သံတော်ဆင့်

Description
နိုင်ငံရေး/စစ်ရေး သတင်းစုံ
သတင်းအမှန်ကို ပြန်ကြားပေးနေတဲ့ သံတော်ဆင့်
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 9 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 2 years ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 2 years, 1 month ago

1 year, 7 months ago
သံတော်ဆင့်
1 year, 7 months ago
သံတော်ဆင့်
1 year, 7 months ago
သံတော်ဆင့်
1 year, 10 months ago
**အထက်က မလုပ်ပေးလို့ ပစ်ကူ၊စစ်ကူလိုပါတယ် အော်ပေးပါအုံး။အထက်က အလုပ်မလုပ်လို့ပါ ခဲယမ်း၊ရိက္ခာ …

**အထက်က မလုပ်ပေးလို့ ပစ်ကူ၊စစ်ကူလိုပါတယ် အော်ပေးပါအုံး။အထက်က အလုပ်မလုပ်လို့ပါ ခဲယမ်း၊ရိက္ခာ လိုအပ်ပါတယ် အော်ပေးပါအုံး။ကျတော်တို့ ငတ်နေပါပြီဗျ။စသည့် စကားသံများ အမြဲကြားနေရပါတယ်။လာပို့ကြပါတယ်။

မိမိအနေနဲ့ တာဝန်ရှိသူတွေဟာ ဦးစားပေး ၁/၂/၃ ဆိုပြီး အရေးကြီးတဲ့နေရာဒေသကို အရေးကြီးရင်ကြီးသလို ထောက်ပံ့ကူညီ ဆောင်ရွက်ပေးနေတယ်လို့ သိထားပါတယ်။

ယခုကြုံတွေ့နေရတာက လိုင်းပေါ်က အော်မှလုပ်ပေးတယ်ဆိုတဲ့ အတွေးတွေက အောက်ခြေအဖွဲ့တွေရဲ့စိတ်ထဲ စွဲထင်နေကြတဲ့ အရာပါပဲ။အဲ့လိုလုပ်လို့ အကူအညီရ မရဆိုတာ​ထက်... အဲ့လိုလုပ်တာ မှန်၏၊မမှန်၏ဆိုတာထက် ...အသက်အတွက် နွယ်မြက်တစ်ပင်ကို အားကိုးဆွဲမိသလို အားကိုးလိုက်တာ လို့ပဲမြင်ပါတယ်။

တချို့အဖွဲ့တွေဆို အကူအညီတောင်းတိုင်း ဆဲတာပဲ ခံနေရတော့ အကူအညီတောင်းဖို့တောင် ဝန်လေးနေကြပါတယ်။အထက်ကို သတင်းရောက်သွားရင်တောင် ''မင်းတို့ ဒီသတင်းဘယ်ကောင်က ပို့လိုက်တာလဲ၊ဘယ်သူပြောတာလဲ'' ဆိုပြီး ငါကိုင်ဆဲတာ ခံရတယ်လို့ သိရပါတယ်။

"ကျတော်တို့ အဖွဲ့အစည်းအပေါ် သစ္စာရှိပါတယ် ။ကျတော်တို့ အခြေအနေအရ အများရဲ့ဆုံးဖြတ်ချက်အရ ဒီအဖွဲ့အစည်းကို စွန့်ခွာဖြစ်ရင်တောင် လက်နက်တွေကို သေချာအပ်ပြီး စွန့်ခွာမှာပါ။လက်နက်မပါလို့ ဟိုဘက်က သတ်လည်းခံရမှာပါပဲ'' ဆိုတဲ့ စကားမျိုးတွေက အစ ကြားရပါတယ်။

နိုင်ငံကိုချစ်လို့ ၊တပ်မတော်ကိုချစ်လို့ ထောက်ခံယုံတင်မကပဲ လက်နက်ကိုင်ပြီး၊အသက်ကိုရင်းပြီး တပ်မတော်နှင့်အတူ တိုက်ပွဲဝင်နေကြသူတွေဖြစ်ပါတယ်။

ရိုးရိုးပြည်သူမဟုတ်ပါဘူး၊တပ်မတော်နှင့်အတူ တိုက်ပွဲ ဝင်နေကြတဲ့သူတွေဖြစ်ပါတယ်။​ဒါကို သတိချပ်စေလိုပါတယ်။

မိမိအနေနဲ့ မီဒီယာတွေဆီပို့တာ အပြစ်မမြင်ပေမယ့် လျှို့ဝှက်ရမယ့် ကိစ္စတွေကို အတတ်နိုင်ရှောင်ကျဥ်ပြီး ပို့စေလိုပါတယ်။လုံခြုံအသိရှိတဲ့ မီဒီယာတွေရှိသလို သတင်းဖြစ်ရင်ပြီးရောဆိုတဲ့ ရှေ့နောက်မကြည့်တတ်တဲ့သူတွေလည်း အများကြီးပါပဲ။

