May Yu Htar Nay

Description
သတင်းမှန်ဖြင့် မတရားမှုများ ပပျောက်ရမည်။
We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago

1 year ago
ရှင်းလက်ဝရွာတွင် အေအေတပ်ဖွဲ့မှ ဒေသခံ ၅၂ ဦး အား …

ရှင်းလက်ဝရွာတွင် အေအေတပ်ဖွဲ့မှ ဒေသခံ ၅၂ ဦး အား ဖမ်းဆီး၍ စစ်သင်တန်းတက်ရန် ပို့ဆောင်ခံခဲ့ရခြင်း နောက်ဆက်တွဲသတင်း သို့မဟုတ် အသက် ၆၀ အရွယ် ရခိုင်အမျိုးသားတစ်ဦးအား အေအေတပ်ဖွဲ့မှ ထိပ်တုန်းခတ် အပြစ်ပေးခြင်း ပြုလုပ်

ဖေဖော်ဝါရီလ ၂၆ ရက်၊ ၂၀၂၅။

ချင်းပြည်နယ် ပလက်ဝမြို့နယ် ရှင်းလက်ဝရွာဒေသခံ ရခိုင်အမျိုးသားတစ်ဦးဖြစ်သည့် ဦးဒုံးချေ (အသက် ၆၀ ဝန်းကျင်) အား အေအေတပ်ဖွဲ့မှ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၂ အထိ သုံးရက် ထိပ်တုန်းခတ်(ခြောက်ပေါက်ထဲချုပ်) ကာ ကနဦးနမူနာ အပြစ်ပေးခြင်းကို ပြုလုပ်ခဲ့ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ရှင်းလက်ဝဒေသခံသတင်းအရင်းအမြစ်မှ သိရသည်။

ပလက်ဝမြို့နယ် ရှင်းလက်ဝကျေးရွာတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ၂၁ ရက်နေ့အထိ အေအေတပ်ဖွဲ့မှ စစ်မှုထမ်းရန်အတွက် စုဆောင်းရေးလုပ်ဆောင်နေစဉ်တွင် ဦးဒုံးချေမှ တစ်ဦးတည်းသောသမီးကို စစ်သင်တန်းတက်ရန်အတွက် ထည့်ပေးရန်ဆန္ဒမရှိကြောင်းနှင့် မခေါ်ယူရန်အတွက် တောင်းပန်ပြောဆိုခဲ့သော်လည်း တပ်တော်၏အမိန့်ကိုမနာခံသည့်အတွက် အေအေတာဝန်ရှိ အရာရှိမှ သူ့အား အပြစ်ပေးသည့်အနေဖြင့် ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ၂၂ အထိ သုံးရက် ထိပ်တုန်းခတ်(ခြောက်ပေါက်ထဲချုပ်) ကာ ကနဦးနမူနာ အပြစ်ပေးခြင်းကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းလက်ဝဒေသခံများထံမှ သိရသည်။

“ရှင်းလက်ဝမှာ အေအေတွေက စစ်သင်တန်းတက်ဖို့အတွက် စုဆောင်းခံရတာ ၅၂ ယောက် အတိအကျပဲ။ အဲဒီအထဲမှာ မိန်းကလေးတွေလည်းပါတယ်။ ဖြစ်ဖြစ်ချင်းမှာတော့ မိန်းကလေးတွေပါတာ မသိရဘူး။ ခုမှမိန်းကလေးတွေပါတာ သိရတယ်။ ပြီးတော့ ခူမီးချင်းလူမျိုးတွေလည်းပါတယ်။ ထိပ်တုန်းခပ်အပြစ်ပေးခံရတဲ့ ဦးလေးဆိုရင် သမီးလေးတစ်ယောက်ပဲ ရှိတာ။ ဒါကိုသိသိကြီးနဲ့ အေအေတွေက အတင်းအဓမ္မ စစ်သင်တန်းကိုပို့လိုက်တာ။ စိတ်မကောင်းစရာ ပါပဲ။ အခု ရှင်းလက်ဝဘက်မှာရှိတဲ့ ရွာတိုင်းက ခူမီးတွေရော ရခိုင်တွေရော အားလုံး ကြောက်စိတ်တွေဝင်နေပြီးတော့ စိုးရိမ်ထိတ်လန့်နေကြတယ်...” ဟု ရှင်းလက်ဝဒေသခံတစ်ဦးမှ ခူမီးမီဒီယာသို့ ပြောသည်။

