တကောင်း ပကဖ

Description
Official channel of Tagaung PDF
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 9 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 2 years ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 2 years, 1 month ago

2 years ago
တကောင်း ပကဖ
2 years ago
တကောင်း ပကဖ
2 years ago

မြတောင်-ကက္ကုလမ်းဆုံ စစ်ကြောင်းမှ လက်နက် (၂၁) လက် သိမ်းဆည်းရ
စက်တင်ဘာလ (၁၇) ရက်
မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်တိုက်နယ်၊ နန်းစိန်တောင်နှင့် နန်းစိန်ချောင်းကြား၌ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မြတောင်-ကက္ကလမ်းဆုံမှ ဆုတ်ခွာလာသော ဗိုလ်မှူး စန်းယု ဦးစီး တတက-၁၃ အင်အား (၅၈) ဦးအား စက်တင်ဘာလ (၁၇) ရက်တွင် ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်။
မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ အထူးလှုပ်ရှား တပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း (၃၊ ၄၊ ၅)၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ ABSDF၊ ပြင်ဦးလွင်ခရိုင် ကွန်မန်ဒိုတပ်စိတ်နှင့် သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။
စစ်ကောင်စီဘက်မှ (၂၀) ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရသည်။ ရန်သူ့ထံမှ လက်နက် (၂၁) လက် {ငါးကြင်းမြီး (MA-15) (၁) လက်၊ ၆၀ မမ ပြောင်းတို (MA-9) (၂) လက်၊ MA-1 (၆) လက်၊ MA-3 (၅) လက်၊ MA-11 (၄) လက်၊ G-3 (၃) လက်}၊ ကျည်မျိုးစုံ (၂၁၂၆) တောင့်၊ အီနာဂါ (၆) လုံး၊ လက်ပစ်ဗုံး (၂) လုံး၊ ၄၀ မမ ဗုံးသီး (၅) လုံး၊ ၆၀ မမ ဗုံးသီး (၁) လုံး၊ RPG (၄) လုံး၊ ကျည်အိမ်မျိုးစုံ (၇၁) ခု သိမ်းဆည်းရသည်။
မိမိတို့ဘက်မှ ရဲဘော် (၁) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။
အမှတ် (၁) စစ်ဒေသ

2 years, 1 month ago

တကောင်းမြို့အား သိမ်းပိုက်
ဩဂုတ်လ (၁၃) ရက်

မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့အား ဩဂုတ်လ (၁၁) ရက် နံနက်ပိုင်းမှ စတင် တိုက်ခိုက်ကာ ဩဂုတ်လ (၁၂) ရက် ညနေပိုင်းတွင် သိမ်းပိုက်ရရှိခဲ့သည်။ တကောင်းမြို့အား အမှတ် (၁) စစ်ဒေသ၊ မန္တလေးတိုင်းတာဝန်ခံရုံး ကွပ်ကဲမှုဖြင့် အထူးလှုပ်ရှား တပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၄၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့နှင့် သပိတ်ကျင်းမြို့နယ် ပကဖ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
တကောင်းမြို့ပေါ်တွင် ဒု-ဗိုလ်မှူးကြီး ရဲခေါင်နှင့် ဗိုလ်မှူး မိုးသွင် ဦးစီး တတက-၁၃၊ ဗိုလ်မှူး မိုးဝင်း ဦးစီး စခတ-၂၊ ရဲအုပ် အောင်ကိုဝင်း ဦးစီး ရဲတပ်ဖွဲ့၊ ဇော်လင်းနိုင် (ဒု-မြို့နယ်မှူး) တို့ အခြေပြုနေထိုင်သော ထွေအုပ်ရုံး၊ ဆေးရုံနှင့် ရဲစခန်းအား ဩဂုတ်လ (၁၁) ရက်တွင် ရရှိခဲ့ပြီး လေးမျက်နှာဘုရားအား ဩဂုတ်လ (၁၂) ရက်တွင် အောင်မြင်စွာ သိမ်းပိုက်ရရှိခြင်း ဖြစ်သည်။
စစ်ကောင်စီဘက်မှ (၆၄) ဦး သေဆုံးပြီး (၂၀) ဦး ဖမ်းဆီးရမိခဲ့၍ လက်နက်မျိုးစုံ (၈၃) လက်၊ ကျည်မျိုးစုံ (၁၄၀၀၀) ကျော်၊ ဗုံးသီးမျိုးစုံ (၁၃၀) ခန့် သိမ်းဆည်းရမိသည်။
မိမိတို့ဘက်မှ ရဲဘော် (၂) ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရသည်။

အမှတ် (၁) စစ်ဒေသ

2 years, 1 month ago

သတင်းထုတ်ပြန်ချက်

သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့သိမ်းတိုက်ပွဲ
၂၀၂၄ ခုနစ်၊ ဩဂုတ်လ ၁၂ ရက်နေ့

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့သိမ်းတိုက်ပွဲတွင် အမှတ်(၁)စစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်များ သပိတ်ကျင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး (ပကဖ) များ တကောင်းတိုက်နယ် (ပကဖ) များ ပူး ပေါင်း၍ တကောင်းမြို့သိမ်းတိုက်ပွဲ ဆင်နွှဲခဲ့သည် အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ အများဆုံးကျဆုံးပြီး လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူနေအိမ်များ ထိခိုက်ပျက်စီးခဲ့သည်။

2 years, 4 months ago

ရက်စွဲ။ ။မေ(၂၂)ရက်၊၂၀၂၄ခုနှစ်။

တကောင်းမြို့ဦးတိုက်ဘုရားနားတွင် မေ(၂၀) ည ၈နာရီ ၃၀မိနစ်အချိန်၌ စစ်ကောင်စီ (၅)ယောက်သည် PDF များ ကင်းပတ်ပြီး ဝင်ခဲ့သ
ည်ဟု ပြော၍ ဓားဖြင့်ထောက်ပြီး ဓားပြတိုက်ခဲ့သည်။ပိုက်ဆံ သိန်းတစ်ရာ (၁၀၀၀၀၀၀၀)နှင့် ရွှေတို‌ရွှေစများပါသွားသည်ဟု သိရသည်။ ထိုဓားပြမှုသည် မိမိတို့ (PDF)ဘက်မှ မဟုတ်ကြောင်း တကောင်းတိုက်နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ထုတ်ပြန်ပါကြေညာအပ်ပါသည်။

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 9 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 2 years ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 2 years, 1 month ago