တာဝန်ရှိသူတွေအနေနဲ့ သတင်းပို့စဥ်က အရေးတယူဆောင်ရွက်ခြင်းမရှိလျှင် မီဒီယာပေါ်ရောက်လာပါလိမ့်မယ်။
ကိုယ်က မတင်ပေးရင် တင်ပေးတဲ့ မီဒီယာတွေဆီ ပို့ကြပါလိမ့်မယ်။
အဲ့လိုပို့စ်တွေ မီဒီယာအပေါ်ရောက်သွားရင် နိုင်ငံတော်အကြီးအကဲကအစ ဝိုင်းဆဲတာခံရပါလိမ့်မယ်။
ပြည်သူရဲ့ယုံကြည်မှုကျဆင်းပါလိမ့်မယ်။
အမှန်က ကျတော် ဒီပို့စ်ကို မရေးချင်ပါဘူး။
ဒါပါပဲ.....**

ကျွန်းလှမီးအိမ်ရှင် Admin အဖွဲ့https://t.me/kyunhlanews

1 year, 10 months ago
သံတော်ဆင့်
1 year, 10 months ago
သံတော်ဆင့်
2 years, 1 month ago

“တစ်နိုင်ငံ စနစ်(၂)မျိုး၊ မျောက်(၃)ကောင်နဲ့ တရုတ်ဩဇာ ဘာလဲ၊ဘယ်လဲ”

၁။ ဒီနိုင်ငံမှာရှိတဲ့
EAOs တွေရဲ့ မသိစိတ်ထဲ…
“ဝ”မော်ဒယ်ကို အားကျနေခဲ့တာကလည်း
ခွဲထွက်ခွင့်ပုံစံကို ပိုပြီး တွန်းအားပေးနေခဲ့တာပါ။
----
၂။ ဒီလိုပုံစံမျိုးရယူချင်တယ်ဆိုတာကို
၂၀၁၅ ခုနှစ် ပန်ဆန်းမှာကျင်းပတဲ့
ပထမအကြိမ်ညီလာခံမှာကတည်းက
ထွန်းမြတ်နိုင်ကိုယ်တိုင်
ပေါက်ယိုချန်းကိုပြောခဲ့တာရှိတယ်။
AA နဲ့ တိုက်ပွဲပြင်းထန်ခဲ့တာက ၂၀၁၉မှပါ။
“ဝ”လို ကွန်ဖက်ဒရေးရှင်းရချင်တဲ့သဘောကို
၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းမှာ
ထပ်ပြောတာ တွေ့ရတယ်။
ဒါကို ကြည့်ရင်..
အချိန်ကာလနဲ့ အတိမ်အနက်ကို
မှန်းဆနိုင်ပါတယ်။

-----
၃။ ပိုဆိုးစေတဲ့အချက်က….
NLD အစိုးရစဖြစ်တော့…
ပြုတ်သွားတဲ့ အထူးသံ ဆွန်းကော့ရှန်က
မြန်မာနိုင်ငံကို
တစ်နိုင်ငံ စနစ် (၂)မျိုးကျင့်သုံးဖို့
တိုက်တွန်းခဲ့ဖူးတာကို သတိရဖို့လိုတယ်။မြန်မာအစိုးရဘက်ကတော့
ဗဟိုအုပ်ချုပ်မှုလွတ်ကင်းသွားတာထက်စာရင်ရွေးကောက်ပွဲစနစ်နဲ့အုပ်ချုပ်တဲ့
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်မျိုးတွေကိုပဲအလိုရှိခဲ့ဟန် တူတယ်။
သေချာတာကတော့
ကွန်မြူနစ်စနစ်အောက်ကလာတဲ့
ဖုန်ကြားရှင်တို့က
ဒီမိုကရေစီတွေနဲ့ဖက်ဒရယ်တွေကို
နားမလည်ပါဘူး။
ဒါကို MNDAA ရဲ့ နှစ် ၃၀ ပြည့် အခမ်းအနားမှာ
ထင်ထင်ရှားရှားတွေ့နိုင်တယ်။
ဒါပေမယ့် ပြဿနာက….
ကိုးကန့်ဒေသလွတ်မြောက်ရေးဆိုပြီး
ကြွေးကြော်ခဲ့ကြသူတွေက
လားရှိုးမြို့အထိ နယ်မြေချဲ့တာကတော့
မေးခွန်းထုတ်စရာကိစ္စပါပဲ။
ဒီပြဿနာက ပြည်ထောင်စုရဲ့
အစိတ်အပိုင်းပြဿနာမဟုတ်ဘူးဆိုတာ…ပြည်မကနိုင်ငံရေးသမားတိုင်း သိတဲ့အရာပါ။
------
၄။ ဒွိဟဖြစ်စေတဲ့ နောက်ထပ်အတွေးထဲမှာTNLA နဲ့ AA တို့ရဲ့ ချက်ချင်းလက်ငင်းအဖေပြောင်းလိုက်တဲ့ကိစ္စပါပဲ။တကယ်တော့ အဲ့ဒီ(၂)ဖွဲ့က
KIO ဦးဆောင်တဲ့ UNFC ထဲက အဖွဲ့ဝင်တွေပါ။နောက်ပိုင်းနှစ်တွေမှာတော့
“ဝ”ဦးဆောင်တဲ့ FPNCC ကို
ပိုပြီး နှစ်သက်ဟန် ရှိတာလည်း တွေ့ရတယ်။(အထောက်အပံ့လည်းရှိကောင်းရှိမှာပေါ့)

