🇲🇲Win Htein 🇲🇲(နိုင်ငံတကာသတင်း)

Description
Myanmar
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 4 months ago

10 months, 3 weeks ago

🇷🇺ရုရှားနှင့် 🇺🇲အမေရိကန် ကိုယ်စားလှယ်အဖွဲ့များ #ရီယာ့ဒ် တွင် စတင်ညှိနှိုင်း

10 months, 3 weeks ago

ရုရှားကိုယ်စားလှယ်အဖွဲ့လည်း ရောက်နေပြီ။ ရုရှားကိုယ်စားလှယ်တွေနဲ့ အမေရိကန်တို့ကြား မကြာခင် ရီယာ့ဒ်မှာ ညှိနှိုင်းမှုတွေ စတင်တော့မှာပါ။

10 months, 3 weeks ago

🇷🇺မက်ဗီဒက် ❗️
🇷🇺နိုင်ငံတကာ ရေနံပိုက်လိုင်းကို 🇺🇦ယူကရိန်း၏ တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချပြီး Kiev အစိုးရကို ခွေးရူးပြန်သော တိရစ္ဆာန်ဟု တံဆိပ်ကပ်ထားသည်။

🇷🇺ရုရှားသမ္မတဟောင်းက ယူကရိန်း၏ လုပ်ရပ်များကို မည်ကဲ့သို့ ကိုင်တွယ်ဖြေရှင်းရမည်ကို အမေရိကန်အနေဖြင့် ယခုအချိန်တွင် ဆုံးဖြတ်ရမည်ဟု ရည်ညွှန်းပြီး နောက်ထပ်ရန်လိုမှုများကို တားဆီးရန် ပြတ်ပြတ်သားသား လုပ်ဆောင်နိုင်ခြေကို ရည်ညွှန်းသည်။

10 months, 3 weeks ago

တောင်ခမ်း အကဖ များ အခြေပြုနေရာ ဆယ်တောင်ပြည့်ကုန်းအား တပ်မတော်မှ ထိုးစစ်ဆင်နေ

၁၈-၂-၂၀၂၅

10 months, 3 weeks ago
***🇷🇺***မော်စကိုသည် ***🇮🇷***အီရန်နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းရာတွင် …

🇷🇺မော်စကိုသည် 🇮🇷အီရန်နျူကလီးယား အစီအစဉ်နှင့် ပတ်သက်သည့် ပြဿနာများကို ဖြေရှင်းရာတွင် တီဟီရန်ကို ကူညီရန် အသင့်ရှိကြောင်း 🇷🇺ကရင်မလင် Peskov က ပြောကြားခဲ့သည်။
https://vk.cc/cIHDN9

🇷🇺 ရုရှား-🇺🇲အမေရိကန် စေ့စပ်ညှိနှိုင်းမှု စတင်ခြင်းသည် 🇷🇺မော်စကိုနှင့် 🇮🇷တီဟီရန်ကြား ပူးပေါင်းဆောင်ရွက်မှုအပေါ် သက်ရောက်မှုရှိမည်မဟုတ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။

