တကမ်းမှာ။ ဆိုတော့ ပိုက်လိုင်းတလျှောက်က အမွေဆိုင်တွေ စုမိသွားပြီး တသံတည်း ခေါ်ဈေးဖွင့်ရင် ယုတ်ယုတ်မြွေကိုက်ပြီ။
အဲ့တော့ ခွဲကစားတယ်။ နုကြည်နဲ့ မပေါင်းနဲ့။ ပေါင်းရင် အကြောင်းသိမယ် တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ ဖိအားတွေပေးနေတာ အဲ့သဟာကြောင့်လည်း ပါသည်ဟုမှတ်ပါလေ။ ဈေးပေါင်ကျိုးနှိုက်ချင်လို့ နုကြည်ကို လိုက်ကန့်နေတာ။ ဂဏန်းတွေကသာ နုကြည်ကို အထင်မကြီးတာ။ ယုတ်ယုတ်က နုကြည် ကြီးထွားလာမှာကို ဘယ်နည်းနဲ့မှ မကြားလို၊ မမြင်လို။ သူ့ဩဇာကို မထေမဲ့မြင် အာအခံနိုင်ဆုံးက နုကြည်ပဲ ရှိတာကိုး။ ကျန်တဲ့သူတွေက ဖြတ်၅ဖြတ်မဟာဗျူဟာ လွန်ဆန်နိုင်ဖို့ လွယ်မှ မလွယ်ဘဲ။
ဒါထားတော့။ အများသူငှာ မှန်းတုတ် ရမ်းတုတ်နေတဲ့ ၃ ဘီလီယံကိစ္စ ဝင်ငံကြည့်မယ်။ တကယ်က ဒေါ်လှ ၃ ဘီ မဟုတ်ပါတဲ့။ ကြားမိသလောက် ပြောင်ကြီး ခရီးစဉ်မှာ ယုတ်ယုတ်ငွေ ၃ ဘီ ရခဲ့တာတဲ့။ ဒေါ်လှနဲ့တွက်ရင် သန်း ၄/၅ ရာ ရှိမပေါ့။ ပိုက်လိုင်းဖြတ်သန်းခ ကြိုတင်ငွေ ချပေးလိုက်သလိုလိုလဲ ကြားမိ။
တလောက ဒလီနဲ့ ပို့လိုက်တဲ့ ဖိုက်တာ ၆ စီးဖိုး ခုနှိမ်လိုက်သလိုလိုလဲ ကြားမိ။
ဘယ်ဟာ အမှန်ဖြစ်မလဲတော့ ကျူးေတာ်မျိုးလဲ မလျှောက်တတ်။
ဘာဖြစ်ဖြစ် “မိုင်နိမ်းအစ် ယုတ်၊ သောက်ကျင့်ယုတ်” ရဲ့ ခြေရာလက်ရာကတော့ ကြင်စိုးကိုယုံ ပုံပါပြီအလုံး ပဲ။
မည်သို့ဆိုစေ ငတို့အင်အားရှိမှ တိုင်းပြည်အင်အားရှိမယ် ဆိုတဲ့ထုံးကိုသာ နှလုံးသွင်းရင်း ရှေ့ဆက်လျှောက်ကြဖို့သာပ။ ခေါ်ဈေး ရောင်းဈေး အနှိမ်မခံရအောင်လည်း ညီညွတ်စရာရှိတာ ခဏပဲဖြစ်ဖြစ် ညီကြဖို့ လိုနေပါကြောင်း။ ရွာမတည်ရသေးဘဲ ဖျာအိမ်ရွာထိပ်မှာ
အရင်မဆောက်မိအောင်လဲ သတိထားကြရမှာပေါ့။
ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (“ယုတ်ယုတ်အကြောင်း ရှေးဟောင်းပေစာ ဖွေရှာဖတ်ရှုသတိပြုရင်းကွယ် ပရိယာယ်နွံတွင်း မသက်ဆင်းကြစေလို” ကဏ္ဍ)
ကိစ္စများမြောင် တော်လှန်ခရီး ရေစီးထဲ မျောပါနေလို့ စာသိပ်မရေးဖြစ်ပါဘူးဗျာ။ သို့သော် ကြားရမြင်ရ အမျိုးမျိုးအဖုံဖုံ၊ စုံလင်ကွဲပြား၊ မချင့်မရဲ၊ အားမလိုအားမရ၊ ပြစ်တင်ဝေဖန်၊ စောကြော ငြူစူစောင်းမြောင်း၊ အာပေါင်အာရင်းတွေသန်နေကြတာတော့လည်း တွေ့မိပါရဲ့။