ပလက်ဝမြို့နယ် ရှင်းလက်ဝရွာဒေသခံ ရခိုင်အမျိုးသားတစ်ဦးဖြစ်သည့် ဦးဒုံးချေသည် တစ်ဦးတည်းသောသမီးကို စစ်သင်တန်းမတက်ရန်အတွက် တောင်းပန်၍ပြောဆိုခဲ့သော်လည်း သမီးဖြစ်သူမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် စစ်သင်တန်းသို့ ပို့ဆောင်ခြင်းခံခဲ့ရသည့်အပြင် ရှင်းလက်ဝကျေးရွာရှိ အေအေတာဝန်ခံအရာရှိမှ သူ့အား ၃ ရက်တာ အေအေတပ်စခန်းတွင် ထိပ်တုန်းခတ် အပြစ်ပေးခြင်းကို ခံခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။

ယခုလက်ရှိတွင် အေအေတပ်ဖွဲ့မှ ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှ ယနေ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့အထိ ကုလားတန်မြစ်တစ်လျှောက်တွင် စုန်ဆင်းမည့် စက်လှေများကို စုံဆင်းခွင့်လည်းမပေးပဲ ဆက်လက်၍ လမ်းပိတ်ထားပြီး ပလက်ဝဘက်မှ ဆန်တက်လာသည့် စက်လှေများသည် ရှင်းလက်ဝကျေးရွာတွင် အစီးရေ ၁၀၀ ကျော် ရှိနေကြောင်း ရှင်းလက်ဝဒေသခံ သတင်းအရင်းအမြစ်မှ သိရသည်။

ပုံစာ - ရှင်းလက်ဝ‌ကျေးရွာကို ဖေဖော်ဝါရီလအတွင်းမြင်ရပုံ။
https://t.me/palwtwadailynews2022/135

1 year ago
May Yu Htar Nay
1 year ago
ခိုင်သုခပြောတော့ AA ထိန်းချုပ်ထားတဲ့နေရာတွေမှာ တရားဥပဒေစိုးမိုးမှုရှိနေပြီဆို ***🥴******🥴***

ခိုင်သုခပြောတော့ AA ထိန်းချုပ်ထားတဲ့နေရာတွေမှာ တရားဥပဒေစိုးမိုးမှုရှိနေပြီဆို 🥴🥴

1 year, 2 months ago
ငါပြောခဲ့ပါတယ် လေတိုက်လို့သာအပေါ်ရောက်နေတာ အမှိုက်က အမှိုက်ပါဖဲလို့ ***?******?***

ငါပြောခဲ့ပါတယ် လေတိုက်လို့သာအပေါ်ရောက်နေတာ အမှိုက်က အမှိုက်ပါဖဲလို့ ??

1 year, 2 months ago
ဘင်္ဂလားက ရခိုင်ပြဿနာနဲ့ နှစ်နိုင်ငံနယ်စပ်အကြောင်း

ဘင်္ဂလားက ရခိုင်ပြဿနာနဲ့ နှစ်နိုင်ငံနယ်စပ်အကြောင်း
ဆွေးနွေးရင် တရားမဝင်တဲ့ အကြမ်းဖက် AA နဲ့ဆွေးနွေးတာမျိုး မလုပ်ချင်ဘူးလို့ပြော....

1 year, 2 months ago
ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၉ / ၁၂ / …

ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၉ / ၁၂ / ၂၀၂၄ )ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ

(အမ်းမြို့)
နံနက် ၇ နာရီအချိန်ခန့်က တိုင်းရုံးအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့်‌နေ့လည် ၁၁ နာရီအချိန်အထိ နှစ်ဖက်တိုက်ပွဲ ၄ နာရီခန့် ဖြစ်ပွားခဲ့‌‌ကြောင်း၊ နံနက် ၈ နာရီအချိန်ခန့်က ဆင်ခုံတိုင်စခန်း၏ အနောက်ဘက် မီတာ ၃၀၀ ခန့်အကွာရှိ ကာကင်းစခန်းများအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲ ကြိုကြားကြိုကြားဖြစ်ပွားခဲ့ပြီး ရန်သူအား ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်းသိရှိရပါသည်။

(စစ်တွေမြို့)
ယနေ့ည ၈ နာရီခန့်ကAA သောင်းကျန်းသူများမှ ခမောင်းတောကျေးရွာမှနေ၍ စစ်တွေမြို့ အရှေ့မြောက်ဘက်ရှိ ကာကင်းစခန်းတစ်ခုအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ၎င်းတို့ပစ်ခတ်သည့်နေရာအား အမြာက်လက်နက်ကြီးများ ဖြင့်လည်းကောင်း၊ ရေတပ်သ‌င်္ဘောမှ လက်နက်ကြီးများဖြင့်လည်းကောင်း ပစ်ခတ်ချေမှုန်းခဲ့ကြောင်း သိရှိရသည်။

ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။
https://t.me/newsmayyu

1 year, 2 months ago

မောင်တောမြို့ပြန်တိုက်မခံရရေးအတွက်ဟုဆိုက AA သောင်းကျန်းသူများမှ နတ်မြစ်ကမ်းစပ်ကရွာတွေကို မီးလိုက်ရှို့နေလို့ တစ်ညနေလုံးမီးလောင်ကျွမ်းနေကြောင်း သိရပါတယ်

1 year, 2 months ago

မောင်တောမြို့ပြန်တိုက်မခံရရေးအတွက်ဟုဆိုက AA သောင်းကျန်းသူများမှ နတ်မြစ်ကမ်းစပ်ကရွာတွေကို မီးလိုက်ရှို့နေလို့ တစ်ညနေလုံးမီးလောင်ကျွမ်းနေကြောင်း သိရပါတယ်

1 year, 2 months ago
ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၃ / ၁၂ / …

ရခိုင်ပြည်နယ်တိုက်ပွဲသတင်း ( ၁၃ / ၁၂ / ၂၀၂၄ ရက်နေ့ ညပိုင်း ၉ နာရီ အချိန်အထိ)

(အမ်းမြို့)

ညနေ (၃) နာရီအချိန်ခန့်က အမ်းမြို့အရှ့တောင်ဘက် ၂၀ မိုင်ခန့်အကွာရှိ ဆင်ခုံတိုင်စခန်းအနီးတဝိုက်ရှိ သောင်းကျန်းသူများအား စစ်ကူစစ်ကြောင်းများမှ လိုက်လံရှင်းလင်းတိုက်ခိုက်ခဲ့ရာ လာရောက်တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီခန့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး‌ သောင်းကျန်းသူများအားရှင်းလင်းတိုက်ထုတ်နိုင်ခဲ့ကြောင်း၊ ညနေ(၅)နာရီအချိန်ခန့်က တိုင်းရုံးကာကင်းနေရာများအား AA သောင်းကျန်းသူများမှ တပြိုင်နက်လာရောက်တိုက်ခိုက်ခဲ့သဖြင့် တပ်မတော်သားများမှ လေကြောင်းပစ်ကူ၊ လက်နက်ကြီး/ Drone ပစ်ကူများရယူ၍ အပြင်းအထန် ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ (၂) နာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ်ဟန့်တားနိုင်ခဲ့ကြောင်း သိရှိရသည်။

(တောင်ကုတ်)
နံနက် ၆ နာရီခွဲအချိန်ခန့်က ၅၄၄ တပ် အိမ်ထောင်သည်လိုင်းခန်းနှင့် ကာကင်းနေရာများအား လာရောက်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ၇ နာရီခန့် ဖြစ်ပွားခဲ့ကြောင်း၊ နံနက် ၆ နာရီတွင် ၉၁၉ တပ်ခွဲ ၂ နေရာ ၊ တောင်ကုတ် ရိက္ခာဝေစခန်း၊ ဆက်သွယ်ရေးတပ်ခွဲဌာနချုပ်နှင့် ကာကင်းနေရာများအား သောင်းကျန်းသူများမှ လာရောက်တိုက်ခိုက်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲများ ကြိုကြား ကြိုကြား ဖြစ်ပွားခဲ့ပြီး ည ၁၀ နာရီ အချိန်တွင်သောင်းကျန်းသူများအား ရင်ဆိုင်ထိန်းချုပ် ဟန့်တားနိုင်ခဲ့ကြောင်းနှင့် နံနက် ၁၀ နာရီအချိန်ခန့်က ၃၄၆ ဓမ္မာရုံ အရာရှိရိပ်သာနှင့် ကာကင်းနေရာများအား AA သောင်းကျန်းသူများမှ တစ်ပြိုင်နက်တိုက်ခိုက်ခဲ့သောကြောင့် သောင်းကျန်းသူများအား လက်နက်ကြီး/drone ပစ်ကူများရယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်တိုက်ပွဲ ၃ နာရီခန့်ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် တို့တွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း သိရှိရပါသည်။

ရခိုင်အစွန်းရောက် AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် အမ်းဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၂၆-၉-၂၀၂၄) ရက်နေ့မှစ၍ ရက်ပေါင်း (၇၈)ရက်၊ တောင်ကုတ်ဒေသရှိ တပ်များအား တိုက်ခိုက်နေသည်မှာ (၃၁-၁ဝ-၂ဝ၂၄)ရက်နေ့မှစ၍ ရက်ပေါင်း(၄၂)ရက် ရှိလာပြီဖြစ်သည်။
https://t.me/newsmayyu

We recommend to visit

ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/

Last updated 1 year, 2 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@sithuaung2006

Last updated 1 year, 5 months ago

ကြော်ငြာများထည့်သွင်းလိုပါက ဒီအကောင့်ကိုဆက်သွယ်ပေးပါ??
@enjoy_admin_official_bot

Last updated 1 year, 6 months ago