https://vk.cc/cIHDNn

10 months, 3 weeks ago

စစ်ဦးကျိုးပြီလား KIA

၁၀၂၇ နဲ့ ရောင်တော်ပြန်လွှတ်ပြီးတော့ နယ်ခြားစောင့်တပ်နယ်မြေတွေကို စတင်တို-က်ခို-က်ခဲ့တဲ့ KIA အနေနဲ့ လောလောလတ်လတ်မှာ စခက (၂၁) ရဲ့ ဒရုန်းနဲ့လေကြောင်းပူးပေါင်းခံစစ်ကြောင့် စစ်ဦးပြန်လန်နေတဲ့ အနေအထားမျိုးရှိပါတယ်။
-
KIA ဟာ ကိုယ့်လူမျိုးချင်းဖြစ်တဲ့ NDAK နဲ့ KIA တပ်မဟာ(၄)ကနေ ခွဲထွက်လာတဲ့ KDA တိုကို လွယ်လွယ်ကူကူ တိုက်ခိုက်ပြီး နယ်ခြားစောင့်တပ်နယ်မြေတွေဖြစ်တဲ့ ပန်ဝါ၊ ချီဖွေ၊ ဆော့လော်နဲ့ ဝိုင်းမော်တိုကို သိမ်းနိုင်ခဲ့ပေမယ့် ဗန်းမော်မြိုသိမ်းတိုက်ပွဲဖော်ဆောင်ရာမှာတော့ စကခ(၂၁) ကို ယနေ့အထိ သိမ်းနိုင်ခြင်းမရှိခဲ့ပါဘူး။
အစပိုင်းမှာ ဗန်းမော်မှာရှိတဲ့ လက်ရုံးတပ်တွေကို သိမ်းနိုင်ခဲ့ပေမယ့် ပြီးခဲ့တဲ့နေ့က တပ်ဘက်က ပြန်လည်ရရှိသွားတာကို တွေ့ရပါတယ်။ ၂၀၂၄ နှစ်လယ်လောက်မှာ အရှိန်ကောင်းခဲ့ပြီး အခု နှစ်အစလောက်အထိ တိုက်ပွဲခေါ်လာခဲ့တဲ့ KIA ရဲ့ တို-က်စ-စ်ဟာ တန့်ရုံတင်မဟုတ်ပဲနဲ့ ပြန်လန်သွားတာပါ။ ၂၀၂၅ အစမှာ တပ်ဘက်က ဒရုန်းနည်းပညာကို ထိထိရောက်ရောက်ပြန်သုံးလာခဲ့ပြီး ဗန်းမော်နဲ့ တောင်ခမ်းဟာ တပ်ရဲ့ အာရုံစိုက်တိုက်ခိုက်ခြင်းကို ခံရတာတော့ KIA အတွက် ကံဆိုးတာပါပဲ။
-
ဖေ့ဘုတ်မှာက KIA နိုင်နေပြီး တယ်လီဂရမ်မှာတော့ တပ်ဘက်က ဒရုန်းနဲ့လိုက်သမနေတဲ့ဖိုင်တွေတွေ့နေရလို နှစ်ဖက်ချိန်ထိုးပြီး သုံးသပ်ရရင်တော့ ဗန်းမော်အရေးမှာ KIA အရေးမသာဘူးလို ပဲပြောရမယ်။
တပ်ဘက်က ဗန်းမော်အပြင်ဘက်အထိ တိုက်စစ်ပြန်ဖွင့်မလား၊ KIA ကပဲ လူသူစုဆောင်းပြီး ပြန်လုံးမလားကတော့ စောင့်ကြည့်ရမှာပဲ။
-
KIA ဟာ ကချင်လူမျိုးစုတွေအားလုံးကို ကိုယ်စားမပြုလို ကချင်ပြည်သူ့စစ်ရွာတွေနဲ့ပါ တို-က်ခို-က်နေရတာတစ်ကြောင်း ၊ TNLA တိုလို အခြား EAOs တွေနဲ့ မတည့်တာက တစ်ကြောင်းမိုလို အကူအညီပေးမယ့်အဖွဲရယ်လို မရှိပါဘူး။ KIA ရဲ့သမိုင်းကြောင်းဟာ အရင်ရေးခဲ့ဖူးသလိုပဲ လူမျိုးရေးတွေ၊ နိုင်ငံရေးတွေကို အခြေခံထားတာမဟုတ်ပဲ ကိုယ်ကျိုးစီးပွားကို အခြေခံထားတဲ့အတွက် ကျန်တဲ့ EAOs တွေနဲ့ယှဉ်လိုက်ရင် မာမာချာချာ မရှိပါပဲ အဖွဲတွေကွဲပြီး ပြည်သူလူထုပါလာအောင် မစည်းရုံးနိုင်တာ ပြဿနာပါ။