အထူးသဖြင့် မြနန္ဒအေးအောင်ရဲ့ တကျော့ပြန်ထုတ်ပြန်ချက်ရဲ့ လှုပ်ခတ်မှု။ မရှေးမနှောင်းမှာ ဆက်တိုက်ဆိုသလို လိုက်ပါလာတဲ့ K2C နဲ့ အပေါင်းပါ ၉ ဖွဲ့ရဲ့ ထုတ်ပြန်မှုတွေကို တထောင့်တနား မြင်သမျှထင်သမျှ ဆော်ပလော်တီးကြသံ၊ ဘဝဂ်ညံမျှ ဖြစ်တော့သကိုး။
ညီနောင် မဟာမိတ် ၃ ဖော်ဆိုတာ နုကြည်နဲ့ ဘယ်တုံးကများ ပေါ်တင် ပလူးပလဲ လုပ်နေတယ်လို့ ကြေညာဖူးလို့လဲ။
၁၀၂၇ ပထမလှိုင်းတုံးကရော နုကြည်နာမည် ဖွင့်ဟလှစ်ဆို ပြောခဲ့ဖူးလို့လား။
ငတို့ကိုယ်တိုင် ၁၀၂၇ အောင်မြင်မှုကို နုကြည်နဲ့ လားလားမှမဆိုင်။ ဖျာခင်းဖို့ စိုးစဉ်းမျှ မတွေးလေနဲ့ ဘာညာ သာရကာ နုကြည်ကို သောက်ဖောင်းတွေထိုင်ထုခဲ့ကြတာပဲ မဟုတ်လား။
သို့သော် သို့သော်…… အနှီလို တော်လှန်ရေးအရွေ့ဆိုတာ မအလပြုတ်ကျရေးအတွက် တိုက်ပွဲဝင်နေကြတဲ့အဖွဲ့တွေကြား သူစိမ်းပြင်ပြင် ဘာဆို...... ဘာမှ မပြောမဆို.. တိုင်ပင်မချိန်.. ညှိနှိုင်းဆွေးနွေးမှု မရှိဘဲ ဘယ်ဖြစ်နိုင်ပါ့မလဲ။
အနိမ့်ဆုံးအဆင့် “ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေပဲ” ဆိုတာလောက်တော့ သူတို့ကြားထဲ သဘောတူညီချက် ရှိရှာမပေါ့။
ကြားမိသလောက် (သိပ်တော့ မမှားနိုင်) ညီနောင် မဟာမိတ် ၃ ဖော်နဲ့ နုကြည်ကြားမှာ အားကောင်းတဲ့ အပြန်အလှန် အပေးအယူတွေ ရှိပါသတဲ့။
ကိုယ်လိုတာ သူဖြည့်၊ သူလိုတာ ကိုယ်ဖြည့် ဆိုတာမျိုးတဲ့။ နုကြည်ဖက်က ညီနောင် ၃ ဖော် လိုအပ်တဲ့ ရုပ်ဝတ္ထုပစ္စည်းနဲ့ ငွေကြေးတချို့ ပံ့ပိုးသလို၊ ညီနောင်များဖက်ကလည်း နုကြည်လိုတဲ့ နှုတ်ခမ်းနီကစလို့ ဖြည့်ဆည်းပေးပါသတဲ့။
ဘယ်သူက ဘယ်သူ့ကို ပိုမိုဖြည့်ဆည်းပေးကြတယ်ဆိုတာမျိုးထက် အပြန်အလှန် သူ့လိုအင်ကိုယ်ဖြည့်၊ ကိုယ်လိုတာ သူပံ့ပိုးနဲ့ အတော် အစေးကပ်ကြပါသတဲ့။
နုကြည်ဖက်က ဒေါ်လာ သန်းချီ ငွေသား မျှဝေမှုရှိတဲ့အပြင်၊ စစ်ပွဲထဲ ထိခိုက်ဒဏ်ရာရသူတွေကို ကူညီကယ်ဆယ် ကုသရေးနဲ့ဆိုင်တာတွေ လူအား ပစ္စည်းအား ပုံအောအားဖြည့်ခဲ့တာတွေလည်း ရှိခဲ့ပါသတဲ့။