ဧပြီလထဲကျင်းပခဲ့တဲ့
“ဝ”ငြိမ်းချမ်းရေးတည်ဆောက်မှု နှစ်၃၀ပြည့်မှာအတူလက်တွဲဆောင်ရွက်မယ်ဆိုတဲ့TNLA ရဲ့ထုတ်ပြန်ချက်က ဒီသဘောဆောင်ပါတယ်။
------
၅။ တကယ်တော့
တရုတ်ကြားဝင်ခဲ့တဲ့
မြန်မာ့ငြိမ်းချမ်းရေးဆွေနွေးပွဲတွေက
ခုမှ ရှိခဲ့တာမျိုးတော့ မဟုတ်ဘူး။
သမိုင်းမှာကတည်းက….
ဗကပနဲ့ မဆလ အဖွဲ့(၂)ဖွဲ့ကို
တရုတ်ပြည်ကိုဖိတ်ခေါ်ပြီး
ဆွေးနွေးခိုင်းခဲ့တာလည်းစိန ကြီးပါပဲ။
မြန်မာပြည်သူတွေက
တရုတ်ကြီးအနေနဲ့
မျောက်၃ ကောင်ကို Proxy ခံပြီး
နိုင်ငံရေးကစားနေတာလို့စွပ်စွဲတာလည်း
အကြောင်းမဲ့ မဟုတ်ပြန်ဘူး။
ဗကပတွေကို ကြာခံဇုန်အဖြစ်နဲ့
စစ်အေးခေတ်တစ်လျှောက်လုံး
သုံးခဲ့ပြန်တာလည်း စိနကြီးပါပဲ။
-----
၆။ သေချာတာကတော့….
မြန်မာ့နိုင်ငံရေးမှာ
တရုတ်အနေနဲ့ အတိတ်မှာလည်း
ထဲထဲဝင်ဝင် ပတ်သက်ခဲ့ဖူးသလို
နောင်လည်း ပတ်သက်နေဦးမှာဆိုတာ
မလွဲမသွေပါပဲ။

အသေချာဆုံးလက်ညိုးထိုးပြစရာကိစ္စကတိမ်ရွီးကျွန်း စတင်တာဝန်ထမ်းဆောင်ကတည်းကမြန်မာနိုင်ငံကို (၇)ကြိမ်လာခဲ့ဖူးတဲ့အထဲမှာ
၁၀၂၇ မဖြစ်ခင် (၄)ကြိမ်၊
ဖြစ်ပြီး (၂)ကြိမ်နဲ့ ဒုတိယပိုင်းဖြစ်တော့
(၁)ကြိမ်လာသွားတဲ့ အခြေအနေနဲ့
ပထမအကြိမ် မြန်မာကိုမလာခင်ကတည်းကFPNCC အဖွဲ့ဝင်တွေရဲ့ ဌာနချုပ်ကို အရင်ဆုံးသွားရောက်ခဲ့တယ်ဆိုတာသတိပြုဖို့ လိုပါတယ်။

(နရီမိုး)

2 years, 1 month ago

တိုက်ပွဲသတင်း (ဒီးမော့ဆို)

ဩဂုတ် ၂၃ ရက်နေ့ မနက်ပိုင်းတွင် ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင်ရွာအတွင်း ခိုအောင်းလျက်ရှိတဲ့ KNDF/KPDF မာဝီ၏ တပည့်အပေါင်းအပါများအား ဝင်ရောက်ရှင်းလင်းရာ KNDF/KPDF ၁၀ ဦးနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာ -

(၁) အကြမ်းဖက် KNDF/KPDF အလောင်း ၃ လောင်း
(၂) MA-1 သေနတ် ၂ လက်
(၃) MA-3 သေနတ် ၁ လက်
(၄) ကျည် ၁၅၀ တောင့်
(၅) ကျည်အိမ် ၈ ခု
(၆) လက်ပစ်ဗုံး ၃ လုံး
(၇) ကျောပိုးအိတ် ၃ လုံး

သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။
-
အလားတူ ဩဂုတ် ၁၈ ရက်နေ့ကလည်း ၆ မိုင်ရွာ၌ပင် အကြမ်းဖက် မာဝီ သတင်းရရှိသဖြင့် ရှင်းလင်းခဲ့ရာ M-22 သေနတ် ၁ လက်နှင့် ကျည်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရပါတယ်။

တိုက်ပွဲသတင်းစုံ

2 years, 1 month ago
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 9 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 2 years ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 2 years, 1 month ago