-
တကယ်တော့ တိုင်းရင်းသားတွေ အတ္တတွေနဲ့ မမြင်နိုင်ခဲ့လိုပါ။ ၂၀၀၉ ခုနှစ်မှာ မြန်မာနိုင်ငံကို ဒီမိုကရေစီပေးဖိုအတွက် တိုင်းရင်းသားလက်နက်ကိုင်တွေကို BGF အဖြစ်ဖွဲစည်းပေးခဲ့တာက အမှန်တကယ်တော့ ဖယ်ဒရယ်ပေးလိုက်သလိုပါပဲ။ နိုင်ငံတော် အခမ်းအနားနဲ့ ရာထူးတွေ၊ လစာတွေ ပေးလိုက်တဲ့အပြင် တော်ရုံတန်ရုံ ကိုယ့်လက်ကိုယ့်ခြေနဲ့အားလုံး လုပ်ပိုင်ခွင့်ရတာကိုတောင် တစ်ချိုအဖွဲတွေက မလိုချင်ခဲ့ကြတာပါ။ အောက်ကျိုရတယ်လို ခံစားချက်ကြောင့်ရယ် ကိုယ်ပိုင်နိုင်ငံဆိုတဲ့ အိပ်မက်တွေကို ကိုင်စွဲခဲ့လို အခုလိုအခြေအနေမျိုးတွေ ရောက်ခဲ့ကြတာပါ။ (ဖြစ်နိုင်မဖြစ်နိုင်ကတော့ မရေးလိုတော့ပါဘူးဗျာ၊ လူဆိုရင်တော့ ဖြစ်သင့်တာနဲ့ ဖြစ်ချင်တာကို ခွဲခြားနိုင်ရမှာပေါ့)
-
BGFအဖွဲတွေ ရှိတဲ့နေရာ တပ်က ဝင်ရောက်စွက်ဖက်ခဲ့တာမျိုး မတွေ့ရပေမယ့် အချင်းချင်း အဝေမတည့်လို အဖွဲတွေကွဲတာရယ်၊ ကိုယ်ပိုင်အကျိုးစီးပွားတွေကိုသာ တစိုက်မက်မက် လုပ်ပြီး ကိုယ့်နိုင်ငံအပေါ်မပြောနဲ့၊ ကိုယ့်လူမျိုးအပေါ်မှာတောင် သစ္စာမရှိကြတဲ့အတွက် မငြိမ်းချမ်းတဲ့နယ်မြေတွေ ဖြစ်နေရတာပါ။
-
ကချင်မှာ BGF တွေရော KIA တွေရော မြေရှားထုတ်ရောင်းပြီး ချမ်းသာနေကြတာ ကိုယ့်နယ်မြေအတွက် ဘာများအကျိုးပြုတာ မြင်ဖူးလိုလဲ။ တံတားတစ်စင်း? ဆေးရုံတစ်ရုံ? သူတိုထုတ်နေတဲ့ မြေရှားဆိုတာ သစ်ပင်ခုတ်ရောင်းတာထက်အများကြီးဆိုးဝါးတယ်။ နိုင်ငံတစ်နိုင်ငံလုံးလျှပ်စစ်အား လုံလုံလောက်လောက်ရမယ့် မြစ်ဆုံသာ အော်ကြတာ။ တကယ့် ပြည်သူလည်း အကျိုးမရှိတဲ့အပြင် သဘာဝပတ်ဝန်းကျင်ကို အများကြီးထိခိုက်တဲ့ မြေရှားတူးဖော်ရေးကြတော့ ဘယ်သူမှ မကန့်ကွက်ရဲခဲ့ကြဘူး၊ ကိုယ်နဲ့ မဆိုင်သလိုပဲ။ အဲ့ဒီအကြောင်းပြောရင် ခေါင်းစဉ်လွဲသွားမှာမိုလို နောက်တော့မှ သပ်သပ်ထပ်ရေးဦးမယ်။
-
(ပိုင်စိုး)

