𝑪𝒐𝒍𝒍𝒆𝒄𝒕𝒊𝒐𝒏 𝑶𝒇 𝑵𝒐𝒕𝒆𝒔

Description
6th July 2023
Advertising
We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc👉 @khanthtookyaw2001

Last updated 3 days, 11 hours ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 6 days, 14 hours ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006

Last updated 1 month ago

2 days, 15 hours ago

“ **ယူကလစ်ဂျီဩမေတြီမှာပါတယ် မျဉ်းပြိုင်နှစ်ကြောင်းဟာ ဘယ်တော့မှ မဆုံဘူးတဲ့။
ရိုင်မန်ဂျီဩမေတြီကျတော့ တစ်မျိုးပြောတယ် မျဉ်းပြိုင်နှစ်ကြောင်းဟာ အင်ဖင်နတီမှာ ဆုံတယ်တဲ့။

ငါက ယူကလစ်ရဲ့အယူအဆကို ပိုယုံတယ် မျဉ်းပြိုင်နှစ်ကြောင်းဟာ တကယ်တမ်းပြိုင်ပြီဆိုရင် မဆုံပါဘူးကွာ...

အခု ငါနဲ့နှင်းဆီဖြူဟာလည်း မျဉ်းပြိုင်တွေဖြစ်နေပါပြီ ဘယ်တော့မှ ဆုံမှာမဟုတ်ဘူး။ ငါ့ဘက်က‌ နောက်ပြန်ဆုတ်ဖို့ ငါစဉ်းစားနေတယ် ”

“ ကျွန်တော်ကတော့ ရိုင်မန်ဂျီဩမေတြီကို ယုံတယ် မျဉ်းပြိုင်နှစ်ကြောင်းဟာ အင်ဖနတီမှာ ဆုံတယ်လို့ယုံတယ်။
ကျွန်တော်နဲ့ နှင်းဆီဖြူဟာ မျဉ်းပြိုင်တွေဆိုရင်လည်း အင်ဖနတီမှာ ဆုံကြမယ်လို့ ယုံတယ်။ ဒါ ဒါပေမယ့်ဗျာ....

ကျွန်တော်လည်း နေရစ်ခဲ့ပါတော့မယ်။
စိတ်လျှော့လိုက်ပါတော့မယ်။
ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ဟာ အင်ဖနတီအထိ နှင်းကို လိုက်နိုင်စွမ်းမရှိလို့ပဲ ”

(ရွှေဖိနပ်မှာ အစိမ်းရောင်ကြက်ခြေခတ်နဲ့ ကောင်မလေး)

- တာရာမင်းဝေ**

3 days, 4 hours ago

"ချစ်တယ်" လို့ ပြောလိုက်တိုင်း
ချစ်ခွင့်ပန်တဲ့ အဓိပ္ပာယ် မဟုတ်ပါဘူး
ပြန်ချစ်ပါလို့လည်း မဆိုလိုပါဘူး ။

တစ်ခါတစ်ရံမှာ
သိနေစေချင်ရုံ သက်သက်နဲ့လည်း
ချစ်တယ်လို့ပြောခွင့်ရှိပါတယ် ။ ။

- မောင်ဆောင်းခ

3 days, 6 hours ago

*အနာကျင်ရဆုံးအချိန်ကိုပြောပါဆိုရင်

ကိုယ်အချစ်ဆုံးသူတစ်ယောက်က
သူအချစ်ဆုံးလူတစ်ယောက်ကို

ရှာတွေ့သွားတာမျိုးပေါ့

- မိုးနေ့*

1 week, 6 days ago

***တစ်ယောက်ယောက်က
စောင့်နေမှာသေချာရင်

တစ်ယောက်ယောက်ကလဲ
အရောက်လာသင့်တယ်။

နှစ်တွေဘယ်လောက်ကြာကြာပေါ့...။

- မယ်ညို***

1 week, 6 days ago

By name တပ်ပြီး
ပြောခွင့်မရှိတဲ့ သတိရခြင်းမျိုးတွေပါပဲ

တိုက်ဆိုင်မှုတွေရှိလာတဲ့အခါ
လွမ်းတယ် တိတ်တိတ်လေး

- လွမ်းနောင်အိမ်

2 weeks, 4 days ago

"ကိုယ်ရှိတယ်နော်"
အဲ့ဒီစကားလေးဟာ
အတော်လေးနွေးထွေးရတယ်။

လူဆိုတာ အနွေးဓာတ်လိုပါတယ်
ပင်ပန်းတာတွေ ဖြေဖျောက်ဖို့
ပျော်ရွှင်ခြင်းတွေ မျှဝေခံစားဖို့
‌တစ်ယောက်အတွက် တစ်ယောက်က
ရှိနေပေးတာဟာ
တကယ်ကို ကြည်နူးစရာပါပဲ ။

- ခက်နှောင်

3 weeks, 1 day ago

***လွမ်းတယ်လို့ အသံတိုးတိုးနဲ့ပြောမိတယ်

တကယ့်ကို တစ်ယောက်တည်း

ကြားနိုင်ရုံလေးပဲ။

- နွေသစ်ငြိမ်း***

3 weeks, 1 day ago

ဘာမှ ထပ်မလိုချင်တော့သလို
ဘာမှလည်း ထပ်မဖြစ်ချင်တော့ဘူး

ရောက်လက်စ နေရာလေးအတိုင်း
ရထားတဲ့ ပိုင်ဆိုင်မှုလေးအတိုင်း

အေးချမ်းစွာ ရုန်းကန်ရင်း
ဖြတ်သန်းသွားချင်ပါတော့တယ်

တစ်ခါတရံမှာ ဘဝက
ဆုတောင်းတွေမှအခြား အားကိုးစရာမရှိ ။

- နွေသစ်ငြိမ်း

3 weeks, 4 days ago

လမ်းလျှောက်ရင်း
လမ်းပျောက်နေ

လမ်းမဖောက်ခဲ့တာမဟုတ်ဘူး
လမ်းဖျောက်ခံခဲ့ရတာ ..။

- လူညိုချော

We recommend to visit

CHANNEL H မှကြိုဆိုပါတယ်ဗျ❤️

Admin acc👉 @khanthtookyaw2001

Last updated 3 days, 11 hours ago

ကြော်ငြာထည့်သွင်းလိုပါက
@sithuaung2009_bot

Last updated 6 days, 14 hours ago

မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းကြော်ငြာများ
ထည့်သွင်းလိုပါက 👇
@sithuaung2006

Last updated 1 month ago