ညီနောင် ၃ ဖော် ဖက်ကလည်း “ကျည်လိုချင်ရင် ကျည်ရစေရမယ်” “အတိုအရှည်လိုရင် အတိုအရှည် ရစေရမယ်” ဆိုတာမျိုး တပြန်တလှည့် အားဖြည့်ပေးပါသတဲ့။
ဒီတော်လှန်ရေး ကာလတလျှောက်လုံး လိုအပ်တဲ့ နှုတ်ခမ်းနီ၊ ပါးနီ အကုန်လုံးက မြောက်ပိုင်းကပဲ မြစ်ဖျားခံ စီးဆင်းနေခဲ့ကြတယ်ဆိုတာ ဗေဒင်မေးစရာမလိုဘဲ အကုန်သိ မဟုတ်လား။
မကြာခန အဖမ်းခံရတဲ့ ပစ္စည်းသတင်းတွေကြည့်ရင် ဘယ်ကနေ ဘယ်ကသွားလို့ ဘယ် လမ်းခုလတ်မှာ ဘယ်မအိမ်လုံးတွေ လက်ထဲ ရောက်ကုန်တယ်ဆိုတာ သက်သေပါပဲ။
အဲ့သဟာကို...... ဘယ်သူက ဘယ်သူ့ဆီက.. ဘယ်လိုတွေ အလကားရလို့.. ဘယ်လိုတွေ ပိုက်ဆံပေးဝယ်ရလို့.. ဘယ်လောက်တော့ လမ်းခုလတ်မှာ အဖမ်းခံ၊ဆုံးရှုံးကုန်ပါပြီလို့ သတင်းစာရှင်းလင်းပွဲကြီး ဝဲချီး ကျင်းပအသိပေးဖို့ လိုသေးလို့လား။
မြင်တတ်၊ ဖတ်တတ်၊ တွေးတတ်ရင် ရှင်းရှင်းကြီး ဘွင်းကနဲ ပေါ်ပြီးသားပဲ ဟာကို။
ကျနော်/ကျမတို့က အဲ့သလောက်အထိ မမြင်မတွေး တတ်ဘူးဆိုသည့်တိုင် မအလနဲ့ သာကောတို့ကတော့ သေချာသိသဗျ။
ဒါကြောင့်လည်း အညှာကို ကိုင်တဲ့အကွက် သာကောက ထုတ်သုံးတော့တာပေါ့။ ကြုံလို့ ပြောရရင် ကျွန်ုပ်တို့ နွေဦးတင်မက ယူကရိန်း၊ ရုရှား အထိ သာကောရဲ့ ခလုတ်အဖွင့်အပိတ်သက်ရောက်မှုက အတိုင်းအတာတခုအထိ ရှိနေပါတယ်။
ဥပါဒန္တု ပြောရရင်........ နှုတ်ခမ်းနီထုတ်ဖို့ လိုအပ်တဲ့ အဓိကကုန်ကြမ်းက ဒီနေ့ခေတ်ကမ္ဘာမှာ သာကောရဲ့ လက်ဝယ်မှာ ရှိပါသတဲ့။
(မယုံရင် အောက်ကလင့်ကို ဝင်ဖတ်ကြည့်တော်မူကြပါ)
ဒီလို အခြေအနေအောက်မှာ နုကြည်နဲ့ တချို့ မဟာမိတ်တွေကြား ပလဲနံပ သင့်မှုကို ပေါ်တင်ထကြွယ်ဖို့ဆိုတာ တိမ်တောင်သဖွယ် မင်းရေးကျယ် ဆိုသလို ဖြစ်နေမှာပါပဲ။
မြနန္ဒာအေးအောင်ကို နုကြည်က ဒေါ်လာ သန်းဂဏန်း သုံးလိုရာသုံးစေ ပေးခဲ့သလို မြနန္ဒာတို့ဖက်ကလည်း ခွေးသနပ်ထောင်ဂဏန်းနဲ့ ခွေးကျဉ် သိန်းဂဏန်း ရော့အင့်ဆိုပြီး စေတနာသုံးတန်ပြဌာန်း လှူဒါန်းခဲ့ပါသတဲ့။ ဒါတွေကို.. ဒါတွေကို.. သူတို့ ကာယကံရှင်တွေကတော့ ဘယ်ပြောသာလိမ့်မလဲ။