10 months, 3 weeks ago

အမေရိကန်လက်နက်တွေ ဝယ်ပြီး ယူကရိန်းကို ထောက်ပံ့ချင်ရင် ရတယ်လို့ ထရမ့်ပြော

ဖေဖော်ဝါရီ - ၁၈ ( အင်္ဂါနေ့ )
ရုရှားကိုတိုက်ခိုက်ဖို့ အမေရိကန်နိုင်ငံလုပ်လက်နက်တွေကို ဝယ်ယူပြီး ယူကရိန်းကို ထောက်ပံ့ချင်တယ်ဆိုရင် ရတယ်ဆိုတဲ့ ခွင့်ပြုချက်တစ်ခုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ထိုးပြီး မီးစိမ်းပြလိုက်ပါတယ်။ နောက်ပြီး ယူကရိန်းရဲ့ စွတ်စွဲချက်တစ်ခုဖြစ်တဲ့ ရုရှားက နေတိုးကို စစ်ရေးအရခြိမ်းခြောက်မှုတွေ လုပ်နေတယ် ဆိုတာကိုတော့ ပယ်ချလိုက်ပါတယ်။
အဲ့ဒိကိစ္စနဲ့ပတ်သက်ပြီး ယူကရိန်းသမ္မတဇီလန်စကီးက အီးယူခေါင်းဆောင်များနဲ့ အတူ ဝါရှင်တန်အစိုးရသစ်ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကို ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ ဆော်ဒီအာရေဗီးယားမှာတွေ့ကြမယ့် ထရမ့်နဲ့ ပူတင် ဆွေးနွေးပွဲက ယူကရိန်း အပါအဝင် ဥရောပနိုင်ငံတွေရဲ့ အကျိုးစီးပွားဖြစ်လာနိုင်စရာ မရှိနိုင်တဲ့ အတွက်ကြောင့် အပစ်ရပ်ရေးနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆန့်ကျင်ကြမယ်ဆိုပြီး ဥရောပမှာ အငြင်းအခုံတွေ ဖြစ်နေကြပါတယ်။ ဇီလန်စကီးကတော့ သူ့ရဲ့ ရပ်တည်ချက်ကို မပြောင်းလဲနိုင်ဘူးလို့ ဆိုထားပါတယ်။
တနင်္ဂနွေညနေပိုင်းက ဖလော်ရီဒါမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း ဥရောပနိုင်ငံတွေကို ယူကရိန်းအတွက် အမေရိကန်လက်နက်တွေ ဝယ်ယူခွင့်ပြုမလားလို့ မေးမြန်းတဲ့အခါ ထရမ့်က ရိုးရိုးရှင်းရှင်းပဲ “ဟုတ်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။ ဒါပေမဲ့ ဇီလန်စကီးနဲ့ အီးယူခေါင်းဆောင်တွေ တင်ပြထားတဲ့ ရုရှားက နေတိုးကို စစ်ရေးအရခြိမ်းခြောက်မှုပြုနေတယ်ဆိုတဲ့ တင်ပြချက်ကိုတော့ နည်းနည်းလေးမှ မယုံဘူးလို့ ပြောသွားပါတယ်။ မော်စကိုအစိုးရက စစ်ရေးခြိမ်းခြောက်မှု လုပ်နေတယ်ဆို လုံးဝမဖြစ်နိုင်ဘူးလို့ ထရမ့်က အကြိမ်ကြိမ်အခါခါ ငြင်းထားပါတယ်။
မြူးနစ်လုံခြုံရေးညီလာခံ မတိုင်မီ အင်တာဗျူးတစ်ခုမှာ အမေရိကန်ဒုသမ္မတ ဂျေဒီဗန့်စ်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို ရုရှား က မလိုက်နာဘူး ဆိုရင် စစ်ရေးအရ အရေးယူမယ်လို့ ဆိုပြီး ပြောတဲ့စကားတစ်ခုရှိပါတယ်။ အဲ့ဒါကို ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့ပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ သမ္မတ ထရမ့်ရော၊ ဒုသမ္မတရဲ့ အရာရှိတွေကပါ မပြောပါဘူးလို့ ဝိုင်းငြင်းကာ သတင်းဌာနကို သတင်းအမှားကြီးတွေ ဖော်ပြတယ် ဆိုပြီစွတ်စွဲထားပါတယ်။ 
ဗန့်စ် က မြူးနစ်လုံခြုံရေး ညီလာခံကာလအတွင်းမှာ ဥရောပခေါင်းဆောင်တွေက ပြည်တွင်းမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်အောင်ဖန်တီးတယ်၊ ပြည်သူတွေကို အကြောက်တရားနဲ့ အုပ်ချုပ်တဲ့အတွက်ကြောင့် ဒီမိုကရေစီအနှစ်အရသာ ပျောက်ဆုံးနေတယ်ဆိုပြီး ဝေဖန်ခဲ့ပါတယ်။ ဥရောပနိုင်ငံရေးသမားတွေက ပြည်သူတွေရဲ့ စိုးရိမ်မှုကို ဖြေရှင်းပေးရမဲ့အစား ကြောက်ရွံ့မှုတွေကိုပဲ ဖြစ်ပေါ်စေတယ်လို့ ဆိုထားပါတယ်။

REF: RT

10 months, 3 weeks ago

ကော့ကရိတ်မြောက်ခြမ်းမှာလည်း ရှယ်ကျွေး

😊😊☺️

မတ္တရာ ကျောက်တံတား - စည်တိုင်းကန် သတင်းကောင်းများရှိ

မကြာခင်အော်တော့မယ်

-
ကနီမြို့နယ် မုဠောအနီး ချင်းတွင်းမြစ်ဘေးက  အကြမ်းဖက်တွေရဲ့ ဆီဂိုဒေါင်နဲ့ ဆီသယ်ပို့ရာနေရာကို တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်။

10 months, 3 weeks ago
🇲🇲Win Htein 🇲🇲(နိုင်ငံတကာသတင်း)
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 3 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 4 months ago