ဆိုတော့ကာ......အပေါ်ယံ မြင်ရ၊ကြားရ တွေနောက် ကောက်ကောက်ပါအောင် လိုက်ပြီး နွေဦးဟာ လေရူးတွေနဲ့ လွင့်သွားပါပကောလို့ မထင်ကြစေချင်ပါ။
နွေဦးဟာ.. အထွေအထူး စုံလင်စွာနဲ့ ပန်းတိုင်ဆီသို့သာ.. အင်နဲ့အားနဲ့ ရွေ့ချီဆက်လှမ်း အရောက်လှမ်းလျက်ရှိပါကြောင်း။
ဆို့စ်-ကျူးလိပေါင်သတင်းစဉ် (ငတို့မှာ အားလုံးရှိပါသေးတယ် ကဏ္ဍ)
မင်းငိုင် အတော် စိတ်ပျက်သွားသည်။
ဒုံးပျံ ပုံစံက တောဘုရားပွဲမှာ ကလေးတွေ စီးတဲ့ ချားလုပ်တဲ့ သံဖြူဆရာလက်ထွက် ကမှ သာဦးမယ်။ ဟွာဆောင်း-၅ ဒုံးပျံဆိုပဲ။ ဒုတိယအကြိမ်မြောက် “ခွေးမိန် သောက်ရှက်ကွဲပွဲ” မှာ အာချောင်မိတဲ့ မင်းငိုင်။ ကွီးတာက ဖွပြီလေ။ မင်းတို့မြို့တွေကို ငတို့ ဖျက်ဆီးမှာ၊ ငတို့မှာ Hand Black အဆန်းတွေ ရှိတယ် ဆိုပြီး မင်းငိုင် ဖွာခဲ့မိတယ်။ ဒါကလည်း ကကနက် က ငနဲတွေပေးလိုက်တဲ့ ဒေတာ။ မင်းငိုင် က အဖားကောင်းလို့သာ ဒု-ဗခက ဖြစ်လာဘေမက် အဆံချောင်မန်း။
ဖွာတုန်းက ဖွာခဲ့ပြီး မင့်တို့ အဆန်းတွေက ဘာလဲ ဘာညာ မေးလိုက်တော့ ထုတ်ပြလာတာ ဟွာဆောင်း-၅ တဲ့။ ၁၉၉၀ ပင်လယ်ကွေ့ စစ်ပွဲမှာ ဟော့ထ် ခဲ့ဖူးတဲ့ စကတ်ထဲကဒုံးပျံ ဆိုသဟာရဲ့ ကော်ပီ ဗားရှင်း။ ငရွှေ လျှမ်းလျှမ်းတောက် စဉ်က ငမန်း တို့ တအုပ် ရွှေအိုးစည်ပါပါးဆီ မှာ တကူးတကန့် သွားဝယ်ခဲ့တာ။ မြောက်ကကြီးကလဲ ငတ်နေတော့ ဂိုဒေါင်ထဲမှာထား၊ ဖုန်တင်တာပဲ အဖတ်တင်တဲ့ ဒီ ဟွာဆောင်း-၅ ဆိုတာတွေကို မြန်မာက ဆန်နဲ့ လဲခဲ့တာပေါ့။ ၃ လုံး ၁ လုံးတော့ အင်ဂျင်အောင်တယ် ဆိုပဲ။
အက်ကောင်တွေကို ရုရှပြန်ဘိုစုတ် တွေက ဖြတ်ညှပ်ကပ်ပြီး မိတ်အင် ဘားမား ပြန်ထုတ်တယ်လေ။ နှစ်စဉ် မတ်လ-၂၇ သူတောင်းစား ညီလာခံမှာ ထုတ်ပြစရာ တခုပေါ့။ အင်ဂျင်အောင်တဲ့ တလုံး အနမ့်ပါ ကို ထုပစ်လိုက်သေးတယ်။ unguided missile မို့ ပစ်တခြား ထိတခြားပါပဲ။ မြို့တွေကိုတော့ ပစ်မလွဲမို့ ဒင်းတို့လို မြို့ဖျက် အာမီ အတွက် အသုံးကျသေးတယ်လို့ ဆိုနိုင်တယ်။
နောက်တခါ ကကနက်က ငနဲ တကောင်က လေယာဉ်ပျံ ပိစိညှောက်တောက်တခု ထုတ်ပြတယ်။ အာရဗီ စာတွေနဲ့မို့ ဝီဝီ တို့လို့ မဘသ တွေနဲ့ ငြိနိုင်ပေမယ့် မဘသ တွေလည်း အသက်လုပြေးနေရတာမို့ အီးမပေါက်နိုင်တော့ပါဘူးလေလို့ မင်းငိုင် ဖြေသိမ့်လိုက်တယ်။ အဲ့ကောင်လေးက ရှာဟတ် တဲ့။ ပါရှန်း မိတ်။ ကာမီကာဇေ ဒရုမ်းတဲ့။ ပစ်ရင် သူပါ ပေါက်ကွဲပြီး ပလုံရောတဲ့။
ကွန်တိန်နာ ၃ စင်းစာ ဝယ်ထားသတဲ့။ ထားပါ လွန်ရော ကျွံရော ၁၀ စင်းပေါ့။ ဘယ်ကို ပစ်မလဲ ဆိုတော့ ပျောက်ကျားစ-စ်မို့ တားဂတ် အသေမရှိဘူးတဲ့။ ဒါကြောင့် ဖှောရှော ရမ်းပစ်ပြမယ်တဲ့လေ။ မိန်းက ဘားဂျက် ဘတ်ဖို့ဆိုပဲ။ အံ့ဘ။ ဒါတောင် အီရန်က ဒေါ်လာပဲ လက်ခံလို့ ရုရှားဆီကနေ ပါတ်ဝယ်ရသတဲ့။ ရုရှက ယူကရိန်း စ-စ် ကိုတာထဲကနေ တိုလျှိုပြီး ရောင်းရတာ။ တပုံဝင်စားသေးတဲ့ သဘောပေါ့။ ကောင်းလှောင့်တေး။
မုတ္တမတွေကလည်း ဘူမှန်း ကိုးမှန်း မသိ။ ဒီဇင်ဘာ-၃၁ က NCA နောက်ဆုံးရက်မို့ ဇန်-၁ ရောက်တာနဲ့ မင်းကြီးတပ်တွေက သည်းမခံတော့ဘူး ဆိုပဲ။ ခုတော့ သည်းခံလက်စနဲ့ မိုင်းငေါ့၊ တင်းမ ဗျူဟာ ပါသွားပြီ။ လော်ဘီ တွေဆွံ့အ။ အာဏာလု နှစ်ပါတ်လည်ကို ပြန်စောင့်ကြပေါ့။
မင်းငိုင် ခမျာလည်း ဇန် ဒုပါတ်မှာလုပ်မယ့် တတိယ အကြိမ်မြောက် သောက်ရှက်ကွဲပွဲ တက်ဖို့ မျက်နှာကို နွားကျင်ငယ်ရည်နဲ့ ပေါင်းတင်နေသတဲ့။ မာအောင် ပေါ့။ ကမကထ လုပ်တဲ့ တြုပ်ကြီးကလည်း ဒီတပွဲ နောက်ဆုံးပဲမို့ ရအောင်ညှိကြလို့ ဝမ်နင်ပေးထားသတဲ့။
တော်လှန်ရေး အင်အားစု အားလုံးက တသံတည်းညီကြဖို့ ညှိထားပြီးသားလို့လည်း သိရသလို့ မင်းငိုင် အဖို့ မျောက်ယီး သမန်းရှ သလိုဖြစ်နေတာပေါ့။ သို့သော် အာဏာရူးစပ်ဖျဲ နဲ့ ကြွက်ပျင်း ခိုင်းတာကို သူမလွန်ဆန်ရဲ သမို့ ငမိုက်သား သောနုတ္ထိုရ် လို အထုပ်ဆွဲပြီး စိနပြည်ကို ညောင်း။
ဆို့စ် - ကျူးလိပေါင် သတင်းစဉ် (ဖျင်ယားမှု အာမခံမရ ရှာသော မင်းငိုင် ကဏ္ဍ)
Log in or sign up to view
See posts, photos and more on Facebook.
ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/
Last updated 3 weeks, 1 day ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006
Last updated 3 months, 3 weeks ago
ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot
Last updated 5 months ago